အပိုင်း ၁၀၆
Viewers 16k

Chapter 106


ကျွင်းချင်ယွီက ဥာဏ်ရည်တုကို ဘေးဖယ်လိုက်ပြီး ကပြင်ထွက်ကာ အချိူပွဲဆိုင်ထဲသို့ နောက်ဖေးပေါက်မှနေ၍ ဝင်ခဲ့သည်။ 


သူက မကြာသေးမှီကပင် ဆိုင်မဖွင့်တော့ကြောင်း ပြောထားပေမယ့် အနီးနားမှာ လူအများအပြား ရှိနေဆဲပင်။ သူတို့က ကံစမ်းဖို့ ဤနေရာကို လာခဲ့ခြင်း ဖြစ်နိုင်သည်။ သိူ့မဟုတ် နေရာအနေအထားကို ကြည့်ရန်နှင့် အလည်အပတ်ဓာတ်ပုံရိုက်ရန်အတွက် လာခြင်းလည်းဖြစ်နိုင်သည်။


ကျွင်းချင်ယွီက ယောင်ယောင့်အပေါ် စမ်းရေပမာဏအပေါ်လိုက်၍ အကျိုးသက်ရောက်မှုဆိုင်ရာ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပြီးဖြစ်သည်။ ယခု သူလုပ်ရမည့်အရာမှာ စမ်းရေကို ရှာဖွေစပ်းသပ်၍ မတွေ့နိုင်သော ဆေးတစ်မျိုးကို ဖန်တီးရန်ပင်ဖြစ်သည်။ ဤဆေးက စမ်းသပ်ထုတ်ကုန်ပေါ်ရှိ ပြင်းထန်သည့်စိတ်စွမ်းအင်ကိူ ဖယ်ရှားနိုင်ရပေမည်။


စမ်းသပ်ထုတ်ကုန်များက သန်မာသည့်စိတ်စွမ်းအင်ရှိသူများအပေါ် သက်ရောက်မှုရှိရခြင်းမှာ ပြင်းထန်သောလှုံ့ဆော်မှုများကြောင့်ဖြစ်၏။ ပွက်ပွက်ဆူနေသည့် ဆီတစ်အိူးအတွင်းသို့ ရေတစ်ပေါက်ကျလျှင် ပေါက်ကွဲထွက်သွားသည်မှာ ပုံမှန်သာဖြစ်လေသည်။


သို့သော်လည်း နှိမ်နင်းရေးနှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိလေသည်။


ကျွင်းချင်ယွီ ဖုယွမ်ချွမ်းကို ကုသပေးစဥ်က လောကအသက်စွမ်းအင်သုံးစွဲမှုမှာ စမ်းရေအသုံးပြုမှုအဖြစ် ပြောင်းလဲသွားခဲ့လျှင် ပမာဏမှာမနည်းသဖြင့် သယ်ဆောင်ရအဆင်မပြေချေ။ လူတိုင်းကို သူ၏နေရာလွတ်မှ စမ်းရေထုတ်ယူနေသည်အား မြင်ခွင့်ပေး၍မရပေ။


လက်တွေ့မကျဘဲ အချိန်ကုန်သည်။ သူတို့၏ရန်သူများမှာ ငတုံးများမဟုတ်ချေ။ ပုံမှန်မဟုတ်သည်ကို ခံစားမိလျှင် ထွက်ပြေးသွားလိမ့်မည်။


ကျွင်းချင်ယွီက ဆေးဝါးထဲတွင် စမ်းရေပါဝင်သည်ကို မည်သို့ဖုံးကွယ်ရမည်အား မစဥ်းစားမှီ ဆေးထုတ်ဖို့ရာ ဦးစွာစိတ်ကူးလိုက်သည်။


သူသည် ပရော်ဖက်ရှင်နယ်စမ်းသပ်သူမဟုတ်ရကား စမ်းသပ်ရာတွင် စမ်းရေနှင့်ဓာတုပစ္စည်းများတွင် တုန့်ပြန်မှုမရှိကြောင်း သေချာစေရန် အသီးအရွက်ဖျော်ရည်အား ရိုးရိုးရှင်းရှင်းသုံးသည်က အကောင်းဆုံးဖြစ်သည်။ အစမ်းသပ်ခံမှာ ယောင်ယောင်ဖြစ်ပြီး ဆေးပြုလုပ်ပြီးသည်နှင့် အသီးနှင့်အရွက်များကို အခြားအရာများဖြင့် အစားထိုး၍ရသည်။ ရေကိုပင်အစားထိုး၍ရ၏။


သူအဆင်သင့်ဖြစ်သည်နှင့် ကျွင်းချင်ယွီက ပြောလိုက်သည်။ "ရှီခိုင်ရှင်း ၊ ဘေးအိမ်ကယောင်ယောင်ကို သွားခေါ်လာ"


"ဟုတ်ကဲ့ပါ၊ မဒမ်"


ခေါ်ရမည့်လူမှာ ဘေးတွင်သာရှိလေသည်။ ရှီခိုင်ရှင်းက သူမကိုသွားခေါ်ပြီးနောက် အမြန်ဆုံးပြန်လာခဲ့သည်။


ယောင်ယောင်ဝင်လာသည့်အခါ ကျွင်းချင်ယွီကိုမြင်ပြီး ထိတ်လန့်သွားသည်မှာ ယခု ကျွင်းချင်ယွီအား တွေ့ရရန် မမျှော်လင့်ထားသည့်အတိုင်းပင်။


ယောင်ယောင်က ပြုံးကာပြောလိုက်သည်။ 


“လတ်တလော အချိုပွဲဆိုင်မဖွင့်ဘူးလို့ ရှင်ပြောခဲ့တယ်မလား၊ မာရှယ်ဖုက ဒီနေ့ထွက်သွားပြီ၊ ကျွန်မက ရှင်စစ်သင်္ဘောပေါ် လိုက်သွားမယ်ထင်တာ”


ကျွင်းချင်ယွီက သူပြင်ဆင်ထားသည့် စပ်းသပ်ပြွန်များကို ကြည့်နေလေသည်။ သူကမေးကိုပင့်ကာ သူ့ရှေ့တွင်ထိုင်ရန် အချက်ပြလိုက်သည်။ 


 “ထိုင်ပါ...”


“ကောင်းပါပြီ”


အချိန်ကုန်သက်သာစေရန် ကျွင်းချင်ယွီက ချုံပုတ်တစ်ဝိုက်ကိုခြောက်လှန့်မနေတော့ပဲ(ကွေးပတ်မနေပဲ) အဓိကအချက်ကိုသာ တည့်တည့်သွားလိုက်သည်။


“မင်းရဲ့ဖရိုဖရဲဖြစ်နေတဲ့ စိတ်စွမ်းအင်ကိုဖိနှိပ်ဖို့ ငါတစ်ခုခုပြင်ထားတယ်၊ ဒါပေမယ့် အဲဒါက စမ်းသပ်ဆဲပဲရှိသေးတယ်”


ယောင်ယောင်က ခေါင်းညိတ်ပြီး မေးသည်။


 “ရှင်ကျွန်မကို ဘာလုပ်စေချင်လဲ ၊ ပြောသာပြောလိုက်ပါ ”


ကျွင်းချင်ယွီက ဆိုသည်။ 


“မင်းရဲ့စိတ်စွမ်းအင်တွေကို တတ်နိုင်သမျှ များများ လွှတ်ပေးလိုက်ပါ.”


ယောင်ယောင် ခေတ္တမျှ တုန့်ဆိုင်းသွား၏။ အချိုပွဲဆိုင်မှ စားစရာများကို စားသုံးနေသည့်တိုင် ယင်းက သူမ၏စိတ်စွမ်းအင်အတွက် အရန်ကဏ္ဍ၌သာ ပါဝင်လေသည်။ သူမ၏စိတ်စွမ်းအင်တို့ကို အပြည့်အဝ မဖိနှိပ်နိုင်ချေ။ ထို့ကြောင့်လည်း ယခု သူမအနေဖြင့် အားလုံးကို ထုတ်လွှတ်လိုက်လျှင် အထွတ်အထိပ်ရောက်ပါက စိတ်စွမ်းအင်ဖြင့် တိုက်ခိုက်ခံရနိုင်သည်။


ထုတ်လွှတ်ရမလား မလွှတ်ရဘူးလားဆိုသည်မှာ မေးခွန်းတစ်ခုမဟုတ်ချေ။ ယောင်ယောင်စုတ်ပြဲသွားရသည်။(ဘာကိုဆိုလိုလဲမသိတော့)


“ရှင့်ကို ထိခိုက်စေမိမှာကြောက်တယ်”


ကျွင်းချင်ယွီက ဤစမ်းသပ်ချက်ကို ရှင်းရှင်းလင်းလင်း လောင်းကြေးထပ်ခဲ့ပြီး သူ၏အသက်ကို စွန့်စားလိမ့်မည်မဟုတ်ချေ။


“မဖြစ်ပါဘူး ၊ မင်းရဲ့စိတ်စွမ်းအင်တွေကိုသာ ထုတ်လိုက်...”


ထိုသို့ပြောပြီးနောက် ကျွင်းချင်ယွီက သူမ၏ စိတ်စွမ်းအင်ကို ခွဲထုတ်နိုင်စေရန် အချိုပွဲဆိုင်တွင် အကာအကွယ်ကို ဖွင့်လိုက်သည်။


ဆန့်ကျင်ဘက်အနေနှင့် ရှီခိုင်ရှင်းက ယောင်ယောင်၏ စိတ်စွမ်းအင်ကို မခံမရပ်နိုင်ဖြစ်လိမ့်မည်။ “ရှီခိုင်ရှင်း ၊ ကားထဲသွားပြီး အဲဒီ့ကစောင့်နေ”


“အဆင်ပြေပါတယ် မဒမ်၊ ကျွန်တော် ဒီမှာနေပါ့မယ်...” အချိုပွဲဆိုင်တွင် အခြားတစ်ယောက် ရှိနေလေရာ ရှီခိုင်ရှင်းအနေဖြင့် မည်သို့ ထွက်သွားနိုင်မည်နည်။


ယောင်ယောင်မှာ မဒမ်ကို ရိုက်နိုင်မည့်ပုံမပေါ်သော်ငြား သူ့ကို အခြားတစ်ယောက်ဖြင့် အခန်းထဲတွင် တစ်ယောက်တည်း ရှိနေခွင့်ပေးဖို့မဖြစ်နိုင်ပေ။ တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပါမူ နောက်ပြန်ဆုတ်၍ မရတော့ပေ။


ကျွင်းချင်ယွီက ခေတ္တမျှ စဥ်းစားပြီး ပြောလိုက်သည်။ 


“ဒါဆိုလည်း ငါ့နောက်မှာရပ်နေ”


ရှီခိုင်ရှင်း တုန့်ဆိုင်းသွား၏။ သူတို့၏အထောက်အထားများ ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။


 “မဒမ်၊ စမ်းသပ်မှုက အန္တရာယ်များရင် မင်း ကျွန်တော့်နောက်မှာ ရပ်နေသင့်တယ် ”


ဘယ်လိုသက်တော်စောင့်မျိုးက သူ့အလုပ်ရှင်နောက်တွင် ပုန်းနေမည်နည်း။ သူ့လစာကို လျှော့ဖို့တောင်းဆိုနေခြင်းနှင့် မတူဘူးလား။


“ဒါအမိန့်ပဲ ”


“…နားလည်ပါပြီ”


ရှီခိုင်ရှင်းက ကျွင်းချင်ယွီ၏နောက်တွင် ရပ်ကာ ယောင်ယောင်ကို စောင့်ကြည့်နေလေသည်။


ယောင်ယောင်က အပြုံးတစ်ပွင့်ဖြင့် တုန့်ပြန်ကာ ဆိုလာသည်။ 


“ဒါဆို ကျွန်မစရတော့မလား”


“အင်း...”


တုံ့ပြန်မှုကို ရရှိပြီးနောက် ယောင်ယောင်က သူမ၏ စိတ်စွမ်းအင်ကို စတင်ထုတ်လွှတ်လိုက်သည်။ ထုတ်လွှတ်နေချိန်တွင် သူမက ကျွင်းချင်ယွီ၏အမူအယာကို ကြည့်နေသည်။ ကျွင်းချင်ယွီတွင် တစ်ခုခု လွဲမှားနေသည်ဟု ခံစားမိသည့်အခိုက်အတန့်တွင် သူမက ရပ်တန့်ဖို့ စီစဉ်ထားသည်။


သူမက ယင်းကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်သော်လည်း အချို့သော ဘေးထွက်ဆိုးကျိုးများလည်း ရှိလိမ့်မည်ပင်။


သို့သော်လည်း ကျွင်းချင်ယွီက တည်ငြိမ်နေပြီး သူမ၏ ပြန့်ကျဲနေသည့် စိတ်စွမ်းအင်ကို ခံစားရပုံမပေါ်သည်ကို မြင်လိုက်ရပြီးနောက် သူမ၏စိတ်စွမ်းအင်ကိုထုတ်လွှတ်ခြင်း၌သာ အာရုံစိုက်လိုက်လေသည်။


သူမ၏ စိတ်စွမ်းအင် လုံလောက်စွာ ပျံ့နှံ့သွားသည်ကို ကျွင်းချင်ယွီ ခံစားလိုက်ရသောအခါတွင် သူက စမ်းသပ်ပြွန်တစ်ခုကို ပေးလိုက်သည်။


 “ထိန်းထားပါ...”


ယောင်ယောင်က ထိုစကားလုံးများကိုကြားသည့်အခါ စမ်းသပ်ပြွန်ကို ကိုင်လိုက်ပြီး သူမ၏စိတ်အစဥ်မှာ စက္ကန့်ပိုင်းအတွင်း လွတ်ထွက်သွားလေသည်။


ကျွင်းချငိယွီထင်ခဲ့သည်မှာ သောက်သုံးခြင်းထက် အပေါ်မှဖြန်းပက်ရုံဖြင့် ဆေးကသက်ရောက်မှုရှိမည်ဟူ၍။ ဤသည်မှာ ပျင်းဖို့ကောင်းလွန်း၏။ ယင်းတို့ကို ချက်ချင်းပေါက်ထွက်သွားခြင်း သိူ့မဟုတ် သေနတ်ကဲ့သို့အရာထဲတွင်ထည့်ကာ ပစ်ခတ်ခြင်းတို့အား လုပ်နိုင်သော်လည်း ဤယူဆချက်များက ယခုအချိန်တွင် မအောင်မြင်နိုင်သေးသည်မှာ ထင်ရှား၏။ 


အရိုးရှင်းဆုံးနည်းလမ်းမှာ လက်တစ်ဖက်ဖြင့် ကိုင်ထားရန်ဖြစ်ပြီး အားလုံးနီးပါး ထိရောက်မှုရှိသည်။


ကျွင်းချင်ယွီ သူမ၏စိတ်စွမ်းအင်ထဲတွင် ပြောင်းလဲမှုကို ခံစားလိုက်ရသည်။ “မင်းအဆင်ပြေရဲ့လား ”


ယောင်ယောင် ခေါင်းညိတ်လိုက်သည်။ သူမက လက်ထဲရှိ အသီးအရွက်ဖျော်ရည်စမ်းသပ်ပြွန်ကို ကြည့်လိုက်သည်။ သူမ၏မျက်လုံးများထဲတွင် နက်နဲသည့်အတွေးများ ဖြတ်သန်းသွားသော်ငြား သူမ၏မျက်နှာထက်တွင်မူ မည်သည့်အရာမှ ပေါ်မလာချေ။ သူမက မေးလိုက်သည်။ 


 “ဒါက ကျွန်မပုံမှန်စားလေ့ရှိတဲ့ဟာလိုပဲလား”


ကြည့်ရတာ တစ်ခုခု ထပ်ထည့်လိုက်ပုံပင်။


“မဟုတ်ဘူး ၊ အဲဒီ့နှစ်ခုက အတူတူပဲ” ကျွင်းချင်ယွီအနေဖြင့် သူမကို အသေးစိတ်ကျကျ မပြောပြနိုင်ဘဲ မရေမရာ အကြံဥာဏ်တစ်ခုကိုသာ ပေးလိုက်နိုင်သည် ။ “မင်းရဲ့စိတ်စွမ်းအင်တွေကို ဆွဲထုတ်လို့ရသေးလား”


ယောင်ယောင်က မျက်လုံးများကို ငုံ့လျက် အတွေးတို့ကို ဆွဲယူလိုက်သည်။ “ကျွန်မဒီစမ်းသပ်ပြွန်ကို ချလိုက်ရင် ရလောက်မယ်”


ကျွင်းချင်ယွီက ပြောသည်။ “ချပြီး ထပ်လုပ်ကြည့်ပါဦး”


“ကောင်းပြီ...”


ကျွင်းချင်ယွီက စမ်းသပ်ပြွန် တစ်သေတ္တာလုံးကို ပြင်ဆင်ထားသည်။ တစ်ခုချင်းစီတိုင်းတွင် မတူညီသည့် အထူးပြုချက်များပါ၏။ သူကအားလုံးကို စမ်းသပ်ပြီး အလယ်အလတ် တန်ဖိုးကို ယူလိုက်သည်။  


“အခကြေးငွေ...” ကျွင်းချင်ယွီက စမ်းသပ်ပြွန်ကို သေတ္တာထဲထည့်ပြီး ယောင်ယောင့်ထံ ပေးလိုက်လေသည်။ 


ယောင်ယောင်က ယင်းကို ဆုပ်ကိုင်ထားရုံဖြင့် အတွင်းရှိ လောကအသက်စွမ်းအင်ကို ခံစားလိုက်ရပြီး ထိုစကားကိုကြားသည့်အခါ သူမက ပြုံးလိုက်သည်။ 


“ဒါမျိုး အကြိမ်တိုင်း ကြုံကြည့်ပါလား၊ ကျွန်မနေ့တိုင်းကိုလာမှာ”


သူမက ပြွန်တစ်ခုကိုဖွင့်ကာ တစ်ငုံသောက်လိုက်သည်။ လောကအသက်စွမ်းအင်တွေ ပေါပေါများများပါဝင်ပြီး အရသာမှာလည်း ကောင်း၏။ သူမ ပုံမှန်စားလေ့ရှိသည့် အချိုပွဲများထက်ပင် ပိုအရသာရှိသည်။


“ရှင်စွမ်းအင်ကို နှိမ်ဖို့စမ်းသပ်မှုတစ်ခုခု လုပ်နေတာလား” ယောင်ယောင်က စမ်းသပ်ပြွန်ကို လှုပ်ယမ်းလျက် အသေအချာပင် ခန့်မှန်းလာသည်။ “ဒီတစ်ခေါက် စစ်ပွဲက အဲဒီ့စမ်းသပ်ထုတ်ကုန်တွေနဲ့ဆိုင်လား”


သူမ၏ကိုယ်ပိုင်ထင်မြင်ယူဆချက်အပေါ် အခြေခံ၍ ယောင်ယောင် တွေးနိုင်သောအရာမှာ စမ်းသပ်ထုတ်ကုန်များသာဖြစ်သည်။


“ဟုတ်တယ်...” ကျွင်းချင်ယွီက သူမကို ထပ်မံ၍ ဖုံးကွယ်မထားတော့ပေ။ .စစ်မြေပြင်၌ အနှီစမ်းသပ်ကုန်များပေါ်လာလျှင် ယင်းစကားလုံးများ(စမ်းသပ်ထုတ်ကုန်အကြောင်း)ပျံ့နှံ့ လာသည်နှင့် လူတိုင်း သိသွားကြမှာပင်။ အခြားလူများက သူတို့ကဘာတွေဖြစ်ကြောင်း ခန့်မှန်းကောင်းခန့်မှန်းနေကြလောက်၏။ သို့သော်လည်း အတွင်းသတင်းကို သိနေကြသူများအဖို့တော့ တစ်ချက်ကလေးဖြင့်ပင် အတိအကျ ခန့်မှန်းနိုင်ကြပေလိမ့်မည်။  


“ရှင် စစ်မြေပြင်ကို သွားမှာလား” ပြောပြီးသည်နှင့် ယောင်ယောင်က ခေါင်းခါရင်း သူမကိုယ်သူမ ပြန်ဖြေနေသလို ဆိုလာသည်။


 “ဒါက ထိန်းချုပ်ဖို့ ခက်ခဲတယ်၊ ရှင်သာ ကိုယ်ရေးကိုယ်တာအရ မသွားဘူးဆိုရင် ပြဿနာဖြစ်နိုင်ချေများတယ် ...”


ကျွင်းချင်ယွီက ခေါင်းငုံ့ကာ အချက်အလက်များကို မှတ်တမ်းတင်ရင်း သူမကို ခန့်မှန်းထားခိုင်းလိုက်လေသည်။


ကျွင်းချင်ယွီက မသိဟန်ဆောင်ကာ လျစ်လျူရှုထားသော်ငြား ယောင်ယောင်ကတော့ စိတ်အနှောင့်အယှက်လုံးဝမဖြစ်ပဲ အမှုမဲ့အမှတ်မဲ့ပင် မေးမြန်းဖို့ ကြံစည်ထားလေ၏။


 “ဆိုင်ရှင် ၊ ရှင်မက်ခါကို ဘယ်လိုမောင်းရမလဲသိလား၊ စစ်မြေပြင်လိုနေရာမျိုးမှာဆို မက်ခါကို ဘယ်လိုထိန်းရမလဲမသိရင် အန္တရာယ်များတယ် ”


မတော်တဆတစ်ခုခုဖြစ်လျှင် လွတ်မြောက်ရန် အခွင့်အလမ်းမရှိဟုပင် ဆို၍ရသည်။ အကယ်၍ မက်ခါကို မည်သို့ထိန်းချုပ်ရမည်ကို သိလျှင် သူတို့အနေဖြင့် အကွာအဝေးအချို့ကိုပျံသန်းပြီး အနီးဆုံးဂြိုလ်၌ လုံခြုံစွာ ဆင်းသက်နိုင်ပေသည်။


အကယ်၍ သူတို့၏မျှော်လင့်ချက်ကို လွတ်မြောက်ရေးတောင့်(အသက်ကယ်အိတ်)အပေါ်တွင်သာ ပုံအပ်ထားပါက သူတို့ကံကို လောင်းကြေးထပ်ရုံသာရှိတော့သည်။


ကျွင်းချင်ယွီက ပြန်ပြောသည်။ “မသိဘူး ” 


မက်ခါကိုထိန်းရန် စိတ်စွမ်းအင်လိုအပ်သည်။ ကြယ်တာရာခေတ်ရှိလူများတွင် စိတ်စွမ်းအင်အနည်းနှင့်အများတော့ရှိသည်။ သို့သော် ရေသူများတွင်မူ မရှိပါချေ။ 


ယောင်ယောင်က လှစ်ခနဲပြုံးလိုက်ပြီး ထိုအကြောင်းကို စကားစမြည်ဆိုလာသည်။


“စိတ်စွမ်းအင်နည်းနေလို့လား၊ ကျွန်မအစ်ကိုမှာ စိတ်စွမ်းအင်နည်းနေရင်တောင် ထိန်းချုပ်လို့ရတဲ့ မက်ခါတစ်စီးရှိတယ်၊ ကျွန်မရှင့်ကို ကျွန်မဆန္ဒအလျောက် ပေးမယ်ဆိုရင်ရော ဘယ်လို”


ကျွင်းချင်ယွီက မှတ်တမ်စာအုပ်ကိုပိတ်ကာ မော့ကြည့်လိုက်သည်။ ယောင်ယောင်က ထိခိုက်လိုစိတ်စိုးစဥ်းမျှမရှိဘဲ နူးညံ့စွာ ပြုံးနေသည်။


“ကျွန်မမှာ ထိခိုက်စေချင်တဲ့စိတ်မရှိပါဘူး၊ ကျွန်မဖြစ်ချင်တာက …” ယောင်ယောင်က စမ်းသပ်ပြွန်လေးများကို လက်ချောင်းထိပ်လေးဖြင့် ထိလိုက်ကာ သူမ၏ဆိုလိုရင်းက ရှင်းလင်းနေသည်။


“ဒါ့အပြင်...” ကျွင်းချင်ယွီက မထူးခြားသလို ဆိုလာသည်။ “အခြေအနေတွေကရော...”


“ဒါ့အပြင်လား၊ ခုချိန်မှာတော့ ဘာမှစဥ်းစားမရသေးဘူး …” ယောင်ယောင်က ကျွင်းချင်ယွီ၏အချိူပွဲများကို ရေတွက်ခဲ့ရာ သူမအနေဖြင့် အလွန်အကျွံတောင်းဆိုမှုများကို မည်သို့ပြုလုပ်နိုင်မည်နည်း။ 


ထို့အပြင် အသီးအရွက်ဖျော်ရည်နှင့် ထိုအသီးအရွက်ဖျော်ရည်ထဲကို ထပ်ထည့်ထားသည့် စတိုးပိုင်ရှင်၏ပစ္စည်းများမှလွဲ၍ သူမတွင် ချို့တဲ့သည့်အရာဟူ၍ မရှိပေ။ အခြားမည်သည့်အရာကိုမှ သူမကဂရုမစိုက်ပါချေ။


ကျွင်းချင်ယွီက သူမအပေါ် ကျေးဇူးကြွေးမတင်ချင်ပေ။ 


“ဒါဆိုလည်း ပြောစရာမလိုတော့ဘူး...”


ယောင်ယောင်၏နှုတ်ခမ်းထောင့်လေးများ တွန့်သွားရသည်။ သူတို့က အသီးအရွက်ဖျော်ရည်နှင့်ပတ်သက်၍ သဘောတူညီမှုမရခဲ့ကြသော်ငြား ထိုအကြောင်းကို သူမပြောထားပြီးသားဖြစ်သည်။ သူမသာ စကားကိုပြန်ရုတ်သိမ်းလိုက်ပါလျှင် ထိုမတိုင်မှီက သူမခက်ခက်ခဲခဲကြိုးစားစုဆောင်းထားရသည့် နှစ်သက်မှုများကို ဆုံးရှုံးလိုက်ရနိုင်သည်။ သူမက စဥ်းစားပြီးနောက် ဆိုလာသည်။


 “ကျွန်မအစ်ကိုရဲ့ ဝရမ်းကို ရုတ်သိမ်းပေးရင်ရော ဘယ်လိုလဲ”


ထိုစကားလုံးတို့ကို ကြားလိုက်သည်နှင့် ကျွင်းချင်ယွီထိတ်လန့်သွားပြီး ချက်ချင်း မဖြေလိုက်ချေ။


ယင်းကိုကြည့်ကာ ယောင်ယောင်ကပြောသည်။ 


 “ဒါက ရှင့်အတွက် ခက်ခဲလို့လား၊ တကယ်လို့ ခက်ခဲရင်လည်း ကျွန်မအခြားတစ်ခုခုနဲ့ ပြောင်း…”


ကျွင်းချင်ယွီ ခေါင်းယမ်းကာ “ဝရမ်းကိုရုတ်သိမ်းတာပေါ့...”


ယောင်ယောင်သာ ထိုအကြောင်းကိုပြောမလာပါက သူမေ့တော့မည်ပင်။


ယခုအချိန်တွင် ဖုယွမ်ချွမ်းက အင်ပါယာ၏ခေါင်းဆောင်ဖြစ်ရာ အကယ်၍ တစ်စုံတစ်ယောက်ကသာ ဝမ်ချန်းယောင်ကို ဖမ်းမိလာလျှင် ငွေအများကြီး ပေးနေရမည် မဟုတ်ပါလား။ 


ရုတ်သိမ်းလိုက်ခြင်းက ပိုကောင်း၏။


Xxxxxx