အပိုင်း ၁၂၆
Viewers 16k

Chapter 126


 


ထိုသို့တွေးလိုက်သောအခါ ကျွင်းချင်ယွီ သွားချင်သွားသည်။


 “ကောင်းပြီလေ … မြန်မြန်အဆုံးသတ်ပြီး မြန်မြန်ပြန်ကြမယ်နော်…”


ဖုယွမ်ချွမ်း၏ညီလေးလည်း လာမည်ဖြစ်သောကြောင့် ကျွင်းချင်ယွီ မေးလိုက်သည်။ “တစ်ခုခု ပြင်ဖို့လိုသေးလား…” 


ဖုယွမ်ချွမ်း : “မလိုပါဘူး…"


လူအများရှေ့တွင်တော့ ညီအစ်ကိုနှစ်ယောက်၏ ဆက်ဆံရေးကို ချပြဦးမည်မဟုတ်ပေ။ 


အဖွဲ့ချုပ်နှင့် အင်ပါယာမှာ ပတ်သက်နေခြင်းဖြစ်သောကြောင့် ထိုသို့အင်အားကြီးသူများ ပတ်သက်ဆက်နွယ်နေခြင်းက ဖုချင်းဟန်အပေါ်တွင် သက်ရောက်မှုရှိနိုင်သည်။ 


မနက်စာစားပြီးနောက် နှစ်ယောက်အတူထွက်သွားကြ၏။


ရှီခိုင်ရှင်းက သက်တော်စောင့်အသွင်ကိုဖျောက်ကာ သာမန်ဝတ်စုံဖြင့်အပြင်ဘက်တွင် စောင့်နေ၏။ 


ယာဉ်ပျံမှာ အဆင်သင့်ဖြစ်နေလေပြီ။ 


လွန်ခဲ့သောရက်က ကျခဲ့သောနှင်းများမှာ အရည်ပျော်သွားကာ လမ်းဘေးတွင် အစအနအနည်းငယ်သာ ကျန်တော့၏။ 


ကားထဲတွင် ထိုင်နေရင်း ကျွင်းချင်ယွီ ပြတင်းပေါက်အပြင်ဘက်ကိုကြည့်နေ၏။ အချို့သောစျေးသည်များမှာ စျေးဆိုင်များကိုပိတ်ထားကာ လူအချို့လမ်းပေါ်တွင်ရှိနေသည်။ ကားရှေ့ဆက်မောင်းလာသောအခါ လမ်းပေါ်မှ နှင်းများကို ရှင်းလင်းနေသောစက်ရုပ်တစ်ရုပ်ကို ဝိုးတဝါးမြင်ရ၏။ 


စစ်ပွဲကြောင့် လူနည်းသွားကြောင်း အရင်က ရှီခိုင်ရှင်း ပြောဖူး၏။


သဘောတူညီမှု လက်မှတ်ထိုးပြီးနောက်သတ်မှတ်ထားသော ကာလအတွင်းမှာတော့ စစ်ပွဲများရှိတော့မည် မဟုတ်ချေ။ ထို့ကြောင့်ယခင်ကအတိုင်းမကြာခင် ပြန်ဖြစ်တော့မည်ဟု ယူဆရသည်။ 


ယာဉ်ပျံကို ရပ်နားစခန်းတွင်ရပ်ထားခဲ့ကာ ဓာတ်လှေကားဖြင့် အပေါ်ဆုံးသို့တက်လာခဲ့၏။ 


ထိုနေရာတွင် စစ်သင်္ဘောတစ်စီး ရှိနေ၏။ ကျွင်းချင်ယွီ စစ်သင်္ဘောပေါ်တွင်စီးဖူး၏။ မက်ခါမောင်းနည်းကိုလည်း သင်ယူဖူး၏။ ယခုအခါ အာကာသစခန်းကိုပါ ဝင်ရောက်ဖူးပြီဖြစ်၏။ အပြင်ဘက်က ကြည့်လျှင် လုံးဝန်းသော စက်လုံးကြီးတစ်ခုက လေထဲတွင် မျောနေသည်နှင့်တူ၏။ 


စစ်သင်္ဘောမှာ အခြားတစ်နေရာတစ်ခုနှင့် ဆက်သွယ်ထားပြီး ဆက်လျှောက်လာသောအခါ ဖုယွမ်ချွမ်းမှာ ကျွင်းချင်ယွီထက် ခြေတစ်လှမ်းနောက်ကျကျန်ခဲ့၏။ 


ကျွင်းချင်ယွီ သူ့လှုပ်ရှားမှုများကို သတိထားမိကာ သူ့ကို သံသယဝင်ကာ မေးလိုက်၏။


 “ဘာလုပ်တာလဲ….”


ဖုယွမ်ချွမ်း ပုံမှန်အတိုင်းရှင်းပြ၏။ 


“ဘာမှမလုပ်ပါဘူး…လမ်းကကျဉ်းတော့ နှစ်ယောက်ယှဉ်လျှောက်ရင် လမ်းကြပ်သွားမှာစိုးလို့ပါ မင်း ရှေ့ကသွား…” 


ကျွင်းချင်ယွီက တစ်ခုခုလွဲနေကြောင်းကို ဝိုးတဝါးခံစားမိသော်လည်း သူပါနောက်ဆုတ်လိုက်လျှင် နောက်တွင်ရှိနေသော လူများပါကြပ်သွားမည်စိုးသောကြောင့် ဒီတိုင်းသာ ဆက်လျှောက်သွားလိုက်၏။ 


လျှောက်လမ်းလေးအတိုင်းလျှောက်လာပြီး အပြင်ရောက်သောအခါ ကျွင်းချင်ယွီဘေးတွင်ခဏရပ်ပြီး ဖုယွမ်ချွမ်းကိုသူနှင့်အတူတူလျှောက်ရန် စောင့်နေ၏။ 


ရှီခိုင်ရှင်းက အနောက်တွင်ပါလာ၏။ သူ့မျက်နှာက အလေးအနက်ဖြစ်နေပြီး သတိကြီးကြီးထားနေပုံရသည်။ စကားပြောစရာမလိုဘဲ သူ့လက်အမူအရာဖြင့်ပင် သိနိုင်၏။ နောက်မှ လိုက်လာသောသူများမှာလည်း အလုပ်ရှုပ်နေကြ၏။ 


ကျွင်းချင်ယွီ ခန်းမကိုကြည့်လိုက်သော အစည်းအဝေးခန်းမအကြီးစားနှင့်တူ၏။ အနည်းငယ်တော့ ပျင်းဖို့ကောင်းသည်။ 


ပြတင်းပေါက်များမရှိဘဲ တံခါးမကြီးများသာရှိပြီး အလုံပိတ်ဖြစ်သည်။ 


လေလှည့်ပတ်နိုင်သောစနစ်ရှိသောကြောင့် ပြတင်းပေါက်များ မလိုသော်လည်း အမြင်နှင့်တင် အသက်ရှုကြပ်စေနိုင်၏။ 


ဖုယွမ်ချွမ်း အချိန်ကိုကြည့်လိုက်ပြီးပြောလိုက်၏။ “သူတို့ရောက်ရမယ့်အချိန် ရောက်နေပြီကို…” 


ရှီခိုင်ရှင်း နှင့် ယွီကျစ်တို့က ဦးဆောင်ပြီး အမြန်ပြင်ဆင်လိုက်သည်။


စားပွဲနှင့်ထိုင်ခုံများမှာကြိုတင်ပြင်ဆင်ထားပြီးဖြစ်၏။ နေ့သတ်မှတ်ပြီးကတည်းက ပြင်ဆင်ထားခြင်းဖြစ်သောကြောင့် ရက်ရှေ့တိုးလိုက်သော်လည်း ပြဿနာမရှိချေ။ 


တစ်ခေါက်ပြန်စစ်ဆေးချင်လျှင်တောင် အချိန်သိပ်မကြာနိုင်ချေ။ 


လုံခြုံရေးကြောင့် အစောင့်များပင်မထားထားပဲ စက်ရုပ်ချို့သာရှိနေ၏။ စက်ပိုင်းဆိုင်ရာများကိုတော့ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပုံရသည်။ လူများကို တွေ့သောအခါ အရင်ကလိုနှုတ်မဆက်တော့ဘဲ ထောင့်တွင်သာ ကြောင်တောင်တောင်ရပ်နေကြသည်။ 


ယွီကျစ်က ခေါင်းကိုမသိမသာလေးဖော်ကာ “အရှင်…အဆင်သင့်ဖြစ်ပါပြီ…”ဟု ပြောလိုက်၏။ 


ပြောပြီးနောက် နောက်ဆုတ်ကာ တံခါးရှေ့တွင်သွားရပ်နေပြီး အခြားသူများလည်း သူ့နောက်တွင် သွားရပ်ကြ၏။ 


အာကာစခန်းမှာ ဖွင့်တာမကြာသေးပုံရသည်။ မဟုတ်လျှင် သူတို့မရောက်ခင်ကပင် အဆင်သင့်ဖြစ်နေမည်ဖြစ်၏။ 


အမြန်ပြင်ဆင်လိုက်ခြင်းကြောင့် အခြေအနေမှာ အနည်းငယ်ရှုပ်ယှက်ခက်နေ၏။ 


ရှီခိုင်ရှင်း စားပွဲဘေးတွင်ရပ်ကာ ထိုင်ခုံကိုဆွဲထုတ်လိုက်သည်။ “အရှင်…” 


ထို့နောက် ဖုယွမ်ချွမ်းလည်း သူ့ဘေးကထိုင်ခုံကို ဆွဲထုတ်လိုက်ကာ ကျွင်းချင်ယွီကိုဖြည်းဖြည်းလေးဖက်ရင်း ပြောလိုက်သည်။ 


“အရင်ထိုင်လေ…” 


ရှီခိုင်ရှင်းက ဖုယွမ်ချွမ်း၏အမူအရာများကို အနောက်မှကြည့်နေပြီး တစ်ခုခုကိုသဘောပေါက်သွားကာ ဆက်မကြည့်တော့ဘဲနောက်ဆုတ်ကာ ကျွင်းချင်ယွီနောက်တွင် ရပ်နေလိုက်သည်။ 


ကျွင်းချင်ယွီ ထိုင်ပြီးမေးလိုက်၏။ 


“သူတို့မရောက်ကြသေးဘူးလား…” 


ရှီခိုင်ရှင်း : "ကြင်ယာတော်အရှင်… အဖွဲ့ချုပ်ရဲ့ယာဉ်က အာကာသစခန်းမှာ ကျောက်ချနေပါပြီ…”


ကျွင်းချင်ယွီ ခေါင်းညိတ်ပြလိုက်၏။ “ကောင်းပါပြီ…” 


စောင့်ရုံသာ တတ်နိုင်သည်။ 


ဖုယွမ်ချွမ်း ရှောင်ယွီ၏ရင်ဘတ်မှ ရင်ထိုးကိုပြင်ပေးကာ ပုလဲလုံးလေးများကို ဖယ်ပေးရင်း ပြောလိုက်၏။ 


“အခု တိုက်ရိုက်ထုတ်လွှင့်တာ မစသေးဘူး အေးဆေးနေလို့ရသေးတယ်…”


ထိုစကားကိုကြားသောအခါ ကျွင်းချင်ယွီ ခေါင်းလေးစောင်းကာ ဖုယွမ်ချွမ်း၏ပုခုံးပေါ်မှီလျက်မေးလိုက်သည်။ 


“လက်မှတ်ထိုးတာက ဘယ်လောက်ကြာမှာလဲ…” 


လက်မှတ်ထိုးကာ လက်ဆွဲနှုတ်ဆက်ရုံဖြစ်သော်လည်း ကြီးမားသောအခမ်းအနားဖြစ်သောကြောင့် အရေးမပါလှသောစကားပြောများကိုပါ အပိုထည့်မည်သဘောရှိသည်။ 


ထို့အပြင် အဖွဲ့ချုပ်ရော အင်ပါယာဘက်ကပါ စကားပြောကြမည်ထင်၏။ 


"ပင်ပန်းနေပြီလား…" ရှောင်ယွီ ထိုသို့သောကိစ္စများတွင် စိတ်မရှည်သည်ကို သိသောကြောင့် ဖုယွမ်ချွမ်းက ပြောလိုက်သည်။ "နာရီဝက်အတွင်း ရသလောက်ခြုံ့ပြီး လုပ်ခိုင်းလိုက်ပါ့မယ်…"


ဖုချန်းယွီအတွက်တော့ ထိုကိစ္စမှာမျက်နှာသာရရန်သာဖြစ်ပြီး ညီအစ်ကို နှစ်ယောက်လုံးကတော့ ဂရုမစိုက်ကြပေ။ 


အဖွဲ့ချုပ်ခေါင်းဆောင်အနေဖြင့် ဖုချင်းဟန်က အင်ပါယာတွင် အချိန်အနည်းငယ်အကြာနေခဲ့ဖူး၏။ လက်မှတ်ထိုးရန် အချိန်ကိုလျှော့လိုက်သောကြောင့် အချိန်ပိုတွင် အခြားကိစ္စများပြောရန် အဆင်ပြေသွားသည်။ 


စကားပြောနေရင်း တစ်ဖက်မှ တံခါးမကြီးကပွင့်လာ၏။ 


စခန်းအတွင်းမှ တံခါးများမှာ အချင်းချင်းမျက်နှာချင်းဆိုင်လျက်ရှိကြသည်။ အမှန်မှာ စခန်းကို လက်ဆွဲနှုတ်ဆက်ပြီးငြိမ်းချမ်းရေးဖန်တီးလေ့ရှိကြသောနေရာ ဖြစ်ကြသောကြောင့် ထိုသို့ရှိနေခြင်းလည်း ဖြစ်နိုင်သည်။ 


ကျွင်းချင်ယွီ အလိုလျောက် ခေါင်းမတ်လိုက်ကာ တံခါးပွင့်လာရာဘက်သို့ ကြည့်လိုက်၏။


ဝင်လာသောသူမှာ အဖွဲ့ချုပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာမှာအမူအရာမဲ့လျက် ဝင်လာ၏။ သို့သော် မျက်လုံးချင်းဆုံသွားသောအခါ ပြုံးလိုက်သည်ကို မြင်နိုင်ပေသည်။ 


ဖုချင်းဟန်၏ပုံစံကို စိတ်ထဲတွင် ခန့်မှန်းပြီးဖြစ်သောကြောင့် ကြည့်ပြီးသောအခါ ညီအစ်ကိုနှစ်ယောက်ကြားက တူညီမှုများကိုရှာကြည့်မိသည်။ 


အမြင်အရဆိုလျှင် မျက်ခုံးမျက်လုံးများမှာ ဖုယွမ်ချွမ်းနှင့်ဆင်တူသော်လည်း ဖုယွမ်ချွမ်း၏မျက်နှာက ပို၍လေးနက်သည်။ 


သူတို့ဘက်သို့လျှောက်လာသည်ကိုမြင်သောအခါ ဖုယွမ်ချွမ်းက တီးတိုးလေးပြောလိုက်၏။ "နှုတ်ဆက်ကြမလား…"


ထိုစကားကိုကြားသောအခါ ကျွင်းချင်ယွီ ချက်ချင်းထကာ ပြောလိုက်သည်။ "မင်္ဂလာပါ…" 


ဖုယွမ်ချွမ်း လည်း အတူတူလိုက်ထလိုက်သည်။ 


ဖုချင်းဟန်၏မျက်လုံးထဲတွင် အနည်းငယ်အံ့ဩမှုတို့ ဖြတ်ပြေးသွားကာ ခါးညွတ်ပြီး ပြန်နှုတ်ဆက်လိုက်သည်။ 


"မင်္ဂလာပါ "


ရှီခိုင်ရှင်းနှင့် ဖုချင်းဟန်၏ လက်ထောက်မှာ အရှေ့သို့တက်လာပြီး စာရွက်စာတမ်းနှစ်ခုကို စားပွဲပေါ်သို့တင်လိုက်၏။ ထို့နောက် အပြန်အလှန်အလေးပြုကာ မူလနေရာသို့ပြန်သွားပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်တော့သည်။ 


ထိုနှစ်ယောက်ကပင် အဖွဲ့ချုပ်နှင့်အင်ပါယာ၏ တိုက်ရိုက်ထုတ်လွှင့်သောချန်နယ်များကို ထိန်းချုပ်ထား၏။ 


ထိုသို့ ကိစ္စကြီးများတွင် ပုံရိပ်ယောင်လျှပ်စစ်စာတမ်းများကို အသုံးပြုလေ့မရှိကြ။ စာရွက်စာတမ်းနှစ်ခုလုံးမှာ အထပ်ထပ်စစ်ဆေးကာ တစ်လုံးချင်းစစ်ဆေးပြီးမှ ထုတ်ထားခြင်းဖြစ်၏။ 


အသုံးပြုထားသောစာလုံးပုံစံမှာလည်း ပြန်ထုတ်၍မရသော စာလုံးအမျိုးအစားဖြစ်၏။ 


ထိုင်လိုက်ကြပြီးနောက် ဖုယွမ်ချွမ်းက ချက်ချင်းပြောလိုက်၏။ ”နောက်ကျနေပြီဆိုတော့ စကြရအောင်…”


ဖုချင်းဟန် : "ကောင်းပါပြီ"


ကျွင်းချင်ယွီ သူနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ဖုချင်းဟန်ကို ကြည့်ပြီး ဆွံ့အနေသည်။ 


ဘာလုပ်နေတာလဲ။ 


ဘာလို့ငါနှင့် မျက်နှာချင်းဆိုင်မှာ လာထိုင်နေတာလဲ။ 


အရေးကြီးအခမ်းအနားတွင် နေရာမှားထိုင်သည်တဲ့လား။ 


ဖုယွမ်ချွမ်းရှေ့တွင် ထိုင်သင့်သည်မဟုတ်လား။ 


ကျွင်းချင်ယွီ စကားပြောချင်သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုက စတင်နေပြီဖြစ်သောကြောင့် မတတ်နိုင်ပေ။ 


သို့သော်... ယခုကဲ့သို့ ဘာမှမလုပ်ဘဲ ထိုင်နေရခြင်းက ပိုဆိုး၏။ 


ဖုချင်းဟန်ကလည်း ဘာမှဂရုမပြုမိဘဲ သူ့ရှေ့က စာရွက်စာတမ်းကိုသာကြည့်နေ၏။


သူရေးစဉ်အချိန်တုန်းကလည်း အခေါက်ပေါင်းများစွာဖတ်ပြီးမှ ရွေးချယ်ခဲ့ခြင်းဖြစ်၏။ 


အခုတော့ အကြမ်းဖျင်းသာကြည့်နေခြင်းဖြစ်ပြီး မျက်နှာချင်းဆိုင်မှ လူနှစ်ဦး၏လှုပ်ရှားမှုများကို သတိထားမိသွားသည်။ အခုမေးရန် မဖြစ်နိုင်သော်လည်း လက်မှတ်ထိုးပြီးမှ မေးရန်ဆုံးဖြတ်လိုက်၏။ 


ကျွင်းချင်ယွီ စာရွက်များကိုကြည့်ရင်း ခေါင်းကိုက်လာသည်။ ပိုဆိုးသည်က ဖုယွမ်ချွမ်းမှာ ဘေးတွင်ထိုင်ကာ သူဖတ်ပြီးသည်ကိုထိုင်စောင့်နေခြင်းဖြစ်၏။


ဘာတွေဖြစ်နေတာလဲ။


အခြေအမြစ်မရှိသော ခံစားချက်က ထပ်ရောက်လာပြန်၏။ 


ကျွင်းချင်ယွီ စာရွက်များကိုမကြည့်ဘဲ ဖုယွမ်ချွမ်းကို ပေးလိုက်ချင်သော်လည်း ထိုအချိန်မှာပင် တစ်စုံတစ်ယောက်ထွက်လာကာ ကြေညာလိုက်သည်။


“သေသေချာချာဖတ်ပြီးရင် လက်မှတ်ထိုးလို့ ရပါပြီ…” 


ထိုအချိန်တွင် သဘောတူညီမှုစာရွက်စာတမ်းက ကျွင်းချင်ယွီလက်ထဲတွင်သာရှိနေသေးပြီး ဖုယွမ်ချွမ်းကလည်း သူ့ဆီကယူမည့်ပုံပင် မပေါ်ချေ။ 


ဖုချင်းဟန်မှာ သူ့စာရွက်ပေါ်တွင် လက်မှတ်ထိုးပြီးဖြစ်၏။ 


တုန့်တုန့်ဆိုင်းဆိုင်းပင် ကျွင်းချင်ယွီဘောပင်လေးကိုင်ပြီး သူ့နာမည်ကို ရေးလိုက်၏။ 


တစ်ယောက်ချင်း သဘောတူညီမှုတွင် လက်မှတ်ထိုးပြီးသောအခါ နှစ်ဦးသဘောတူတွင် လက်မှတ်ထိုးရဦးမည်ဖြစ်၏။ 


အဖွဲ့ချုပ်ကိုယ်စားလှယ်အနေဖြင့် ဖုချင်းဟန်က လက်မှတ်ထိုးသည်။ 


ကျွင်းချင်ယွီက ဘောပင်လေးကိုင်ကာ တွေဝေနေပြီးနောက် အင်ပါယာကိုယ်စားလှည်၏အမည်အောက်တွင် လက်မှတ်မထိုးရသေးချေ။ ခုနကသဘောတူညီမှုလက်မှတ်နှင့် အတူတူပင်ဖြစ်၏။ သူ့နာမည်ကို ရေးထားသည်။ 


ဖုယွမ်ချွမ်း ထိုအရာကိုမြင်သောအခါ မျက်လုံးများက အနည်းငယ်လှုပ်သွားသည်။ လက်မှတ်ထိုးသူကိုယ်တိုင်သာ မြင်ရသောကြောင့် ဖုယွမ်ချွမ်းက ရှောင်ယွီမည်သို့လက်မှတ်ထိုးသည်ကို မမြင်ခဲ့ရချေ။ 


ယခုအခါ... သေချာမြင်ရပြီဖြစ်သည်။ 


အခြားသူများလည်းမြင်ကြ၏။ ကျွင်းချင်ယွီ လက်မှတ်ထိုးပြီးနောက် ဖုယွမ်ချွမ်းကို ကမ်းပေးပြီး ပြုံးပြလျက် ပြောလိုက်၏။


"အရှင်…"


ဖုယွမ်ချွမ်း: "..."


ထိုအပြုံးအရ ရှောင်ယွီ စိတ်ဆိုးနေပြီမှန်း ဖုယွမ်ချွမ်းသိ၏။ 


"အင်း…" ဘောပင်ကိုလှမ်းယူလိုက်ကာ ရှောင်ယွီလက်လေးကို လှမ်းကိုင်လိုက်ပြီး ချော့၏။ ရှောင်ယွီ့လက်ကိုဆွဲကာ ထွက်သွားရန်အသင့်ဖြစ်နေသော်လည်း သူက (ကျွင်းချင်ယွီ) မလှုပ်ပေ


ဖုယွမ်ချွမ်းက အကူအညီမဲ့သွားသည်။ ရှောင်ယွီစိတ်ဆိုးနေသည့်တိုင် ရှောင်လွဲ၍မရသောအရာဖြစ်သည်။


ယခုတော့ ဘာမှလုပ်၍မရပေ။ ဖုယွမ်ချွမ်း ကျွင်းချင်ယွီ ပြသောနေရာတွင် လက်မှတ်ထိုးလိုက်ကာ နောက်မှရှောင်ယွီ ကိုရှင်းပြမည်ဟု တွေးလိုက်၏။


တစ်ဦးချင်း သဘောတူညီမှုမှာလည်း လက်မှတ်ထိုးပြီးဖြစ်၏။ 


ဖုချင်းဟန် မတ်တပ်ထရပ်ကာ လက်ကိုဆန့်တန်းပေးလိုက်သည်။ 


ကျွင်းချင်ယွီ ဖုယွမ်ချွမ်းကို လှမ်းကြည့်လိုက်သောအခါ ဖုယွမ်ချွမ်းလည်း လက်ကို ဆန့်တန်းလိုက်ပြီး ဖုချင်းဟန်နှင့် လက်ဆွဲနှုတ်ဆက်လိုက်၏။


ထိုအချိန်အတွင်း ရှောင်ယွီ၏သက်ပြင်းချသံကို ဖုယွမ်ချွမ်း ကြားလိုက်သည်။


လက်ဆွဲနှုတ်ဆက်နေချိန်တွင် အားလုံးက လက်ခုပ်ဩဘာပေးကြ၏။ 


တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်လည်း ဝိုင်း၍ဩဘာပေးကြသည်။ 


အင်ပါယာနှင့် အဖွဲ့ချုပ်ရှေ့တွင် သဘောတူညီမှုလက်မှတ် ရေးထိုးခြင်းပြီးမြှောက်ခဲ့လေပြီ။ 


လက်မှတ်ထိုးပြီး၍ တိုက်ရိုက်ထုတ်လွှင့်မှုပြီးဆုံးသည့်အချိန်အထိတော့ ကျွင်းချင်ယွီပြုံးနေခဲ့၏။ 


ကျွင်းချင်ယွီ၏ မျက်နှာက အေးစက်နေပြီး မလှုပ်မယှက် ထိုင်နေခဲ့သည်။


တိုက်ရိုက်လွှင့်မှု ပြီးသည့်နောက် အဖွဲ့နှစ်ဖွဲ့က အချင်းချင်း ရင်းရင်းနှီးနှီး နှုတ်ခွန်းဆက်ပြီး သဘောတူစာချုပ်ပါ အကြောင်းအရာများကို ပြောဆိုကြမည်ဖြစ်သည်။


သဘောတူစာချုပ် ချုပ်ဆိုပြီးသည့် အချိန် မတိုင်ခင်ထိ ကျင်းချင်ယွီ က ဖုယွမ်းချွမ်းနှင့် စကားပြောရန် စိတ်ကူးမရှိချေ။


ဤဆွေးနွေးပွဲက အင်ပါယာဧကရာဇ်နှင့် ပြည်ထောင်စုအုပ်ချုပ်သူတို့၏ ပူးပေါင်းမှုဖြစ်ပြီး သူနှင့် တစ်ခုမှ မသက်ဆိုင်ပေ။


သူ့စိတ်ထဲတွင် ပရမ်းပတာဖြစ်နေပေမဲ့ သူ့မျက်နှာကတော့ အမူအယာမဲ့နေလျက် ကျွင်းချင်ယွီ က မလှုပ်မယှက်ထိုင်နေပြီး သူ့မျက်လုံးတွေက ကွန်ပျူတာမျက်နှာပြင်ကို စိုက် ကြည့်နေသည်။


ရုတ်တရက် သူ့ခြေတောက်က နွေးထွေးသွားသည်မို့ ခေါင်းမော့ကာ သူ့ဘေးကလူအားကြည့်လိုက်သည်။


ဖုယွမ်ချွမ်း သည် ဖုချင်းဟန် ဖြင့် ဆွေးနွေးနေဆဲ ဖြစ်ပေမဲ့ သူ့လက်တွေကတော့…။


ကျွင်းချင်ယွီ ခေါင်း ငုံ့လိုက်ကာ သူ့ပေါင်ပေါ်တွင် ရောက်နေသော လက်ကိုကြည့်လိုက်သည်။


သူ့ကြည့်နေသည်ကို သတိထားမိပုံပေါ်သည့် ဖုယွမ်ချွမ်း က သူ့ညာဘက်လက်ကို ဖွင့်ဟပြလာသည်။


စတော်ဘယ်ရီပုံလေးနှင့် ပန်းရောင် သကြားလုံးလေး တစ်လုံး။


ကျွင်းချင်ယွီက တချက်ကြည့်ပြီးနောက် အကြည့်လွဲလိုက်ကာ ထိုလူ့ကို ဂရု မစိုက်တော့ပေ။


ခဏအကြာမှာတော့ ဖုယွမ်ချွမ်းက သူ့အင်္ကျီကို ဆွဲလာသည်။


သူ့လက်တွေက သူ့ခါးပေါ်တွင်ရှိနေပြီး လက်ထဲတွင်တော့ သကြားလုံး နှစ်လုံး ရှိနေသည်။


သကြားလုံးကို သူ့အိတ်ကပ်ထဲထည့်ပြီးနောက် ပြန်ထွက်လာသည့် ဖုယွမ်ချွမ်း၏လက်ကို တွန်းထုတ်လိုက်သည်။


Xxxxxxx