အပိုင်း ၈၀
Viewers 18k

Chapter 80


"ကိုယ်အနာဂါတ်မှာ တတ်နိုင်သမျှအပြင်မသွားပဲ၊ အစည်းအ​ဝေးရှိရင်လည်းဗီဒီယို​ကောနဲ့ပဲ စီစဥ်လိုက်​တော့မယ်"


ကျွင်းချင်ယွီ​ခေါင်းငြိမ့်လိုက်ပြန်သည်၊၊ ပြီး​တော့မှ တစ်ခုခုကိုသတိထားမိဟန်အံ့အားသင့်စွာ​မော့ကြည့်လာခဲ့သည်။


"ခင်များ"


ဖုယွမ်ချွမ်းလည်း​ရှောင်ယွီ၏ဆံပင်တို့ကိုလက်​ချောင်း​လေးများဖြင့်ဖြီးသင်​ပေးကာ ကြိုး​လေးဖြင့်စည်း​နှောင်​ပေးလိုက်သည်။


"ကိုယ်မင်းနဲ့​နေ​ပေးမယ်၊ဒါ​ကြောင့်​နောက်ကျတဲ့အထိမအိပ်ပဲမ​နေရဘူး"


ဖုယွမ်ချွမ်းကိုကြည့်လျက်ကျွင်းချင်ယွီထရပ်လိုက်သည်။ သူ၏ကိုယ်​ပေါ်မှ​စောင်ပါး​လေးက​အောက်သို့ပုံကျသွားသည့်တိုင်ဂရုမစိုက်​ချေ။ သူ့ကိုယ်သူဖုယွမ်ချွမ်း၏ရင်ခွင်ထဲသို့တိုး၀င်လျက်​မေးလိုက်သည်။


"ခင်များ​နောက်ကျတဲ့အထိမ​နေ​တော့မှာ​သေချာလား"


ဖုယွမ်ချွမ်းကငါးက​လေးကိုထိန်းဖက်လိုက်ကာ အမ်းဟုအသံပြုလိုက်သည်။


ကျွင်းချင်ယွီသည်သူ့နားသို့ကပ်ကာ​လေဖြင့်မှုတ်ထုတ်လိုက်ပြီး "တကယ်လားဟင်"


"..."


ဖုယွမ်ချွမ်း၏​တောင့်ခဲ​နေ​သောအမူအယာကိုမြင်လျှင် ရယ်လိုက်ပြီးလွှတ်​ပေးလိုက်သည်။


"ဒါဆိုလည်းကျွန်​တော်က​နောက်ကျတဲ့ထိမ​နေ​တော့ပဲ အချိန်မှန်အိပ်ယာ၀င်ရမှာ​ပေါ့၊ ဒီည​နောက်ကျတာ​နောက်ဆုံးပါ၊ ကျွန်​တော်ကိုယ်တိုင်သတင်းကို​စောင့်ကြည့်ချင်လို့"


သို့​သော်ကျွင်းချင်ယွီသည်သူ၏ခါးမှာဆုပ်ကိုင်ခံလိုက်ရသည်ကိုရုတ်ချည်းခံစားလိုက်ရသည်။ ဖုယွမ်ချွမ်း၏မျက်လုံးတို့ကသူ့အားစူးစူးနစ်နစ်ကြည့်လျက် ၊ ကျွင်းချင်ယွီမျက်လုံး​လေးပုတ်ခတ်လျက်​မေးလိုက်သည်။


"ဘာဖြစ်လို့လဲဟင်"


"ခုထိ​​စော​သေးတယ်" ဖုယွမ်ချွမ်းက တည်ငြိမ်စွာပင် စားပွဲ​ပေါ်မှအလှဆင်ပစ္စည်းများကို​ဘေးဖယ်ပစ်လိုက်ကာ ငါးက​လေးကိုစားပွဲ​ပေါ်သို့တင်လိုက်သည်။


 "​နောက်ကျတဲ့အထိ​နေခွင့်ရမယ့်​နောက်ဆုံးညကိုဂုဏ်ပြုသင့်တာ​ပေါ့"


---


အခန်းတွင်းရှိ​လေသန့်စက်မှစတင်လည်ပတ်လာခဲ့သည်။ထို​လေသန့်စက်မှထွက်လာ​သော​လေတိုးသံမှာတိုးချလွန်း၍ကြားရသည်ဆိုရုံသာ


ဖုယွမ်ချွမ်းသည်ခုံ​ပေါ်တွင် ငါးက​​လေးကို​စောင်​လေးနှင့်​ပွေ့ကာထိုင်​နေခဲ့သည်။သူကတိတ်ဆိတ်စွာပင် သတင်းထုတ်လွှတ်အပြီးအွန်လိုင်း​ပေါ်မှ​ကောမန့်များကိုစစ်ကြည့်​နေခဲ့သည်။


သတင်းမှာအချိန်မှီတင်လိုက်ပြီး​နောက် ကျွင်းချင်ယွီ၏လက်​ချောင်း​လေးများမှာ​ညောင်းညာလွန်း၍ ​မောက်စ်ကိုပင်​သေချာမကိုင်နိုင်​ချေ။ဖုယွမ်ချွမ်းကသူ့လက်က​လေး​ပေါ်မှ ထပ်ကိုင်ကာ ​မောက်စ်ကို​​ရွေ့​ပေး​နေခဲ့သည်။


ကျွင်းချင်ယွီသည်သူ၏ရင်ခွင်ထဲတွင်လှဲ​လျောင်းကာမျက်လုံးများမှိတ်ထားသည့်တိုင် အိပ်​တော့မ​ပျော်​သေး​ချေ။ သူကအိပ်ချင်မူးတူးဖြင့် ​ကောမန့်များကိုလိုက်ဖတ်ကြည့်​နေ​သေးသည်။


​ကောမန့်များမှာအလျင်အမြန်ဖျက်ချခံ​နေရသည်မို့သူ့မှာ အမြန်ကြိုးစားကာဖတ်​နေရခြင်းဖြစ်သည်။


ဖျက်ချခံလိုက်ရ​သောသူများမှာသတိထားမိပုံမ​ပေါ်​သေး​ချေ။ သူတို့ကသတင်းကို​တွေ့ပြီး​နောက် ရိုးရှင်းစွာ အိပ်ယာ၀င်သွားခဲ့ပုံပင်။


စာအရှည်ကြီးကိုရိုက်ပြီးသည်နှင့်ကျွင်းချင်ယွီမှာ ဖုယွမ်ချွမ်း၏ရင်ခွင်ထဲတွင်မှီလျက် ထိုစာအရှည်ကြီးကိုအကြမ်းဖျင်းစစ်ကြည့်လိုက်သည်။အ​ခေါက်​ခေါက်အခါခါဖတ်ကြည့်ပြီး​နောက်တွင်သူက၄င်းကိုတင်လိုက်​တော့သည်။


"မြို့လယ်ကစိတ်ပိုင်းဆိုင်ရာဗိုင်းရပ်အ​ကြောင်းသိ​ကောင်းစရာ"


[ကြယ်တာရာသီးနှံ​တွေနဲ့အသီးအရွက်​တွေက ​နေရာလွတ်တိုင်းမှာစိုက်ပျိုးလို့မရနိုင်ဘူး၊ကျွန်​တော်တစ်ချိန်တုန်းကပညာရှင်ဓါတ်ခွဲခန်းတစ်ခုကိုအကူအညီ​တောင်းပြီး​တော့အသီးအနှံတွေကိုဘယ်လိုအထွက်တိုး​အောင်စိုက်နိုင်မလဲစမ်းသပ်ကြည့်ခိုင်းဖူးတယ်၊ပြီး​တော့သိပ်မကြာခင်ကပဲ စမ်းသပ်မှုရလဒ်ကိုကျွန်​တော်လက်ခံရရှိခဲ့ပါတယ်၊အသီးနဲ့အရွက်​တွေကစိတ်စွမ်းအင်ကြွယ်၀တဲ့​နေရာ​တွေမှာသာစိုက်ပျိုးနိုင်ပြီး​တော့ သူတို့ကစိတ်​ရောဂါဗိုင်းရပ်စ်ကိုကုသနိုင်စွမ်းရှိကြတယ်၊ဒါ​ပေမယ့်အထွက်နှုန်းက​တော့နိမ့်​နေတုန်းပဲ၊ ​လော​လောဆည်​တော့​လူဦး​ရေအများကြီးကို​ထောက်ပံ့ဖို့မဖြစ်နိုင်​သေးဘူး]


[ဒီ​တော့အ​ခြေအ​နေ​တွေကိုအ​ကောင်းဆုံးညှိနှိုင်းပြီး​​တော့ အဲဒီစွမ်းရည်မြင့်တဲ့အသီးအနှံ​တွေကိုသုံးပြီး အချိုပွဲမုန့်တချို့လုပ်ပြီးဆိုင်ဖွင့်လိုက်ဖို့ပဲဆုံးဖြတ်လိုက်တယ်၊ပြီး​တော့ စိတ်​ရောဂါဗိုင်းရပ်ရဲ့နစ်နာသူလူနာ​တွေကိုအထူး၀န်​ဆောင်မှု​ပေးမှာပါ]


​နောက်ဆုံးတွင်ဆိုင်လိပ်စာနှင့်ဖွင့်ချိန်ကိုပါတွဲလျက်ကျွင်းချင်ယွီဂရုတစိုက်စာစီထားခဲ့သည်။


စိတ်စွမ်းအင်သစ်သီးများကိုသူပထမဆုံးထုတ်လာခဲ့စဥ်က ဖုယွမ်ချွမ်းသည် ၄င်းတို့၏ဓါတ်ခွဲနမူနာကိုသုံးလျက်ဆင်တူအသီးအနှံများကိုစိုက်ပျိုးကာ ထိုအသီးအနှံများ၏ ဇစ်မြစ်ကိုဖုံးကွယ်ရန်လုပ်ခဲ့ပြီးသားပင်။ဤနည်းဖြင့်​မေးခွန်းထုတ်မှုများကိုအသာအယာ​ရှောင်ရှားနိုင်ပြီဖြစ်သည်။


ကျွင်းချင်ယွီသည်စာကိုဂရုတစိုက်​ရေးထားပြီး အ​သေးအမွှားကအစပါ​အောင်​ရေးထားတာဖြစ်သည်။တစ်ဖက်မှမည်သည့်​မေးခွန်းမျိုးမှအလွယ်တကူမထုတ်နိုင်​လောက်​အောင်ပင်။


ဖုယွမ်ချွမ်းသည် စာမျက်နှာကို refresh လုပ်လိုက်ပြီး​နောက် သူကဆိုသည်။ "တစ်​ယောက်​ယောက်​ကောမန့်လာမန့်ပြီ"


ကျွင်းချင်ယွီအမြန်ထလိုက်ပြီး ကြည့်လိုက်သည်။ သူလှုပ်ရှားလိုက်စဥ်သူ့ကိုယ်​ပေါ်မှ ပါးလွှာ​သောခြုံ​စောင်​လေးက​​ပုခုံး​ပေါ်မှလျှောကျသွားခဲ့ပြန်သည်၊


ဖုယွမ်ချွမ်း၏မျက်လုံးတို့မည်း​မှောင်သွားခဲ့သည်။ ကျွင်းချင်ယွီ၏အသားအရည်မှာလွန်စွာဖြူ​ဖျော့ကာ အချစ်အမှတ်အသားများအလွန်ထင်ရှား​နေခဲ့သည်။


သူကလက်ကို​မြှောက်လျက် ​စောင်ပါး​လေးကိုမကာပြန်ခြုံ​ပေးလိုက်သည်။


"သတိထား"


"အင်း" ကျွင်းချင်ယွီ​အာရုံမရစွာခေါင်းငြိမ့်လိုက်ကာ​ကောမန့်များကိုဖတ်ကြည့်လိုက်သည်။


"တုန့်ပြန်မှု​တွေကတကယ်မဆိုးဘူးပဲ"


ဖုယွမ်ချွမ်း၏လူအများကြားမှဂုဏ်သတင်းမှာတခြားမာရှယ်များထက်ပင်သာလွန်လှသည်။ ၄င်းမှာသူ၏​မွေးရပ်နှင့်လည်းဆိုင်​ကောင်းဆိုင်နိုင်သည်။ သူကအလွန်ကြိုးစား​သောသူလည်းဖြစ်သည်ပင်။


[မထင်ထား​လောက်​အောင်ပဲ၊ ​နောက်ဆုံး​တော့ပြည်သူ​တွေကိုကူညီဖို့တကယ်ကြိုးစား​ပေးတာက မာရှယ်တစ်​ယောက်တည်း၊ အဲဒီအမြင့်ပိုင်းက ​ခေါင်း​ဆောင်​တွေဘာများလုပ်​ပေးနိုင်လို့လဲ[


[​၊ငါ​ကောမန့်​တွေဖျက်​ခံနေရတာနဲ့ကိုအားမ​နေဘူး၊ ငါ့IDသုံးခုလုံးလည်းအပိတ်ခံလိုက်ရပြီ၊ ​ရေသူဥကိစ္စက​နေ ဇာ့ဂ်ကိစ္စအထိပဲ ဘာ​ပြောရမှန်းကိုမသိ​တော့ဘူး]


[အဲဒီအသီးအရွက်​တွေနဲ့အသီး​တွေကတကယ်ပဲ ကု​ပေးနိုင်တာလား၊ အဲဒါ​ကြောင့် အင်ပါယာကအသီးအနှံ​တွေကအချိုးကျပဲခွဲ​ဝေပေးနိုင်တာလား]


[ငါမသိဘူး၊ ငါ​မွေးကတည်းကအခုထိအသီးအရွက်​တွေကို မျက်စိနဲ့တပ်အပ်မမြင်ဖူးခဲ့ဘူး၊ အဲဒါ​တွေက မျိုးရိုးမြင့်​တွေအတွက်ပဲမဟုတ်လား၊ ​ရေသူ​တွေလိုပဲ​လေ၊ ဒီအင်ပါယာကတကယ်ကို အကျင့်မ​ကောင်းတာသိသာလွန်းတယ်]


[​ပြော​နေတာ​တွေရပ်လိုက်ကြ​တော့၊ ​ID​တွေလိုက်ပိတ်​နေပြန်ပြီ]


...


လူတိုင်းကသူတို့ဘန်းခံရမည်ကို​ရော အဘယ်​ကြောင့်ဘန်းခံရမည်ကိုပါအတိအကျသိကြသည်။


ထိုသတင်းအရှည်ကိုတင်လိုက်သည်ကပင် အင်ပါယာ​ခေါင်း​ဆောင်၏မျက်နှာကိုဖြတ်ရိုက်လိုက်သလိုပင်။


အဆုံးတွင် အင်ပါယာ​ခေါင်း​ဆောင်မှာ ယခင်ကအာဏာသုံး၍ ဖုယွမ်ချွမ်းထံမှ ထိုအသီးအနှံများ၀ယ်ယူရန်ကမ်းလှမ်းဖူးသည်ပင်။ သို့​သော်ဖုယွမ်ချွမ်းကငြင်းပယ်ခဲ့သည်။သို့​သော်ယခုတွင်မူ ဖုယွမ်ချွမ်းကကိုယ်ပိုင်ဆိုင်ဖွင့်၍ ကုသမှုနဲ့စပ်လျဥ်းသည်​တို့ကို​ရောင်းချ​ပေးမည်ဟု​ကြေညာ​နေ​ချေပြီ၊၊ သူ​ဒေါသထွက်​နေမည်မှာ​ပြော​နေစရာပင်မလို။


ကျွင်းချင်ယွီကမူဂရုမစိုက်ပါ​ချေ၊


ဖုယွမ်ချွမ်းကဆိုသည်။"အို​ကေ ​ကောမန့်​တွေလည်းဖတ်ပြီးပြီဆို​တော့ အိပ်ရမယ့်အချိန်​ရောက်ပြီ"


"အင်း ကျွန့်​တော်​ခေါင်း​တွေလည်းမူး​နေပြီ" ကျွင်းချင်ယွီကဖုယွမ်ချွမ်း၏ရင်ခွင်ထဲမှီချလိုက်သည်။


"ကိုယ်ပွတ်​ပေးမယ်"


"​ခြေ​ထောက်​တွေ​ရောပဲ"


"ကိုယ်​ဆေးလူး​ပေးမယ်​လေ၊ အရင်တစ်ခါကလို"


"အို​ကေ"


ဖုယွမ်ချွမ်းသူ့အား​ချော့မြူလိုက်သည်၊၊ ကွန်ပျုတာကိုပိတ်လိုက်ကာ​ရှောင်ယွီကို​ပွေ့ချီလိုက်​တော့သည်။


---


​နောက်တစ်​​နေ့တွင် ကျွင်းချင်ယွီ​စော​စောနိုးလာခဲ့ပြီး ​ခြောက်နာရီထိုးပြီးချိန်တွင်မျက်လုံးများပွင့်လာခဲ့သည်။


ဆိုင်ဖွင့်ရမည့်​နေ့မို့ သဘာ၀ကျစွာ​စော​စောနိုးလာပုံပင်။


သူအိပ်ချင်မူးတူးဖြစ်​နေဆဲတွင် သူ့​ဘေးမှလှုပ်ရှားမှုကိုသတိထားမိလိုက်သည်။ကျွင်းချင်ယွီ​​စောင်ကိုဖက်ပြီးလှည့်ကြည့်လိုက်လျှင် ဖုယွမ်ချွမ်းမှာ အသိဥာဏ်တုကိုအသုံးပြုလျက်သတင်းများကိုကြည့်​နေသည်ကို​တွေ့လိုက်ရ​လေသည်။


"အင်.. ဘာလုပ်​နေတာလဲ"


ဖုယွမ်ချွမ်းကဆိုလိုက်သည် "ဆိုင်အ​ကြောင်းပါ"


သူနှင့်​​​ရှောင်ယွီကလွဲလျှင်မည်သူမျှဤဆိုင်အ​ကြောင်းကိုမသိခဲ့ကြ​ချေ။ ယခုဆိုင်ဖွင့်ပွဲကို​ကြေညာလိုက်ပြီမို့ မသိသူများ ​မေးခွန်းထုတ်လာကြသည်မှာ ပုံမှန်ပင်ဖြစ်သည်။


မာရှယ်တချို့ကလည်းစာများပို့လာကြကာ ဖုယွမ်ချွမ်းလည်းပြန်​ဖြေ​ပေးရန်​ဆုံးဖြတ်လိုက်​တော့သည်။


​ကောမန့်ထဲတွင်ပြဿနာရှာသူများတစ်ဦးမျှမရှိပဲ အားလုံးမှာ ​ပျော်ရွှင်​နေကြသည်။


မနက်ခင်းအချိန်ကတိုတောင်းလှသည်မို့ကျွင်းချင်ယွီလည်းတစ်ချက်သာကြည့်လျက် ထကာမျက်နှာသစ်ရန်ပြင်လိုက်​တော့သည်။


ကျွင်းချင်ယွီသည်ဆိုင်ကိုသွားကာလိုအပ်သည်တို့ကိုပြင်ဆင်ရန်ဆုံးဖြတ်ထား​လေသည်။ယ​နေ့တွင်ဧည့်သည်ပိုများလိမ့်မည်။ကူးစက်​ရောဂါလူနာများကို ဦးစား​ပေးမည်ဟု​ပြောထား​သော်လည်း ကြိုတင်ကာကွယ်မှုအတွက်လာကြမည့်သူများလည်းရှိကြမှာပင်။


​နောက်ကျမှသွားလျှင် ဆိုင်ပိတ်ချိန်လည်း​နောက်ကျမည်ဖြစ်သည်။


မူလတွင်ဖုယွမ်ချွမ်းမှာ​ရှောင်ယွီအတွက်အလွန်အလုပ်များပြီး ပင်ပန်းရမည်ကိုစိုးရိမ်​နေခဲ့သည်။


သို့​သော်​သေချာ​တွေး​ကြည့်ပြီး​နောက်တွင် ငါး​လေးမှာကိုယ်ပိုင်အလုပ်​လေးရှိသွားသည်က​ကောင်း​သောအရာဟုပင်​တွေးလိုက်မိ​တော့သည်။


ဤနည်းဖြင့်​ရှောင်ယွီကို အင်ပါယာမှခွဲထုတ်နိုင်မည်ဖြစ်သည်။


"မနက်စာစားပြီးရင်သွားရ​အောင်" ဖုယွမ်ချွမ်းကရိုးရှင်း​သောအသားဆန်ပြုတ်တချို့ကိုချက်ထားခဲ့သည်။


"ဆိုင်​ရောက်သွားရင်စားဖို့အချိန်ရှိ​တော့မှာမဟုတ်ဘူး"


အချိန်က​စောလွန်း​နေ​သေးသည်။ ၊ ကျွင်းချင်ယွီမှာဗိုက်မဆာ​သေး​ချေ။


"လမ်းမှာပဲသွားရင်းနဲ့စားရ​အောင်​လေ"


ကားထဲတွင် ကျွင်းချင်ယွီမှာ ဆန်ပြုတ်​နွေး​နွေး​လေးကိုတစ်ငုံချင်း​သောက်​နေခဲ့သည်။


ဖုယွမ်ချွမ်းသည်သူ့အတွက်အရံဟင်းများကိုလည်းရံဖန်ရံခါခွံ့​ပေး​နေခဲ့သည်။ ကြက်ဥတစ်လုံးကိုလည်းခွာကနှုတ်ခမ်းတွင်အဆင်သင့်​​တေ့​ပေးသည်၊


ငါးက​လေးမှာ အာဟာရလုံ​လောက်စွာရရှိရန်လိုအပ်သည်။


ကျွင်းချင်ယွီဖြည်းဖြည်းချင်းစား​နေခဲ့သည်။မနက်စာကိုလက်စသပ်ပြီးချိန်တွင် သူတို့မှာဆိုင်ကို​ရောက်ခါနီးပင်။ လမ်း​ဘေးနှစ်ဘက်စလုံးမှတိုးကြိတ်​နေ​သောလူအုပ်ကြီးကိုကြည့်ကာ မိမိ၏ဆိုငိ​လေးကိုပင်မမှတ်မိ​တော့မလိုဖြစ်သွားရ၏။


သူကလူအများကြီးလာလိမ့်မည်မှန်းကြို​တွေးထား​သော်လည်း ဤမျှများမည်ဟု​တော့မထင်ထားခဲ့​ချေ။


လမ်းလယ်တွင်သွားလာ​နေ​သောကားများသာမရှိလျှင် လမ်းတစ်ခုလုံးတွင်လူပြည့်​နေမှာကိုပင်စိုးရသည်။


လမ်းတွင်လည်းကားများပိတ်လျက်အ​ခြေအ​နေမှာလွန်စွာထူးဆန်း​နေခဲ့သည်။


ကျွင်းချင်ယွီ လည်းပြတင်း​ပေါက်တွင်မှီလျက်အပြင်သို့ဂရုတစိုက်ကြည့်လိုက်လျှင် ကြယ်တာရာစစ်တပ်ယူနီ​ဖောင်းများနှင့်လူများက အပြင်ဘက်ရှိလူအုပ်ကိုထိန်းသိမ်းကာစစ်​ဆေး​နေခဲ့သည်။


ထိုလူများကို ဖုယွမ်ချွမ်းကြိုတင်တာ၀န်​ပေးထားမှန်း​​မေး​နေစရာ​တောင်မလို​ချေ။


ဤအရာရှိများ​ကျေးဇူးကြောင့်ပင် တိုးကြိတ်​နေ​သောလူအုပ်ကြီးလည်းအစီအစဥ်တကျ ဆိုင်တံခါး​ရှေ့တွင်တန်းစီ​နေကြ​တော့သည်။


ယခုကတည်းကပင် မုန့်ဆိုင်​လေး​ရှေ့မှ လူတန်းမှရှည်လျား​နေခဲ့​ချေပြီ၊


ဖုယွမ်ချွမ်းအနည်းငယ်​တွေး​တောလိုက်ပြီး​နောက်​ကားကို​ကွေ့ကာ ​ဆိုင်​နောက်ဘက်သို့​မောင်းသွားလိုက်သည်။ ​နောက်ဘက်တွင်မည်သူ့ကိုမှ၀င်ခွင့်မပြုထားသည်မို့ ရှင်းလင်းလျက်ပင်။


ဆိုင်​နောက်တံခါးမှ၀င်လျက် ဖုယွမ်ချွမ်းကဆိုလိုက်သည်။ 


"ကိုယ်ကအသီး​တွေလှီး​ပေးမယ်၊ မင်းကကျန်တာ​တွေပဲဆက်စီစဥ်လိုက်​ပေါ့"


ကျွင်းချင်ယွီသည် ​နေရာလွတ်ထဲမှအသီးအနှံများနှင့်စိတ်စွမ်းအင်ရည်များကိုထုတ်ယူလိုက်ပြီး​နောက်ခြင်း​တောင်း​လေးဖြင့်စားပွဲ​ပေါ်တင်လိုက်သည်။


"အို​ကေ"


အပြင်ဘက်ရှိလူအုပ်ကိုစိတ်ပူရ​သော်လည်း သူ့ကိုယ်သူလည်းအရမ်းပင်ပန်း​စေ၍မဖြစ်​ချေ။


ဆိုင်ကိုစဖွင့်ကတည်းက​စျေးကိုတခါတည်းကပ်ထားပြီးသားဖြစ်သည်။ မူရင်း​စျေးမှာကြယ်ဓါးပြများ၏မတန်တဆ​စျေးနှင့်မတူပဲအလွန်​သင့်​လျော်​နေဆဲဖြစ်သည်။


လူနာများမှာကုသပြီးချိန်အထိကုန်ကျမှုအလွန်သက်သာလိမ့်မည်။


Xxxxxx