Chapter 127
ဖုယွမ်ချွမ်း က စကားပြောနေရာမှ ခဏ ရပ်သွားသည်။ ကံကောင်းစွာဖြင့် သူ က အစီအစဥ်အတိုင်း ပြောဆိုနေခဲ့ပြီး ဖုချင်းဟန်ကလည်း သူ့ကို အလုံးစုံ အာရုံစိုက်မနေပေ။
သကြားလုံးတွေ ထပ်ပြီး ယူရန်အတွက် သူ့လက်တွေက အိတ်ကပ်ထဲရောက်သွားပေမဲ့ အိတ်ကပ်က ဗလာဖြစ်နေလေသည်။
ဖုယွမ်ချွမ်းရှေ့မှာပင် ကျွင်းချင်ယွီက သကြားလုံးတစ်ဆုပ်ကို ယူကာသူ့အိတ်ကပ်ထဲထည့်လိုက်ပြီး မျက်နှာ ကိုတဖက်လှည့်လိုက်သည်။
ဖုယွမ်ချွမ်း “…….”
ဖုယွမ်ချမ်း၏ စကားဆုံးသည်နှင့် ဖုချင်းဟန်က ဖိုင်တွေကို တစ်ခုပြီးတစ်ခုယူကြည့်သည်။
သို့သော် မနေနိုင်တော့ဘဲ ဖိုင်ကို လက်မှချကာ သူ့ရှေ့မှ လူနှစ်ယောက်အား ကြည့်လိုက်သည်။
အဖွဲ့ချုပ်နှင့်အခြားလူတွေက အခြားနေရာကို အကြည့်မရောက်စေရန် သူ့ကိုသာ စူးစိုက်ကြည့်နေခဲ့သည်။
ဖုယွမ်ချွမ်းကတော့ ရှောင်ယွီ စိတ်ဆိုးသွားသည်ကြောင့် အများကြီးမလှုပ်ရှားရဲတော့ဘဲ မုန့်တွေကိုသာ တိတ်တိတ်လေးလေး ပေးနေသည်။
ကျွင်းချင်ယွီက မုန့်တွေကိုတော့ တစ်ခုပြီးတစ်ခုလက်ခံနေပြီး ဖုယွမ်ချွမ်းကို လစ်လျူရှုထားမြဲပင်။
စာမျက်နှာနှစ်ရွက်ကို ဖတ်ပြီးနောက် ပျင်းလာသည်ကြောင့် နောက်ဆုံးစာရွက်ကို လှန်လိုက်ပြီး ဖုချင်းဟန် က ပြောလိုက်သည်။
“အင်ပါယာနဲ့ အဖွဲ့ချုပ် က အမြဲတမ်းလက်တွဲနိုင်ဖို့မျှော်လင့်ပါတယ်”
ထိုစကား က သဘောစာချုပ် ချုပ်ဆိုမည် ဟု အဓိပ္ပါယ်ရလေသည်။
ဤ ဗွီဒီယို ကို နှစ်ဖက်လုံးက ထိန်းသိမ်းထားကြမည်ဖြစ်သည်။
ဆွေးနွေးပွဲက တစ်နာရီကျော် ကြာပြီးနောက် ပြီးဆုံးသွားခဲ့သည်။ ဖုယွမ်ချွမ်းက တပ်ချုပ်ကို ခေါ်ကာစကားအချို့ပြောလိုက်ပြီးနောက် တပ်ချုပ်နှင့်အခြားလူတွေက ထွက်သွားခဲ့ကြသလို ရှီခိုင်ရှင်း ကလည်း အခြားလူတွေကို နေရာချရန် ထွက်ခွာသွားခဲ့သည်။
ဖုယွမ်ချွမ်း က မှုန်ကုတ်နေသည့် ငါးလေးကို ကြည့်လိုက်ကာ
“ချင်ယွီ”
ကျွင်းချင်ယွီက သူနှင့် စကားမပြောချင်သေးသည်ကြောင့် မတ်တပ်ရပ်လိုက်ပြီး “ခင်ဗျားတို့ အရင် စကားပြောကြပါ” ဟုဆိုပြီး ထွက်သွားခဲ့လေသည်။
အခြေအနေကိုရိပ်စားမိသည့် ဖုချင်းဟန်က မင်းရဲ့ပြသာနာကို အရင်ရှင်းဟူသောပုံစံဖြင့် လက်ရမ်းပြလာ၏။
ဖုယွမ်ချွမ်း ကလည်း ချက်ချင်းပင် ကျွင်းချင်ယွီနောက်မှ ပြေးလိုက်ကာ လက်ကလေးကို အသာဆွဲကိုင်ပြီး နောက်မှလိုက်ကာ ချော့မော့လေသည်။
“ ရှောင်ယွီ မင်းစိတ်ဆိုးနေရင် ကိုယ့်ကိုပဲ ရိုက်လိုက်ပါ မင်းဘာသာမင်း ဒေါသ မ ထွက်ပါနဲ့”
စင်္ကြန်သို့မရောက်ခင်အထိ ကျွင်းချင်ယွီက တိတ်ဆိတ်နေခဲ့ပြီးမှ
“ဒီနေ့ ကိစ္စတွေက အကုန် ခင်ဗျား စီစဥ်ထားတာလား”
“အစောကြီးကပဲ ကိုယ် အစီအစဥ်ရှိခဲ့တာ”
ဖုယွမ်ချွမ်းက သူ့နောက်ကျောကို ပွတ်သပ်လာသည်။ အပြင်ဘက်တွင် ကောင်းကင်က ကြယ်များ ပြည့်နေသည်။
ကျွင်းချင်ယွီက သူ့မျက်လုံးတွေကို အောက်ချလိုက်ပြီး
“ဘာလို့ ကျွန်တော့်ကို မပြောတာလဲ”
“ကိုယ်ပြောရင်ရော မင်းက သဘောတူမှာလား”
ရှောင်ယွီ၏ စရိုက်ကို သူကောင်းကောင်း သိပါ၏။
“ကိုယ် မင်းကို ပြောလိုက်ရင် မင်း ကိုယ်နဲ့အတူ လိုက်လာမှာ မဟုတ်ဘူး”
ကျွင်းချင်ယွီ နှုတ်ခမ်းထောင့်ကို အနည်းငယ် ဖိကပ်လိုက်သည်။ ဖုယွမ်ချွမ်းပြောတာမှန်သည်။ အစည်းအဝေးပြီးသည်နှင့် အိမ်ပြန်မည်ဟု သူ ဆုံးဖြတ်ထားခဲ့တာပင်။
ဖုယွမ်ချွမ်းပြောခဲ့လျှင်တောင် သူ သဘောတူခဲ့မှာမဟုတ်ပေ။
ဖုယွမ်ချွမ်း က နူးနူးညံ့ညံ့ ချော့မော့ပြန်သည်။
“မင်းရဲ့ ပုံစံအမှန်က အရမ်း ထူးခြားတယ် အဲ့တာပေါ်သွားရင် မင်းအတွက် အန္တရယ် များလိမ့်မယ် ဒါကြောင့် မင်းလက်ထဲမှာ အာဏာရှိနေမှ သူတို့က မင်းကို မထိရဲ ကြတော့မှာ”
ဘယ်သူပဲဖြစ်ဖြစ် ကျွင်းချင်ယွီကို ထိခိုက်ရဲသည့်လူကရှိနေဦးမှာပင်။
အစောကြီးကတည်းက အာဏာအားလုံးကို ရှောင်ယွီ၏လက်ထဲထည့်ထားသည်မှာ ပို၍အဆင်ပြေပြီး တစ်ခုခုဖြစ်ခဲ့လျှင်တောင် သူကာကွယ်နိုင်ဦးမည်။
ရေသူလေးက လူဖြစ်လာခြင်းက လူတိုင်း၏ မျက်လုံးထဲတွင် ထူးဆန်းနေမည်မှာ အသေအချာပင်။
ပြည်သူတွေကတော့ အပိုတွေတွေးမှာ မဟုတ်ပေမဲ့ အင်အားကြီး မာရှယ်တွေနှင့် အဖွဲ့ချုပ်ဘက်က လူတွေကတော့ အငြိမ်နေလိမ့်မည် မဟုတ်ပေ။
အင်ပါယာနှင့်အဖွဲ့ချုပ် ပူးပေါင်းပွဲတွင် ပေါ်ပေါက်လာမှုက ပုံစံအမှန် ကို ထုတ်ဖော်ခံရလျှင်တောင် သူတို့က တစ်ခုခုကို လုပ်ဖို့ အကျိုးဆက်ကို စဥ်းစားကြရလိမ့်မည်။
ဒါက သူ့ကို ကာကွယ်ဖို့ အကောင်းဆုံးနှင့်အရိုးရှင်းဆုံး နည်းလမ်းပင်။
ကျွင်းချင်ယွီက မထူးမခြားပြောလိုက်သည်။
“ ကျွန်တော့ကို ဖုံးကွယ်ထားတာ ဒီတစ်ကြိမ် နောက်ဆုံးဖြစ်ပါစေ”
“ဘယ်လိုလဲ”
ငါးလေး၏ လေးလေးနက်နက် မျက်နှာကိုကြည့်ကာ ဖုယွမ်ချွမ်းက ကြောက်စရာကောင်းသည်ဟု မခံစားရဘဲ ချစ်စရာကောင်းသည်ဟု ခံစားရသည်။
သူ့လက်ချောင်းတွေကို ကွေးညွတ်ကာ ငါးလေး၏ ပါးကို ပွတ်ပြီး ပြုံးလိုက်ကာ
“ဘယ်လိုတောင် ရက်စက်တာလဲ”
ကျွင်းချင်ယွီက နှာခေါင်းရှုံ့လိုက်ပြီး ဘာမှ ပြန်မပြောပေ။
“လိမ္မာတယ်”
ဤသို့ဖြင့် အာဏာလွှဲပြောင်းမှုက ပြီးဆုံးသွားခဲ့သည်။
“နောက်တစ်ခါ ဒီလိုကိစ္စတွေဆို ကျွန်တော်နဲ့အရင် တိုင်ပင်ရမယ်”
“ကောင်းပြီ”
ကျွင်းချင်ယွီက ခဏ ရပ်သွားသည်။
ဒီပုံစံက နည်းနည်းရင်းနှီးနေသလိုပင်။ ကတိပေးတာကတော့ ရိုးသားပေမဲ့ ….။
ဖုယွမ်ချွမ်းထံ၌ သူ့ကိုယ်သူ ပြန် မြင်နေရသလိုပင်။
ကျွင်းချင်ယွီ ချောင်းအနည်းငယ်ဆိုးလိုက်ပြီး
“ခင်ဗျား ပြန်သွားတော့လေ အဖွဲ့ချုပ်ခေါင်းဆောင် စောင့်နေလိမ့်မယ်”
“အတူတူသွားကြမလား”
ကျွင်းချင်ယွီ သူနှင့်အတူသွားရန် စိတ်ကူးမရှိပေ။
“ခင်ဗျားတို့ ညီအကိုနှစ်ယောက် စကားပြောနေတာကို ကျွန်တော်က ဘာလိုက်လုပ်ရမှာတုန်း”
ရှီခိုင်ရှင်း က တံခါးရှေ့တွင် စောင့်နေ့ပြီး ဒီနေရာ၌ မှတ်တမ်းယူသည့်ကိရိယာများမရှိသည်မို့ ဖုံးကွယ်ပြောနေစရာမလိုပေ။
“ကျွန်တော် စစ်သင်္ဘောသွားပြီး စောင့်နေမယ်လေ”
သူက ဖုချင်းဟန်နှင့် မရင်းနှီးသလို လူမှုဆက်ဆံရေးလည်း မကောင်းပေ။
ရှီခိုင်ရှင်းကလည်း တံခါးဝမှာစောင့်နေသည်ကြောင့် ဖုယွမ်ချွမ်းက “ကောင်းပြီ ကိုယ် သိပ်မကြာပါဘူး”
ကျွင်းချင်ယွီ ခေါင်းမော့ပြီး ပါးပေါ်ကို ဖွဖွလေး နမ်းလိုက်သည်။
“ မစိုးရိမ်ပါနဲ့ ဖြည်းဖြည်းပြောကြပါ ဒါဆို သွားပြီနော်”
“အင်း”
………
စင်္ကြန်ဆုံးသည်နှင့် စစ်သင်္ဘောသို့ရောက်လေသည်။ စစ်ပွဲပြီးဆုံးပြီကြောင့် လူအနည်းငယ်သာကျန်ရှိခဲ့သည့်အပြင် ယနေ့က သဘောတူစာချုပ် ချုပ်ဆိုသည့် နေ့လည်းဖြစ်လေ၏။
ဖုယွမ်ချွမ်းကလီဂျီယန်ကို ယူဆောင်လာခဲ့သည်။ ဖုချင်းဟန်က ဘာမှမပြောပေမဲ့ သူ့တွင် အမြင်ကောင်းတော့ မရှိပေ။
ရှီခိုင်ရှင်းက သူ့နောက်မှ ပြေးလိုက်လာပြီး
“မဒမ် ကျွန်တော့ကိုစောင့်ပါဦး”
ကျွင်းချင်ယွီက သူ့ကို လှည့်ကြည့်လိုက်ပြီး အဓိပ္ပါယ်ပါပါ မေးခွန်းထုတ်လိုက်သည်။
“မင်း တံခါးမှာ စောင့်ကြပ်နေတာ မဟုတ်ဘူးလား”
“အရှင်က မဒမ့်အနားမှာ ဘယ်သူမှမရှိလို့ ကျွန်တော့်ကို လွှတ်လိုက်တာ”
ကျွင်းချင်ယွီက နားနေခန်းမှ လွဲပြီး အခြားနေရာ သွားရန် စိတ်ကူးမရှိပေ။
“ငါ ပြန်ပြီး နားတော့မှာ မင်း ဂရုစိုက်ပေးစရာ မလိုဘူး”
“အရှင်က မဒမ် ညစာစားပြီးတဲ့အထိ နေရမယ်တဲ့”
ကျွင်းချင်ယွီ “…”
သူ အခုလေးတင်မှ မနက်စာ စားပြီးတာလေ။
ဒါပေမယ့် အခုက တစ်နာရီတောင် ရှိနေပြီ။
ကျွင်းချင်ယွီ က ဘာမှ ပြန်မပြောသဖြင့် ရှီခိုင်ရှင်းက
“အရင်ဆုံး အခန်းကို ပြန်နှင့်လိုက်ပါလား ကျွန်တော် နေ့လည်စာယူပြီး လာပို့ပေးပါ့မယ်”
ဒီနေရာ၌ လူမရှိဘူးဆိုပေမဲ့ တစ်ယောက် နှစ်ယောက်တော့ ရှိနေသေးသည်။
အထူးလူဖြစ်နေလျှင်ပင် စားစရာကို ကန်တင်းမှ ကိုယ်တိုင်သွားယူရပေမည်။
ကျွင်းချင်ယွီ က ခဏလောက် တွေးလိုက်ပြီး
“ကောင်းပြီ ဖုယွမ်ချွမ်း ပြန်မရောက်ခင် ပို့ပေးလိုက်”
“ဟုတ်ကဲ့ပါ”
ရှီခိုင်ရှင်း က ကျွင်းချင်ယွီကို လိုက်ပို့ပြီးနောက် ထမင်းစားဆောင်သို့ ပြန်သွားခဲ့သည်။
ကျွင်းချင်ယွီက လက်ဖက်ရည်တစ်ခွက်နှင့်အတူ ထိုင်နေပြီး ဉာဏ်ရည်တုစက် မှ သတင်းများကို ကြည့်နေခဲ့သည်။
အင်ပါယာ၏ တိုက်ရိုက်ထုတ်လွှင့်မှုက သာမန်ပြည်သူများသည် သာမက မျိုးရိုးမြင့်များအတွက်ပါ အာရုံစိုက်စရာ ဖြစ်နေခဲ့၏။
မျိုးရိုးမြင့်တို့၏ အခွင့်အာဏာက လျော့နည်းသွားခဲ့ပြီး သူတို့က ကုန်သွယ်ရေးအတွက် ယခုအခြေအနေတွေကို စောင့်ကြည့်ဖို့ လိုအပ်လေသည်။
သူအာရုံစိုက်တာလည်း သဘာဝကျတာပဲလေ။
ဒီနေ့ သဘောတူစာချုပ်ချုပ်ဆိုမှုက ရှာဖွေမှု အမြင့်ဆုံးရောက်နေပြီး လူအားလုံးက ကွဲ ပြားစွာ ဆွေးနွေးနေကြသည်။
[အရင်က မာရှယ့်ဇနီးအဖြစ်ကနေ အခုတော့ ဧကရီ ဖြစ်သွားပြီ၊ အရှင့်ဘေးနားမှာ ထိုင်ပြီး လက်မှတ်ထိုးနေပြီလေ၊ အရှင်ကလည်း သူတို့ ဆက်ဆံရေးကို ဘယ်တုန်းကမှ ဖုံးကွယ်မထားခဲ့ဘူး၊ ဒါ သက်သက် သူတို့ချစ်ခင်မှုကို ပြနေပဲ မဟုတ်ဘူးလား…]
[မင်းတို့ ချစ်သူရတဲ့အခါကျ လက်ချင်းတွဲ ပြီး လျှောက်သွားကြလေ အဲ့လိုမှ မဖြစ်သေးရင် သူငယ်ချင်းတွေနဲ့ အခြားလူတွေ မြင်နိုင်အောင် ဓာတ်ပုံရိုက်ပြီး ပို့စ်တင်လိုက်]
[အရှင် ငါ ဒီနေ့ ပုံကို ကြည့်ပြီး အရှင်နဲ့အတူတူ နေခွင့်ပြုဖို့ ငါ့ကောင်လေးကို ပြောခဲ့တယ်"
[ဟားဟား မင်းတို့ အတွေးလွန်နေပြီ]
[ငါ ထင်တာက ဒီနေ့ အင်ပါယာရဲ့ အဓိကအကြောင်းအရင်းကို ပြောကြမယ်ထင်တာ မန့်တွေကို ကြည့်လိုက်တော့မှ……မင်းတို့ဆက်ပြောကြပါ ငါကြည့်နေနိုင်ပါသေးတယ်]
ကျွင်းချင်ယွီ “…..”
ဘယ်သူမှ အင်ပါယာရဲ့ အခွင့်အာဏာကို မပြောကြဘူးလား။
သူတို့နည်းနည်း လွဲနေသလိုပဲ။
အခြားကွန်မန့်တွေအားလုံးက လည်း ယခုရလဒ်ကို ပွင့်ပွင့်လင်းလင်း သဘောတူနေကြလေသည်။
ဖုယွမ်ချွမ်းနှင့် သူ ၏ အတူတူရှိလာသည့် တလျောက်လုံး အခြေအနေက ဒီလို ဖြစ်စေခဲ့တာဖြစ်လိမ့်မည်။
သူတို့ ပုံစံအမှန်က ဘယ်လိုပဲ ဖြစ်နေနေ သူတို့က လက်ခံပေးကြလိမ့်မလား။
သူကလည်း အာဏာကို မက်မောနေတာမဟုတ်ပေ။ သူတို့သာ တစ်ခုခု မကောင်းပြောခဲ့ပါက ဖုယွမ်ချွမ်း လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ သူ က ဖုယွမ်ချွမ်းကို ချက်ချင်း ပြန်လွဲပြောင်းပေးမည် ဖြစ်သည်။
အဓိက တိုက်ရိုက်ထုတ်လွတ်မှု မီဒီယာတွေနှင့် တရားဝင်အကောင့်တွေက သဘောတူညီမှု၏ ကောင်းကျိုးဆိုးကျိုးတွေကို ဝေဖန် ပြောဆိုနေခဲ့ ပြီး သူတို့၏ ေခါင်းစဥ်က မှန်ကန်နေခဲ့ပေမဲ့ အကြောင်းအရာတွေက တော့ ကောင်းကျိုးသာ ရှိသည်ဟု ပြောဆိုနေခဲ့ကြသည်။
အင်ပါယာသည် အဖွဲ့ချုပ်၏ လက်အောက်မှ လွတ်မြောက်ပြီး လွတ်လပ်သွားပြီဖြစ်ကာ အနာဂတ်တွင် အခြားအခွင့်အလမ်းများကိုလည်း ရရှိနိုင်လိမ့်မည်ဖြစ်ပြီး အသီးအရွက်ဖျော်ရည်သည်လည်း ပြည်သူ့စျေးကွက်သို့ ရောက်ရှိလာလိမ့်မည်။
ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းအပါအဝင် အဖွဲ့ချုပ်သည်လည်း သူတို့အထက်၌ မရှိတော့ပေ။ ရေသူပျိုးထောင်ရေးအခြေစိုက်စခန်း၏ အကာအကွယ်သည်လည်း လျော့နည်းသွားပြီဖြစ်သည်။
ရေသူတစ်ကောင်က အရွယ်ရောက်ရန် လိုအပ်သည်ဟု မပြောနိုင်ပေ။သို့ပေမယ့် ယခင်ကလို တူညီမည်မဟုတ်ဘဲ သာမန်ပြည်သူတွေကတော့ ဝယ်ယူနိုင်ရန် အခွင့်အရေးပင်ရှိမည် မဟုတ်ချေ။
ကျွင်းချင်ယွီ ခါးကို ဆန့်ထုတ်လိုက်သည်။ အရာအားလုံးက အကောင်းဘက်ကို ဦးတည်နေလေသည်။
ထိုခဏ တံခါးခေါက်သံကြောင့် ဖုယွမ်ချွမ်း ပြန်လာပြီ ထင်လိုက်သော်လည်း ရှီခိုင်ရှင်း၏အသံက ထွက်ပေါ်လာခဲ့သည်။
“မဒမ် နေ့လည်စာ အဆင်သင့်ဖြစ်ပါပြီ”
“မင်းအရင်…”
သူစကားပြောဖို့လုပ်သည့်အချိန်၌ ဉာဏ်ရည်တုစက်က တုန်ခါလာသည်။
ဖုယွမ်ချွမ်း : [ဒီမှာ တစ်ခုခုရှ်ိနေသေးလို့ ကိုယ့်ကို စောင့်မနေဘဲ မင်းအရင်စားနှင့်လိုက်နော်]
[ကောင်းပါပြီ]
သိပ်မကြာခင် ညစာစားချိန်ရောက်တော့မည်။
သူက တံခါးဖွင့်ပေးလိုက်သည်နှင့် ရှီခိုင်ရှင်းက တွန်းလှည်းကို တွန်းကာဝင်လာပြီး ပန်းကန်တွေကို စားပွဲပေါ်ချလိုက်သည်။
ဟင်းလျာအားလုံးက ဟင်းများဖြစ်နေပြီး တခါတရံ ဖုယွမ်ချွမ်းချက်ကျွေးသည့် ဟင်းလျာအချို့ပါ ပါဝင်၏။
အသီးဖျော်ရည်ကို တစ်လုပ်သောက်ကြည့်လိုက်ပြီးနောက် အရသာက တစ်ခုခုမှားနေသည်ကို ခံစားလိုက်ရသည်။
“ဝိုင်လား”
“မဟုတ်ပါဘူး အရက်နည်းနည်းပါဝင်တဲ့ အသီးဖျော်ရည်ပါ”
“ဆာကေး အမျိုးအစားပေမဲ့ သူက အရက် ပါဝင်မှု ပိုနည်းတယ်လေ”
(ဆာကေး =ဂျပန်အရက်တစ်မျိုး)
အရက်သောက်လေ့ရှိသည့်လူတွေအတွက်တော့ ဒါက ရိုးရိုးအသီးဖျော်ရည်သာသာပင်။
“အရသာ ဘယ်လိုနေလဲ”
ကျွင်းချင်ယွီ တငုံမျှသောက်ပြီး ခွက်ကို ချလိုက်ကာ
“အဆင်ပြေပါတယ်”
ဖျော်ရည်က စပျစ်သီးအရသာရှိပြီး အင်စတယ်လာမှာတော့ စပျစ်သီး က အရသာဆိုးသည့် အသီးတော့ မဟုတ်ပေ။
ခွက်ထဲရှိ ဖျော်ရည်က လှုပ်နေပြီး သူ့ပုံရိပ်ကို နှစ်ထပ်မြင်နေရ၏။
“အသီးဖျော်ရည်က မူးနိုင်လား”
“မမူးပါဘူး”
ရှီခိုင်ရှင်း က ခေါင်းရမ်းလိုက်သည်။
အသီးဖျော်ရည် တွင် အရက်ပါဝင်မှုက အလွန်နည်းရာ ဘယ်လောက်သောက်သောက် မူးမှာ မဟုတ်ပေ။
သို့သော် ကျွင်းချင်ယွီ၏ အနေအထားက အနည်းငယ်နှေးကွေးနေသည်ဟု ရှီခိုင်ရှင်း ခံစားရသည်။
သူအမြင်မှားသည်ဟု ထင်ပေမဲ့ ပိုပိုပြီး သေချာလာခဲ့သည်။ ရှီခိုင်ရှင်း ရုတ်တရက် ထိတ်လန့်လာသည်။
“မဒမ် ဒါမဟုတ် ကျွန်တော့ကို လက်ဖက်ရည်အရင်ထည့်ခွင့်ပြုပါလား မဒမ် အရက်မူးပြီး ကျွန်တော့ကို ရိုက်မှာကို ကြောက်ရတယ်”
ကျွင်းချင်ယွီ က သူ့ကို လှည့်ကြည့်လိုက်ပြီး သူ့အရက်သောက်နိုင်စွမ်းကို သက်သေပြလိုက်သည်။
Xxxxxx