အပိုင်း ၁၀၇
Viewers 16k

Chapter 107


တုန့်ပြန်သည့်အနေဖြင့် ယောင်ယောင်က သူမ၏နောက်ဆုံးအသီးအအရွက်ဖျောရည်တစ်ငုံကို ပါးစပ်အပြည့်သောက်လိုက်သည်။


“ကျွန်မပြန်ပြီး အစ်ကို့ကိုရှာလိုက်မယ်၊ ရှင်ဆီကို မက်ခါကို တတ်နိုင်သမျှမြန်မြန် ပို့ခိုင်းလိုက်ပါ့မယ်...”


“အခကြေးငွေကရော?”


“အဲဒီ့လိုမက်ခါအမျိုးအစားကို လတ်တလောမှတီထွင်ထားတာ စျေးကွက်မှာ မဖြန့်ရသေးဘူး၊ ကုန်ကျစရိတ်ကိုပြောဖို့ ခက်တယ်၊ ကုန်ကျစရိတ်ကို မေ့လိုက်ပါတော့ ၊ နောက်ပိုင်း သူ့တန်ဖိုးသတ်မှတ်ပြီးမှ အဲ့အကြောင်းပြောလည်း နောက်မကျသေးပါဘူး ...”


ပြောပြီးသည်နှင့် ယောင်ယောင်က ထရပ်ကာ ငွေပေးချေပြီး ပြောသည်။


“ကျွန်မက ကျွန်မလမ်းကိုလျှောက်မယ်၊ ကျွန်မကို စိတ်စွမ်းအင်ထုတ်လွှတ်ပြီး ကူညီစေချင်တာနဲ့ အချိန်မရွေး ဆက်သွယ်လိုက်ပါ ...”


ယောင်ယောင်ကို ပြန်ပို့ပြီးနောက် ရှီခိုင်ရှင်းက တံခါးကိုပိတ်လိုက်ကာ မှတ်ချက်မပေးဘဲ မနေနိုင်တော့ပေ။


 “မဒမ် စိတ်စွမ်းအင်နည်းနည်းလေးနဲ့ ထိန်းချုပ်လို့ရတဲ့မက်ခါဆိုတာ ကျွန်တော်တစ်ခါမှ မကြားဖူးဘူး၊ ကြယ်ပင်လယ်ဓားပြတွေ မင်းကိုအရူးလုပ်တာ မခံပါနဲ့ ”


အကယ်၍ ဤသို့သောမက်ခါရှခဲ့လျှင် တပ်သားများကို အကဲဖြတ်ရာ၌ စိတ်စွမ်းအင်ကိုသုံးလိမ့်မည်မဟုတ်ပေ။(တပ်သားတွေရဲ့စိတ်စွမ်းအင်အပေါ်မူတည်ပြီး အကဲဖြတ်မှာမဟုတ်)


သိထားရမည့်အချက်မှာ စိတ်စွမ်းအင်မပြည့်ဝသူများအနေဖြင့် အင်ပါယာတပ်မတော်ကို ဝင်နိုင်လိမ့်မည်မဟုတ်ပေ။


ကျွင်းချင်ယွီက တည်ငြိမ်စွာ ဆိုလိုက်သည်။ 


“ဒီအကြောင်းကို စုံစမ်းစစ်ဆေးဖို့ တစ်ယောက်ယောက်ကို ရှာလိုက်ပါ၊ ဒီသုတေသနနဲ့ပတ်သက်ပြီး မှတ်တမ်းတွေရှိမှာပဲ...”


ယင်းက မှန်လားမှားလားဆိုသည်ကို မသိရသေးရာ မှတ်တမ်းများကို စစ်ဆေးရပေမည်။


ပြောစရာမလိုအောင် သူ့အနေဖြင့် စိတ်စွမ်းအင်မပါဘဲ သာမန်မက်ခါကို မောင်းနှင်နိုင်ခြင်းမရှိသည်မှာ သေချာသည်။ ကြယ်ပင်လယ်ဓားပြများတွင် အချိတ်အဆက်များစွာရှိလေရာ သူ့အနေဖြင့် ယင်းကိုကြိုးစားကြည့်လျှင်ပင် ဘာမှဆုံးရှုံးမည်မဟုတ်ပေ။


ဖြစ်နိုင်လျှင် ဖုယွမ်ချွမ်းနှင့်အတူ စစ်မြေပြင်တွင် အတူတိုက်ပွဲဝင်နိုင်လိမ့်မည်။


ထိုအကြောင်းကို တွေးပြီးနောက် ကျွင်းချင်ယွီက သူ၏ဥာဏ်ရည်တုကိုဖွင့်ကာ ထိုအကြောင်းအား ဖုယွမ်ချွမ်းထံ မဝေမျှပဲမနေနိုင်တော့ချေ။


[ယွမ်ချွမ်း၊ ကျွန်တော့်မှာ အရမ်းအံ့သြစရာကောင်းတဲ့ သတင်းသစ်တစ်ခုရှိတယ်! !]


သို့သော်လည်း သူ ထိုစာကို ပို့ပြီးနောက် ခဏမျှ အေးခဲသွားသည်။ ကြည့်ရသည်မှာ စိတ်စွမ်းအင်နည်းနည်းဖြင့် မောင်းနှင်၍ရသည့် မက်ခါရှိကြောင်း ယခင်ကမကြားဖူးလေရာ ထိုသို့သော မက်ခါများရှိသည်ကို ဖုယွမ်ချွမ်း သိလိမ့်မည်မဟုတ်ချေ။ 


ကျွင်းချင်ယွီအနေဖြင့် မက်ခါကို ထိန်းချုပ်ရန် သင်ယူပြီးနောက်မှ ဖုယွမ်ချွမ်းအား ရှာပါက ဖုယွမ်ချွမ်းတစ်ယောက် အလွန်အံ့သြသွားပေလိမ့်မည်။


သူယခု ပြောပြလိုက်လျှင် အံ့သြစရာရှိလိမ့်မည်မဟုတ်တော့ချေ။


ကျွင်းချင်ယွီက ထိုအကြောင်းကို တွေးပြီးနောက် အံ့သြစရာလေးအား လျှို့ဝှက်ထားရန်ဆုံးဖြတ်လိုက်သည်။


[မေ့လိုက်တော့ ၊ ကျွန်တော် အခုပြောပြလိုက်ရင် အံ့သြစရာရှိတော့မှာမဟုတ်ဘူး၊ နောက်မှပြောပြတော့မယ်...]


သူပို့လိုက်ပြီးသည်နှင့်တပြိုင်နက် သူဖုယွမ်ချွမ်းထံမှ ပြန်စာကို ရလိုက်သည်။


 [နောက်ကိုစောင့်မနေပါနဲ့၊ အခုပြောရအောင်လေ...]


ဖုယွမ်ချွမ်းသည် ငါးလေးက တစ်ခုခုပြောလိုသော်ငြား ပြောပြီးသည်နှင့် အံ့သြစရာမဖြစ်တော့မည်ကို စိုးရိမ်နေကြောင်း ခံစားလိုက်ရ၏။ 


သူကချိုချိုသာသာလေး ချော့မော့လိုက်သည်။


 [ကိုယ့်အတွက်တော့ မင်းနဲ့ပတ်သက်သမျှတိုင်းက အံ့သြစရာချည်းပါပဲ၊ အခုဒီသတင်းရောပေါ့...]


ကျွင်းချင်ယွီမှာ ထိုပြန်စာကြောင့် အတော်ကြာအောင် အံ့အားသင့်သွားရသည်။ သူ့မျက်ဝန်းများ၏ အနက်ရှိုင်းဆုံးနေရာတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ထင်ဟပ်နေသည်။ သူ့လက်ချောင်းထိပ်လေးများက လက်နှိပ်စက်ထက်တွင် ပြေးလွှားနေရင်း အခိုက်အတန့်တစ်ခုမျှ ဘာစာပြန်ပို့ရမည်ကိုမသိပဲ ဖြစ်သွားရသည်။


ဤအခြေအနေကိုမြင်ပြီးသည့်အခါ ကျွင်းချင်ယွီ မည်သူနှင့် စကားပြောနေသည်ကို ရှီခိုင်ရှင်း ပြောနိုင်သွားသည်။ သူ့အခြေအနေက လုံးဝကို ကွဲထွက်နေပြီး ခွဲခြားရ လွယ်ကူလွန်းလှသည်။


ထို့ကြောင့် သူက ဘေးတွင်ရိုးရှင်းစွာသာရပ်ကာ စောင့်နေလိုက်သည်။ 


ကျွင်းချင်ယွီက အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။


[ဒါဆိုလည်း ကိစ္စသေချာတာနဲ့ ခင်များကိုပြောပြမယ်လေ...]


မက်ခါမှာ မရရှိသေးသလို ယောင်ယောင်ပြောခဲ့သည့်အတိုင်း တကယ်တူမတူကိုလည်း မသိရသေးချေ။ 


အကယ်၍ သူပြောပြီးမှ ရောက်လာသည့်အချိန်တွင် အဆင်မပြေလျှင် စိတ်ပျက်စရာဖြစ်နေလိမ့်မည်။


ဖုယွမ်ချွမ်း : [ကောင်းတယ်...]


ကျွင်းချင်ယွီက အီမိုဂျီတစ်ခုပို့လိုက်သော်လည်း ပို့ဆောင်မှုမအောင်မြင်ပါဟူ၍ ပြလာသည်။


လက်ရှိတွင် စစ်သင်္ဘောများက ပင်မဂြိုလ်၏နယ်ပယ်အတွင်းမှ ထွက်သွားခြင်းဖြစ်နိုင်သည်။ ထိုသို့မဟုတ်ဘဲ အာကာသတွင်းနက်တစ်ခုကို ဖြတ်သန်းနေခြင်းဖြစ်လျှင်လည်း အချက်ပြမှာ ကောင်းလိမ့်မည်မဟုတ်ချေ။


ကျွင်းချင်ယွီက သူ့ကို ထပ်မံ၍ မနှောင့်ယှက်တော့ချေ။


ရှီခိုင်ရှင်းက ကျွင်းချင်ယွီ သူ၏ဥာဏ်ရည်တုကိုမသုံးတော့သည်ကို တွေ့လိုက်လျှင် မအောင့်နိုင်တော့ပဲ မေးလိုက်၏။


 “မဒမ်၊ ကျွန်တော့်ကို ယောင်ယောင့်ကိုစောင့်ကြည့်ဖို့ တစ်ယောက်ယောက်လွှတ်စေချင်လား”


ရှီခိုင်ရှင်းအနေဖြင့် ထိုအကြောင်းကို မည်မျှပင်ခက်ခက်ခဲခဲ စဉ်းစားကြည့်ပါစေ၊ ကြောက်စရာကောင်းသည့်ခံစားချက်ကိုသာ ရနေလေသည်။ စောစောပိုင်းတွင် ယောင်ယောင်၏စကားလုံးများအားလုံးက ဆက်စပ်နေပြီး ကျွင်းချင်ယွီကလည်း စကားအနည်းငယ်ဖြင့် ကြိုကြားကြိုကြား ပြန်ဖြေခဲ့လေသည်။ ယင်းက နောက်ဆုံးတွင် မက်ခါအကြောင်းသို့ ခေါင်းစဉ်ပြောင်းသွားသည်မှာ အနည်းငယ်လွဲမှားနေသလိုပင်။


“မလိုဘူး...” ကျွင်းချင်ယွီက ယောင်ယောင်၏အတွေးတို့ကို မြင်နိုင်လေသည်။ မူလတွင် သူမကထိုအကြောင်းကို မဟခဲ့သော်လည်း စမ်းသပ်ပြွန်ထဲမှ အသီးအရွက်ဖျော်ရည်များကို တွေ့ပြီးသည်နှင့် ဂရုတစိုက် စတင်ပြောဆိုလာသည်။ 


သူမသစ္စာမဖောက်ဟု သူမပြောနိုင်သော်လည်း ထိုစကားလုံးတို့ထဲတွင် စေတနာအနည်းငယ်ပါဝင်နေသည်ကိုတော့ ပြောနိုင်၏။


အားလုံးပြီးသည့်နောက် ယခုတစ်ကြိမ် အသီးအရွက်ဖျော်ရည်ရှိ လောကအသက်စွမ်းအင်မှာ ယခင်အကြိမ်များနှင့် နှိုင်းယှဉ်ပါက များစွာပါဝင်လေသည်။


ယောင်ယောင်က စိတ်စွမ်းအင်ကို ခံစားနိုင်ပြီး ဤတစ်ကြိမ်တွင် မူမမှန်သည်ကို သတိထားနေပေလိမ့်မည်။


ယောင်ယောင်၏ စကားလုံးများက အဆက်မပြတ် ချိတ်ဆက်နေကာ သူက ခေါင်းစဉ်ကိုလျစ်လျူရှုထားသော်ငြား သူမကတော့ ထိုအကြောင်းအရာကိုသာ ပြန်လှည့်ပတ်ကာ ဆိုနေသေးသည်။


သို့သော်လည်း ထိုကဲ့သို့သောမက်ခါမျိုး ရှိနေပါလျှင်သူကဘာကိုမှ ဂရုမစိုက်ဘဲ လက်ရှိပေါက်စျေးထက် အဆများစွာ ပေးဝယ်မှာသာဖြစ်သည်။ သူတို့အပေါ် ကျေးဇူးကြွေးအတင်မခံပဲ ဝယ်မည်သာဖြစ်၏။


 အနည်းငယ်နှေးကွေးသည့် ကြယ်ပင်လယ်ဓားပြ ဝမ်ချန်းယောင်နှင့် နှိုင်းယှဥ်ရလျှင် ယောင်ယောင်က ဉာဏ်ကောင်းသည့် ကြယ်တာရာဓားပြခေါင်းဆောင်ပင်။


ကျွင်းချင်ယွီ ခေါင်းယမ်းလိုက်သည်။ သူယောင်ယောင့်အကြောင်းကို ထပ်မံမတွေးလိုတော့ပေ။ သူက ခေါင်းငုံ့ကာ စားပွဲကိုသန့်ရှင်းရေးလုပ်လိုက်သည်။


စမ်းသပ်အချက်အလက်များကို မကြိမ်ကြိမ် မှတ်တမ်းတင်ရမည်။ ယခင်က ကျွင်းချင်ယွီတည်ငြိမ်သည့်တိုးတက်မှုကို ပြုလုပ်ရန် စီစဥ်ထားခဲ့သည်။ သို့သော်လည်း အချိန်ကမလုံလောက်တော့ပေ။ သူ့အနေဖြင့် အချိန်ယူပြီးစောင့်ဖို့ရာ ခက်ခဲနေသည်။  


စမ်းသပ်ကုန်သုံးခုပြီးသည့်အခါတွင် ပျမ်းမျှတန်ဖိုးကို သူတွက်ချက်နိုင်လိမ့်မည်။


ကျွင်းချင်ယွီက ဘောပင်တစ်ချောင်း၊ စာရွက်တစ်ရွက်ဖြင့် မှတ်တမ်းတင်ထားသည်။ ဥာဏ်ရည်ထက်သည့်အရာများမှာ(may beဥာဏ်ရည်တုစနစ်) ကောင်းကျိုးနှင့်ဆိုးကျိုးရှိသည်ပင်။ စိတ်ချရစေရန် လက်နှင့်ချရေးသည်က ပိုကောင်း၏။ 


ရှီခိုင်ရှင်းက ဘေးတွင်ရပ်ကာ နောက်ဖေးတံခါးကို မျက်နှာမူထားလေသည်။ တစ်စုံတစ်ခုဖြစ်လာလျှင် မမြင်နိုင်ခြင်း မဖြစ်အောင်ပင်။


ရေးချပြီးသောအခါ ကျွင်းချင်ယွီက မှတ်တမ်းစာအုပ်ကို ပိတ်လိုက်သည်။ ယောင်ယောင် ပြန်ရောက်မလာသေးကြောင်း သတိပြုမိလိုက်ကာ သူမအနေဖြင့် မက်ခါကို အချိန်တိုအတွင်း မပို့နိုင်ကြောင်း သူသိသည်။ သူကထရပ်ကာ ပြောလိုက်၏။


 “သွားစို့”


“ဟုတ်ကဲ့...”



စမ်းသပ်ဒေတာများမှာထွက်လာပြီဖြစ်ပြီး ကျွင်းချင်ယွီက အိမ်ပြန်ရောက်သည်နှင့် ဘာမှမလုပ်တော့ချေ။ သူက စားရန်ပင်စိတ်မဝင်စားတော့ပဲ စာကြည့်ခန်းထဲဝင်ကာ ကွန်ပျူတာသို့ ဒေတာများကို ထည့်လိုက်သည်။ ပြီးနောက်တွင် သူကစမ်းသပ်ဒေတာများနှင့် နှိုင်းယှဥ်ရန် ပုံတူရလဒ်များကို မှတ်တမ်းတင်လိုက်သည်။


ယင်းကမခက်ခဲချေ။ အချိန်နည်းနည်းယူရရုံသာ။


ရလဒ်ကိုစောင့်နေချိန်တွင်၊ ကျွင်းချင်ယွီက ဥာဏ်ရည်တုကိုလည်း ရံဖန်ရံခါ ကြည့်တတ်သေး၏။ ဖုယွမ်ချွမ်းက စာမပြန်ခဲ့ချေ။ အချက်ပြမရှိသေးခြင်းဖြစ်နိုင်၏။


အချက်ပြရသည်နှင့် ဖုယွမ်ချွမ်းက သူ့ကိုချက်ချင်းဆက်သွယ်မည်မှာ သေချာ၏။


သူတို့နောက်ဆုံးစာတိုပို့ခဲ့သည်မှာ နာရီအနည်းငယ်ကြာပြီဖြစ်သည်။ ကျွင်းချင်ယွီ သက်ပြင်းချကာ ဒေတာများကို မှတ်တမ်းတင်သည့်ထဲတွင် သူ့ကိုယ်သူ နှစ်မြှုပ်ထားကာ အလုပ်တွင်အာရုံစိုက်ရန် ကြိုးစားလိုက်သည်။


ဒေါက် ဒေါက်


ကျွင်းချင်ယွီ၏လက်ချောင်းထိပ်လေးများ လှုပ်ရှားမှုရပ်တန့်သွားသည်။ ခဏအကြာတွင် ရှီခိုင်ရှင်း ထွက်မသွားသေးသည်ကို သူသတိရလိုက်၏။ သူကမျက်နှာဖုံးကို ကောက်ယူကာ တပ်လိုက်ပြီး အသာအယာပြောလိုက်သည်။


“ဝင်လာပါ...”


ရှီခိုင်ရှင်းက စာရွက်စာတမ်းတစ်ထပ်နှင့်အတူ ဝင်လာသည်။ 


“မဒမ်၊ ဒါတွေက ဒီနေ့အတည်ပြုရမယ့် စာရွက်စာတမ်းတွေပါ၊ အားလုံးကို ပရင့်ထုတ်လာပါ...”


အရင်ကမူ အချက်အလက်များကို အင်ဘောက်ထဲကို တိုက်ရိုက်ပို့ခဲ့သော်လည်း မာရှယ်က အားလုံးကို ရှင်းလင်းသွားလေသည်။ ကျွင်းချင်ယွီနေဖြင့် လည်ပတ်(ကိုင်တွယ်)ရာတွင် ခက်ခဲမည်စိုး၍ စာရွက်စာတမ်းများကို မိတ္တူကူးကာ ပို့ရမှာဖြစ်သည်။


ကျွင်းချင်ယွီ မျက်ခုံးပင့်လိုက်ကာ  “ယွမ်ချွမ်းက ပင်မဂြိုလ်က ထွက်သွားပြီမလား၊ ဘယ်လိုလုပ်ပြီး အတည်ပြုရမယ့် စာရွက်စာတမ်းတွေ အများကြီးရှိနေရတာလဲ ”


ထိုအထပ်လိုက်ကိုကြည့်ရသည်မှာ ပမာဏက အတော်လေးများလွန်း၏။


“အထွေထွေအလုပ်တွေ အများကြီးရှိလို့ပါ...” ရှီခိုင်ရှင်း ယင်းတို့က များလွန်းသည်ဟု တွေးမိသော်လည်း ထိုဖိုင်များကို ခွဲထုတ်ပြီးလျှင်ပင် ထပ်ကျန်နေသေးသည်။ 


ကျွင်းချင်ယွီက ပြောလိုက်သည်။ 


“စားပွဲပေါ်မှာ ထားခဲ့ပါ...”


ထိုအရာများက အထွေထွေအလုပ်များဖြစ်လျှင် ယင်းတို့က ယခင်ဖုယွမ်ချွမ်းလုပ်ခဲ့သည်တို့နှင့် မတူညီသင့်ပေ။ သူ၏အထောက်အထား ပြောင်းလဲသွားသောကြောင့် သူကိုင်တွယ်ရမည့်အရာများ နည်းပါးသွားမည်တော့ မဟုတ်ပေ။


“ဟုတ်ကဲ့ပါ...” ရှီခိုင်ရှင်းက သူတို့ကို ချလိုက်ပြီးသည်နှင့် အရမ်းမြင့်လွန်းလျှင် ပြိုကျမည်ကို စိုးရိမ်သဖြင့် နှစ်ပုံခွဲလိုက်လေသည်။


ကျွင်းချင်ယွီက စာရွက်ပေါ်တွင် အချက်အလက်များကို အစီအစဉ်ချပြီးသည်နှင့် ယင်းတို့အား နီးစပ်ရာအံဆွဲထဲသို့ ပစ်ထည့်လိုက်လေသည်။ အံဆွဲအတွင်းဘက်တွင် ယခင်ကဘာမှမရှိခဲ့သော်လည်း ယခုသူဆွဲဖွင့်လိုက်ချိန်တွင် ဘောလုံးလေးတစ်လုံး ထွက်လာသည်။


သူက ထိုအရာလေးကို အလိုလိုပင် ကောက်ယူလိုက်သည်။ သူ့လက်က ဘောလုံးငယ်လေးထက်ရှိ ‘Grip Ball’ဟူသည့် စာလုံးလေးကို ဖုံးအုပ်ထားနိုင်စွမ်းမရှိသဖြင့် ထိုစာတန်းလေးအား ရှင်းရှင်းလင်းလင်း မြင်နေရသည်။


ကျွင်းချင်ယွီက စာရွက်စာတမ်းများကို သိမ်းဆည်းလိုက်ပြီး ဘောလုံးလေးထံ ထူးဆန်းစွာ တစ်ချက်ကြည့်လိုက်သည်။ ယခင်က အံဆွဲက ဗလာဆိုသည်ကို သူသံသယမရှိမှတ်မိနေရာ ဤအရာလေးက မည်သည့်အချိန်က ပေါ်လာရသည်လဲ။


တုံ့ပြန်သည့်အနေဖြင့် ရှီခိုင်ရှင်းက စာရွက်စာတမ်းများကို နေရာချထားရင် ပြောလာသည်။


 “မဒမ်က ချုပ်ကိုင်တာကိုလည်း လေ့ကျင့်နေတာလား၊ မာရှယ်က ကျွန်တော့်ကို ရုတ်တရက်ကြီး အဲဒီ့ပစ္စည်းတစ်ဗူးဝယ်ခိုင်းတာ မထူးဆန်းတော့ပါဘူး၊ မာရှယ်ရဲ့အင်အားနဲ့ဆို အဲဒီ့grip ballအကုန် မရေတွက်နိုင်ခင် ပျက်သွားမှာပဲ ...”


ကျွင်းချင်ယွီက ယင်းကို ညှစ်ဖို့ကြိုးစားလိုက်ရာ ဘောလုံးထက်တွင် နံပါတ်တစ်တန်းပေါ်လာသည်။ “ဒါကို ဘာအတွက် လေ့ကျင့်ရင်သုံးတာလဲ”


“ဟင်…ဒါက လက်ရဲ့ချုပ်အားကို ထိန်းချူပ်တဲ့အခါ ပိုတိကျစေတာမဟုတ်ဘူးလား၊ ကျွန်တော်တို့ရဲ့ စိတ်စွမ်းအင်ကို ထိန်းချုပ်မရတော့တဲ့အခါ ပုံမှန်ထက်ပိုပြီး သန်မာလာလိမ့်မယ်၊ အဲတာကိုလျှော့ချတဲ့အခါ မှတ်တမ်းတင်ဖို့ ညှစ်ဘောကို သုံးတာလေ”


“စိတ်စွမ်းအင်ကို ထိန်းချုပ်မရတော့တဲ့အခါ ခွန်အားကိုထိန်းချုပ်ဖို့ မလွယ်ဘူးလေ၊ ထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့အချိန်မှာ ဒီစည်းကို ကောင်းကောင်းဆုပ်ကိုင်နိုင်အောင် လေ့ကျင့်ဖို့အတွက်လည်း ဒါလေးကို အသုံးပြုလို့ရတယ်”


သာမန်လူများအတွက်တော့ ဤအရာလေးကိုဝယ်ရသည်မှာ အသုံးမဝင်ပါချေ။


ထိုစကားကိုကြားပြီး ကျွင်းချင်ယွီ အံ့အားသင့်သွားသည်။ သူအစောပိုင်းက ထိုနံပါတ်များကို နှိပ်ရန်ကြိုးစားခဲ့သည့်တိုင် 'အားလုံးကိုတိုးချဲ့ပါ'ဟူသော စာလေးက ဘယ်မှညာသို့အတန်းလိုက် ထွက်လာပြီး နံပါတ်အသစ်များ ပေါ်လာသည်။


နံပါတ်များက အစပိုင်းတွင် အနီရောင်အကွက်များဖြစ်ပြီး လူတစ်ဦး၏သန်မာမှုကို ကိုယ်စားပြုကာ grip ballမှ အများဆုံးတွက်ချက်နိုင်သည့်တန်ဖိုးထက် ကျော်လွန်သွားပါက ကျိုးပျက်သွားလိမ့်မည်။


နံပါတ်များက အကြိမ်ပေါင်းများစွာ အတက်အကျဖြစ်ပြီးနောက် အဆုံးတွင် တဖြည်းဖြည်း ကျဆင်းသွားသည်။ ပြီးနောက်တွင် ဆက်တိုက်မှတ်တမ်းများကြားတွင် ကွက်လပ်လေးတစ်ခု ရှိနေသည်။ အခါအားလျော်စွာ မှတ်တမ်းတင်ထားသည့် နံပါတ်တစ်ခုရှိနေပြီး နောက်ဆုံးတစ်ခုမှာ စောစောက သူညှစ်လိုက်သည့်တစ်ခုပင်။


Xxxxxxxxc