အပိုင်း ၁၂၉
Viewers 16k

Chapter 129


ကော်ရစ်တာတွင် မည်သူမှ ရှိမနေကြပေ။ သတိပေးချက်မြည်လာသည်ကြောင့် အကုန်လုံးက ခန်းမထဲမှာ စုနေတာ ဖြစ်မည်။


ထိန်းချုပ်ခန်းထဲတွင် ရှီခိုင်ရှင်းက တိုက်ခိုက်ရန် ညွှန်ကြားလျက်ရှိနေပြီး အခြားပိုင်လော့တွေကလည်း သူ့နေရာနှင့်သူ ထိုင်နေကြသည်။


အပြင်ရှိ တိုက်ပွဲ ၏ ပုံရိပ်က စခရင်ကြီးကြီးပေါ်တွင် ပေါ်လာသည်။


ကျွင်းချင်ယွီက စခရင်ထက်မှ မက်ခါကိုကြည့်လိုက်သည်။


အဖွဲ့ချုပ်မှ မက်ခါပင်။


အဖွဲ့ချုပ်က သူတို့နောက်က လိုက်လာတာလား။


အပြင်မှလူတွေက အဓိကတိုက်ခိုက်ရေးသမားတွေဖြစ်သည်။


ယခင်စစ်ပွဲတွင် အဖွဲ့ချုပ်က ရှုံးနိမ့်ခဲ့ပြီး လူအနည်းသာကျန်ရှိခဲ့သည်။ ယခုကဲ့သို့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လျှင်ပင် အဆုံးသတ်ကောင်းမည်မဟုတ်ပေ။


သူတို့က လုံးဝ အသက်မရှင်ချင်တော့လို့ သက်သက် အသေလာခံကြတာလား။


ယွီကျစ်က စခရင်ပေါ်ကိုသာ အပြည့်အဝ အာရုံစိုက်ထားသည်။


ရှီခိုင်ရှင်းသည်သာ တစ်ယောက်ယောက် ဝင်လာကို သတိထားမိပြီး ခေါင်းလှည့်လာပြီး သူတို့ကို နှုတ်ဆက်လာ၏။


“အရှင်၊ အရှင်မ”


“အခြေအနေ ဘယ်လိုလဲ”


“ရန်သူက အဖွဲ့သေးသေးလေးတစ်ခုပါပဲ အခုအခြေအနေအရဆို ကျွန်တော်တို့ဘက်က ပိုသာပါ တယ်”


ရန်သူ့ဘက်က လူအရေအတွက် က သူတို့ထက်နည်းသည့်အပြင် စစ်သင်္ဘောတစ်ခုလုံးက ကာကွယ်ရေးစနစ်နှင့်တိုက်ခိုက်ရေးစနစ် ပါဝင်ပြီး ပတ်ပတ်လည်တွင် အစောင့်တွေလဲ ပါနေသေးသည်။


ယခုလို မက်ခါတွေနှင့် ဝင်လာသော်လည်း စစ်သင်္ဘောအနားကို ကပ်ဖို့ပင် အခွင့်အရေးမရှိနိုင်ချေ။


ကျွင်းချင်ယွီ မျက်ခုံးပင့်လိုက်သည်။


တကယ်ကြီး အသေလာခံတာလား။


ယခုလို စစ်သင်္ဘောကို လာတိုက်ခိုက်ပြီး ဘာကိုလိုချင်လို့လဲ။


ပုံထဲတွင် အဖွဲ့ချုပ်၏ မက်ခါများက ဤဘက်မှ မက်ခါများ၏ ဝိုင်းရံခြင်းကို ခံထားရသော်လည်း သူတို့က အရှုံးပေးခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်လျက် ရုန်းကန်နေကြသည်။


ကျွင်းချင်ယွီ နားမလည်နိုင်တော့ပေ။


“သူ တို့ ဘာလုပ်နေကြတာလဲ”


“ ပြန်ပြီး မသင့်မြတ်ချင်ဘူး”


ရှီခိုင်ရှင်း က ခလုတ်အချို့ကို နှိပ်လိုက်ပြီး ဆက်ပြောသည်။


“သူတို့ဂုဏ်သိက္ခာအတွက် သူတို့က လာပြီး တိုက်ခိုက်တာပဲ”


အရေးကြီးဆုံးအချက်က သူတို့က အဖွဲ့ချုပ် ကို ပြန်သွားလျှင်တောင် သေ သည်ထက်ဆိုးသည့် ဝမ်းနည်းဖွယ်ရာများကို ရင်ဆိုင်ရမည် ဖြစ်သည်။


သူတို့က အဖွဲ့ချုပ်၏ သသောတူစာချုပ်ကို လက်ခံလိုက်သည့်သတင်းကို ကြားပြီး သူတို့ကိုယ်သူတို့ လိမ်လည်နေကြသည့်ပုံပင်။


သူတို့တွင် နောက်ကြောင်းပြန်လှည့်စရာ အကြောင်း မရှိတော့ပေ။


အဖွဲ့ချုပ်၏ မက်ခါများသည် ဝိုင်းခံနေရသည်။


ရှီခိုင်ရှင်းက သတိပေးချက်ထုတ်လိုက်ပြီး အနီရောင်ခလုတ်ကို ဖိလိုက်သည်။


ရှီခိုင်ရှင်း ဘာကို ပြုလုပ်လိုက်သည်ကို အတိအကျ မကြည့်လိုက်နိုင်မှီ ကျွင်းချင်ယွီက စခရင်ကို မော့ကြည့်လိုက်သည်။


အဖွဲ့ချုပ်၏ မက်ခါထိန်းချုပ်သည့်နေရာ က ရုတ်တရက် ပွင့်ဟလာပြီး ထိန်းချုပ်သူ၏ ပြုံးရယ်နေသည့်မျက်နှာက ပေါ်ထွက်လာခဲ့သည်။


ထိုသူသည် အနီရောင်အလင်းများနှင့်အတူ မျက်စိကျိန်းစရာကောင်းလှသည်။


ထိုအခိုက် ကျွင်းချင်ယွီ၏ မျက်လုံးများက နက်မှောင်သွားရ၏။


ထိုသူ၏ အသက်ရှူသံကို ရင်းနှီနေကြောင်း သူသတိထားမိပါ၏။


သူ့မျက်လုံးကို ဖုံးအုပ်ထားသည့် လက်ကို သူ့လက်ချောင်းတွေနှင့်ထိလိုက်ပြီး မျက်တောင်တွေကို တုန်လှုပ်စွာ ခတ်မိလျက် မေးလိုက်သည်။


“ဘာဖြစ်လို့လဲ”


သေးသွယ်သည့်မျက်တောင်တွေက သူ့လက်ဖဝါးကို ပွတ်တိုက်သွားသည်။ ဖုယွမ်ချွမ်းက နူးနူးညံ့ညံ့ ဆိုလိုက်သည်။


“မျက်လုံးမှိတ်ထား”


ကျွင်းချင်ယွီက လိမ်လိမ်မာမာဖြင့် နာခံခဲ့သည်။


ထို့နောက် ဖုယွမ်ချွမ်း၏လက်က သူ့နားတွေကို ဖုံးအုပ်လာ၏။


“ဘုံး”


ကျယ်လောင်သည့်အသံနှင့်အတူ စစ်သင်္ဘောက ပြင်းပြင်းထန်ထန် လှုပ်ခါသွားသည်။


ဖြစ်ပျက်သွားသည်ကို သတိထားမိသွားပြီး ကျွင်းချင်ယွီက သူ့မျက်လုံးတွေကို ပိတ်ထားလိုက်တော့သည်။


ခဏကြာပြီးနောက် ဖုယွမ်ချွမ်း၏ လက်တွေက သူ့ဆီမှ ဖယ်ရှားသွားပြီး “အဆင်ပြေပြီ မင်းမျက်လုံးတွေကို ဖွင့်လိုက်တော့”


သူ့မျက်လုံးတွေကို ဖွင့်ပြီးသည်နှင့် ကျွင်းချင်ယွီက စခရင်ကို ကြည့်လိုက်ရာ သူတို့ရှေ့တွင် တားဆီးနေသည့် မက်ခါများက ပျောက်ဆုံးသွားခဲ့ပြီး အလင်းရောင်တစ်စက်မှပင် မရှိတော့ဘဲ အာလုံးက မှောင်အတိကျနေ၏။


တစ်ချိန်တည်းမှာပင် စခရင်၏ ဘယ်ဘက်ထောင့်ရှိခလုတ်က ပင်မစခရင်ကို ပြန်ရောက်သွားသည်ကို ပြသနေသည်။


ယင်းက အပြတ်အသတ် နိုင်သွားသည်ကို ဖော်ပြနေတာပင်။


စစ်သင်္ဘောတွင် ပြင်းထန်သည့် ဖျက်ဆီးရေးလက်နက် မရှ်ိလျှင်ပင် ရန်သူ က ရန်သူအဆင့် မဟုတ်ပေ။


ကျွင်းချင်ယွီ သူ့မျက်လုံးတွေကို မှေးကျဥ်းလျက် တွေးမိသည်။


ဒါကြီးက မြန်မြန်ကြီး အဆုံးသတ်သွားပြီးတော့ အရမ်းကို လွယ်ကူလွန်းနေသည်။


“ပြီးသွားပြီပေါ့”


ရှီခိုင်ရှင်းက တိုးညင်းစွာပြောလာ၏။


“သူတို့ကိုယ်သူတို့ ဖောက်ခွဲလိုက်ကြတာ”


ကိုယ့်ကိုယ်ကို ဖောက်ခွဲသည်က နောက်ဆုံး တိုက်ကွက်ဖြစ်ပြီး သူတို့က တိုက်ခိုက်မှုကြားတွင် ဖောက်ခွဲသည်ကို ရွေးချယ်ခဲ့ကြခြင်းပင်။


“သူတို့မျက်နှာကို ကြည့်လို့ရလား”


ရှီခိုင်ရှင်း က ဗွီဒီယိုဖိုင်ကို ဖွင့်ပြလာသည်။ မက်ခါအားလုံးက ပွင့်သွားပြီးနောက် အထဲရှိ လူအားလုံး၏ မျက်နှာအမူယာမှာ ပြုံးလျက်ရှိနေကြပြီး သူတို့ သေဆုံးမည်ကို ဆုံးဖြတ်ထားပြီးသည့်ပုံပင်။


ကျွင်းချင်ယွီက တိုးညင်းစွာပြောလိုက်သည်။


“သူတို့အိုင်ဒီကို စစ်ဆေးဖို့ အဖွဲ့ချုပ် ခေါင်းဆောင်ဆီ ပို့ပေးလိုက်”


“ဟုတ်ကဲ့”


ဖုယွမ်ချွမ်း က ကျွင်းချင်ယွီ ၏ ဆံပင်ရှည်တွေကို ထိုးဖွ နေပြီး သူ့စီရင်ချက်ကို ဘာမှ ဝင်မပြောခဲ့ဘဲ ကျွင်းချင်ယွီကို ဆုံးဖြတ်ချက် ချစေခဲ့သည်။


အဖွဲ့ချုပ်မှ သတင်းက နှောင့်နှေးနိုင်ပြီး ဘယ်အချိန်မှ ပြန်ပို့မည်လဲ မသိသည့်အပြင် ဒီနေရာ၌ ရပ်၍ စောင့်မနေချင်သောကြောင့် သူတို့နှစ်ယောက်လုံးက ဧည့်ခန်းသို့ ပြန်ခဲ့လိုက်၏။


ကြယ်တာရာ၏သေးငယ်သည့်တိုက်ပွဲကို နှစ်နာရီခန့် ကြည့်ပြီးနောက် ကျွင်းချင်ယွီ၏ လည်ချောင်းက ပို၍ နာကျင်လာပြီး ခန္ဓာကိုယ်အပူချိန်ကတော့ ပုံမှန်ရေသူတစ်ကောင်၏ အပူချိန်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။


ကျွင်းချင်ယွီက ရေနွေးတစ်ခွက်ကို ထည့်လိုက်ပြီး သောက်လိုက်ပြီး ဖုယွမ်ချွမ်းက အသားခြောက်ပန်းကန်ကို ဖယ်ရှားလိုက်သည်။


လည်ချောင်းနာနေတော့ အချိန်တစ်ခုထိ အသားခြောက် စားလို့မရနိုင်ပေ။


ကျွင်းချင်ယွီက ဉာဏ်ရည်တုစက်ကို ကြည့်နေပြီး ဖျော်ဖြေရေးသတင်း အချို့ကို ဖတ်ပြီးနောက် ရုတ်တရက်ကြီး သတိရလာကာ မေးလိုက်သည်။


“ပြန်ရောက်သွားရင် နန်းတက်ပွဲ ကျင်းပမှာလား”


(နန်းတက်ပွဲလို့ပဲ သုံးလိုက်တယ်နော်)


မထင်မှတ်ထားသည့် စစ်ပွဲကြောင့် ဖုယွမ်ချွမ်းက နန်းတက်ပွဲကို မကျင်းပရသေးပေ။ သူ က အင်ပါယာ၏ ဧကရာဇ်တစ်ပါး ဖြစ်သည်။


ယခုတော့ အားလုံးဖြေရှင်းပြီသွားပြီ ဖြစ်ရာ မပြုလုပ်ရသေးသည့်အရာများကို ပြုလုပ်ချိန် ရောက်ပြီ။


ဖုယွမ်ချွမ်းက ပြန်၍ အဖြေမပေးဘဲ မေးခွန်းထုတ်လာသည်။


“မင်း လုပ်ချင်လို့လား”


နန်းတက်ပွဲ မကျင်းပလျှင်တောင် ဘယ်သူမှ ဘာမှ မပြောရဲကြပေ။ သူ့စကားတစ်ခွန်းတိုင်းက အမိန့်ပင်ဖြစ်သည်။


ထို့အပြင် နန်းတက်ပွဲက ပွဲအစမှအဆုံး ရှည်လျား နှေးကွေးလှပြီး ရှောင်ယွီက ပွဲတစ်ခုလုံးပြီးဆုံးအောင် မဆင်နွှဲချင်တော့ဘဲ ပျင်းရိသွားလျှင်ရော။ သူ့အတွက်က ကျင်းပသည်ဖြစ်စေ မကျင်းပသည်ဖြစ်စေ ကိစ္စမရှိချေ။


 ကျွင်းချင်ယွီက ပြောလိုက်သည်။


“ဒါပေါ့ သေချာပေါက်လုပ်ရမှာပေါ့”


ထိုပွဲကို မပြုလုပ်လျှင် တစ်ခုခု လိုအပ်နေသလို ဖြစ်နေပြီး အခြားဧကရာဇ်တွေ လက်ထက်တွင် ရှိသည့်အရာကို ဖုယွမ်ချွမ်းမှာလည်း ရှိရမည်။


“ဒါဆို လုပ်မယ်လေ”


ဖုယွမ်ချွမ်းက ခဏလောက် စဥ်းစားနေခဲ့ပြီးနောက် ထပ်မေးလိုက်ပြန်သည်။


“အဲ့ပွဲနဲ့အတူ ဧကရာရီ တင်မြှောက်ပွဲရော လက်ထပ်ပွဲရော အတူတူပေါင်းလုပ်မလား”


ရှေ့တစ်ခုက ကိစ္စမရှိပေမဲ့ နောက်တစ်ခုကတော့…။


ကျွင်းချင်ယွီ မျက်ခုံးပင့်ကာ ပြောလိုက်သည်။


“ခင်ဗျားက ကျွန်တော့ကို လက်ထပ်ခွင့်တောင်မတောင်းရသေးဘူး လက်ထပ်ပွဲလုပ်ချင်နေတယ်ပေါ့”


သေးငယ်သည့်ငါးလေးကို ကြည့်လျက် ဖုယွမ်ချွမ်း၏ မျက်လုံးတွေက အပြုံးတွေဖြင့် ပြည့်နှက်နေခဲ့သည်။ သူတို့က မှတ်ပုံတင်ထားပြီးသားဆိုသည်ကိုတော့ သူ ထုတ်မပြောတော့ဘဲ ရှောင်ယွီ၏ စကားကို အလိုက်တသင့် တုန့်ပြန်လိုက်သည်။


“အခု လက်ထပ်ခွင့်တောင်းဖို့ အချိန်ရောက်ပြီလား”


သူက စနောက်နေတာ အသိသာကြီးကို။ ဖုယွမ်ချွမ်းက ပူးပေါင်းလာသည်ကို ကြည့်၍ ဘာပြောရမှန်းမသိတော့ပေ။


ထို့နောက်သူ့ရှေ့တွင် ဖုယွမ်ချွမ်း က ဒူးတစ်ဖက်ထောက်ကာ ထိုင်ချ လိုက်ကို တွေ့ရလိုက်၏။


“ခဏ ခဏလေး ကျွန်တော်က စနေတာလေ”


ဖုယွမ်ချွမ်းက သူပြင်ဆင်ထားသည့် လက်စွပ်ကို ထုတ်ယူလိုက်ပြီး


“ကိုယ်က အတည်ပြောနေတာ”


ဘူးထဲတွင် စိန်တစ်ပွင့်ဖြင့် ရိုးရှင်းသည့် လက်စွပ်တစ်ကွင်းရှိနေသည်။


ကျွင်းချင်ယွီ ဖုယွမ်ချွမ်းကို လိုက်မမှီတော့ချေ။


“ခင်ဗျား ဘယ်တုန်းက ဝယ်လိုက်တာလဲ”


“သိပ်မကြာခင်က”


ဖုယွမ်ချွမ်းက ရှောက်ယွီ၏ လက်ကို ဆုပ်ကိုက်လျက် လက်စွပ်ကို ဖြေးညင်းစွာ စွပ်ပေးလာသည်။


ရှောင်ယွီ၏ လက်ချောင်များက ပိန်ပြီး ဖြူဖွေးသွယ်လျလှ၏။


ငွေရောင်လက်စွပ်လေးကလည်း လှပေန၏။ စိန်ပွင့်သေးသေးလေးကလည်း ရှောင်ယွီ၏ လက်ကလေးနှင့် လိုက်ဖက်လှသည်။


ဖုယွမ်ချွမ်းက သူ့လက်ချောင်း နမ်းလိုက်ပြီး


“ကြိုက်လား”


“ကျွန်တော် ကြိုက်ပါတယ်”


အရင်က လက်စွပ်တို့ နာရီတို့ကို ဝတ်လျှင် အကြောင်းအရင်းအချို့ကြောင့် အမှားအယွင်းဖြစ်သည်ကို မှတ်မိပါသေး၏။ သေသေချာချာ ဂရုမစိုက်လိုက်သည်နှင့် သေသွားနိုင်ခဲ့သည်။ထို့ကြောင့် ထိုကဲ့သို့ အရာမျိုးတွေကို သူ မျက်စိထဲမထည့်ခဲ့တော့ပေ။ သို့သော် သူ ရေသူဖြစ်ပြီးနောက်ပိုင်း ဖုယွမ်ချွမ်း က သူ့အတွက် သေးငယ်သည့် အရာများကို အလှဆင်ပေးလာခဲ့သည်။


ဖုယွမ်ချွမ်းက လက်စွပ်ဘူးကို ဘေးတွင်ထားလိုက်ပြီး အနက်ရောင်ဘူးပျော့လေးကို သူ့လက်ထဲထည့်ပေးလာသည်။


ဘူးကို ဖွင့်ကြည့်လိုက်သည့်အခါတွင် သူ့လက်စွပ်နှင့်တူညီသည့် လက်စွပ်တစ်ကွင်းကိုတွေ့ရလိုက်ပြီး သူ့လိုမျိုး စိန်ဖြင့် အလှဆင်ထားသည်တော့မဟုတ်ဘဲ ပုလဲလုံးတွေဖြင့် စီခြယ်ထားသည်။


“ဒါက လက်စွပ်အစစ်လား”


လက်စွပ်တွေက တူညီသင့်သည်ဟု ခံစားရသည်။


“ပုလဲတွေကို ဘယ်လိုသုံးလိုက်တာလဲ”


“မရင်းနှီးဘူးလား”


“…….”


ရင်းနှီးသည်ဟု မခံစားရသော်လည်း ဖုယွမ်ချွမ်းက ပြောနေသည်ဆိုတော့လဲ။


လက်စွပ်ကို ယူလိုက်ပြီး ပုလဲပေါ်ကို လက်ချောင်းတွေနှင့်ပွတ်သပ်လိုက်သည့်နောက် ရင်းနှီးသည့်အငွေ့အသက်အရှိန်အဝါကို ခံစားလိုက်ရသည်။


“……”


ကျွင်းချင်ယွီ၏ မျက်နှာက ချက်ချင်း နီရဲသွားပြီး လက်စွပ်ကို ဆုပ်ကိုင်ထားလျက် ဘာဆက်ပြောရမှန်းမသိတော့ပေ။


“ခင်ဗျား….အော်ဒါမှာလိုက်တာလား”


(ပညာရှင်တစ်ယောက်ကို လုပ်ခိုင်းထားတာလားလို့ မေးတာပါ)


“ကိုယ်ကိုယ်တိုင် လုပ်ထားတာပါ ဒီလိုမျိုး အရေးကြီးတဲ့အရာကို အခြားလူလက်ကို ဘယ်လိုလုပ်ပြီး ထည့်နိုင်ပါ့မလဲ”


လက်စွပ်ကို ဘေးဖယ်ထားပါဦး။ ရှောင်ယွီ၏ ပုလဲကို သူကလွဲပြီး အခြားလူတွေ ထိကိုင်ဖို့ သူခွင့်မပြုနိုင်ဘူး။


ကျွင်းချင်ယွီ၏ မျက်လုံးတွေက တွန့်ချိုးသွားပြီး လက်စွပ်ကို ဖုယွမ်ချွမ်း၏လက်၌ စွပ်ပေးလိုက်သည်။


“ကောင်းပြီ”


သူ့လက်ချောင်းပေါ်တွင် နေရာယူထားသည့် လက်စွပ်နှင့်ဆင်တူပြီး အလွန် ဆွဲဆောင်မှုရှိလှ၏။


ဖုယွမ်ချွမ်းသည် မတ်တပ်ရပ်လိုက်ကာ ရှောင်ယွီကို ဖက်လိုက်ပြီးနောက် ဆိုဖာပေါ်ထိုင်လိုက်သည်။


ကျွင်းချင်ယွီက သူ့လက်မောင်းကြားတွင် မှီနေလျက် မျက်လုံးတွေက လက်စွပ်အပေါ်ကို သာ ကပ်တွယ်နေသည်။


“ခင်ဗျား အရင်က လက်မှုပညာ တတ်တာလား”


ဒါက သာမန် ရိုးရှင်းသည့် အဝိုင်းလေးဖြစ်သော်လည်း အသေးစိတ်အရောင်တင်တာကတော့ မလွယ်ကူနိုင်ပေ။


“ဟင့်အင်း ကိုယ်အခု သင်ယူနေပြီလေ”


ဖုယွမ်ချွမ်း က ထိုကဲ့သို့အရာမျိုးတွေနှင့် ထိတွေ့မှု နည်းလှ၏။


“ကိုယ်အခြားဟာတွေလဲ လုပ်ထားသေးတယ် အိမ်ပြန်ရောက်ရင် ကိုယ်မင်းကို ပြမယ်”


ကျွင်းချင်ယွီ က သူ့လည်ပင်းကို ရစ်ပတ်လိုက်ကာ


“ကောင်းပြီ”


,……………….


စစ်သင်္ဘောက ရပ်နားရန် နေရာ၌ ရပ်တန့်သွားခဲ့ပြီးနောက် ရှီခိုင်ရှင်းက ဦးဆောင်လျက် အခြားဗိုလ်ချုပ်များနှင့်အတူ လှေကား၏ တစ်ဖက်တစ်ချက်တွင် မတ်တပ်ရပ်နေခဲ့ကြသည်။


ဖုယွမ်ချွမ်းနှင့် ကျွင်းချင်ယွီ တို့နှစ်ယောက် ဆင်းလာသည်နှင့်တပြိုင်နက် သူတို့အားလုံးက အလေးပြုလိုက်ကြသည်။


ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ၏ ရှေ့မှ နေပြီး ကျွင်းချင်ယွီ၏လက်ကို ကိုင်လျက် လမ်းပြပေးနေခဲ့၏။ 


အင်ပါယာစစ်တပ်သည် မျိုးရိုးမြင့်တို့အား တားဆီးကာ ဝန်းရံလျက်ရှိနေသည်။


သူတို့က ဖုယွမ်ချွမ်းကို ဆင်းလာသည်ကို မြင်သည်နှင့် လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး ပါးစပ်ပိတ်ကာ အလေးပြုခဲ့ကြပြီး ကျန်ရှိနေခဲ့သည့်မာရှယ်များ ကလည်း တပြိုင်နက်တည်း အလေးပြုလိုက်ကြ၏။


“အင်ပါယာအရှင် နဲ့အရှင့်ကို ဝမ်းမြောက်စွာ ဂုဏ်ပြုပါတယ်”


မာရှယ်နှင့်မျိုးရိုးမြင့်တွေ အားလုံးက ကျယ်လောင်စွာ ဂုဏ်ပြုလိုက်ကြသည်။


လျှောက်လမ်း၏အဆုံးတွင်ရှိသည်မှာ အင်ပါယာနန်းတော်ဖြစ်ပြီး ကျွင်းချင်ယွီက ထိုနေရာ၌ လောလောဆယ် မနေချင်သေးသည်ကြောင့် ဖုယွမ်ချွမ်း၏လက်ကို ဆုပ်ကိုင်လျက် ခေါင်းရမ်းပြလိုက်သည်။


ဖုယွမ်ချွမ်းက သူ့လက်ကိုဖျစ်ညှစ်လာပြီး သူ့လက်ဖဝါးကို လက်ချောင်းတွေနှင့် ထိတွေ့လာ၏။


ကျွင်းချင်ယွီက လက်တွေကို အလိုအလျောက် ကွေးမိသွားသည်။


သူတို့က တဖြည်းဖြည်းလျှောက်သွားလေလေ ဂုဏ်ပြုသံများက တိုးညင်းလာလေလေပင်


Xxxxxx