အပိုင်း ၁၀၁
Viewers 16k

Chapter 101


ဖုယွမ်ချွမ်း သူ၏ငါးလေးလာနေသည်ကိုသတိထားမိ၍ သူထိုင်လို့ရစေရန်နောက်ဆုတ်ထိုင်လိုက်သည်။


 ကျွင်းချင်ယွီက ဖုယွမ်ချွမ်၏ရင်ခွင်ထဲတိုးဝှေ့ထိုင်ကာ" ဘာတွေလုပ်နေတာလဲ…အဖွဲ့ချုပ်နဲ့ဆိုင်တာတွေလား…"


သူ၏အသံလေးကပျော့သထက်ပျော့လာသည်။ နောက်ဆုံးစကားလုံးလေးဆိုရင်မကြားနိုင်လောက်တဲ့ထိဖြစ်သည်။ သူထိုစကားပြောပြီးအိပ်ပျော်လုနီးပါးဖြစ်သွားသည်။ 


ဖုယွမ်ချွမ်းက သူ၏ခါးလေးကိုပွေ့ထားလိုက်ကာ " ဟင့်အင်း…တခြားရှုပ်ထွေးတဲ့ကိစ္စတွေပါ…အခြေအနေတွေပရမ်းပတာမဖြစ်ခင်ကြိုပြီးပြင်ဆင်နေတာလေ…မိုးတောင်မလင်းသေးဘူး…သွားထပ်အိပ်လိုက်ပါဦး…"


ကျွင်းချင်ယွီ၏နှုတ်ခမ်းလေး ရွေ့လျားသွားသည်။ သူ သူ့အား တစ်စုံတစ်ခုပြောချင်နေသည့်ပုံပင်။ သို့သော် ဖုယွမ်ချွမ်းအနေဖြင့် ရှင်းလင်းစွာမကြားရပေ။ ပြီးတော့ သူ၏ငါးလေးကပြန်အိပ်ပျော်သွားချေပြီ။ 


ဖုယွမ်ချွမ်းတစ်ယောက်တခြားရွေးချယ်စရာမရှိတော့ပေ။ လက်တစ်ဖက်ဖြင့် ထိုငါးလေးကိုပွေ့ထားပြီး ဖြစ်နိုင်သမျှမြန်မြန် လုပ်ဆောင်ရန်လိုအပ်သောစာရွက်စာတမ်းများကို ဆက်လက်လုပ်ဆောင်ရန် ကျန်လက်တစ်ဖက်ဖြင့် ကီးဘုတ်အားအသုံးပြုရတော့သည်။ 


ထိုစာရွက်စာတမ်းများနှင့်ပတ်သက်၍ နောက်ကျမှဖြေရှင်းရန် အချိန်မရှိနိုင်တော့သောအခြေအနေများစွာရှိပေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ငါးလေးကိုအဖော်လုပ်ပေးရဦးမည်မဟုတ်ပါလား။ စုပုံလာသောအီးမေးလ်အရေအတွက်ကလည်း များပြားလှပေသည်။ စာရွက်စာတမ်းများကိုဆိုလိုခြင်းမဟုတ်ပေ။


အခန်းမီးအားဖွင့်ထားခြင်းမရှိပေ။ ကွန်ပြူတာမျက်နှာပြင်မှထွက်သော အလင်းရောင်လေးမျှသာရှိသည်။ ထိုအလင်းရောင်လေးကြောင့် အခန်းလည်းမှောင်မနေတော့ဘဲ အိပ်နေသောငါးလေးကိုလည်းအနှောင့်အယှက်မဖြစ်စေတော့ပေ။ 


နောက်ဆုံးစာရွက်စာတမ်းကို လက်စသတ်လိုက်ပြီးသူ၏ငါးလေးကိုအိပ်ယာထက် ပြန်ခေါ်သွားလိုက်သည်။ အတွေးတစ်ချို့ဝင်လာပြီးနောက် သူလိမ်းဆေးအား ထပ်လိမ်းပေးလိုက်သည်။ ရေသူလေးတစ်ကောင်၏ ပြန်သက်သာနိုင်စွမ်းကသိသာပေသည်။ အနည်းငယ်မျှသာယောင်ရမ်းနေတော့သည်။ လိမ်းဆေးနောက်ထပ်အနည်းငယ်လောက်လိမ်းပြီးလျှင်တော့ အရှင်းပျောက်နိုင်ပေသည်။


........


နောက်တစ်နေ့တွင်...


 ဖုယွမ်ချွမ်းတစ်ယောက် မနက်အစောကြီး ရှီခိုင်ရှင်းထံမှ သတင်းတစ်ခုရခဲ့သည်။ 


ရှီခိုင်ရှင်း : " မာရှယ်…ဖုယန်ဟုန်ရဲ့အခြေအနေကမူမမှန်ဘူး…သူအခြေအနေကိုကြည့်ဖို့ ကျွန်တော်ဆေးအဖွဲ့ဆီသွားခဲ့တယ်…သူ့အခြေအနေကအရမ်းပြင်းထန်တဲ့ပုံပေါ်တယ်…"


ဖုယန်ဟုန်၏ အရိုးဖွဲ့စည်းပုံစစ်ဆေးချက်ရလဒ်ကိုပါတစ်ပါတည်းတွဲပို့လာသည်။ ရှီခိုင်ရှင်း ဖုယန်ဟုန်အားဆက်တိုက်စောင့်ကြည့်ခဲ့သည်။ 


လွန်ခဲ့သောတစ်ချိန်တုန်းက ကျွင်းချင်ယွီက အလည်အပတ်သွားချင်သည်ဆို၍ ဖုယွမ်ချွမ်းက စောင့်ကြည့်နေမှုကိုရပ်ဆိုင်းရန်အမိန့်ပေးခဲ့သည်။ ထိုအမိန့်အရ ရှီခိုင်ရှင်းလည်းဆက်ဂရုမစိုက်ခဲ့ပေ။ ထိုအချိန်အတွင်း၌ တစ်စုံတစ်ခုဖြစ်ပျက်ခဲ့ဟန်တူသည်။သူအခု စတင်စုံစမ်းခဲ့ပြီး ပြဿနာတစ်ခုကိုရှာဖွေတွေ့ရှိလာကာ ဖုယွမ်ချွမ်းအား အလျှင်အမြန်တင်ပြခဲ့သည်။


 ဖုယွမ်ချွမ်း : "သူသေပြီလား…"


ရှီခိုင်ရှင်း : " မသေသေးပါဘူး…ထူးဆန်းတယ်…စစ်ဆေးချက်ရလဒ်အရတော့ သူသာမန်လူတွေလိုပဲအသက်ရှင်သွားနိုင်တယ် ဒါ‌ပေမယ့်…အရိုးတွေကတော့ အက်ကုန်တယ်တဲ့…"


ဖုယွမ်ချွမ်း: "အသက်ရှင်သေးတယ်ဆိုတော့စိုးရိမ်စရာတော့မရှိတော့ပါဘူး…"


ဖုချန်းယွီကျဆုံးပြီးနောက် ဖုယန်ဟုန်တစ်ယောက် သိပ်မကောက်ကျစ်တော့ပေ။ ကျေနပ်စရာကောင်းသောဘဝကြီးကဲ့သို့သာ နေထိုင်တော့သည်။ဤသို့ဖြင့် ကျွင်းချင်ယွီက နာကျင်မှုလျော့နည်းအောင် အာရုံစိုက်ပြီးကူညီပေးခဲ့လိုကိသည်။ သူပိုပြီးစေ့စေ့စပ်စပ်တုန့်ပြန်ရတော့မည်။


 ရှီခိုင်ရှင်း : " ဟုတ်ကဲ့…"


ဉာဏ်ရည်တုစက်ကိုပိတ်လိုက်ပြီး တရေးတမောအိပ်ရန်သူ၏ငါးလေးနားလှဲဖို့ပြင်ဆင်လိုက်သည်။ သို့သော်သူ့ငုံကြည့်လိုက်ချိန် သူ၏ငါးလေးကမျက်စိဖွင့်လျက်သားသူ့အားစိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။ 


"နှစ်ကူးပြီးရင်ကော အလုပ်တွေများနေဦးမှာလား…"


ကျွင်းချင်ယွီ ဖုယွမ်ချွမ်း၏ယခင်အလုပ်ချိန်ကိုတွေးမိလိုက်သည်။ အခြေခံအားဖြင့် သူ့၌ နားချိန်သိပ်မရှိခဲ့ပေ။ သူအစကရေသူလေးဖြစ်နေချိန်မှာ အလုပ်ရှုပ်နေသောဖုယွမ်ချွမ်းနှင့် ညဉ့်နက်သည်အထိအတူတူနေပေးခဲ့သည်။


 "အင်း နည်းနည်းတော့များမယ်ထင်တာပဲ…"


တကယ်တော့ ဖုယွမ်ချွမ်းက သူအလုပ်များနေသောအချိန်တွင် ရှောင်ယွီနှင့်‌အဖော်လုပ်ပေးရန် အချိန်ပိုရလေအောင် အချို့အရေးကြီးစာရွက်စာတမ်းများမှလွဲ၍ တာဝန်များကိုတစ်ချိန်တည်းပြီး‌အောင် ကြိုးစားပြီးသူ၏အလုပ်ချိန်အားမှန်မှန်လေးလုပ်သွားသည်။ ထိုပျင်းစရာကောင်းလှ‌သောစာရွက်စာတမ်းများကိုကြည့်ပြီး ရှောင်ယွီကိုသူ၏ဘေး၌ထိုင်ခိုင်းထားမည့်အစားဖြစ်သည်။ 


ကျွင်းချင်ယွီကပြုံးပြီးသူ၏လက်မောင်းများကြားတိုးဝင်လာ‌ကာ " ကျွန်တော်တို့အလုပ်မများတုန်းလေး များများနားပြီးလမ်းလေးဘာလေးလျှောက်ကြရအောင်လေ…"


ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ၏နဖူးလေးကိုငုံ့နမ်းလိုက်ကာ"ဟုတ်ပါပြီ…ဘယ်ကိုသွားချင်လို့လဲ…"


ကျွင်းချင်ယွီကခဏစဉ်းစားနေသည်။ ခရီးထွက်မည်ဆိုလျှင် ဤရက်အနည်းငယ်လောက်နှင့် လုံလောက်မည်မဟုတ်ပေ။ သူတို့ပင်မဂြိုလ်ပေါ်တွင်သာလမ်းလျှောက်နိုင်‌ပေမည်။ သို့သော် အဖွံ့ဖြိုးဆုံးဂြိုလ်အနေနှင့် ပင်မဂြိုလ်၏ဖျော်ဖြေရေးက အရမ်းမြင့်မားမနေပေ။ 


အချို့အထူးလှည့်လည်သွားလာရေးဂြိုလ်များနှင့်နှိုင်းယှဉ်ကြည့်လျှင် ပင်မဂြိုလ်တွင်မည်သည့်စိတ်ဝင်စားဖွယ်အရာမှမရှိဟုဆိုနိုင်သည်။ ဖျော်ဖြေရေးပန်းခြံများနှင့်လူလုပ်ရုက္ခဗေဒဥယာဉ်များမှလွဲ၍မည်သည့်အရာမှမရှိချေ။ ကျွင်းချင်ယွီထိုအရာတွေဂရုမစိုက်ပင်။ ဘယ်လောက်ပင်ပျင်းစရာကောင်းသည့်နေရာဖြစ်နေပါစေ ကိုယ်ချစ်ရတဲ့သူနဲ့သွားရလျှင်ပျော်စရာကောင်းသည့်နေရာဖြစ်လာနိုင်သည်မဟုတ်ပါလား။ ကျွင်းချင်ယွီစိတ်ကြိုက်တွေးပြီးမှ မေးလာသည်။ 


" နှစ်ကူးမှာလူတွေအများကြီးအပြင်ထွက်ကြမှာလား…"


ကြယ်တာရာခေတ်လူများ၏ဘဝက နှိုင်းစာကြည့်လျှင် အရမ်းပင်အချိန်ကုန်မြန်လှသည်။ တစ်ပတ်လုံးလည်းအလုပ်များနေတတ်ကြသည်။ အားလပ်ရက်နှစ်ရက်အပြင်ဆောင်းရာသီပွဲတော်ပိတ်ရက်ကိုပင် အသေးစားအားလပ်ရက်အဖြစ်သာမှတ်ယူထားကြသည်။ လူများကတော့ပျော်ရွှင်ရဖို့သေချာပေါက်အပြင်ထွက်လာကြမည်သာ။


သို့သော် လူဘယ်လောက်များများက ‌ပွဲတော်ကို‌ဆင်နွဲကြမလဲဆိုတာကိုတော့ ဖုယွမ်ချွမ်းမသိပေ။ ပြီးတော့ ပွဲတော်အတွင်းတွင်လည်းအပြင်သိပ်ထွက်လေ့မရှိဘဲ စခန်း၌သာသူ၏အချိန်ကိုကုန်ဆုံးလေ့ရှိခဲ့သည်။ ဖုယွမ်ချွမ်းနိုင်လည်နိုင်စွမ်းနည်းသော်လည်း ယခုချက်ချင်းစုံစမ်းလိုက်လို့ရပေသည်။ သူ၏ဉာဏ်ရည်တုစက်မှပြသသောအချက်အလက်အရ သူကပြောလိုက်သည်။ 


"မဆိုးပါဘူး…ပင်မဂြိုလ်ပေါ်မှာဒေသခံနည်းနည်းတော့ကျန်ဦးမယ်…လူအများစုကတော့ဆောင်းရာသီပွဲတော်အတွင်းနှစ်ကူးကိုဖြတ်သန်းဖို့အိမ်ပြန်ကြမှာ…"


"ဒါဆိုလည်း ငါးပြတိုက်သွားကြရအောင်…"


ကျွင်းချင်ယွီသည် အပြင်တော်တော်များများထွက်လေ့မရှိ။ ယခုတော့ သူကိုယ်တိုင်အပြင်ထွက်ချင်ကြောင်းတောင်းဆိုလာသည်။ သူအရင်ကပြောခဲ့ဖူးသော ဖျော်ဖြေရေးပန်းခြံနှင့်လူလုပ်ဥယျာဉ်များသို့ရောက်ဖူးချေပြီ။ သူမရောက်ဖူးသေးသည်က ငါးပြတိုက်တစ်ခုသာရှိတော့သည်။ 


"အင်း…ဒါပေမယ့်…"ဖုယွမ်ချွမ်းစကားကိုတစ်ဝက်တစ်ပျက်နှင့်ရပ်သွားကာ သူ၏လက်မောင်းကြားမှငါးလေးအားငုံ့ကြည့်လိုက်သည်။ 


ကျွင်းချင်ယွီက မျက်လုံး‌လေးပေကလပ်ပေကလပ်နှင့် အပြစ်ကင်းစင်စွာကြည့်ကာ"ဘာဖြစ်လို့လဲ…"


ဖုယွမ်ချွမ်းကလက်တစ်ဖက်ဖြင့်သူ၏ပါးပြင်လေးကိုကိုင်ကာနီးနီးကပ်ကပ်တိုးသွားလိုက်ပြီး " အိမ်မှာငါးလေးတစ်ကောင်ရှိနေတာပဲ…အဲ့ဒါကိုကိုယ်ကငါးကြည့်ဖို့ပြတိုက်သွားရဦးမှာလား…"


ကျွင်းချင်ယွီခဏကြောင်သွားကာ ပြီးမှပြုံးသွားပြီး သူ၏ခေါင်းလေးကိုမော့ကာ ဖုယွမ်ချွမ်း၏နှုတ်ခမ်းကိုနမ်းလိုက်သည်။


 " အဲ့ဒါဆိုလည်းမသွားတော့ဘူး…ကျွန်တော့်ကိုပဲကြည့်ရင်လုံလောက်ပြီ…"


ဖုယွမ်ချွမ်း စနောက်ဖို့သက်သက်သာရည်ရွယ်ခဲ့ပြီး ထိုကဲ့သို့တုန့်ပြန်ချက်မျိုးပြန်ရဖို့မမျှော်လင့်ခဲ့ချေ။ ကွင်းချင်ယွီကိုကြည့်ပြီး သူ၏ပါးလေးအားလက်‌နှင့်ပွတ်သပ်လိုက်သည်။ 


"ထထ…ပြတိုက်သွားရအောင်…"


"အာ…"ကျွင်းချင်ယွီက သူ၏နောက်ဆုံးစကားလုံးလေးကိုသံရှည်ဆွဲလိုက်ပြီး သူ့အားအပြစ်ကင်းစွာကြည့်လျက်မေးလာသည်။ 


"ခင်ဗျား ကျွန်တော်မဟုတ်တဲ့ ငါးတွေကိုဘယ်လိုကြည့်နိုင်လောက်မလဲ…"


သူကိုယ်တိုင်ပြတိုက်သွားချင်သည်ဟုတောင်းဆိုခဲ့သည်မဟုတ်ပါလား။ ယခု၌ သူတောင်းဆိုခဲ့ခြင်းမဟုတ်သလိုပြုမူနေသည်။


ဖုယွမ်ချွမ်း ထိုအကြောင်းအရာများကိုမညည်းညူပေ။ သူကသူ၏ဂရုစိုက်မှာကိုအသေးစိတ်ကျကျဖော်ပြလိုက်သည်။  


" အပြင်ကငါးတွေကအလှမွေးငါးတွေ မင်းနဲ့မတူဘူး…"


ကျွင်းချင်ယွီကပြုံးကာ "ဘာမတူတာလဲ…"


"သူတို့က စားလို့မရဘူး…"


"..."


ကျွင်းချင်ယွီ၏အမူအရာက တောင့်တင်းသွားသည်။ သူထိုစကားလုံးများကိုနားထောင်ခြင်းဖြင့်မကောင်းသောခံစားချက်များရလာပြီး သူ၏ခါးကနာကျင်သွားသည်။


 ဖုယွမ်ချွမ်းက "သူတို့ကိုသွားကြည့်ချင်သေးလား…"


"အင်း…"


သူရက်‌အတော်ကြာအိပ်ခန်းထဲမှမထွက်ခဲ့ချေ။ ပြီးတော့ အိမ်၌လည်းလုပ်စရာကမရှိပေ။ ထို့ကြောင့် လမ်းလျှောက်ထွက်မည်ဆိုသော်ကောင်းပေသည်။ ပြတိုက်က ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းနှင့်နီးပေသည်။ တိတိကျကျပြောရလျှင် ဘေးချင်းကပ်ပင်ဖြစ်သည်။ ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းသို့လာရောက်လည်ပတ်ကျသောဖောက်သည်များအတွက်အဆင်ပြေ‌လှပေသည်။သို့သော် အခြားငါးများနှင့် ဆက်သွယ်ရန် သူတို့အားအခြားနေရာသို့ပေးခြင်းအားဖြင့် ရေသူအိမ်လေးများကိုမယူဆောင်ခိုင်းပေ။ 


ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းတွင်စာရင်းသွင်းထားကြသောပုဂ္ဂိုလ်များကို ထိုဝရုန်းသုန်းကားအခြေအနေကအလွန်အမင်းစိတ်မကောင်းဖြစ်စေသည်။ ဟုတ်ပါသည်။ သူတို့တတ်နိုင်တာဘာမှမရှိချေ။ သူတို့ကိုယ်တိုင်ဤမြေကွက်ကိုဝယ်ပြီး ဤပြတိုက်ကိုတည်ဆောက်ခဲ့ကြသည်။ပင်ကိုယ်အားဖြင့် ရေသူပျိုးထောင်ရေး အခြေစိုက်စခန်းကိုကြိုတင်သတိပေးစရာပင်မလိုပေ။ 


ထို့အပြင် သူတို့ကထိုအရာ‌ပေါ်ရေးကြီးခွင်ကျယ်လုပ်လိုက်ပါက ရေသူပျိုးထောင်ရေးစခန်းကို မကျေမနပ်ဖြစ်စေနိုင်ပြီး သူတို့၏ပုံရိပ်ကိုလည်းထိခိုက်စေနိုင်ပေသည်။ လွန်ခဲ့သော အွန်လိုင်းလူထုထင်မြင်ချက်ဂယက်က ရေသူပျိုးထောင်ရေးအခြေစိုက်စခန်း၏ကျော်ကြားမှုကို ထိုးကျသွားစေခဲ့သည်။ သူတို့၏ပရိတ်သတ်များက ဆွေကြီးမျိုးကြီးရာထူးကြီးများဖြစ်သော်လည်း လူတန်းစားပေါင်းစုံ၏အမြင်တွင်တော့ ထိုနေရာက ရေသူလေးများကိုရောင်းချသော အဆင့်အတန်းမြင့်နေရာတစ်ခုမဟုတ်ဟုထင်မြင်ကြသည်။ 


ကျွင်းချင်ယွီ ရေသူမွေးမြူရာနေရာကိုတစ်ချက်ကြည့်လိုက်သည်။ ထိုနေရာ၌လူသွားလူလာနည်းပါးလှပေသည်။ အင်တာနက်ပေါ်မှသတင်းများက သူတို့အပေါ်အကျိုးသက်ရောက်မှာရှိနေဆဲပေလား။


ဖုယွမ်ချွမ်းက လက်မှတ်ဝယ်လာခဲ့ကာ "သွားကြမယ်လေ…"


"အင်း…"ကျွင်းချင်ယွီ ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းကို ထပ်အာရုံမစိုက်တော့ဘဲ ဖုယွမ်ချွမ်း၏လက်ကိုကိုင်ကာလျှောက်လာလိုက်သည်။ ငါးပြတိုက်ကအတော်ပင်နာမည်ကြီးလှပါသည်။ ယခင်ကဆိုလျှင်လက်မှတ်ကိုကြိုတင်ဘိုကင်လုပ်ထားရသည်။ ယခုတော့ လက်မှတ်ကိုလက်ရိုက်ဝယ်ကာဝင်ရောက် နိုင်နေပေသည်။ 


နှစ်ကူးပွဲတော်ကဆန်းကြည်လှပေသည်။ တစ်ချို့နေရာများ၌စည်ကားနေသလောက် တစ်ချို့နေရာများကတော့ ခြောက်ကပ်လွန်းသည်။ သူတို့လက်မှတ်ဝယ်ပြီးနောက်အထဲဝင်ရောက်ရန် လက်မှတ်ကိုစကန်ဖတ်လိုက်သည်။ ပြတိုက်ကြီးသောကြောင့်ဖြစ်နိုင်ပြီး ခရီးသွားလည်းအနည်းငယ်သာရှိသောကြောင့် လူများက လူနည်းနည်းနှင့်နေရာလွတ်ကိုသာတမင်ရှာဖွေကြသည်။ သူတို့ဝင်ရောက်သွားချိန်၌ တော်တော်လေးလူမရှိပေ။ 


အဝင်ဝ၌ စည်ပိုင်းပုံစံငါးကန်နှစ်ခုထားရှိပြီး ထိုကန်များကို မည်သည့်အရာနှင့်ပြုလုပ်ထားသည်ကိုတော့သူမသိပေ။ သို့သော် ဖောက်ထွက်မြင်နိုင်လောက်အောင်ကြည်နေပြီး အထဲမှကူးခတ်နေကြသောငါးလေးများကိုမြင်နေရသည်။ 


ငါးမျိုးစိတ်များစွာကို ကျွင်းချင်ယွီသိပ်ရင်းနှီးမနေပေ။ ပြန်ပြောင်းပြောရလျှင် သူ ရေသူနှင့်သာမန်ငါးတို့ကြားကကွာခြားချက်ကိုအကြမ်းဖျင်းပြောနိုင်ပေမယ့် မည်သည့်ငါး‌ကတော့ဘယ်အမျိုးအစားပါဆိုသည်ကိုတော့မသိပေ။ ငါးကန်အမြင့်ကို ခေါင်မိုးနှင့်ဆက်သွယ်ဆောက်လုပ်ထား၍ ရေထဲမှကူးခတ်သွားလာနေသော ငါးလေးများကို အောက်ခြေမှအပေါ်ဆုံးထိ တပြင်လုံးမြင်နေရသည်။သူတို့ကအရောင်မျိုးစုံရှိသလို သူတို့၏ခန္ဓာကိုယ်ပေါ်ရှိအစင်းရာများကလည်းအမျိုးမျိုးဖြစ်သည်။


ငါးကန်ထဲ၌ ငါးကောင်ရေများစွာရှိနေသော်လည်း အရမ်းစုပြုံနေသည်ဟုမခံစားရပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ကသေးနေသောကြောင့်ဖြစ်သည်။ 


"ဒီနေရာမှာ ငါးမျိုးစိတ်တွေတော်တော်စုံ…"


ကျွင်းချင်ယွီပြောနေရင်းတန်းလန်းဖြစ်သွားသည်။ သူဖုယွမ်ချွမ်းနှင့်မထင်မှတ်ဘဲ မျက်လုံးချင်းစုံမိသွားသည်။ သူကငါးကန်ကိုလုံးဝကြည့်မနေပေ။ ကျွင်းချင်ယွီက အနည်းငယ်အံ့ဩမှုဖြင့် ခေါင်းလေးစောင်းကာ


" ခင်ဗျားဘယ်ကိုကြည့်နေတာလဲ…"


ဖုယွမ်ချွမ်း၏မျက်လုံးများက ကျွင်းချင်ယွီပေါ်၌သာရှိနေသည်။ သူက ကျွင်းချင်ယွီ၏ပါးထက်မှဆံနွယ်များကိုနားရွက်နောက်သပ်တင်ပေးလိုက်ကာ ပြုံးပြီးပြောလိုက်သည်။ 


" ကိုယ့်ရဲ့ငါးလေးကိုကြည့်နေတာလေ…"


သူ့ဘေးနား၌သူ့ပိုင်ငါးလေးရှိနေပြီဖြစ်ရာ ပြတိုက်ထဲမှ ငါးများကဖုယွမ်ချွမ်း၏အာရုံကိုမည်ကဲ့သို့သိမ်းပိုက်နိုင်မည်နည်း။ ကျွင်းချင်ယွီ၏မျက်လုံးများလခြမ်းသဏ္ဌာန်ကွေးညွတ်သွားသည်။ ပတ်ဝန်းကျင်၌ မည်သူမျှမရှိသည်ကို သတိပြုမိပြီး သူ့အားလျင်မြန်စွာနမ်းလိုက်သည်။ 


"အထဲဝင်ပြီးကြည့်ကြည့်ရအောင်…"


"အင်း ကောင်းပြီ…"


Xxxxxxx