Chapter 130
ကျွင်းချင်ယွီ က ခဏလောက်တွေးပြီးနောက် တိုးတိုးလေးရေရွတ်လိုက်သည်။
“ကျွန်တော်တို့ ဘာကို သွားကြမလဲ”
“အိမ်ကိုလေ”
“အင်ပါယာနန်းတော်လား”
သူရှေ့က နန်းတော်ကို ကြည့်ပြီး ကျွင်းချင်ယွီက အမှန်တကယ် ဝင်သွားချင်စိတ်မရှိပေ။ မာရှယ်နှင့်မျိုးရိုးမြင့်များသာ လာမကြိုခဲ့ပါက သူတို့က စစ်သင်္ဘောက ဆင်းပြီးသည်နှင့် အိမ်ကို ချက်ချင်းပြန်သွားမှာပင်။
“ မဟုတ်ပါဘူး ကိုယ်တို့ရဲ့ အိမ်ကိုလေ”
“အာ”
နန်းတော်၏ ဂိတ်ပေါက်က ပွင့်သွားပြီး အလယ်၌ ကားပျံက ရပ်တန့်လျက်ရှိနေသည်။
ဖုယွမ်ချွမ်းက ငါးလေးကို ဖက်ကာ ထိုင်လိုက်ပြီး ကားပျံကို အိမ်သို့ ဦးတည် မောင်းနှင်လိုက်တော့သည်။
အိမ်ပြန်ရောက်ပြီးနောက် ကျွင်းချင်ယွီက ရင်းနှီးနေသည့်အပြင်အဆင်ကို ကြည့်ပြီး မတုန့်ပြန်နိုင်ဖြစ်သွားရသည်။
ဆိုဖာပေါ်ထိုင်ပြီးမှ ရုတ်တရက်ကြီး အားလုံးပြီးဆုံးသွားသည်ကို ခံစားမိသွား၏။
ဖုယွမ်ချွမ်းက ဖျော်ရည် နှစ်ခွက်ကို ကိုင်ပြီး မီးဖိုချောင်မှ ထွက်လာသည်။
“ ပျော်လား”
“အင်း”
အရာအားလုံးက သူတို့ ထိန်းချုပ်မှုအောက်တွင်ရှိနေပြီး ကောင်းသည့်ဘက်ကို ဦးတည်နေလေသည်။
ကျွင်းချင်ယွီက ဖျော်ရည်ကို သောက်လိုက်သည်။ ဖျော်ရည်၏ ထိပ်တွင် တင်ထားသည့် ခရင်က မြန်မြန်ပဲ ပျော်ဝင်သွားခဲ့ပြီး အလွှာပါးလေးပေါ်လာသည်။ သူ့နှုတ်ခမ်းကို ဝိုက်ပြီးပေသွားမှာ အတိအကျပင်။
ဖုယွမ်ချွမ်း ထိုက်လိုက်သည်နှင့် ချက်ချင်း ကျွင်းချင်ယွီက ပေကျံနေသည့် နုတ်ခမ်းဖြင့် ဖုယွမ်ချွမ်းအားနမ်းလိုက်သည်။
ဖုယွမ်ချွမ်းက သူ့ကို တိတ်ဆိတ်စွာကြည့်နေခဲ့သည်။
ကျွင်းချင်ယွီ မျက်လုံးတွေကို တွန့်ကွေးလိုက်ပြီး ထွက်ပြေးရန်ပြင်လိုက်သော်လည်း ဖုယွမ်ချွမ်းက သူ့ခါးကို ဖက်တွယ်လာပြီး သူ့ကို ခြေထောက်တွေပေါ် တင်လိုက်သည်။ (ပေါင်ပေါ်တင်တာကိုပြောတာပါ)
လက်ထဲက ဖျော်ရည်ခွက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လျက်
“ခဏလေး… ဖျော်ရည်…ဂရုစိုက်ဦး… .မဖိတ်စေနဲ့”
ဖုယွမ်ချွမ်းက လက်ထဲက ဖျော်ရည်ကို သောက်လိုက်သည်။
“ဒါက…အမ်”
သူ့စကားကို ပြီးဆုံးအောင် မစောင့်တော့ဘဲ သူ့ကိုနမ်းလာသည်။
ဤနည်းဖြင့် ဖျော်ရည်အားလုံး ကုန်သွားခဲ့သည်။
ကျွင်းချင်ယွီ ၏ နှုတ်ခမ်းတွေ ထုံကျင်သွားပြီး သူ့ရှေ့က အမူအယာကင်းမဲ့နေသည့် ဖုယွမ်ချွမ်းကို ကြည့်ကာ နာခေါင်းရှုံ့လိုက်ပြီး ရှေ့တိုးကာ ကိုက်လိုက်သည်။
“ခင်ဗျား ကြမ်းကြမ်းတမ်းတမ်းနမ်းလိုက်တယ်”
“နောက်တစ်ခါဆို ညင်သာပါ့မယ်”
သူ ဧည့်ခန်းထဲတွင် ရှောင်ယွီနှင့် အချိန်အချို့ ဖြုန်းပြီးနောက် ချက်ပြုတ်ရန် မီးဖိုချောင်သို့ ဝင်သွားလိုက်သည်။
အိမ်များတွင် စက်ရုပ်များကို အသုံးပြုလေ့ရှိသော်လည်း ဖုယွမ်ချွမ်း က အလေ့အကျင့် မရှိပေ။ ထို့ပြင် စက်ရုပ်တွေက ဉာဏ်ရည်မြင့်မားပေမဲ့ လူသားတွေမဟုတ်ချေ။ သန့်ရှင်းရေးအတွက် စက်ရုပ်အနည်းငယ်ဆို လုံလောက်ပြီဖြစ်သည်။
နောက်ပြီး သူက အိမ်မှာ ရှောင်ယွီနှင့်နှစ်ယောက်တည်း အတူတူနေချင်တာဖြစ်သည်။
ချက်ပြုတ်တာကတော့ ရှောင်ယွီနှင့်သူ ပြုလုပ်နိုင်၏။
ကျွင်းချင်ယွီက ရေခဲသေတ္တာထဲက ခရမ်းချဥ်သီးကို ယူပြီးကိုက်စားလိုက်သည်။
အရသာက ကောင်းမွန်ပေမယ့် နေရာလွတ်ထဲက ခရမ်းချဥ်သီးလောက်တော့ မကောင်းပေ။
သူက ခရမ်းချဉ်သီးကို ဖုယွမ်ချွမ်းကိုလည်း ခွံ့ကျွေးလိုက်သည်။
“အသီးအရွက်တွေက စျေးထဲရောက်နေပြီလား”
“အင်း”
ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုက အကန့်အသတ်ရှိပြီး စျေးကွက်ထဲရောက်လျှင်တောင် သာမန်ပြည်သူတွေက သူတို့လစာဖြင့် ဝယ်စားနိုင်မည်မဟုတ်ပေ။
အခြေအနေက ယခင် အင်ပါယာနှင့် ခြားနားခြင်းမရှိချေ။
ဖုယွမ်ချွမ်းက သူ့ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုတွင် ရင်းနှီးမှုမလုပ်ခင်တည်းက ဂြိုလ်၏ အသီးအရွက် ထုတ်လုပ်မှုက ကျယ်ပြန့်နေပြီ ဖြစ်ပြီး ပမာဏများစေရန်နှင့် စျေးနှုန်းသက်သာစေရန် သူက အင်ပါယာမှ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်တို့ဖြင့် ရောနှောခဲ့သေးသည်။
စျေးနှုန်းသက်သာစေရန်ဆိုသော်ငြား ပြည်သူတွေအတွက် ပုံမှန်တစ်လစာဖြင့် မလုံလောက်ပေ။
ထို့ပြင် အရည်အသွေး ကောင်းလေ စျေးပိုမြင့်လေပင်။
ကျွင်းချင်ယွီ က နောက်ဆုံးတစ်ကိုက်ကိုကိုက်လိုက်ပြီးနောက် ကျန်နေသည့်အစိတ်အပိုင်းအား ဖုယွမ်ချွမ်းကို ကျွေးလိုက်သည်။
ဖုယွမ်ချွမ်းက ရှောင်ယွီတစ်ယောက် အသီးအရွက်များကို စားလေ့ရှိသည်ကို သိထားပြီးဖြစ်ပြီး သူက ခရမ်းချဉ်သီး ကို ပါးစပ်ထဲထည့်ပြီးနောက် အသားကို လှီးဖြတ်လိုက်ကာ ရှောင်ယွီကို ကျွေးလိုက်သည်။
“ရခေဲသတ်ေတာထဲက ငါး ယူလိုကျပါဦး”
ကျွင်းချင်ယွီ က အသားကို စားပြီးနောက် ခေါင်းကိုမော့ကာ
“အလုပ်ကြိုးစားတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ဖုယွမ်ချွမ်းက တဖက်လှည့်လာပြီး သူ့ကို နှစ်ကြိမ်နမ်းလိုက်သည်။
“နှစ်ခု ယူလိုက်”
“ကောင်းပြီ”
ကျွင်းချင်ယွီက သန့်ရှင်းပြီး အကောင်ကြီးမားသည့် ငါးနှစ်ကောင်ကို ယူ၍ ပန်းကန်ထဲထည့်လိုက်သည်။
ဤငါး၏အရသာက ဆယ်လမွန်ငါးနှင့်တူပြီး နည်းနည်းချင်းစားလေ အရသာပိုကောင်းလေ ဖြစ်သည်။
ဖုယွမ်ချွမ်းက ငါးကို လှီးဖြတ်ပေးနေပြီး ကျွင်းချင်ယွီက နေရာလွတ်ထဲမှ အသီးအရွက်ကို ထုတ်လိုက်ပြီး ဆလပ်ရွက် အနည်းငယ်ကိုလည်း ထည့်လိုက်သည်။
အရသာက ပိုကောင်းလာပြီး ခန္ဓာကိုယ်အတွက်လည်း ကောင်းလှ၏။
ဖုယွမ်ချွမ်းက အလုပ်ရှုပ်နေသည့်ငါးလေးကို ကြည့်ပြီး ပြုံးမိသည်။
ထိုငါးလေးက အပြင်မှာထက်စာရင် အိမ်မှာက ပိုပြီး တက်တက်ကြွကြွဖြစ်နေသည်။
လက်ထဲက တူကို ချလိုက်ပြီးနောက် ဖုယွမ်ချွမ်းက
“လာနမ်းပါဦး”
“ဟမ်”
ဒါကို ကြားတော့ ကျွင်းချင်ယွီက အပြေးသွားကာ နမ်းလိုက်ပြီး နေရာသို့ပြန်လာခဲ့သည်။
ဖုယွမ်ချွမ်းက အနည်းငယ်ရယ်မောလိုက်ပြီးနောက်
“စားတော့”
“ကောင်းပြီ”
သူတို့အိမ်သို့ရောက်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်သည့် အစားစာတွေကို ပြင်ဆင် စားသောက်ခဲ့ကြသည်။
စားနေသည့်အချိန်တွင်း ဖုယွမ်ချွမ်းက ဉာဏ်ရည်တုစက်ကို ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်သည်။
ကျွင်းချင်ယွီက တစ်ခုခုမှားနေသည်ကို သတိမိသွားကာ
“ဘာဖြစ်လို့လဲ”
သတင်းကို ကြည့်လိုက်ပြီးနောက် ဖုယွမ်ချွမ်းက ရှောင်ယွီကို ကြက်တောင်ပံတစ်ခုကို ထည့်ပေးလိုက်သည်။
“ဟိုလူတွေရဲ့ အိုင်ဒီကို သိရပြီ”
ကျွင်းချင်ယွီက ကြက်တောင်ပံကို ကိုက်လိုက်ပြီး
“မှားနေလို့လား”
ဖုယွမ်ချွမ်းက ခေါင်းကို ရမ်းကာ ပြောလာသည်။
“သူတို့တွေက ဓာတ်ခွဲခန်းကပဲ ပြီးတော့ စမ်းသပ်ချက် ဒေတာနည်းနည်းပဲရှိတယ် ဓာတ်ခွဲခန်းကို ရောက်မလာခင် အထောက်အထား တွေထဲမှာ နာမည်ကလွဲပြီး အားလုံးက ဖျက်ဆီးခံထားရတယ်”
ကျွင်းချင်ယွီ အနည်းငယ် အံ့သြ သွားရသည်။
“သူတို့အမှန်တကယ်ကြီး ရှိနေတာပဲ”
ယခင် စက်ရုပ်များကို ဓာတ်ခွဲခန်းထဲတွင် ထိန်းသိမ်းထားသည်ကို ကျွင်းချင်ယွီ တွေးလိုက်မိ၏။
သူနောက်ဆုံးတွေ့ခဲ့သည့် စက်ရုပ်များက အခြားစက်ရုပ်များနှင့် ခြားနားပြီး နောက်ဆုံးထုတ်လုပ်သည့် စက်ရုပ်များ ဖြစ်လိမ့်မည်။
“အဖွဲ့ချုပ်က ရှင်းလင်းနေပါပြီ”
ကျွင်းချင်ယွီ ခေါင်းညိတ်လိုက်သည်။ ဖုယွမ်ချွမ်းက သူတို့ အင်အားကို ဖြတ်တောက်လိုက်သည်ကြောင့် သူတို့က ဖုယွမ်ချွမ်းနှင့်အတူတူ သေဖို့ တွေးခဲ့သည့်ပုံပင်။
ဒါပေမယ့် စစ်သင်္ဘော၏ အနီးကိုပင် မကပ်နိုင်ခဲ့ပေ။
ဖုယွမ်ချွမ်းက သတင်းအချို့ကို ဖတ်လိုက်ပြီး ဉာဏ်ရည်တုစက်ကို ချလိုက်ကာ
“အရင် စားရအောင်”
Mဂြိုလ်ကို ရှင်းလင်း ဖို့ လူတွေလာမှာဖြစ်သည်။ ယခုလောလောဆယ်တော့ အရင် ပြီးအောင်စားတာအကောင်းဆုံးပင်။
သူတို့က နေ့လည်စာလည်းမက ညစာလဲမကျသေးသည့် ညစာကို စားသောက်ပြီးသည့်နောက်တွင်တော့ အပြင်၌ မှောင်မဲနေပြီ ဖြစ်၏။
ဖုယွမ်ချွမ်းက ချယ်ရီသီးကို ခွံကျွေးလိုက်ကာ
“ရေခဲမုန့် စားချင်သေးလား”
ရေခဲသေတ္တာထဲတွင် ဘူးအသစ် တစ်ဘူး ရောက်ရှိနေသည်။ ထိုအရာများက အသစ်ရောက်ရှိနေသည့် စားစရာများပင်။
သို့သော် ကျွင်းချင်ယွီက ဗိုက်ပြည့်နေပြီးဖြစ်ကာ စားချင်စိတ်မရှိတော့သည်ကြောင့် ခေါင်းရမ်းပြလိုက်သည်။
“အာ…”
ဖုယွမ်ချွမ်းက ချယ်ရီသီးကျွေးရသည့် အလုပ်ကို လုံးဝ နှစ်သက်နေသည်။ ချယ်ရီသီးတွေက အလုံးကြီးကာ ခရမ်းနီရောင် ရင့်မှည့်နေပြီး အရသာကအရမ်းကြီးလဲ မချိုသလို ခါးလဲ ခါးသက်မနေပေ။
ကျွင်းချင်ယွီက ချယ်ရီစေ့ကို ထွေးထုတ်လိုက်ပြီးနောက်
“နေရာလွတ်ထဲမှာ ချယ်ရီပင် နည်းနည်း စိုက်မယ်”
ကြယ်တာရာခေတ်၏ ချယ်ရီသီးများက အရသာရှိလှပြီး ယခင်က အဖွဲ့ချုပ်ထံတွင် အာဏာရှိသည်ကြောင့် အရည်အသွေးကောင်းသည့် ချယ်ရီသီးတို့ကို အဖွဲ့ချုပ်ထံ တင်ပို့ရပြီး အင်ပါယာတွင်တော့ အရည်အသွေး ညံ့သည့် ချယ်ရီသီးများသာ ကျန်နေခဲ့သည်။
“အခြား ဘာအပင်စိုက်ချင်သေးလဲ ကိုယ် မျိုးစေ့တွေ ရှာပေးမယ်လေ”
သူ့နေရာလွတ်တွင် နေရာအများကြီးကျန်ရှိနေသေးသည့်တိုင် မျိုးအတာင်ဖို့နှင့် အခြားအရာများအတွက် မြေဆီလွှာ လိုအပ်နေသေးသည်။
ယခင်က သူအပင်အနည်းငယ်စိုက်ပျိုးခဲ့ပြီးနောက် ထိုအပင်တွေက သုံးမိနစ်အတွင်း ပူတောက်လာခဲ့သည်။
“မစိုက်ချင်တော့ဘူး”
ကျွင်းချင်ယွီက ထထိုင်လိုက်ပြီး ဖုယွမ်ချွမ်းကို ဖက်လိုက်သည်။
“ကျွန်တော်က အရမ်းပျင်းတယ် အဲ့တာတွေက တော်တော်လေး ဒုက္ခပေးတယ်”
နူးညံ့သည့်ရေသူလေးက မြေကြီးကို ထိုးဆွဖို့ ဂေါ်ပြားကို ကိုင်နိုင်မည် မဟုတ်ပေ။
ဖုယွမ်ချွမ်းက မြူဆွယ်နေသည့် ကောင်လေးကို ပွေ့ဖက်ကာ ချော့မောလိုက်သည်။
“ဘယ်ဥယာဥ်က မြေကြီးကို ဆွမလို့လဲ”
ကျွင်းချင်ယွီက ခေါင်းကို ရမ်းလိုက်သည်။ ဥယာဥ်ထဲရှိ ပန်းတွေက ကောင်းကောင်းမွန်မွန် ပွင့်လန်းနေပြီး မြေထိုးဆွရန် မလိုအပ်ပေ။
သူက ဖုယွမ်ချွမ်း၏ လက်မောင်းထဲ မှီတွယ်လျက် တွေးတောမိကာ ပြောလိုက်သည်။
“နေရာလွတ်ထဲကို ခင်ဗျား ဝင်လို့ရရင်သိပ်ကောင်းမှာ အဲ့က ရှုခင်းတွေက အရမ်းလှတာ”
စကားပြောနေရင်း ထိုအတွေးက သူ့ခေါင်းထဲရောက်လာတာဖြစ်သည်။ ဘယ်သူ့ကမှ သူ့နှင့်အတူ ဝင်ရောက်လာနိုင်ခြင်းမရှိသလို မျှော်လင့်ချက်လဲ မရှိပေ။
သို့သော် ထိုအချိန်တွင် သူနှင့် ဖုယွမ်ချွမ်း နှစ်ယောက်လုံးက မူလ နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ဖုယွမ်ချွမ်းသည် ရေစီးသံတွေကို ကြားနေရပြီး လူကတော့ ကမ်းခြေတစ်ခု၌ ရပ်လျက်ရှိနေခဲ့သည်။
သူက အချိန်တစ်ခုထိ တုန်လှုပ်သွားပြီးနောက် သူရောက်ရှိနေသည့်နေရာကို သတိရသွားသည်။
“ငါးလေး”
ရုတ်တရက် သူ့ရှေ့မှ တည်ငြိမ်နေသည့်ရေပြင်က တက်လိုက်ကျလိုက် လှုပ်ရှားလာပြီးနောက် ငါးလေး၏ ခေါင်းက ရေထဲမှ ထွက်ပေါ်လာခဲ့သည်။
ကမ်းခြေတွင် လှဲလျောင်းနေလျက် ကျွင်းချင်ယွီက မေးလိုက်သည်။
“ဘယ်လိုလဲ လှတယ် မဟုတ်လား”
ဖုယွမ်ချွမ်းက အောက်ပိုင်းတစ်ပိုင်းလုံး ရွဲစိုနေသည့် ငါးအမြီးပိုင်းကို ကြည့်ပြီး သူ့မျက်လုံးတွေက နက်မှောင်သွားသည်။
“လှတယ်”
ကျွင်းချင်ယွီသည် မျက်တောင်ကို အနည်းငယ် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကြည့်လိုက်ရာ ဖုယွမ်ချွမ်း၏ မျက်လုံးထဲတွင် သူ့ပုံရိပ်နှင့် ပြည့်နှက်နေသည်ကို တွေ့ရလိုက်၏။
ဖုယွမ်ချွမ်းက သူ့လက်ကိုမြှောက်ပြီး ငါးလေး၏ ဆံပင်တို့ကို ပွတ်သပ်လာသည်။ သူက ဤနေရာလွတ်၏ ရှုခင်းတွေကို စိတ်ဝင်စားခြင်း မရှိပေ။
“တက်လာမလား”
ကျွင်းချင်ယွီက ခေါင်းကို ရမ်းလိုက်ပြီး ဖုယွမ်ချွမ်း၏ လက်ချောင်းတွေကို ကိုင်ကာ လှုပ်ရမ်းလိုက်သည်။
“ဆင်းလာမလား”
ဖုယွမ်ချွမ်းက ရေပူစမ်းထဲသို့ ဆင်းမသွားဘဲ ဘေးတွင် ထိုင်လိုက်သည်။
ကျွင်းချင်ယွီကလည်း ကမ်းခြေနားကို တိုးကပ်လာပြီး ဖုယွမ်ချွမ်း၏ ပေါင်ပေါ်တွင် မှီလိုက်သည်။ ဖုယွမ်ချွမ်းက သူ့ နေရာလွတ်ထဲကို မည်သို့မည်ပုံ ဝင်လာသည်ကို သူ မသိသေးပေ။ ယခင်က နေရာလွတ်ထဲကို သူမှလွဲပြီး အခြားသူ ဝင်ရောက်နိုင်ခြင်း မရှိပေ။
ဖုယွမ်ချွမ်းကို ဝင်ရောက်နိုင်အောင်ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့ချေ။ သို့သော် ယခုတော့ အတွေးတချက်ထဲနှင့် အထဲကို ရောက်နှင့်နေပြီ။
“ဘာတွေ တွေးနေတာလဲ”
ဖုယွမ်ချွမ်းက ငါးလေး၏ ဆံပင်ရှည်တွေကို နားနောက်သို့ သပ်တင်၍ သူအမြဲတမ်း ယူဆောင်ထားသည့် ခေါင်းစီးကွင်းကို ထုတ်ကာ စည်းနှောင်ပေးလိုက်၏။
ဖုယွမ်ချွမ်း၏ အပြုအမူကို ကြည့်ပြီး ကျွင်းချင်ယွီက သူ့ရင်ဘတ်ပေါ်က အင်္ကျီကြယ်သီးတွေကို ဆော့ကစားလိုက်ကာ
“အပိုအလုပ် ရသွားပြီ”
“ချယ်ရီ စိုက်ချင်လို့လား”
ကျွင်းချွင်ယွီက ခဏလောက်တွေးလိုက်ပြီးနောက် ပြောလိုက်သည်။
“ခင်ဗျားလည်း တစ်ခုခု စိုက်ပျိုးနိုင်တယ် နေရာတွေ အများကြီးပဲ”
အပူပိုင်းတွင် စိုက်ပျိုးရသည့် အသီးအနှံများနှင့် အခြားသီးနှံတွေကို ခွဲခြားရန် မလိုအပ်ပေ။ နေရာလွတ်၏ ပတ်ဝန်းကျင် အခြေအနေက အမြဲတမ်း ပြောင်းလဲနေပြီး ပတ်ဝန်းအခြေအနေတွေကို ခွဲခြားနိုင်ပြီး တိုက်ရိုက် စိုက်ပျိုးနိုင်သေးသည်။
စိုက်ပျိုးရေးတွင်တော့ ကျွင်းချင်ယွီက သူကိုယ်တိုင် စိုက်ပျိုးရာတွင် အလွန် ဒုက္ခများသည်ကို ရှာတွေ့ခဲ့သည်။
ထို့ပြင် အပူပိုင်းဒေသအတွက် ခွဲခြားပြီး သဲပြင်နှင့်အခြားအမျိုးမျိုးသော မြေများရှိ အစေ့တွေကို လိုက်လျောညီထွေ ဖြစ်အောင် ပြုလုပ်လျှင် နောက်ဆုံးတွင် နေရာလွတ်ရှိ မြေများကို စွန့်ပစ်ရလိမ့်မည်။
ဖုယွမ်ချွမ်းက အနီးအနားတွင် စိုက်ပျိုးထားသော အပင်တို့ကို ကြည့်လိုက်သည်။ အရမ်းတော့ မများပေမယ့် အမျိုးအစားစုံလင်လှ၏။
ငါးလေးတစ်ယောက်တည်း စားသောက်ရန်အတွက် အလုံအလောက်ရှိပြီး အများကြီး စိုက်ပျိုးထားလျှင် ဖြုန်းတီးရာ ကျလိမ့်မည်။
Xxxxxxxc