Chapter 104
ကျွင်းချင်ယွီသည် သူ၏လက်ကို ဆွဲကိုင်၍ ဟိုဘက်ဒီဘက် ခါယမ်းလိုက်ကာ
"ထိုင်ပြီး ကျွန်တော့်ကို ခဏလောက် အဖော်ပြုပေးပါဦး"
"နေမကောင်းသလို ခံစားရလို့လား"
ဖုယွမ်ချွမ်းသည် တစ်ရှူးတစ်ရွက် ထုတ်လိုက်ပြီး သူ၏လက်ချောင်းမှ ရေများကို သုတ်လိုက်သည်။ ထို့နောက် သူသည် ထိုင်ချ၍ ကျွင်းချင်ယွီ၏ခါးကို ဆုပ်နယ်လိုက်ပြီး
"အရမ်း နေလို့မကောင်းဘူးဆိုရင် ခဏလောက်လှဲနေပြီး ဆေးခန်း သွားလိုက်တာ ပိုကောင်းမယ်"
ကျွင်းချင်ယွီက ခေါင်းယမ်း၍ သူ၏ပေါင်ပေါ်တွင် လှဲလိုက်သည်။ သူသည် ဘေး၌ လှဲနေလျက်က ဖုယွမ်ချွမ်းကို ကြည့်ကာ
"ခဏလောက် အနားယူလိုက်ရင် သက်သာသွားမှာပါ"
ဖုယွမ်ချွမ်းသည် သူ အိပ်ပျော်သွားသည့်အခါတွင် ဆံပင်များကို မဖိမိစေရန် နားရွက်နောက်တွင် သေချာလေး သိမ်းပေးလိုက်သည်။
"စားပွဲပေါ်မှာ အသီးတွေရှိတယ်။ နည်းနည်း စားလိုက်ပါလား"
"ကျွန်တော် မလှုပ်ချင်ဘူး"
ကျွင်းချင်ယွီ ဖုယွမ်ချွမ်း၏လက်ကို ဆုပ်ကိုင်၍ သူ၏ပါးပြင်နားတွင် ကပ်ထားလိုက်သည်။ သူ အနည်းငယ်မျှပင် မလှုပ်ရှားချင်ပါ။ တိတ်တိတ်ဆိတ်ဆိတ်လေးသာ အနားယူချင်မိပါသည်။
ဖုယွမ်ချွမ်ကလည်း အလိုက်သိစွာဖြင့် ငါးခြောက်ဗူးကို ဖွင့်လိုက်ကာ
“နည်းနည်း စားပါလား”
ယေဘုယျအားဖြင့် ဆိုရလျှင် ရေသူများ၏ အစားအစာ စားသုံးမှုက များပြားပါသည်။
သို့သည့်တိုင် ငါးလေးသည် အများအပြား စားသောက်ရခြင်းကို မနှစ်သက်ခဲ့ဘဲ လူသား ဖြစ်လာသည့်နောက်ပိုင်းပင် အနည်းငယ်သာ စားလေ့ရှိ၏။ သူ၏ စားသောက်မှုပုံစံကို လိုက်၍ ဖုယွမ်ချွမ်းသည် သူ့အား ရံဖန်ရံခါ၌သာ အဆာပြေစာ ကျွေးနိုင်လေသည်။
ကျွင်းချင်ယွီသည် သူ၏ပါးစပ်နားသို့ ခွံ့ကျွေးလာသော ငါးခြောက်ကို ကိုက်လိုက်ပြီး ဖြည်းညှင်းစွာ ဝါးနေသည်။
ဖုယွမ်ချွမ်းသည် ငါးခြောက်များ ပြုတ်ကျပြီး ညစ်ပတ်သွားမည်ကို စိုးရိမ်သောကြောင့် ၎င်းကို သေချာ ကိုင်၍ ငါးလေးကို ခွံ့ကျွေးလိုက်သည်။
ငါးခြောက်တစ်ကောင်လုံးကို ဖြည်းညှင်းစွာဖြင့် အေးအေးဆေးဆေး စားပြီးသောအခါ ကျွင်းချင်ယွီသည် ဖုယွမ်ချွမ်း၏ လက်ချောင်းများပေါ်ရှိ အရသာမှုန့်ကို လျက်ရန် အနားသို့ ကပ်လာလေသည်။
သူ၏လက်ချောင်းများက နွေးထွေးမှုကို ခံစားလိုက်ရသောအခါ ဖုယွမ်ချွမ်း အေးခဲသွားလေသည်။ အားပါတရ ပြုံးနေသော ငါးလေးကို ကြည့်နေလျက်က သူ၏မျက်လုံးထဲ၌ အတွေးများ ပျံ့လွင့်နေ၏။
ကျွင်းချင်ယွီကတော့ လုံးဝ သတိပြုမိပုံမပေါ်ဘဲ သူ၏လက်ကောက်ဝတ်ကို ဆွဲကိုင်၍ ခေါင်းလေးကို ငဲ့စောင်းရင်း ပြောလိုက်သည်။
“ကျွန်တော့်ကို နောက်တစ်ကောင် ပေးပါ”
“အင်း...”
ဖုယွမ်ချွမ်းသည် နောက်တစ်ကောင်ကိုယူ၍ သူ့အား ကျွေးလိုက်ပြီး လေးနက်စွာ ပြောလိုက်လေသည်။
"များများစား"
ကျွင်းချင်ယွီအနေဖြင့် သူ့စကားလုံးတို့၏အဓိပ္ပါယ်ကို မဖော်ပြနိုင်ခဲ့ပုံရသည်။ ဘာမှမဖြစ်ခဲ့သလို ငါးခြောက်တစ်ပိုင်းကိုစားလိုက်ပြီး နောက်အသစ်တစ်ခုကို ယူလိုက်၏။ "စားကြည့်ချင်လား"
ကျွင်းချင်ယွီက ငါးခြောက်ကို ဖုယွမ်ချွမ်း၏ပါးစပ်နား ထားပေးလိုက်သည်။ သူကသိမ်သိမ်မွေ့မွေ့လေးပြုံးကာ ကလေးချော့သကဲ့သို့ “အာ——”
သို့သော်လည်း ဖုယွမ်ချွမ်း ပါးစပ်ဟလိုက်သည်နှင့်တစ်ပြိုင်နက် ကျွင်းချင်ယွီက ငါးခြောက်ကို အမြန်ဆုတ်ကာ တစ်ကိုက်ကိုက်လိုက်သည်။ သူက စကားကိုပင် ရှောင်လွှဲကာဆိုလိုက်သေးသည်။
"ခင်များမစားရင် ကျွန်တော်စားမယ်"
ဖုယွမ်ချွမ်းက မျက်ခုံးပင့်လိုက်၏။ ငါးလေး၏ပုံစံက အပြစ်ကင်းဟန်ပေါက်သော်ငြား မျက်လုံးထဲရှိ ကစားလိုသည့် အရိပ်အယောင်တို့ကိုမူ ဖုံးကွယ်မထားနိုင်ချေ။
"ဒီငါးခြောက်တံဆိပ်က အကောင်းဆုံးလို့ထင်တယ်၊ ခင်များမစားတာ သနားစရာပဲ... အမ်း... "
ဖုယွမ်ချွမ်းက သူ့ကိုနမ်းလိုက်သည်။ ကျွင်းချင်ယွီ ရှုပ်ထွေးသွားသည့်အခိုက်အတန့်တွင် သူက ငါးခြောက်တစ်ပိုင်းကို ပြန်လုယူလိုက်သည်။ နူးညံ့သည့်အနမ်းတစ်ပွင့်ဖြင့် သူတို့ခွဲခွာလိုက်ချိန်တွင် နှုတ်ခမ်းထက်မှ အရသာမှုန့်လေးများကိုပါ ယူဆောင်သွား၏။
သူက ကျွင်းချင်ယွီကို စေ့စေ့ကြည့်ကာဖြင့် ငါးခြောက်အပိုင်းအစလေးကို အရသာခံလိုက်ပြီး သူ၏အမြင်ကို ဆိုလာသည်။
"အရသာရှိတယ်"
ကျွင်းချင်ယွီ၏မျက်နှာက ချက်ချင်းလက်ငင်းပင် နီရဲသွားပြီး အော်လိုက်သည်။ “ဒါက…”
ဖုယွမ်ချွမ်းက နှုတ်ခမ်းထောင့်ကို တစ်ရှူးဖြင့်သုတ်ကာ မေးလိုက်သည်။ “ဝပြီလား”
“ဝပြီ” စကားဆုံးသည်နှင့် သူကောက်ပွေ့ခံလိုက်ရသည်။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းကို အလန့်တကြားဖက်လိုက်ပြီး “ဘယ်သွားကြမလို့လဲ”
“ကိုယ် ငါးသွားစားမလို့လေ”
“……?” အိပ်ခန်းထဲပြန်ဝင်လာချိန်တွင် ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏ လည်တိုင်အား တင်းတင်းကြပ်ကြပ်ဖက်လိုက်ပြီး “ကျွန်တော်မရဘူး…”
“မင်းရပါတယ်...”
“ညင်သာပေးနော်”
“ကောင်းပြီ”
—
နှစ်သစ်ကူးပွဲတော်ပြီးရက်နီးလာကာ မာရှယ်တော့ဒစ်စ်ထံမှ အဖွဲ့ချုပ်၏ လှုပ်ရှားမှုလက္ခဏာများ ရှိနေကြောင်း သတင်းရချိန်တွင် ကျွင်းချင်ယွီက နောက်ဆုံးနေ့၌ မည်သည့်နေရာကို သွားရမည်ကို စဥ်းစားနေဆဲဖြစ်သည်။
အားလပ်ရက်ကို ဖျက်သိမ်းလိုက်ပြီး မာရှယ်များက နန်းတော်တွင် ညဘက်ကြီး စုရုံးကြ၏။
ကျွင်းချင်ယွီက တရားဝင်စီးပွားရေးလုပ်ငန်းကိုကိုင်တွယ်ရန်အလို့ငှာ ဖုယွမ်ချွမ်းအတွက် အသစ်ပြုပြင်မွမ်းမံထားသည့် သူ၏ရုံးခန်းတွင်ထိုင်နေသည်။ သို့သော်လည်း ဖုယွမ်ချွမ်းက ဤနေရာကို မရောက်ဖူးချေ။
ယင်းက အစည်းအဝေးခန်းနှင့်နီးသဖြင့် သူ့အား ထိုနေရာဆွင် စောင့်ခိုင်းထားသည်။
Beep beep...
ရေဆူလာရာမှ ထိုအသံထွက်လာသည့်အခါ ကျွင်းချင်ယွီ အာရုံပြန်ကပ်လာသည်။ သူက ခွက်ထဲမှ လက်ဖက်ရည်အေးကို ကုန်အောင်သောက်ပြီးသွားသည်နှင့် ရေသန့်ပူပူဖြင့် အစားထိုးလိုက်သည်။
အစောပိုင်းက မာရှယ်အက်ဘ်ဘော့ထ် ဝင်လာသည်ကို သူမြင်ခဲ့ရသည် မာရှယ်အက်ဘ်ဘော့ထ်က အဖွဲ့ချုပ်၏ အဖွဲ့ဝင်ဖြစ်ကြောင်းကို လျှို့ဝှက်ထားဆဲဖြစ်သဖြင့် ထိုသို့ အရေးကြီးသည့်အစည်းအဝေးတွင် သူ့ကို ချန်လှပ်မထားသည်မှာ ထင်ရှားသည်။
အားလုံးပြောပြီးသွားချိန်၌ ခိုင်လုံသည် သက်သေ အထောက်အထား မရှိပါချေ။ မာရှယ်အက်ဘ်ဘော့ထ်၏ဖခင်က သူ၏ထူးချွန်ပြောင်မြောက်သည့် စစ်မက်ရေးရာ အောင်မြင်မှုများကြောင့် အင်ပါယာတွင် နာမည်ကောင်းရှိရာ မာရှယ်အက်ဘ်ဘော့ထ်အား ထိရန်မလွယ်ကူပေ။
ကျွင်းချင်ယွီ ခေါင်းယမ်းလိုက်သည်။ ယင်းက သူ၏အဆက်အသွယ်များအတွက် ပြဿနာပိုဖြစ်စေလိမ့်မည်။ ထိုအကြောင်းကို ပြန်တွေးနေချိန်တွင် အသံတစ်စုံတစ်ရာကြားလိုက်ရသလို ထင်လိုက်မိသည်။
အတော်လေး တိုးလျနေသော်လည်း သူ့နားထဲသို့ ရံဖန်ရံခါ ဝင်လာသည့် အသံမှာ အစစ်အမှန်ဟု ထင်ရသည်။
တစ်စုံတစ်ရာက မှားနေကြောင်းကို ကျွင်းချင်ယွီ ခံစားလိုက်ရ၏။ သူက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး တံခါးထံလျှောက်သွားလိုက်သည်။ တံခါးကို ဆွဲဖွင့်လိုက်ကာဖြင့်
“ရှီခိုင်ရှင်း”
“ဟုတ်ကဲ့ မဒမ်” ရှီခိုင်ရှင်းက တံခါး၌စောင့်နေပြီး သူ့အသံကိုကြားလျှင် ချက်ချင်းမေးလာသည်။ “ဘာဖြစ်လို့ပါလဲ”
ကျွင်းချင်ယွီ မေးလိုက်သည်။ “မင်းအဲဒီ့အသံကိုကြားလား”
“အသံ?” ထိုအကြောင်းကြားလိုက်သည်နှင့် ရှီခိုင်ရှင်းက တိတ်ဆိတ်သွားသည်။ ကျွင်းချင်ယွီ ပြောသည့် အသံကို သူ နားထောင်နေသော်ငြား ဤဧရိယာက တိတ်ဆိတ်နေရာ လေတိုးသံ တိုးတိုးလေးဆိုင်လျှင်ပင် သိသာပါ၏။
“ဟင့်အင်း ၊ မကြားပါဘူး”
မာရှယ်များစွာက အထဲတွင် အစည်းအဝေးလုပ်နေကြသည်။ အသံလုံစနစ်တပ်ထားသော်ငြား အမှန်တွင် အနီးအနားရှိ မည်သူကများ အသံထွက်အောင် လုပ်ရဲမည်နည်း။
ကျွင်းချင်ယွီ ဂရုတစိုက် နားထောင်လိုက်ရာ အသံက ပို၍ပင် ထင်ရှားလာသည်။ “သွား…”
သူပြောလိုက်သည်နှင့် တစ်ပြိုင်နက်တည်း အစည်းအဝေးခန်းတံခါးက ရုတ်တရက်ကြီး ပွင့်လာသည်။ ဖုယွမ်ချွမ်းက ထွက်လာပြီး အေးစက်စက်ဆို၏။
“ရှီခိုင်ရှင်း ၊ ငါ့အမိန့်ကို ထုတ်ပြန်လိုက် ၊ အင်ပါယာကာကွယ်ရေးကို ချက်ချင်းတိုးမြှင့်ပါ...”
“ဟုတ်ကဲ့ပါ”
“တစ်ခုခုဖြစ်လို့လား” ကျွင်းချင်ယွီက ကြယ်တာရာအကြောင်း သိပ်မသိသော်လည်း ကာကွယ်ရေးတပ်မှာ ယေဘူယျအားဖြင့် စစ်ပွဲအတွင်း ပြည်သူများ ထိခိုက်ကျဆုံးမှုက ကာကွယ်ရန် အသုံးပြုခြင်းဖြစ်သည်။ ဂြိုလ်အားလုံး၏ ကာကွယ်ရေးစနစ်ကို တချိန်တည်းမှာ ဖွင့်လိုက်ရမှာဖြစ်သည်။
ကျွင်းချင်ယွီက အတင်းမေးလိုက်သည်။ “ခင်များရော အဲဒီ့အသံကိုကြားလား”
ဖုယွမ်ချွမ်း ခေါင်းယမ်းလိုက်သည်။ ရေသူတစ်ကောင်၏အကြားအာရုံခံနိုင်စွမ်းမှာ လူသားများထက် ပိုမိုထက်ရှပြီး ပိုဝေးဝေးမှ ကြားနိုင်လေသည်။ ထိုအသံကို သူမကြားသော်လည်း မတည်ငြိမ်သည့် စိတ်စွမ်းအင်များ ပျော်မြူး(စုဝေး)နေသည့်အရာတစ်ခု ချဥ်းကပ်လာသည်ကိုတော့ ခံစားမိသည်။
အင်ပါယာတွင် စစ်မက်မဖြစ်ပွားခဲ့သည်မှာ ကြာပြီဖြစ်ပြီး ကာကွယ်ရေးအားလည်း ဘယ်တော့မှ မလိုအပ်ခဲ့ပေ။ ယင်းတွင်ပါဝင်သည့်စွမ်းအင်က လုံလောက်သဖြင့် စိုးရိမ်စရာ မလိုအပ်ပါချေ။
အဖွဲ့ချုပ်က ဤတစ်ကြိမ်တွင် သတိပေးချက်ထုတ်ပြန်ဖို့ရာ ရည်ရွယ်ထားသည်။ အများစုအနေဖြင့် ဖုချန်းယွီ၏ စစ်ဆေးရေးရလဒ်များကို ထုတ်ပြန်ရခြင်းမှာ Mကြယ်ရှိ ဓာတ်ခွဲခန်းနှင့်ဆိုင်သည့် ဆက်စပ်ပစ္စည်းများအား ယခုကဲ့သို့ ကြီးမားသည့်အားပေးမှုနှင့်အတူ လက်ခံရသည့် အကြောင်းအရင်းကြောင့်ပင်ဖြစ်သည်။
ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ၏ကျောလေးကို ပုတ်ပေးလိုက်ပြီး “မကြောက်ပါနဲ့ ၊ ကိုယ်တို့အခန်းကို အရင်ပြန်ရအောင်”
လက်ရှိတွင် ပင်မဂြိုလ်မှာ ပြိုက်ဘက်၏ပစ်မှတ်အကွာအဝေးအပြင်ဘက်တွင် ဖြစ်သည်။ ဂြိုလ်၏အစွန်အဖျားတွင် တပ်မများ ထားရှိပြီး ကင်းလှည့်စစ်သင်္ဘောများပင် ရှိသည်။ အကောင်းဆုံးကတော့ ခဏတာမျှ ဖရိုဖရဲ ဖြစ်နေမှာပင်။
ကျွင်းချင်ယွီက အခန်းကိုပြန်ရန်ပြင်လိုက်စဥ်တွင် အလင်းတန်းတစ်ခုက မိုးကုပ်စက်ဝိုင်းကို ဖြတ်ကျော်ကာ အရှိန်ပြင်းပြင်းဖြင့် ဖြတ်သွားသည်ကို မြင်လိုက်ရသည်။
စစ်ပွဲမှာ Mဂြိုဟ်မှနေ၍ ပင်မဂြိုလ်ထံ ရောက်သွားပါမူ မည်သို့လုပ်ရမည်နည်း။
ရုံးခန်းထဲကို ပြန်သွားပြီးနောက် တံခါးပိတ်လိုက်ကာ ကျွင်းချင်ယွီက တွန်းအားတစ်ခုနှင့်အတူ မေးလိုက်သည်။
“အရင်က ဂြိုဟ်တစ်လုံးကို အဖွဲ့ချုပ်ကို ပေးခဲ့တယ်လို့ တွေ့ဖူးတယ်၊ အဲတာက Mဂြိုဟ်များလား ”
“အင်း...” ဖုယွမ်ချွမ်း၏ လေသံက ညက်ညော၍နေသည်။ “Mဂြိုဟ်အပြင် အခြားဂြိုဟ်တွေလည်း ရှိသေးတယ်”
အဖွဲ့ချုပ်က အင်ပါယာ၏အရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုချေ။ သို့သော်လည်း အမှန်တကယ်မှာမူ သူတို့က အင်ပါယာ၏တိုးတက်ဖွံ့ဖြိုးမှုဟန်ချက်ညီနှုန်းကို ထောင့်မျိုးစုံမှ စစ်ဆေးနေဆဲဖြစ်သည်။
ဖုချန်းယွီထံမှ နှိုက်ထုတ်ကာရရှိသော အချက်အလက်မှာ ရိုးရိုးရေခဲတောင်ထိပ်လေးမျှသာဖြစ်ပြီး စူးစမ်းလေ့လာသင့်သည့် အရာများစွာ ရှိနေသေးသည်။
“စိတ်မပူပါနဲ့၊ အားလုံးပြန်ရမှာ” အဖွဲ့ချုပ်နှင့် အင်ပါယာကြားရှိ စစ်မက်မှာ အနှေးနှင့်အမြန်ဆိုသလို တိုက်ရတော့မှာဖြစ်သည်။ ပြန်ယူရမည့် အရာများမှာလည်း နည်းပါးလိမ့်မည် မဟုတ်ပေ။
ကျွင်းချင်ယွီက မမေးခင် တွေးလိုက်ပြီးနောက် “Mကြယ်ရဲ့ စမ်းသပ်ထုတ်ကုန်တွေ အဲဒီ့မှာရှိနေသေးလား”
Mကြယ်၏ လုံခြုံရေးမှာ အမြဲတမ်း တင်းကြပ်ထားသည်။ကြယ်ပင်လယ်ဓားပြများကြောင့် ရုန်းရင်းဆန်ခတ်သာ မဖြစ်သွားခဲ့ပါမူ အဓိကသတင်းအချက်အလက်များကို ရဖို့ရာ ခက်ခဲပေလိမ့်မည်။ သိူ့ပေသိ ထိုပြီးကတည်းက ကျွင်းချင်ယွီ Mဂြိုဟ်အကြောင်း မကြားရတော့ချေ။
ဖုယွမ်ချွမ်း ခေါင်းယမ်းလိုက်သည်။ စမ်းသပ်မှုလုပ်ငန်းစဥ်များသာ ရှိပုံရ၏။ စမ်းသပ်အောင်မြင်ပြီးသည့် ထုတ်ကုန်များကိုမူ အောင်မြင်သည်နှင့် ပို့လိုက်ပုံရပြီး အချို့သော စမ်းသပ်ဆဲ စမ်းသပ်ထုတ်ကုန်များသာ ရှိလေသည်။
မတော်တဆပြီးသည့်နောက်တွင် ဆရာဝန်တစ်ဦးက သူတို့အား ရောဂါရှာဖွေရန် ဝင်ရောက်ခဲ့သော်လည်း သူတို့၏ ခန္ဓာကိုယ်မှာ နောက်ပြန်မဆုတ်နိုင်သော ပျက်စီးမှုများနှင့် ကြုံတွေ့ခဲ့ရပြီး ဆရာဝန်က ၎င်းတို့၏ အသက်ကို မကယ်တင်နိုင်ခဲ့ပေ။
တုန့်ပြန်မှုအရ ကျွင်းချင်ယွီ အခြေအနေမကောင်းသည်ကို ရိပ်စားမိလိုက်သည်။
“တပ်မကြီးဆီက အရင်စမ်းသပ်ထုတ်ကုန်တွေကလွဲလို့ အခြားအောင်မြင်သွားတဲ့ထုတ်ကုန်တွေ ဘယ်ရောက်ကုန်လဲဆိတာ ကျွန်တော်တို့ မသိတော့ဘူး၊ တကယ်လို့ အဲဒါအားလုံး အဖွဲ့ချုပ်ဆီမှာသာဆို စစ်ပွဲစတာနဲ့ အားလုံးဒုက္ခရောက်ကြရလိမ့်မယ် ”
အားလုံးကို ခြုံငုံကြည့်လျှင် စိတ်စွမ်းအင်မှာ ခွန်အားနှင့် ဆက်စပ်နေတာဖြစ်၏။ ထိုစမ်းသပ်ထုတ်ကုန်များအားလုံးမှာ စိတ်စွမ်းအင်ကို ဦးတည်ထားခြင်းပင်။
စစ်မြေပြင်တွင် ထိခိုက်ပြီးနောက် တိုက်ခိုက်ရေး၌ထိရောက်မှုကို ဆုံးရှုံးရပါမူ သူတို့မှာ သက်ရှိပစ်မှတ်များ ဖြစ်နေမည် မဟုတ်ပါလား။
ဖုယွမ်ချွမ်းကဆိုသည်။ “တပ်သားတွေကို သူတို့ရဲ့နေစဥ်စားသောက်မှုမှာ အသီးအရွက်ဖျော်ရည်ကို ထောက်ပံ့ထားတာမလို့ စိတ်ပူစရာမလိုပါဘူး...”
ရေရှည်သောက်ခြင်းဖြင့် ကိုယ်ခံအားတစ်ခုအနေဖြင့် လုပ်ဆောင်နိုင်သည့်တိုင် အနှီကိုယ်ခံစွမ်းအားတွင် အချိန်ကန့်သတ်ချက်ရှိပေသည်။
သူတို့အနေဖြင့် စစ်ပွဲအတွင်း အလွန်အကျွံ မထိခိုက်သရွေ့ ဆုတ်ခွာပြီး အသီးအရွက်ဖျော်ရည်ကို သောက်သုံးနေသရွေ့ သူတို့၏ စိတ်စွမ်းအင်ကို သက်သာစေနိုင်သည်။ ဤသည်ကလည်း ချဥ်းကပ်မှုတစ်ခုပင် ဖြစ်ချေ၏။
သို့သော်လည်း ယခင်က ဓာတ်ခွဲခန်းမှထွက်သွားသည့် လက်တစ်ဆုပ်စာထုတ်ကုန်ပေါ် အခြေခံရလျှင် စမ်းသပ်ထုတ်ကုန်များ၏ သက်တမ်းမှာ ကြာရှည်ခံမည်မဟုတ်ချေ။ အောင်မြင်သည့်ထုတ်ကုန်များ ရှိသော်ငြား လက်ရှိအချိန်အထိ တည်ဆောက်ထားသည့် အသက်ရှင်ကျန်ရစ်သူမှာ အနည်းငယ်သာ ရှိလိမ့်မည်။
ထို့အပြင် မည်သည့်စမ်းသပ်ထုတ်ကုန်ကမှ တပ်မကြီးတစ်ခုလုံးအပေါ် သက်ရောက်နိုင်စွမ်းမရှိသည်မှာ ထင်ရှားပါသည်။ အသီးအရွက်ဖျော်ရည်၏ အကူအညီနှင့်ဆိုပါက ချက်ချင်းကြီး ပြဿနာဖြစ်မည်တော့ မဟုတ်ပေ။
ကျွင်းချင်ယွီ စဥ်းစားချင့်ချိန်လိုက်သည်။ ယောင်ယောင်၏ စိတ်စွမ်းအင်ကို မှတ်တမ်းတင်ထားသည့် ဒေတာများ၏ ပြောင်းလဲမှုကိုစမ်းသပ်ရန် သူ့တွင် အချိန်ရှိလေသည်။ ထိုစမ်းသပ်ကုန်များကို တိုက်ခိုက်ရန် ဆေးထုတ်ခြင်းက အကောင်းဆုံးပင်။
အသုံးပြုသည်ဖြစ်စေ မသုံးသည်ဖြစ်စေ အာမခံချက်ကတော့ ကောင်းသည်။
ဖုယွမ်ချွမ်းက လက်ချောင်းများကိုကွေးလျက် ငါးလေး၏ပါးပြင်ကို ပွတ်သပ်လိုက်လေသည်။
“အင်ပါယာခေါင်းဆောင်ရဲ့ အထောက်အထားကို အစည်းအဝေးမှာ အပြီးသတ်ခဲ့ပြီ၊ ဒါပေမယ့် ကိုယ်တို့, စစ်ပွဲကို ရိုးရိုးရှင်းရှင်းပဲ ရင်ဆိုင်ရမယ်”
Xxxxxxx