Chapter 272
စုန့်ထင်ရှန်းနှင့်အတူ အဖော်ပြုပေးရသည်မှာ ပျင်းစရာမကောင်းပေ။ ယွမ်ရှက ဆိုဖာပေါ်တွင်ထိုင်ပြီး ရုံး၏အင်တာနက်နှင့်ချိတ်ကာ ဝေ့ပေါ်ကြည့်ရင်း အွန်းလိုင်းမှ ဈေးဝယ်နေသည်။ သူမက အလုပ်လုပ်နေသော စုန့်ထင်ရှန်းထက် ပိုမိုလေးနက်နေလေသည်။ ဆောင်းဦးနှောင်းပိုင်းဖြစ်၍ ကောင်းကင်ကြီးမှာစောစီးစွာ မဲမှောင်နေပြီဖြစ်သည်။ ခဏအကြာတွင် ယွမ်ရှက ပြတင်းပေါက်အပြင်ကိုမော့ကြည့်လိုက်သောအခါတွင် အပြင်ဘက်၌ မဲမှောင်နေပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
စုန့်ထင်ရှန်းမှာ ကျန်ရှိနေသော ဝန်ထမ်းများနှင့်အတူ ဗွီဒီယိုအစည်းအဝေးတက်ရန် ထွက်သွားလေသည်။ သူမကသာ သူ့ရုံးခန်းထဲတွင် ကျန်ခဲ့သည့် တစ်ဦးတည်းသောလူဖြစ်သည်။ ပျင်းရိလွန်း၍ ဘော့စ်တစ်ယောက်လိုဟန်ဆောင်ကာ စုန့်ထင်ရှန်းထိုင်ခုံတွင် ထိုင်လိုက်သည်။ သူမက ထိုင်ခုံကို အကြိမ်ရေအနည်းငယ် လှည့်လိုက်သည်။ သူ့အလုပ်စားပွဲပေါ်တွင် ပုံအချို့ရှိနေကြောင်း တွေ့ရ၍အံ့ဩသွားလေသည်။ လက်ထပ်ပြီးသောလူများက သူတို့၏ အိမ်ထောင်ဘက်နှင့် ကလေးများ၏ပုံကိုစားပွဲပေါ်တင်သည်မှာ မဆန်းသော်လည်း စုန်ထင်ရှန်းလုပ်သောအခါတွင် အတော်လေး မူမမှန်သလို ခံစားလိုက်ရသည်။
သူက လက်ဖွာတတ်သောလူမဟုတ်၍ သူ့ရုံးခန်းကို ရိုးရှင်းစွာ အလှဆင်ထားသည်။ ကွန်ပျူတာ၊ ဖိုင်များ၊ ဓာတ်ပုံများနှင့် လုပ်ငန်းသုံးမရှိမဖြစ်မရာများမှလွဲ၍ သူ့စားပွဲခုံပေါ်တွင် ဘာမှမရှိပေ။ ထိုစားပွဲပေါ်တွင် အလုပ်နှင့် မသက်ဆိုင်သော အရာတစ်ခုရှိနေလေသည်။
ယွမ်ရှကပျင်းလာသည်။ ဘောပင်ဘူးထဲမှ ဘောပင်တစ်ချောင်းယူကာ စာရွက်အပိုင်းလေးပေါ်တွင် ကာတွန်းပုံလေးတစ်ခု ဆွဲလိုက်သည်။
သူမ ပုံဆွဲပြီးသည်နှင့် စုန့်ထင်ရှန်း မြင်နိုင်မည့်နေရာတစ်ခုတွင် ကပ်ထားလိုက်သည်။
ချစ်စရာကာတွန်းပုံလေးမှာ ၎င်း၏လက်များကို တင်ပါးပေါ်တွင်တင်ထားသည်။ ဘေးတွင် သူမရေးထားသည့် ချစ်စရာစာကလေးတစ်ခုရှိသည်။
"ငါ့မျက်လုံးတွေက အရမ်းကိုပင်ပန်းနေပြီ... အနားယူတော့မယ်...."
~(╮▽≦)/~
သူမနောက်ထပ် စာရွက်လေးတစ်ခုပေါ်တွင်ရေးလိုက်သည်။
"ရေများများသောက်... တစ်နေ့ရေရှစ်ခွက်သောက်ရင် အသားအရေက ပိုပြီးနူးညံ့ချောမွေ့လာလိမ့်မယ်..."
နောက်ထပ်တစ်ခု ထပ်ရေးလိုက်ပြန်သည်။
"လုပ်စမ်းပါ ဘေဘီရယ်... မတ်တတ်ရပ်ပြီး လမ်းတစ်ပတ်လျှောက်လိုက်... မဟုတ်ရင် ဗိုက်ခေါက်ထွက်လာလိမ့်မယ်နော်..."
သူမ ပုံဆွဲပြီး စာများလိုက်ကပ်ပြီးတွင် စုန့်ထင်ရှန်းက တံခါးဖွင့်ပြီးဝင်လာခဲ့သည်။ သူမက သူ့ထိုင်ခုံပေါ်တွင်ထိုင်နေသည်ကို မြင်ပြီး မအံ့ဩသွားခဲ့ပေ။ သို့သော် တဖြေးဖြေးသူ့စားပွဲနှင့်နီးလာလေလေ မူလက အတော်လေးမထင်မရှားဖြစ်နေသော သူ၏စားပွဲခုံပေါ်တွင် အရောင်စုံသော စာရွက်လေးများ ကပ်ထားသည်ကိုမြင်လိုက်ရပြီး သူ့ရုံးခန်း၏ပုံစံကိုပါ ပြောင်းလဲသွားစေသည်။
ယွမ်ရှအနည်းငယ် ရှက်သွားသည်။
"ကျွန်မက ဒီအတိုင်း ပျင်းလို့ပါ... မကြိုက်ရင်..."
လွှင့်ပစ်လို့ရပါတယ်.....
သူမ စကားမဆုံးမီ စုန့်ထင်ရှန်းက သူ့စားပွဲပေါ်ရှိ စာရွက်များကိုကြည့်လာပြီး အကုန်ဖတ်ပြီးသောအခါတွင် ရယ်မောလိုက်သည်။
"ကိုယ်အတော်လေးသဘောကျတယ်...."
ကာတွန်းပုံလေးများမှာ ကြည့်လိုက်သည်နှင့် သူမကို သတိရမိစေသည်။ ၎င်းတို့အားလုံး၏ လက်များက တင်ပါးပေါ်တင်လျှင်တင် မတင်လျှင် ရယ်နေကြတာချည်းသာဖြစ်သည်။ ထိုပုံတို့မှာ အလွန်ကလေးဆန်လှသလို ဘေးတွင်ရေးထားသောစားများမှာလည်း အလွန်နွေးထွေးလှသည်။
ယွမ်ရှက ပြုံးလိုကိသည်။
"ရှင်ကြိုက်ရင် ရပါပြီ...."
စုန့်ထင်ရှန်းမှာ စာရွက်တစ်ခုကိုလက်ညှိုးထိုး၍မေးလိုက်သည်။
"ဒါဘာကိုဆိုလိုတာလဲ... ဝမ်လေးရဲ့မာမားကိုဖုန်းခေါ်ပါတဲ့...."
"ကျွန်မ လူအများစုက သူတို့ရဲ့ ကောင်မလေးတွေ ဇနီးတွေကို အလုပ်မှာနေ့တိုင်း ဖုန်းခေါ်ကြတာကို တွေ့တယ်လေ... စကားနည်းနည်းလောက် ပြောရတာကိုက အတော်လေးကောင်းတာ..."
စုန့်ထင်ရှန်းက ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပြီလေ... ကိုယ်မင်းကို နေ့တိုင်းဖုန်းခေါ်ပါမယ်..."
သူက သူမ စားပွဲတွင်ကပ်ပေးထားသော စာရွက်လေးများကို ကြိုက်ပေသည်။၎င်းတို့က သူ့ကို နွေးထွေးသောခံစားချက်လေးကိုပေးပြီး ကြည့်လိုက်သည်နှင့် သူ့စိတ်အခြေအနေ ကောင်းမွန်လာသည်။
"ကိုယ့်ဖို့နောက်တစ်ခုဆွဲပေး..."
ရှအန်းက ဘောပင်ကိုကောက်ကိုင်လိုက်သည်။
"ကျွန်မ ဘာရေးပေးရမှာလဲ..."
"မင်းရဲ့ဇနီး အတွက် ပိုက်ဆံအိတ်ဝယ်ပေးဖို့ အလုပ်ကြိုးစားပြီး ပိုက်ဆံရှာ...."
ယွမ်ရှ "...."
သူမ ခဏမျှစဉ်းစားလိုက်ပြီး စိန်အကြီးကြီးတစ်ပွင့်၊ ပိုက်ဆံအိတ်တစ်လုံး၊ အိမ်တစ်လုံးနှင့် ကားတစ်စီးကိုဆွဲလိုက်သည်။ ပုံ၏ဘေးတွင် စာရေးပေစလိုက်သည်။
"အလုပ်ကြိုစားပြီးပိုက်ဆံများများရှာ... ဇနီးတိုင်းက ဒါတွေကိုကြိုက်တယ်...."
စုန့်ထင်ရှန်းက သူမ၏မျက်နှာလေးကို ညှစ်လိုက်သည်။
"လောဘလေးက သိပ်ကြီးတာပဲရော... မင်းလိုချင်ရင် ရစေရမယ်...."
ယွမ်ရှ ခေါင်းငြိမ့်ပြလိုက်ကာ လုံးဝရှက်နေပုံ မပေါ်ပေ။
သူမက အရာအားလုံးလိုချင်ကြောင်း ဝန်ခံရာတွင် ပြဿနာမရှိပေ။ သူမဤကမ္ဘာကို ပထမဆုံးအကြိမ် ကူးပြောင်းလာစဉ်က ချမ်းသာသည့် အမျိုးသမီးဖြစ်ရသည်မှာ သိပ်မဆိုးလှဟု ထင်ခဲ့သည်။ ယခုတွင် သူမ ပိုမိုလောဘကြီးလာလေပြီ။ သူမက ချမ်းသာသည့်အမျိုးသမီးဖြစ်ချင်ရုံသာမက ယောက်ျားတစ်ယောက်လည်း လိုချင်သေးသည်။
သူမ ပိုက်ဆံရောအချစ်ပါ လိုချင်သည်။
xxxxxx