အပိုင်း ၁၀၂
Viewers 18k

Chapter 102


သူ့ဘေးနား၌သူ့ပိုင်ငါးလေးရှိနေပြီဖြစ်ရာ ပြတိုက်ထဲမှ ငါးများကဖုယွမ်ချွမ်း၏အာရုံကိုမည်ကဲ့သို့သိမ်းပိုက်နိုင်မည်နည်း။ ကျွင်းချင်ယွီ၏မျက်လုံးများလခြမ်းသဏ္ဌာန်ကွေးညွတ်သွားသည်။ ပတ်ဝန်းကျင်၌ မည်သူမျှမရှိသည်ကို သတိပြုမိပြီး သူ့အားလျင်မြန်စွာနမ်းလိုက်သည်။ 


"အထဲဝင်ပြီးကြည့်ကြည့်ရအောင်…"


"အင်း ကောင်းပြီ…"


အပြင်ဘက်၌ငါးအများကြီးမရှိချေ။ လျှောက်လမ်းမကြီး၏ဘေး ဘယ်ညာတစ်ဖက်တစ်ချက်နံရံများက သူတို့သွားမည့်နေရာကိုလမ်းပြနေ‌သယောင်ထင်ရသည်။ မည်သို့ပင်ကြည့်ကြည့် ရေအောက်ကမ္ဘာကြီးကိုဖြတ်လာသကဲ့သို့ တကယ့်အစစ်အမှန်ထက်သရုပ်ပေါ်လှသည်။ငါးကန်များဆက်တိုက်ရှိနေသော်လည်း ဤနေရာမှငါးများက ဝင်ပေါက်၌တွေ့ခဲ့သောငါးများနှင့်အမျိုးအစားကွာခြားပေသည်။ ကျွင်းချင်ယွီသည် ငါးတစ်မျိုးစီ၏မျိုးစိတ်ကိုမခွဲခြားနိုင်သော်လျှင်တောင်မှ မည်သည့်ငါးကဖြင့်ချစ်စရာကောင်းသည်၊မည်သည်ကဖြင့်ရေသူတစ်ကောင်တုံ့ပြန်ပုံအတိုင်းရှိနေသည်ကိုဖြင့်သူဆုံးဖြတ်နိုင်ပေသည်။ 


ဖုယွမ်ချွမ်းက ဤနေရာအပြင်အဆင်ကိုကြည့်ရှုခဲ့သည်။ သူငါးများအကြောင်းတစ်စုံတစ်ရာမသိသော်လည်း ငါးကန်များအတွင်းပိုင်းပြင်ဆင်မှုများကဖြင့်တော်တော်ကောင်းကောင်းလှသည်။


 "ဒီနေရာကိုကြိုက်ရဲ့လား…"


သူ့အားကြိုက်လားဟုမေးလျှင်မကြိုက်ပေ။ စေ့စေ့စပ်စပ်ကြည့်လျှင်သူခံစားရသည်ကဆွဲဆောင်မှုရှိသည်ဆိုရုံ‌မျှပင်ဖြစ်သည်။ ထို့ကြောင့် ပြောလိုက်သည်။


" ပုံစံလေးကတော့လှတယ်…"


ဖုယွမ်ချွမ်းခေါင်းငြိမ့်လိုက်သည်။ သူစကားပြောနေစဉ်မှာပင် အပြာဖျော့ဖျော့ရေသူလေးတစ်ကောင်က ငါးကန်ဘေးဘောင်‌အတိုင်းကူးခတ်လာသည်။ ကျွင်းချင်ယွီအလွန်အံ့အားသင့်သွားသည်။ ရေသူဆိုသည်မှာ အလှမွေးမြူရန်မျိုးစိတ်တစ်ခုမဟုတ်ပေ။ ထို့ကြောင့် ဘယ်လိုဖြစ်ပြီး ၎င်းက ပြတိုက်ထဲရောက်နေရသနည်း။


 ငါးကန်အတွင်းမှရေမှာ ရေချိုဖြစ်ပြီး နေရာအနှံ့အပြားမှငါးကန်များနှင့်ဆက်သွယ်ထားပေသည်။ ကန်တစ်ခုမှတစ်ခုသို့ကူးခတ်သွားလာနေသောငါးများကို ကာကွယ်ရန် အထူးထိန်းချုပ်ရေးနည်းလမ်းရှိသော်လည်း ဉာဏ်ရည်မြင့်မားသောရေသူတစ်ကောင်ကိုဖြင့် ဤနည်းလမ်းကအကျိုးသက်ရောက်မှုရှိမည်မဟုတ်ပေ။ ထိုရေသူပြာလေးက ဖန်သားနံရံဆီသို့ ဦးတည်ကူးခတ်နေသည်။ သူက ကူးခတ်နေရင်း ကျွင်းချင်ယွီနှင့်မျက်နှာချင်းအနေအထားတွင်ရပ်လိုက်ပြီး သူ့အားကြည့်နေသည်။ ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏အင်္ကျီအနားကိုဆွဲလိုက်ကာ 


"အဲ့ငါးက မာရှယ်တော့ဒစ်စ်ဟာနဲ့တူတယ်…"


သူ ရေသူပျိုးထောင်ရေးအခြေစိုက်စခန်း၌ ရှိခဲ့စဉ်က အရောင်အမျိုးမျိုးနှင့်ရေသူလေးများကိုမြင်ခဲ့ပါသည်။ သို့သော် သူတို့ကသိပ်ပြီးတုံ့ပြန်မှုမရှိကြချေ။ ပြီးနောက် သူတို့က မည်သည်နှင့်တူသည်ကိုသူလုံးဝမမှတ်မိတော့ချေ။ အမှန်၌ မာရှယ်တော့ဒစ် နောက်ဆုံးအကြိမ်က သူ့ရေသူလေးအားဝယ်ခဲ့သောအခါ ကျွင်းချင်ယွီ သူတို့ကိုကောင်းကောင်းကြည့်ခဲ့သည်။ သူတို့၌‌မထင်မရှားခံစားချက်တစ်မျိုးစီလည်းရှိကြပေသည်။


 ဖုယွမ်ချွမ်း ထိုစကားကိုကြားသောအခါ မော့ကြည့်လိုက်သည်။သူ၏စိတ်စွမ်းအင်မတည်ငြိမ်မှုက ပျောက်ကင်းလုနီးပါးဖြစ်နေသော်လည်း ထိုရေသူလေးက သူ၏စိတ်စွမ်းအင်တိုက်ခိုက်မှုကိုကြောက်သောကြောင့် သူ့အနားသို့မချဉ်းကပ်ရဲပေ။


သို့သော် သူကြည့်နေသည့်အချိန်တွင်လည်း ရေသူလေးကထွက်မပြေးချေ။ 


ရေကန်ထဲမှငါးများက ထိုရေသူလေးနှင့်အဝေး၌သာနေပြီး ရှေ့မတိုးရဲကြပေ အနည်းငယ်သေးငယ်သည်ဆိုသော်လည်း ရေသူလေးတစ်ကောင်က ရန်မူတတ်လေသည်။ သတ္တဝါများတွင် မတော်တဆအခြေ‌အနေများကို ရှောင်ဖယ်၍ ကောင်းမွန်သောအခြေအနေများဖန်တီးနိုင်သည့် ပင်ကိုယ်အရည်အသွေးတစ်ခုရှိကြပေသည်။ 


ကျွင်းချင်ယွီက အခြေအနေအားလုံးရှုပ်ထွေးသွားမည်စိုး၍ သူ ဖုယွမ်ချွမ်း၏တုန့်ပြန်မှုကိုသာငြိမ်သက်စွာစောင့်နေလိုက်သည်။ ဖုယွမ်ချွမ်းက သူ့အကြည့်ကိုပြန်ရုပ်လိုက်ပြီး ညင်သာစွာပြောလာသည်။ 


" ကိုယ်မမှတ်မိတော့ဘူး…ကိုယ်ကတော့ ရေသူလေးတွေအားလုံးတူတူပဲထင်တာပဲ…"


ဖုယွမ်ချွမ်း၏စိတ်ထဲ၌ ရေသူလေးအမျိုးအစားနှစ်မျိုးသာရှိသည်။ အခြားရေသူလေးများနှင့်ကျွင်းချင်ယွီဖြစ်သည်။ ကျွင်းချင်ယွီမျက်ခုံးပင့်လိုက်ပြီး" ဒါဖြင့်ရင်ဘယ်လိုဖြစ်ပြီးရေသူတစ်ကောင်ကပြတိုက်ထဲရောက်နေရတာလဲ…"


ကန်ထဲရှိရေများက ဆားငန်ရေဟုတ်၏မဟုတ်၏ကိုသူတို့နှစ်ဦးစလုံးမသိကြပေ။ ရေသူလေးတစ်ကောင်က ရေချိုထဲတွင်အချိန်ပေါင်းများစွာနေလျှင် နာဖျားတတ်လားဆိုသည်ကိုလည်းမသိကြချေ။ ပြောရန်ပင်မလိုတော့ပေ။ မည်သူကများ ရေသူလေးနှင့်သာမန်ငါးများကိုအတူတူထားရလောက်အောင်သတိမဲ့ကြမည်နည်း။ 


ဖုယွမ်ချွမ်းက"ကိုယ်ဝန်ထမ်းတစ်ယောက်ကိုဆက်သွယ်ကြည့်လိုက်မယ်…"


သူက သူ၏ဉာဏ်ရည်တုစက်ကိုပြန်မရနိုင်ခင် သူအော်သံတစ်ခုကြားလိုက်ရတော့သည်။ 


" ဖုယွမ်ချွမ်း…မင်းလည်းဒီနေရာကိုလာလည်တာလား…"


အမှုမဲ့အမှတ်မဲ့ဖြင့် ကျွင်းချင်ယွီထိုအသံကြားရာသို့မော့ကြည့်လိုက်သည်။ ဒုတိယအထပ်တွင် မာရှယ်တော့ဒစ်က သူတို့လက်ဝှေ့ယမ်းပြရင်းရပ်နေပေသည်။ ပထမအထပ်ကဖြင့် ငါးများကိုခင်းကျင်းပြသရာအထပ်ဖြစ်ပြီး ဒုတိယအထပ်ကဖြင့် အခြားအရာများထပ်ထည့်သွင်းရန်၊ငါးအလှများထပ်ထည့်ရန်နှင့်ပစ္စည်းများဆယ်ယူရာတွင်လွယ်ကူအဆင်ပြေစေရန်အပိုအထပ်အဖြစ်ထားသင့်သည်။  


ဖုယွမ်ချွမ်းက မေးလိုက်၏။ "မင်းကအဲ့ပေါ်မှာဘာလုပ်နေတာလဲ…"


မာရှယ်တော့ဒစ်က သူ၏အခြားလက်တဖက်၌ကိုင်ထားသောကြိုးကိုလှုပ်ရမ်းပြကာ


" ငါးမြှားနေတာ…ငါရဲ့‌ငါးလေးနဲ့ကောင်းတဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့ အရင်ကမင်းပဲပြောခဲ့တာလေ…ငါသူနဲ့ရက်အနည်းငယ်လောက်အတူရှိပြီးတော့ငါသိလာရတာက သူကနေရာကျယ်ကြီးတွေကိုသဘောကျတာပဲ…ငါ့အိမ်ကရေကန်လေးကျတော့ သိပ်မကြီးဘူးလေ…အဲ့ဒါကြောင့်ပြတိုက်ကိုလာခဲ့လိုက်တာပဲ…"


နှစ်ကူးအတွင်းလူများမရှိဘူးဆို၍ဖြစ်ချင်တိုင်းဖြစ်ပျက်နေကြသည်။ ထို့အပြင် ပြတိုက်တွင်းရှိရေအရည်အသွေးကိုနေ့စဉ်စစ်ဆေးလျှက်ရှိ၍ ၎င်းကချွင်းချက်မရှိကျော်ဖြတ်သွားနိုင်ခြင်းဖြစ်ရမည်။ ထို‌အကြောင်းပြောဆိုကြပြီးနောက် မာရှယ်တော့ဒစ်က အားကိုးရာမဲ့စွာပြောလာပြန်သည်။


 " ငါအစကတော့ ပင်လယ်ကိုပဲသွားချင်ခဲ့တာ…ဒါပေမယ့် ရေသူလေးကအရမ်းပါးနပ်တော့ ကြိုးဖြေပြီးထွက်ပြေးသွားမှာကိုလည်းစိုးရိမ်တယ်လေ…အများကြီးစဉ်းစားပြီးမှ နောက်ဆုံးငါသူ့ကိုဒီပဲခေါ်လာခဲ့လိုက်တော့တယ်…"


ကျွင်းချင်ယွီတစ်ယောက်ထိုစကားလုံးများကိုကြားပြီးနောက် သူအတွင်းသို့အနည်းငယ်ခြေလှမ်းသွားလိုက်ပြီး သူ၏နောက်ဘက်ရှိအပြာရောင်ရေသူလေးအားညွှန်ပြကာ မေးလိုက်သည်။ 


" မင်းဆီကထွက်သွားတဲ့ရေသူလေးလား…"


"အာ…ဟုတ်တယ်…ဟုတ်တယ်…"


မာရှယ်တော့ဒစ်က ပြုံးကာခေါင်းငြိမ့်လာပြီး" ငါ့ရဲ့ရေသူလေးကလေအရမ်းကိုလှတာ…အထူးသဖြင့်ငါတော့သူ့မျက်နှာလေးကိုတကယ်ကြိုက်တယ်…"


မာရှယ်တော့ဒစ်ကခဏရပ်လိုက်သည်။ သူတစ်စုံတစ်ခုအားခံစားမိလိုက်သည်။ ဖန်ချပ်ပေါင်းများစွာအားဖြတ်ကာသူ့အားစိုက်ကြည့်နေသောငါးလေးကိုသူကြည့်လိုက်ပြီးနောက် သူလက်မှကြိုးကိုပြန်ငုံ့ကြည့်ကာအတင်းဆွဲထားလိုက်သည်။ သေချာသလောက်က အခြားအစွမ်းတဖက်ကအလွတ်ကြီးသာရှိတော့သည်။ 


" မသွားနဲ့…ငါ့ကိုစောင့်ဦး…ငါချက်ချင်းဆင်းလာပြီ…"


မာရှယ်တော့ဒစ်စ်လျှင်မြန်စွာပြေးဆင်းလာသည်


"ပင်လယ်ကိုမသွားခဲ့တာကံကောင်းလို့ပဲ…ကြိုးရောင်းလိုက်တဲ့သူကပြောပါတယ်…ငါသူ့ကိုဘယ်တော့မှလွတ်မှာမဟုတ်ဘူးတဲ့…"


ကျွင်းချင်ယွီ အခြားတစ်ယောက်၏စိုးရိမ်ကြောင့်ကြနေသည့်ပုံစံကိုကြည့်ကာ မရယ်ဘဲမနေနိုင်တော့ချေ။ 


" ကျွန်တော်သာကြိုးဖြတ်ပြီးထွက်ပြေးရင်ကော ခင်ဗျားလည်းအဲ့လိုဖြစ်မှာလား…"


ဖုယွမ်ချွမ်းက ဖြေသည်။ "မဖြစ်ပါဘူး…"


ကျွင်းချင်ယွီက စနောက်ကာဆိူလိုက်သည်။ " အရမ်းကိုတည်ငြိမ်တယ်ပေါ့…"


ဖုယွမ်ချွမ်းက ငါးလေး၏ဆံနွယ်ရှည်များကိုသပ်တင်ပေးလိုက်ကာ" မင်းပြေးမှာမဟုတ်ဘူးဆိုတာကိုယ်သိနေတာပဲ…" 


အကယ်၍ကြိုးချည်ထားခဲ့ရင်တောင် သူ့ငါးလေးကကြိုးကိုဖြေလိမ့်မည်မဟုတ်။ထို့ထက် အကြောင်းတစ်ခုခုကြောင့်ကြိုးပြေခဲ့လျှင်‌တောင် ကြိုးစကိုပြန်ယူကာသူ့ခါးတွင်ပြန်ချည်မည့် ငါးမျိုးလေးဖြစ်သည်။ ထိုယုံကြည်ချက်က ဖုယွမ်ချွမ်းကိုစိတ်သက်သာရာရစေရန်အာမခံချက်ပေးခဲ့သည်။ 


ကျွင်းချင်ယွီကပြုံးလာကာ သူ့အားပွေ့ဖက်ထားသောဖုယွမ်ချွမ်း၏လက်မောင်းများကြားမှီလာပြီး "သွားရအောင်လေ…"


"အင်း…" ဖုယွမ်ချွမ်းလည်း သူ့လက်မောင်းအားတွဲခိုလာသောငါးလေးနှင့်အထဲသို့ဝင်လာခဲ့သည်။ ရေသူပြာလေးကသူတို့ဆီဦးတည်ကူးခတ်လာသည်ကိုမြင်နေရသည်။ ကျွင်းချင်ယွီက ထိုရေသူလေးကို သင်္ကာမကင်းစွာကြည့်လိုက်သည်။ သူကရေစီးကြောင်းတည့်တည့်ရှိနေသည်။ သူ့အားရေစီးကြောင်းကဆွဲခေါ်သွားလျှင် သူကသူ့အမြှီးကိုသုံးကာသူတို့ဘက်သို့သာပြန်ပြန်ကူးခတ်လာသည်။ ဘာကြောင့်သူတို့နောက်လိုက်နေရသနည်း။ခြေလှမ်းနှစ်လှမ်းခန့်လှမ်းကြည့်လိုက်သည်။ ထိုအကောင်လေးကလည်း သူတို့နောက်ထပ်ကြပ်မကွာလိုက်လာသည်။ သူစမ်းသပ်ကြည့်နေစဉ် သူခါးအထက်တင်းကြပ်မှုကိုခံစားလိုက်ရပြီး ဖုယွမ်ချွမ်းဘက်နှစ်လှမ်းခန့်တိုးသွားသည်။ ဖုယွမ်ချွမ်းက သူ့အားရေသူပြာလေး၏ မြင်ကွင်းမှပျောက်သွားအောင်ကာပေးထားခြင်းဖြစ်သည်။ ကျွင်းချင်ယွီလည်းပထမ၌အနည်းငယ်ကြောင်အသွားသည်။ ဖုယွမ်ချွမ်းက ထိုငါးလေးကိုမျက်မှောင်ကြုတ်ကာစိုက်ကြည့်နေသည်။ ကွမ်းချင်ယွီ၏မျက်ဝန်းလေးများကလခြမ်းပမာကွေးညွတ်သွားပြီးအသံတိတ်ပြုံးလိုက်မိသည်။ မာရှယ်တော့ဒစ်ကအချိန်နှောင်းမှရောက်လာခဲ့သည်။ 


" ငါ့မှာတော့ငါ့သိက္ခာတွေအကျခံပြီးပြေးလိုက်လိုက်ရတာ…"


ရေသူပြာလေးကတော့နေရာလွတ် တစ်ခုကိုသဲကြီးမဲကြီးရှာဖွေနေလေ၏။ ဖုယွမ်ချွမ်းကိုဖြတ်ကာကျွင်းချင်ယွီကိုမြင်ချင်ပုံရသည်။ သူ၏အကြည့်ကမာရှယ်တော့ဒစ်‌အပေါ်နည်းနည်းလေးတောင်ရောက်မသွားပေ။ မာရှယ်တော့ဒစ်က အနည်းငယ်မျှပင်အံ့ဩပုံမပြချေ။ ကျင့်သားရနေပြီဖြစ်မည်။ မည်သို့ပင်ဖြစ်စေ သူ၏ရေသူလေးကိုမြှားခေါ်ရန်တစ်စုံတစ်ယောက်အား ရှာဖွေနေသည်။ သူက ပြာပြာယာယာမဖြစ်တော့ဘဲ ဖုယွမ်ချွမ်းနှင့်စကားလှည့်ပြောနေခဲ့သည်။ 


" မင်းတို့ကလက်မှတ်ထိုးပြီးပြီးချင်း ဘာလဲဒီကိုပျားရည်ဆမ်းခရီးထွက်လာကြတာလား…"


ဖုယွမ်ချွမ်က"အိမ်မှာကဘာမှလုပ်စရာလည်းမရှိဘူးလေ…အဲ့ဒါကြောင့်ဒီကိုခေါ်ထုတ်လာခဲ့တာ…"


သူတို့ရဲ့ပျားရည်ဆမ်းခရီးအတွက်ဘာကြောင့်ဒီလိုနေရာမျိုးကိုရွေးရမည်နည်း။ သူ၏ငါးလေးပျော်ရွှင်နိုင်သောအခြားကြီးကျယ်ခန်းနားသောနေရာများစွာရွေးချယ်စရာရှိနေသည်မဟုတ်ပါလား။ မာရှယ်တော့ဒစ်စ်ကခေါင်းငြိမ့်လာသည်။ 


"မင်းရဲ့ငါးလေးကိုသာသွားဖမ်းလိုက်ပါဦး…ငါတို့တော့သွားတော့မယ်…"


"အေးအေး…နောက်မှတွေ့ကြတာပေါ့…"


မာရှယ်တော့ဒစ်၏ပါးစပ်မှထိုစကားလုံးများသာထွက်လာနိုင်ပြီး သူ၏ရေသူလေးကလည်း ထွက်သွားသောသူတို့နှစ်ယောက်နောက်ကိုလိုက်နေသည်။ မာရှယ်တော့ဒစ်က ဖန်ချပ်ကိုလက်နှင့်ခေါက်ကာ 


" မသွားနဲ့ မသွားနဲ့…ငါ့မှာအရသာရှိတာလေးရှိတယ်…ဒီမှာကြည့်…"


မာရှယ်တော့ဒစ်က သူပြင်ဆင်လာသောအရာကိုဖန်ချပ်နားချထားလိုက်သည်။ ရေသူပြလေးက ကူးခတ်နေရင်းတဝက်၌ရပ်သွားကာ ကွင်းချင်ယွီကိုတလှည့် ငါးခြောက်လေးများကိုတလှည့်ကြည့်နေသည်။ ခဏအကြာတွင်တော့ သူဖြည်းညှင်းစွာပြန်ကူးခတ်လာသည်။ ပြတိုက်ထဲ၌လူအနည်းငယ်သာရှိသော်လည်း ဖွင့်နေကျစားသောက်ဆိုင်များကတော့ ဖွင့်ထားဆဲပင်။ ငါးပြတိုက်၏အပြင်အဆင်က စတိုးဆိုင်များ၏နေရာခကို တိုးစေသည်။ ငါးများရှိရာနေရာကိုကျော်သွားပြီးလျှင် ထိုစားသောက်ဆိုင်များရှိပြီးအားလုံးက ပင်လယ်စာဆိုင်များပင်ဖြစ်သည်။ ရနံ့များကလည်းနှစ်လိုဖွယ်ဖြစ်နေသည်။ ပြတိုက်၏မျက်နှာစာက ပျံကျဈေးသည်များနှင့်မတူခြားနားသောကြောင့် သန့်ရှင်းသပ်ရပ်မှုရှိလှသည်။ ကျွင်းချင်ယွီမီးဖိုပေါ်တင်ပြုတ်ထားသောတုတ်ထိုးအသားချောင်းများကိုကြည့်နေမိသည်။ ပူပြီးစပ်မည့်ပုံပင်။ တစ်စုံတစ်ယောက်ကချဉ်းကပ်လာပြီးစိတ်အားထက်သန်စွာသူ့အားမေးလာသည်။ 


" မင်္ဂလာပါ…အသားလုံးလေးများလိုချင်လိုလား…အမျိုးအစားစုံစုံလင်လင်ရှိပါတယ်…တစ်စုံလုံးလည်းယူလို့ရသလို့ရွေးပြီးလည်းယူလို့ရပါတယ်…တစ်ခါရွေးပြီးတိုင်းအချက်အလက်ကိုစက်ကအော်တိုမှတ်ပြီးဘေလ်ထဲထည့်ပေါင်းပါတယ်…ပြန်တော့မှအားလုံးစာပိုက်ဆံပေါင်းရှင်းယုံပါပဲ…"


ဖုယွမ်ချွမ်းက ခြင်းတစ်ခုယူလိုက်သည်။ ငါးလေးကနေ့တိုင်းများများစားစားစားတာမဟုတ်ပေ။ အစားအသောက်ထက်ရေခဲမုန့်ကိုသာပို‌ဦးစားပေးလွန်းသည်။ 


"မင်းစားချင်တာတစ်ခုခုရှိလားကြည့်ကြည့်ရအောင်…"


ကျွင်းချင်ယွီကပုံမှန်အတိုင်းပင်သိပ်ဗိုက်မဆာပေ။ ထို့ကြောင့် အရသာရှိလောက်မည့် အသားလုံးအချို့သာယူလိုက်သည်။ နေရာလွတ်မရှိတော့သောကြောင့် သူတို့လမ်းလျှောက်ရင်းပင်စားရတော့မည်။ ကျေးဇူးတင်စရာကောင်းသည်က ခြင်းလေးမှာသယ်ရလွယ်ကူနေခြင်းဖြစ်သည်။ ယူလာခဲ့သည်ထဲတွင်ဟင်းရည်လည်းပါနေသောကြောင့် ကျွင်းချင်ယွီအပူလောင်မည်စိုးသောကြောင့် ဖုယွမ်ချွမ်းပဲသယ်ထားလိုက်သည်။ ကျွင်းချင်ယွီတစ်ကိုက်ကိုက်လိုက်သည့်အခါ နူးညံ့ပြီးအရသာကောင်းလှသည်။


"အင်း…အရသာရှိလိုက်တာ…"


သူထိုစကားပြောပြီး သူ၏လက်ထဲမှငါးအသားလုံးကိုဖုယွမ်ချွမ်း၏ပါးစပ်ထဲခွံ့ကျွေးလိုက်သည်။ သူကိုင်ထားသည့်အတိုင်းပင် ဖုယွမ်ချွမ်းကတစ်ကိုက်ကိုက်လိုက်သည်။ ထို့နောက်ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ၏ပါးစပ်တစ်ဝိုက်ကိုလက်ကိုင်ပုဝါလေးနှင့်သုတ်ပေးလိုက်သည်။ 


"အင်း မင်းကြိုက်တယ်ဆိုရင် နောက်ပိုင်းကိုယ်တို့ရောက်ဖြစ်ရင်လည်းထပ်ဝယ်စားကြမယ်လေ…"


ကျွင်းချင်ယွီခေါင်းငြိမ့်လိုက်သည်။ သို့သော် အရာသာကောင်းသောအစားအစာများကိုပြတိုက်ထဲတွင်ဒုတိယအကြိမ် ထိတွေ့ခွင့်မရတော့သည်လည်ဖြစ်နိုင်သည်။ သူတို့ရှေ့မှလျှောက်လမ်းဆီသို့ဦးတည်လာခဲ့ပြီး ရွေ့လျားနေသောမြင်ကွင်းတစ်ခုက စက်ဝိုင်းခြမ်းသဏ္ဌာန်မြေပြင်ကိုအုံ့မိုးထားသည်။ 


Xxxxxx