အပိုင်း ၁၃၁
Viewers 18k

Chapter 131


ငါးလေးတစ်ယောက်တည်း စားသောက်ရန်အတွက် အလုံအလောက်ရှိပြီး အများကြီး စိုက်ပျိုးထားလျှင် ဖြုန်းတီးရာ ကျလိမ့်မည်။


အပင်တွေကို နည်းစနစ်တကျ စိုက်ပျိုးထားခြင်း မရှိသော်လည်း ခွဲခြား၍တော့ စိုက်ပျိုးထားလေသည်။


အနီးတဝိုက်တွင် စိုက်ပျိုးရေးကိရိယာတွေကို မတွေ့ရသည်ကြောင့် အသုံးပြုပြီးသည်နှင့် ငါးလေးက ထိုအရာတွေကို ပစ်လိုက်သည့် ပုံပင်။


“နောက်မှ စိုက်ပျိုး ကြတာပေါ့”


သူတို့ စိုက်ပျိုးမည့်အချိန်မှ စိုက်ပျိုးရေးကိရိယာတွေကိုပါ ယူဆောင်လာရမည်။


“ကောင်းပြီ”


စိုက်ပျိုးရေးက အလျင်မလိုပေ။ ဘာပဲ ဖြစ်ဖြစ် အစေ့တွေကို မြေကြီးထဲမြှုပ်ပြီးရင်တောင် အပင်ပေါက်ဖို့ အချိန်လိုသေးသည်လေ။


ကျွင်းချင်ယွီက သူ၏မျက်နှာလေးကို ဖုယွမ်ချွမ်း၏ လက်ဖဝါးထဲတွင် ထည့်လိုက်ပြီး


“ခင်ဗျား ဒီရက်ပိုင်း လုပ်စရာရှိသေးလား”


“မရှိပါဘူး”


အရေးကြီးသည့်အလုပ်ဟူ၍ ပြောရမည်ဆိုလျှင် အဖွဲ့ချုပ်နှင့်အင်ပါယာရှိ စစ်ပွဲနှင့် ဇာ့နှင့် အင်ပါယာ ၏ စစ်ပွဲပင်ဖြစ်ပြီး ယခုတော့ အဖွဲ့ချုပ်နှင့်က စာချုပ်ချုပ်ဆိုပြီးသလို ဇာ့ဂ်တွေဘက်ကလည်း ငြိမ်သက်နေလေ၏။


အခြားအရာများကမူ အရေးကြီးလှသည် မဟုတ်ချေ။


ကျွင်းချင်ယွီ က ခေါင်းညိမ့်လိုက်ပြီးနောက် သူ့လက်တွေကို ဆန့်ထုတ်၍ ဖုယွမ်ချွမ်းကို သိုင်းဖက်ရန် ကြိုးစားလိုက်သော်လည်း မမှီဘဲ ဖြစ်နေခဲ့သည်။


 သူ့လည်ပင်းကိုသာ ထိတွေ့နိုင်ပြီး ရစ်ပတ်လို့ မရနိုင်ဖြစ်နေသည်။


ဖုယွမ်ချွမ်း ဘက်ကပဲ ဦးစားပေးကာ ခေါင်းငုံ့ပေးလာ၏။


ကျွင်းချင်ယွီ၏ ငါးအမြှီးက ရေထဲမှ လှုပ်ခတ်လာပြီး ဖုယွမ်ချွမ်းကို အနမ်းပေးလိုက်သည်။


“ရေပူစမ်းထဲမှာ စိမ်တာက စိတ်စွမ်းအင်အတွက် ကောင်းတယ် ဆင်းလာပြီး စိမ်လိုက်”


“ဒီနေရာက ရေတွေက ရေပူစမ်းက လာတာလေ ကျွန်တော်လည်း စိမ်နေကျပဲ”


“ကောင်းပြီ”


ရိုးရိုးရေနှင့် ရေပူစမ်းမှရေ၏ ကွာခြားချက်က သိသာလှသည်။


ရေထဲတွင် စိတ်ဝိညာဥ်စွမ်းအင်အများကြီးပါပြီး စိတ်စွမ်းအင်ကိုလည်း ထိန်းသိမ်းပေးနိုင်သေး၏။


ယခင်က ရေအများကြီးကို အပြင်သို့ ထုတ်ယူ၍ မရနိုင်သည်ကြောင့် ရေစိမ်ရန် မဖြစ်နိုင်ပေမယ့် ယခု အဆင်ပြေသွားပြီ ဖြစ်သည်။


“ဘယ်လိုလဲ”


ကျွင်းချင်ယွီ က ငါးအမြှီးကို လှုပ်ခတ်ကာ ဖုယွမ်ချွမ်းကို သိုင်းဖက်လျက် ရေအလယ်သို့ ခေါ်ဆောင်သွားပြီးနောက် ခေါင်းကို ေမာ့ကာ မေးလိုက်၏။


“အများကြီး သက်သာသွားတယ်မလား”


“အင်း”


ဖုယွမ်ချွမ်းက ငါးလေး၏ ခါးကို ဆုပ်ကိုင်ထားပြီး သူ့လက်တွေက ရွှေရောင်အကြေးခွံတွေကိုပါ ထိတွေ့နေသည်။


ခါးရှ်ိအကြေးခွံတွေက အမြှီးတွင်ရှိသော အကြေးခွံတွေထက် ပိုပြီး သေးငယ်လှ၏။ အကြေးခွံပိုကြီးလေ ပိုပြီး မာကျောလေဖြစ်သည်။


ရေအောက်ထဲတွင် အကြေးခွံတွေကို ထင်ထင်ရှားရှား မမြင်ရသော်လည်း ဖုယွမ်ချွမ်း၏ လက်တွေက အကြေးခွံတွေတလျှောက် ရွေ့လျားသွားခဲ့သည်။


ထို့နောက် သူက ငါးလေးတွင် ယခင်က အကြေးခွံတွေ ဒီလောက်အများကြီး မရှိသည်ကို သတိထားမိသွားသည်။


“ရေသူလေးက ကြီးထွားတဲ့အချိန်မှာ ခဏခဏ အကြေးခွံလဲတယ်မလား မင်းရဲ့ အကြေးခွံတွေရော ဘယ်မှာလဲ”


“ငါးကန်ထဲမှာလေ”


အကြေးခွံလဲတာက အရေးကြီးသည့် အကိစ္စမဟုတ်ပေ။


သူ ဆိုင်တွင်ရှိစဥ်က အကြေးခွံတွေကို ငါးကန်၏ သန့်ရှင်းသပ်ရပ်သည့် အောက်ခြေတွင် သိမ်းထားခဲ့ပြီး ငါးကန် ပျက်စီးသွားသည့်နောက်တွင် သူက အဲ့ဒါတွေကို သိမ်းထားခြင်း မရှိတော့ပေ။


သူ့တွင် နေရာလွတ် ရှိလာသည့်အခါ မှာတော့ နေရာလွတ်ထဲတွင်သာ သိမ်းထားခဲ့လေသည်။


“ဒါနဲ့ ကျွန်တော်တို့……”


စကားတဝက်တပျက်ဖြင့် သူ ရပ်တန့်သွားသည်။ သူက ဖုယွမ်ချွမ်း၏ ရင်ဘတ်ကို မှီလျက်ရှိနေပြီး မျက်လုံးတွေကို ပင့်ကာ အံ့အားသင့်စွာ ကြည့်လိုက်သည်။


လက်ချောင်းတွေက အကြေးခွံတွေ၏ အစွန်းကို ထိတွေ့နေပြီး ဖုယွမ်ချွမ်း၏ မျက်နှာက ပြောင်းလဲခြင်း မရှိဘဲ ပြောလာသည်။ “ဟမ်?”


ကျွင်းချင်ယွီက မျက်တောင်တွေကို အနည်းငယ် ပုတ်ခတ်လိုက်ကာ


“ခင်များ…ပထမဆုံး….ကောင်းပြီ….ဒါပေမယ့် စိတ်ဝိညာဥ်စွမ်းအင်က စုစည်းလို့မရဘူး ကျွန်တော့်ခြေတောက် တွေကို ပြောင်းလို့ရမှာမဟုတ်ဘူးနော်”


“ ဒါကလည်း လှပါတယ်”


(အမြှီးက လှတယ်လို့ပြောချင်တာ)


ကျွင်းချင်ယွီက ကြောင်အသွားကာ ဖုယွမ်ချွမ်း၏ လက်ကောက်ဝတ်ကို အင်အားမဲ့စွာ ဆုပ်ကိုင်လိုက်ပြီး ခေါင်းကို သူ့ပုခုံးထက် တိုးဝှေ့လိုက်တော့သည်။


ဖုယွမ်ချွမ်းသည် ငါးလေးကို လက်တဖက်တည်းဖြင့် ဖက်ထားပြီး ရေအောက်ရှိ ငါးအမြှီးလေးက အနည်းငယ် လှုပ်ရှားလာပြီးနောက် သူ့ခြေတောက်တွေကို ရစ်ပတ်လာလေကာ သူ့ပုခုံးထက်က အသက်ရှူသံတိုးတိုးလေးကို ကြားလိုက်ရသည်။


ရေက တည်ငြိမ်လျက်ရှိနေသည်။


ကျွင်းချင်ယွီ၏ မျက်လုံးတွေက မှိတ်လျက်ရှိနေပြီး သူ့မျက်တောင်တွေက အနည်းငယ် တုန်ရင်လျက် ရှိနေ၏။


ဖုယွမ်ချွမ်းက ငါးလေးကို အပေါ်သို့ အနည်းငယ် ပင့်တင်လိုက်ပြီးနောက်


“မြဲမြဲ ကိုင်ထား”


ထိုအခိုက် ကျွင်းချင်ယွီ၏ လက်ချောင်းတွေက အလိုအလျောက် ကွေးညွတ်သွားခဲ့ပြီး ဖုယွမ်ချွမ်း၏ ကျောပြင်တွင် အနီရောင်အစင်းတွေ ထွက်ပေါ်လာခဲ့တော့သည်။


နေရာလွတ်တွင် မောပန်းစွာဖြင့် အချိန်အနည်းငယ်ခန့် ဖြတ်သန်းပြီးသည့်နောက် အပြင်သို့ ရောက်သည့်အချိန်၌ သူ့မျက်နှာက နီဆွေးလျက်၊ သူ့ဆံပင်ရှည်တွေ၏ စိုစွတ်မှုကြောင့် ခေါင်းအုံးကလည်း စိုရွဲလျက်ဖြင့် ကျွင်းချင်ယွီသည် အိပ်ရာပေါ်တွင် ကွေးနေခဲ့သည်။


ဖုယွမ်ချွမ်းက သူ့ဆံပင်တွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုလုပ်ပေးလိုက်ပြီးနောက်


“အဆင်ပြေရဲ့လား”


ကျွင်းချင်ယွီက နှာခေါင်း ရှုံ့လိုက်ပြီး သူ့လက်တစ်ဖက်ကို ကိုက်လိုက်သည်။ ထိုအပြုအမှုက စိတ်ဆိုးနေသည့်ပုံနှင့်မတူဘဲ ကလေးတစ်ယောက်ကဲ့သို့ ပြုမှုနေသလိုပင်။


ငါးလေးကို အားအင်ပြန်လည်ဖြည့်တင်းရန်အတွက် ဖုယွမ်ချွမ်းသည် စားစရာအိတ်ကို ထုတ်ယူလိုက်သည်။


“မသက်မသာ ဖြစ်နေတုန်းလား”


ကျွင်းချင်ယွီ ငါးခြောက်ကို ကိုက်ယူလိုက်ပြီးနောက် မသက်မသာ မခံစားရသည်ကြောင့် ခေါင်းခါပြလိုက်သည်။


ထို့ကြောင့် ဖုယွမ်ချွမ်းက လိမ်းဆေးကို သွားမယူတော့ဘဲ ဖျော်ရည်တစ်ခွက်ကိုသာ ယူခဲ့တော့၏။


ရေသူတွေက ပြန်လည်ကောင်းမွန်နိုင်စွမ်းမြင့်မားကြသည်။ ထို့ပြင် ကျွင်းချင်ယွီက ထိခိုက်ဒဏ်ရာ တစ်ခါမှ မရှိဖူးသည်ကြောင့် ဘာမှ မခံစားခဲ့ရပေ။ သို့သော် ယခုတော့ ကိုယ်တွေ့ ခံစားခဲ့ရပြီ။


စားစရာအနည်းငယ်ကို စားသောက်ပြီးသည့်နောက် ကျွင်းချင်ယွီက ကောင်းမွန်လုနီးပါးပင်။


သူက သေတ္တာကိုဖွင့်ကာ ပုလဲလုံးတွေ ထည့်နေသည့် ဖုယွမ်ချွမ်းကို ကြည့်လိုက်ပြီး ပုလဲလုံးတွေက ယခင်ကထက် နည်းနေသလို ခံစားမိသည်။


“ပုလဲတွေကို သုံးလိုက်တာလား”


(လက်ဝတ်လက်စား အဖြစ်သုံးလိုက်တာကိုပြောတာပါ)


“မဟုတ်ဘူး ဒါက သေတ္တာအသစ်လေ”


ဖုယွမ်ချွမ်းက ဗီရိုတစ်ခုပြုလုပ်ခဲ့ပြီး ထိုအထဲ၌ ဆင်တူသေတ္တာတွေ ထားရှိထားတာပင်။


“ကျွန်တော့မှာ သူတို့ကိုသုံးပြီး ဝယ်စရာ ဘာမှ မရှိဘူးနော်”


“နောက် အသုံးပြုရမှာပါ”


“…….”


ဖုယွမ်ချွမ်းက ဗီရိုကို ပိတ်လိုက်ပြီး


“အလျင် မလိုပါဘူး”


ကျွင်းချင်ယွီက သူ့ကို ရေခဲမုန့် တစ်ဇွန်းကျွေးလိုက်သည်။


“ကျွန်တော်…”


“ဘာဖြစ်လို့လဲ”


ဖုယွမ်ချွမ်းက သူ့နှုတ်ခမ်းပေါ်မှ ရေခဲမုန့်ကို လျက်လိုက်ပြီးနောက် ငါးလေး၏ ဆက်ပြောလာမည့် စကားကို စောင့်နေသော်လည်း ငါးလေး၏ အသံက ထွက်ပေါ်မလာခဲ့ပေ။


ခုဏက ဖြစ်ပေါ်လာသည့် ခံစားချက်ကြောင့် ကျွင်းချင်ယွီ က မျက်မှောင်ကြုတ်လိုက်သည်။


“ခင်ဗျား မသက်မသာ ခံစားရလား”


ဖုယွမ်ချွမ်း တုန်လှုပ်သွားသည်။ သူ ပြန်မဖြေခင်တွင် ငါးလေးက ရေခဲမုန့်ကို ချလိုက်ပြီး သူ့လက်ကို ကိုင်ကာ စိတ်ဝိညာဥ်စွမ်းအင်တွေ စတင်ထိုးသွင်းနေပြီ ဖြစ်သည်။


ဖုယွမ်ချွမ်း နေပြန်ကောင်းလာပြီးကတည်းက သူက သူ့စိတ်ဝိညာဥ်ကို ထည့်ကာ ထိုလူ၏ စိတ်ဝိညာဥ်ကို ပေါင်းစည်းစေခဲ့သည်။


ထိုအရာက မတူညီသည့် ရလဒ်ကို ပြသပေမယ့် ဘာကိုမှ ဖော်ပြလာခြင်း မရှိပေ။


ဒါပေမယ့် အခုလေးတင် သူတစ်ခုခုမှားနေသည်ကို ခံစားခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် စစ်ဆေးကြည့်တာက ပို စိတ်ချရလေသည်။


ဖုယွမ်ချွမ်းက အချိန်အချို့စောင့်နေခဲ့ပြီး ငါးလေး၏ မျက်လုံးတွေ ပွင့်ဟလာသည့်အချိန်၌


“တစ်ခုခုမှားလို့လား”


ကျွင်းချင်ယွီ က ခေါင်းရမ်းပြလာသည်။ ဘာမှ မှားယွင်းနေတာ မရှိပေ။ သို့သော် တွေးကြည့်လေလေ တစ်ခုခုက မှားယွင်းနေသည်ဟု ခံစားရလေလေပင်။


“ခင်ဗျား တစ်နေရာရာက မသက်မသာ ခံစားရတာရှိလား”


ခဏလောက် ရပ်တန့်ပြီးနောက် ကျွင်းချင်ယွီ ဆက်ပြောလာသည်။


“ခုနလေးက ခင်ဗျားရဲ့ စိတ်စွမ်းအင်တွေ ပျံ့ထွက်လာတယ်”


“တကယ်လား”


ဖုယွမ်ချွမ်း၏ လေသံက လေးနက်ပုံပေါ်ပေမယ့် ထိုကိစ္စကို သူက စိတ်ထဲသို့ မထည့်ပေ။ ချထားသည့် ရေခဲမုန့်ခွက်ကို ယူလိုက်ပြီး ငါးလေးကို ကျွေးလိုက်ကာ ချော့မော့ပြောဆိုလိုက်သည်။


“ကိစ္စကြီး မဟုတ်လောက်ပါဘူး ခနနေရင် ကိုယ် ကုသရေးခန်းကို သွားလိုက်မယ်”


ကျွင်းချင်ယွီက မျက်မှောက်ကြုတ်လိုက်ကာ


“စိတ်စွမ်းအင်တွေ ပျံ့ထွက်လာတာက ကိစ္စကြီး မဟုတ်ဘူး ဟုတ်လား”


ဒါပေမယ့် ဘာကြောင့်ဖြစ်သည်ကိုလဲ သူ မပြောနိုင်ပေ။


သူက ဖုယွမ်ချွမ်း၏ လက်ထဲရှိ ရေခဲ့မုန့်ခွက်ကို ဘေးသို့ချလိုက်ပြီး မတ်တပ်ရပ်ကာ ထိုလူအား ဆွဲယူလိုက်သည်။


“ကုသရေးခန်း ကို သွားမယ်”


အပေါ်ထပ်ရှိ ကုသရေးခန်းသည် ပြင်းထန်သည့် နားမကျန်းမှုနှင့် ထိခိုက်ဒဏ်ရာတွေအတွက် အသုံးပြုလေ့ရှိပြီး အရေးမကြီးသည့် ဒဏ်ရာသေးသေးလေးတွေကိုတော့ အသုံးပြုခြင်း မရှိပေ။


ထိုကြောင့် ကုသရေးခန်း က အသုံးပြုလေ့ မရှိပေ။


ငါးလေး၏ စိတ်ပူနေသည့်ပုံကို ကြည့်ပြီး ဖုယွမ်ချွမ်းက နှစ်သိမ့်လိုက်သည်။


“မစိုးရိမ်ပါနဲ့ ပြသာနာ မရှိလောက်ပါဘူး”


ကျွင်းချင်ယွီ ခေါင်းညိမ့်လိုက်သည်။


ဘာမှ မဖြစ်လျှင်တော့ အကောင်းဆုံးပေါ့။


“အရင်ဆုံး လှဲလိုက်”


“ကောင်းပြီ”


ငါးလေးကို မစိုးရိမ်စေရန် ဖုယွမ်ချွမ်းက လှဲလျောင်းလိုက်ပြီး အတွင်းထဲက စတင်သည့် ခလုတ်ကို နှိပ်လိုက်သည်။


စစ်ဆေးသည့်ရလဒ်တွေက စစ်ဆေးနေချိန်အတွင်း ထွက်ပေါ်လာခဲ့သည်။


ကျွင်းချင်ယွီက စစ်ဆေးချက်ဒေတာတွေကိုကြည့်လိုက်သည်။ သူက ကျွမ်းကျင်သည့် ဆရာဝန် မဟုတ်သော်လည်း အနည်းအကျဥ်းတော့ နားလည်၏။


ဒေတာထဲတွင် အမြင့်ဆုံး မှ အနိမ့်ဆုံး ထိ ရေးသားထားပြီး စိတ်စွမ်းအင် နေရာ၌သာ အမြင့်ဆုံး ဖြစ်နေရုံဖြစ်ပြီး အခြားအရာတွေကတော့ ပုံမှန် အတိုင်းပင်။


 ခဏလောက် စဥ်းစားလိုက်ပြီးနောက် ကျွင်းချင်ယွီ က လက်ချောင်းတွေကို ကွေးလိုက်ကာ ကုသရေးစက်ကို ခေါက်လိုက်သည်။


“စိတ်စွမ်းအင်ကို ထုတ်လွတ်လိုက်”


စိတ်စွမ်းအင်တွေ ထွက်ပေါ်သည့် အခိုက် ကုသရေးစက်သည် အချိန်အနည်းငယ်ကြာ လှုပ်ခါသွားပြီး စိတ်စွမ်းအင်ပါဝါ က အမြင့်ဆုံးအဆင့် ဒေတာထက် ကျော်လွန်၍ မြင့်တက်လာခဲ့သည်။


ထို့နောက် စိတ်စွမ်းအင်ပါဝါ ၏ ဘေး၌ မသိရှိနိုင် ဟူသည့် စာသားက အရောင်ဖျော့ဖျော့လေး လင်းလက်လာခဲ့၏။


ကုသရေးစက်ထဲရှိ ဖုယွမ်ချွမ်း၏ မျက်ခုံးတွေက တွန့်ချိုးလာခဲ့သည်။


ကျွင်းချင်ယွီသည် ကုသရေးစက်ကို အလျင်အမြန်ဖွင့်လိုက်ကာ သူ့လက်ကို ကိုင်လိုက်ပြီး စိတ်ဝိညာဥ်စွမ်းအင်ကို ထည့်သွင်းပေးလိုက်သည်။


“ခင်ဗျား မျက်လုံးကို မှိတ်ထားပြီး ကျွန်တော့်ကိုလက်ပေး”


ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ ၏ လက်ခုံကို ပွတ်ကာ နှစ်သိမ့်လိုက်သည်။


အိမ်ထဲမှ စိတ်စွမ်းအင်တို့ ပျောက်ကွယ်သွားပြီးနောက် ကျွင်းချင်ယွီက စစ်ဆေးချက်ကို တွေးလိုက်ကာ


“စိတ်စွမ်းအင်ထဲမှာ အမည်မသိအရာ တစ်ခု ရှိနေတယ်”


ထိုအရာက ဆက်စပ်ပစ္စည်းတွေ ပေါက်ကွဲပြီး တုံ့ပြန်လာသည့်ပုံနှင့် ဆင်တူသည်။


သို့သော် ဖုယွမ်ချွမ်းက တစ်ချိန်လုံး သူ့အနား တွင်ရှိနေပြီး တစ်ခုခုကို ထိခဲ့မယ်ဆိုလျှင်တောင် သူ သိရှိနိုင်၏။


ကျွင်းချင်ယွီ က ကုသရေးစက်ဘေးတွင် ထိုင်ကာ မေးလိုက်သည်။


“ခင်ဗျား အခုတလော Mကြယ်ကို သွားခဲ့သေးလား”


“အဲ့က အလုပ်တွေကို တော့ဒစ်စ်က ကိုင်တွယ်ပေးနေတယ်”


“ဒါဆို ဘယ်အချိန်တုန်းက…”


ရုတ်တရက် ကျွင်းချင်ယွီ သတိရသွားသည်။ သူတို့ ပြန်လာသည့်လမ်း၌ ထိုအဖွဲ့ကို တွေ့ဆုံခဲ့သည် မဟုတ်လား။


ကျွင်းချင်ယွီသည် ဉာဏ်ရည်တုစက်ကို ထုတ်လိုက်ပြီး ရှီခိုင်ရှင်း ကို ဆက်သွယ်လိုက်သည်။


[အခုချက်ချင်း စစ်သင်္ဘော ပေါ်မှာ ပါလာတဲ့လူတွေ အားလုံးကို ကုသရေးခန်းကို သွားစစ်ဆေးခိုင်းလိုက် ပြီးတော့ စစ်ဆေးနေတဲ့အချိန်မှာ စိတ်စွမ်းအင် ကိုထုတ်လွတ်ထားဖို့ပြော ပြီးရင် စစ်ဆေးချက်တွေကို ငါ့ဆီပို့လိုက်]


ရှီခိုင်ရှင်း: [ဟုတ်ကဲ့]


ဉာဏ်ရည်တုစက်ကို ချလိုက်ပြီးနောက် ကျွင်းချင်ယွီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။


“အဲ့လူတွေရဲ့ ရည်ရွယ်ချက်က မရိုးသားဘူးလို့ ကျွန်တော် ထင်သားပဲ”


အခြားလူတွေ၏ စစ်ဆေးချက်တွေပါ ထပ်တူညီနေခဲ့လျှင် ထိုလူတွေကြောင့် ဆိုတာ သေချာသွားပြီ။


ထို့ပြင် စစ်ဆေးနေစဥ် ကုသရေးစက်က စိတ်စွမ်းအင်ကို ထုတ်လွတ်ခြင်း မ ရှိပေ။ ကျွင်းချင်ယွီကြောင့်သာ မဟုတ်လျှင် စိတ်စွမ်းအင်ထဲမှာ တစ်ခုခုရှိနေသည်ကို သိနိုင်မည် မဟုတ်ချေ။


ရေပူစမ်းမှ ရေက စိတ်စွမ်းအင်ကို ကုသပေးပေးပြီး အညစ်အကြေးတွေကို ဖယ်ရှားပေးသည်။ သူတို့က အဲ့အရာတွေ အပြည့်အစုံ ဖယ်ရှား၍ မပြီးခင် အပြင်သို့ ထွက်လာသည်ကြောင့် စိတ်စွမ်းအင်က အပြင်သို့ ပျံ့ကျဲလာတာပင်။


သို့မဟုတ်ပါက သူတို့သည် စိတ်စွမ်းအင်တွင် ထိုအရာရှိနေမည်ကို မသိဘဲ နေမည်ဖြစ်ပြီး ထိုအရာက ကောင်းလား၊ ဆိုလား လည်း မသိသလို၊ အကျိုးဆက်ကိုလည်း သိနိုင်မည် မဟုတ်ချေ။


“ခင်ဗျားတို့ စိတ်စွမ်းအင်နဲ့လူတွေက Mဂြိုလ်ကို မနီးကပ်နဲ့ အဲ့က ကိစ္စတွေကို ကျွန်တော် ဖြေရှင်းလိုက်မယ်”


ထိုနေရာ၌ စမ်းသပ်မှုမျိုးစုံရှ်ိနေပြီး ပြသာနာတွေလည်း ရှိလောက်မည်။


Xxxxxxx