အပိုင်း ၁၃၂
Viewers 18k

Chapter 132


ဖုယွမ်ချွမ်းသည် လေးနက်တည်ကြည်နေသည့် ငါးေလးကို ကြည့်ကာ နှစ်သိမ့်လိုက်သည်။


“စိတ်မပူပါနဲ့ အဆင်ပြေပါတယ်”


“ခင်ဗျား တစ်ခုခုမှားနေတာကို သတိမထားမိဘူးလား”


“ ခင်ဗျား ချောင်းဆိုးခဲ့တာကို ကျွန်တော် သတိထားမိတယ် အအေးမိနေလို့လား”


မတော်တဆ ကြောင့်သာ မဟုတ်လျှင် သူက ထိုအရာကို မေ့တော့ မလို့ပင်။


“အပူချိန်က နည်းနည်း နိမ့်လို့ ထင်တယ်”


“ခင်ဗျား တစ်ခုခုမှားနေတာကို သိနေတာတောင် ပုံမှန် နေမကောင်းဘူးလိုထင်နေတယ် ဒါမဟုတ် ခင်ဗျားရဲ့ ခန္ဓာကိုယ်က နေမကောင်းဖြစ်နေတာကို ပုံမှန်လို့ထင်နေတာလား”


“…”


“တော်ပြီ ခင်ဗျား စိတ်စွမ်းအင် အပြင် အခြားဘယ်နေရာက ခံစားရသေးလဲ”


ဖုယွမ်ချွမ်းက ရှင်းပြလာသည်။


“ဘာမှ မခံစားရပါဘူး အဲ့ကိစ္စကြောင့် စိတ်စွမ်းအင်က အဓိကပြသာနာ မရှ်ိရင်တောင် ခန္ဓာကိုယ်ထဲမှာ အချို့အရာတွေက ရှိနေမှာပဲလေ”


“ကုသရေးခန်းမှာ အချိန်မှန် နေလိုက်ရင် ကောင်းသွားမှာပါ”


သူ့အခြေအနေက ယောင်ယောင် လောက် မဆိုးပေ။ ယောင်ယောင် က သူ့အသက်ဆက်ရန်အတွက် သရေစာတွေနှင့် စမ်းရေကို မှီဝဲနေရသည့်အပြင် အခြားစမ်းသပ်ထုတ်ကုန်တွေကိုလဲ အသုံးပြုနေရသေးသည်။


သူကတော့ ကုသရေးခန်းမှာ အချိန်မှန် နေလိုက်လျှင် ကောင်းသွားပါလိမ့်မည်။


အခုတော့ အမည်သိ ပစ္စည်းက သူ့ထဲတွင် ပုန်းကွယ်နေပြီး ထိုအရာကို ထုတ်ဖော်နိုင်သည့်အချိန်ထိ သူ့ရောဂါအဟောင်းတွေဖြင့် ရှောင်ယွီကို နှစ်သိမ့်နိုင်သေးသည်။


ထို့ပြင် ထိုအမည်မသ်ိသည့် အရာကို ဖော်ထုတ်ရန် နောက်မကျသေးပေ။


ဖုယွမ်ချွမ်းက ရှောင်ယွီ၏ ခေါင်းလေးကို ပွတ်သပ်ကာ ချော့မော့ပြောဆိုလိုက်သည်။


“ကိုယ့်ကျန်းမာရေးကို ကိုယ် ကောင်းကောင်း သိပါတယ် အခုတလော ကိုယ်အလုပ်တွေရှုပ်နေလို့ ကုသရေးခန်းကို မလာဖြစ်တာ အခုတော့ ဖြည်းဖြည်းချင်း ပြန်လည်ကုသလိုက်မယ်လေ ဟုတ်ပြီလား”


ဖုယွမ်ချွမ်းသည် ငါးလေးအား သူ့အတွက်ကြောင့် စိုးရိမ် မနေစေချင်ပေ။ ငါးလေးက ဒီကိစ္စကြောင့် ကြောက်လန့်သွားပုံ ပေါ်သည်။


ထိုလူတွေ၏ မိမိကိုယ်ကို ဖောက်ခွဲခြင်း နှင့်အတူ လူတွေကို အလေးအနက် ထင်စေခဲ့သည်။


ကျွင်းချင်ယွီသည် ဖုယွမ်ချွမ်း က သူ့ကို ထိုကိစ္စအပေါ် စိတ်မပူစေချင် သည်ကို သိသည်ကြောင့် ထိုလူ၏ လက်ကို ဆုပ်ကိုင်ကာ ဆိုလိုက်သည်။ ထို့ပြင် သူက စိတ်စွမ်းအင်ကို ကုသနိုင်ပေမယ့် ပြင်ပကျန်းမာရေးကိုတော့ မကုသနိုင်ပေ။


“ဒီနေ့ကစပြီးတော့ နေ့တိုင်း ရေပူစမ်းကိုသွားရမယ်”


“ကောင်းပြီ”


“ခင်ဗျား ခန္ဓာကိုယ် က နေကောင်းမှ အလုပ်တွေ လုပ်ရမယ်”


“ကောင်းပြီ”


“အင်ပါယာရဲ့ကိစ္စတွေကိုလည်း ကျွန်တော် အမ်း... ရှီခိုင်ရှင်းဆီအပ်လိုက်...”


ငါးလေး၏ စကား အသွားအလာပြောင်းလဲသွားပုံကို ကြည့်ပြီး ဖုယွမ်ချွမ်းက ရယ်လိုက်သည်။


“ကောင်းပြီ”


“ခင်ဗျား က ရယ်နေတယ် ခင်ဗျား ကျွန်တော့ဆီတစ်ခုခု ဖုံးကွယ်ထားတယ်မလား ကျွန်တော် ကိုယ်တိုင် ရှာတွေ့ကြည့်ပါလား ခင်ဗျားတော့ သိလိမ့်မယ်”


ရှောင်ယွီ၏ စာရင်းရှင်းတော့မည့် ပုံကို ကြည့်ကာ ဖုယွမ်ချွမ်း က တွန့်ဆုတ်စွာ ဆိုလိုက်သည်။


“ကောင်းပြီ”


“ဟမျ့”


ဖုယွမ်ချွမ်းကဆိုသည်။ "ကိုယ့်ကိုရေတစ်ခွက်လောက်ပေးပါလား"


အခန်းထဲတွင် သောက်ရေတစ်ခွက်ပင်မရှိချေ။ သဘာဝကျကျပင် သူကရေနွေးကိုလည်း ပြင်ဆင်မထားချေ။ ကျွင်းချင်ယွီ ထရပ်ပြီးပြောလိုက်၏။


"ခဏစောင့်..."


"အင်း..."


ဖုယွမ်ချွမ်းက ရှောင်ယွီထွက်သွားသည်ကိုကြည့်ကာ မှာလိုက်သည်။


"ဖြည်းဖြည်းသွား အလျင်မလိုပါနဲ့"


"သိပါတယ် "


ရှောင်ယွီ ထွက်သွားသည်နှင့် ဖုယွမ်ချွမ်းက ဉာဏ်ရည်တုစက်ကို ထုတ်ယူလိုက်သည်။


အမည်မသိအရာက အကျိုးသက်ရောက်မှုနည်းပြီး စိုးရိမ်စရာ မလိုပေ။


ယခုမူ ထိုအရာတို့ကြောင့် ထိခိုက်မည်ကို ငါးလေးကစိုးရိမ်နေရာ ကြင်နာမနေနိုင်တော့ချေ။(ရန်သူတွေကို)


သူ့လက်တွေက ကီးဘုတ်ပေါ်မှာ ရွေ့လျားလိုက်ပြီး သူ့အမိန့်ကို ရှီခိုင်ရှင်း ထံ ပို့လိုက်သည်။


ခဏအကြာတွင် ရှီခိုင်ရှင်းက အလျင်အမြန် စာပြန်လာ၏။


[ဟုတ်ကဲ့]


စာပို့ပြီးနောက် ဖုယွမ်ချွမ်းက ထကာ အောက်ထပ်သို့ ဆင်းခဲ့သည်။


ကျွင်းချင်ယွီက မီးဖိုချောင်ထဲတွင် ရှိနေဆဲဖြစ်ပြီး အသံကြား၍လှည့်လာကာ မေးလိုက်သည်။


"ခင်များဘာလို့ ဆင်းလာတာလဲ"


"ကိုယ်တစ်ခုခုဖြစ်နေတယ်လို့မထင်ပါဘူး၊ ဒါကြောင့် ဆင်းလာပြီးမင်းကိုရှာတာ"


ဖူယွမ်ချွမ်းက ငါးလေးကို အနောက်မှ ပွေ့ဖက်လိုက်ပြီး ဇလုံထဲက အရာများအား ကြည့်လျက် ပြောလိုက်သည်။


 "ဖျော်ရည်ညှစ်နေတာလား?"


"အင်း စမ်းရေတစ်ခွက်လည်း ပြင်ဆင်ထားတယ်၊ခင်များ သာမာန်ရေလို သောက်လို့ရတယ်"


သူက ဖုယွမ်ချွမ်း စမ်းရေကို အရသာမရှိပဲ သောက်ရမှာကို စိုးရိမ်သောကြောင့် အခြားတစ်ခုခုကိုလည်း ပြင်ဆင်ခဲ့သည်။


ဖုယွမ်ချွမ်းက စမ်းရေကိုသောက်လိုက်ပြီး ပြောလိုက်သည်။


"ကျေးဇူးပါကွာ"


ကျွင်းချင်ယွီက သူ့ထံ ဖျော်ရည်ကို ပေးလိုက်ပြီး "ဒီရက်ပိုင်း ခင်များရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ပါ"


ဧကရာဇ်တစ်ပါးက အလုပ်အရမ်းမများသင့်ပေ။ ထို့ပြင် သူက သူ့ခန္ဓာကိုယ်တွင် ပြဿနာမရှိဘဲ ပြန်လည်ထူထောင်ရင်ရပြီဟုပင် ရိုးရိုးသားသား ပြောလာသည်။


ဖုယွမ်ချွမ်းက ရှောင်ယွီ၏အစီအစဉ်ကိုကန့်ကွက်ခြင်းမရှိပေ။


“ခနနေရင် ရှီခိုင်ရှင်း က တစ်ယောက်ယောက်ကို ပစ္စည်းတွေရွှေ့ဖို့လွှတ်လိမ့်မယ် မင်း တစ်ခုခု ယူစရာရှ်ိရင် ကိုယ့်ကို ပြော”


အရေးမကြီးတာတွေ မယူနဲ့။ ဘာပဲဖြစ်ဖြစ် ပြန်လာမှာပဲဟာ။


သူ ယူဆောင်လာသည့် အရာ တော်တော်များများ က ရှောင်ယွီ၏ ပစ္စည်းများသာ။


ကျွင်းချင်ယွီက ခရမ်းချဉ်သီးကိုကိုက်လိုက်ပြီး မေး၏။


"ရှီခိုင်ရှင်းက ဘာလာလုပ်မှာလဲ၊ နန်းတော်ကို ပစ္စည်းရွှေ့ဖို့လား"


ထိုမှလွဲ၍ ပစ္စည်းများကို ထုတ်ပိုးရမည့်အကြောင်း မတွေးတတ်တော့ချေ။


"အမှန်ပဲ"


ထိုစကားကို ကြားတော့ ကျွင်းချင်ယွီ အင်အားတွေ မဲ့သွားသလို ခံစားရသည်။


“ကျွန်တော် တို့ အိမ်မှာ နေလို့ မရဘူးလား”


ဖုချန်းယွီ တုန်းကလည်း အိမ်မှာပဲ နေသည်ကြောင့် သူတို့လည်း အိမ်မှာပဲ နေနိုင်သည်ဟု ထင်ထားတာပင်။


ဖုယွမ်ချွမ်းက နေရာနှင့် ပတ်သက်၍ အစွဲအလမ်း မရှိပေမယ့် ရှောင်ယွီက ဤအိမ်ကို ပိုကြိုက်သည်။


“အခမ်းအနားပြီးရင် ပြန်လာမှာပါ”


အခမ်းအနား တစ်ခုလုံးက နန်းတော်တွင် ကျင်းပမှာ ဖြစ်ပြီး အချို့ လိုအပ်သည့်အရာတွေက နန်းတော်မှာ ရရှိနိုင်မှာ မဟုတ်ပေ။


ထို့ပြင် နန်းတော် နှင့် အိမ်က သွားလာရန် အချိန်ယူ ရမည်ဖြစ်ပြီး ရှောင်ယွီက ကောင်းကောင်း အနားယူနိုင်မည် မဟုတ်သည်ကြောင့် စောစောသွား တာက အကောင်းဆုံးပင်။


“မင်း ယူမဲ့ဟာတွေ စဥ်းစားပြီးရင် ကိုယ်ထည့်ပေးမယ်လေ”


ကျွင်းချင်ယွီက ဘာယူသွားရမည်လဲ မသိသလို ဖုယွမ်ချွမ်းကိုလည်း အပင်ပန်း မခံစေချင်ပေ။


“သောက်ပြီးရင် သွားနားတော့ ကျွန်တော် ပစ္စည်းတွေ ထည့်လိုက်မယ်”


ဖုယွမ်ချွမ်းသည် သူ့ခန္ဓာကိုယ် အခြေအနေကို ကျင့်သားရပြီ ဖြစ်သော်လည်း ငါးလေး မစိုးရိမ်စေဘဲ လိမ်လိမ်မာမာ ဖြင့် လက်ခံလ်ိုက်သည်။


“ကောင်းပြီ” 


ဖုယွမ်ချွမ်းကို အိပ်ခန်းထဲသို့ပို့ပြီးနောက် ကျွင်းချင်ယွီက သူ့ကို နမ်းလိုက်ပြီး


“ကျွန်တော် သွားတော့မယ် တစ်ခုခု လိုရင် ကျွန်တော့ကို ခေါ်နော်”


“အင်း”


သူက အခြားအခန်းတစ်ခုကို သွားလိုက်ပြီး ထုတ်ပိုးရန် ပြင်လိုက်သည်။


ရုံးခန်းကို ဖြတ်သွားသည့်အခိုက် သူ့လက်ရေးဒေတာတွေက အခန်းထဲမှာ ရှိနေသေးသည်ကို သတိရသွားသည်။


ထိုဒေတာတွေက အရေးမကြီးသော်လည်း တည်ရှိမှုကို ဖျောက်ပစ် လိုက်တာက အကောင်းဆုံးပင်။


သူက အံဆွဲကို ဖွင့်ကာ ဖိုင် ကို ယူလိုက်သည့်အခိုက် Grip Ballက ပါ လိမ့်ထွက်လာသည်။


 ထို့နောက် အံဆွဲကို သာမန်ကာလျှံကာပိတ်ရန် ပြင်လ်ုက်သည့်ခဏ Grip Ballပေါ်ရှိ တစ်စုံတစ်ခုကို ရိပ်ခနဲ မြင်လိုက်ရသည်။


ယခင်က Grip Ballပေါ်တွင် သူ က အနည်းငယ် ရေးခြစ်ခဲ့သည်။ သို့သော် ယခုတော့….။


ကျွင်းချင်ယွီသည် Grip Ballကို ယူကာ ဂရုတစိုက် ကြည့်လိုက်တော့ သူ ဆွဲထားပုံက ပို၍ သေသပ်နေသည်ကို တွေ့ရလိုက်သည်။


ဖုယွမ်ချွမ်းနှင့် သူကလွဲ ပြီး ရုံးခန်းထဲကို ဘယ်သူမှ မဝင်သည်ကြောင့် ဘယ်သူ ဆွဲသွားလဲ ဆိုတာ အသိသာကြီးပင်။


သူ့မျက်ဝန်းေတွက တွန့်ချိုးသွားပြီးနောက် Grip Ballကို ယူလိုက်ကာ အလှပြင်ဆင်ထားသည့် သီးသန့် ကြုတ်ကို ယူလိုက်ပြီး အထဲမှ ပုံဆောင်ခဲအလုံးကို ထုတ်ကာ Grip Ballကို ထည့်လိုက်သည်။


ပုံဆောင်ခဲအလုံး အား ထုတ်ထားလိုက်ပြီး နောက်မှ တစ်နေရာရာတွင် ထည့်ရန် ဆုံးဖြတ်လိုက်သည်။


ရှီခိုင်ရှင်းနှင့် သူ့လူတွေ ရောက်ရှိလာပြီးနောက် အောက်ထပ်က ပစ္စည်းတွေကို သယ်နေကြသည်။


အသံက ဆူညံခြင်း မရှိပေမယ့် ခြေသံတွေကိုတော့ ကြားနေရ၏။


ကျွင်းချင်ယွီက သူတို့ထံမှ အကြည့်လွှဲလိုက်ပြီး သီးသန့်ကြုတ်ကို ဖွင့််လိုက်သည်။


 Grip Ball အား စိုက်ကြည့်နေသည့် သူ့ကို မြင်သည်နှင့် ရှီခိုင်ရှင်း က


“မဒမ် အဲ့ဒါကို ထည့်ဦးမလား”


“မလိုဘူး”


သူက ပုံဆောင်ခဲအလုံးကို လက်ညိုးထိုးပြလိုက်သည်။


“အဲ့တာအတွက် ထည့်စရာရှာလိုက်”


“ဟုတ်ကဲ့”


အားလုံး ထုတ်ပိုးပြီးသည့်နောက် ကျွင်းချင်ယွီ က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။


“စစ်ဆေးချက် ရလဒ်တွေ ရပြီလား”


“ဟုတ်ကဲ့ ရပါပြီ ကျွန်တော့ကို မေးလ် ပို့ထားပြီးပါပြီ ကျွန်တော် သေချာ စီစစ်ပြီးရင် မဒမ့်ဆီ ပို့ပေးပါ့မယ်”


“ကောင်းပြီ ဖြစ်နိုင်သမျှ မြန်မြန် ပို့ပေး”


တပတ်လောက်လှည့်ပတ်၍ ရှာလိုက်သော်လည်း သူယူသွားစရာ မရှိခဲ့ပေ။ အဓိကအချက်က သုံးလေးရက် ကြာလျှင် ပြန်လာမည် ဖြစ်သည်။ သူက ပို၍ ရှာကြည့်လေလေ ဘာမှ ယူစရာ မလိုဟု ထင်လာလေလေပင်။


ထိုအစား ဖျက်စီးရမည့် အချို့အရာတွေကိုသာ တွေ့ရှိခဲ့ရသည်။


နန်းတော်ထဲရှိလူများကို ဖုယွမ်ချွမ်း၏ လူများဖြင့် အစားထိုး ထားပြီးပြီ ဖြစ်သည်။


ကျွင်းချင်ယွီက အကြိမ်အနည်းငယ် နန်းတော်ကို ရောက်ဖူးသည်။ သူက ထိုလောက် ကြီးမားသည့် နေရာကို မကြိုက်ပေ။ တော်သေးသည်က ရက်အနည်းငယ်ပဲ နေရမည်ကြောင့်ပင်။


 လမ်းတွင် သူက မနေနိုင်စွာ မေးမိပြန်သည်။


“အခမ်းအနား က ဘယ်လောက် ကြာမှာလဲ”


အင်တာနက် ပေါ်တွင် ယခင်အခမ်းအနာများကို ရိုက်ကူးထားသည့် ဗွီဒီယိုများ တွင် ကြာမြင့်သည့်အချိန်ပါသော်လည်း ဤတစ်ခေါက်က မတူညီပေ။


လက်ထပ်ပွဲအခမ်းအနား ကလည်းရှိသည်ကြောင့် အချိန်က နှစ်ဆ ကြာလိမ့်မည်။


“ကိုယ်တို့ တတ်နိုင်သလောက် အချိန်လျော့ဖို့ စီစဥ်ထားတယ် မစိုးရိမ်ပါနဲ့ ”


ကျွင်းချင်ယွီ က သက်ပြင်းချလိုက်သည်။


“ကျွန်တော်က ခင်ဗျား ခန္ဓာကိုယ်တောင့်ခံနိုင်မှာ မဟုတ်ဘူးလို့ တွေးနေတာ”


“……”


သူတို့စတွေ့သည့် အချိန်ကလို ဖုယွမ်ချွမ်းက အားနည်းသည့် လူ ဖြစ်သွားရသည်။


သူ က အဆင်ပြေကြောင်း ပြောသော်လည်း ငါးလေးက မယုံကြည် တာ သေချာသည်။


ဖုယွမ်ချွမ်းသည် ရွေးချယ်စရာ မရှိဘဲ စိုးရိမ်နေသည့် ငါးလေးကို ပေါင်ပေါ်တင်ကာ ဖက်ထားလိုက်တော့သည်။


“ကိုယ်တကယ် အဆင်ပြေပါတယ်ကွာ အဲ့ဒီ့ပစ္စည်းရှိနေပေမဲ့ ကိုယ် အဆင်ပြေပါတယ်”


“ဒါပေမယ့် ခင်ဗျားရဲ့ ခန္ဓာကိုယ်က..”


“စစ်ဆေးချက်တွေက တစ်ခါတလေ မှားနိုင်တာပဲကွာ”


ဖုယွမ်ချွမ်း၏ လက်က သူ့ခါးပေါ်ကို ရွေ့လျားသွားပြီး သူ့ နားသန်သီးလေးကို ကိုက်ကာ


“ကိုယ့် ခန္ဓာကိုယ် အခြေအနေကို မင်း သိတယ် မဟုတ်ဘူးလား”


ကျွင်းချင်ယွီက ခဏကြာအောင် တွေးတောနေခဲ့ပြီးနောက်


“ဒါပေမယ့် ခင်ဗျားက တစ်ချိန်လုံး နေမကောင်းနေတဲ့ပုံပေါ်တယ်လေ”


“.........”


သူက ဆက်လက်ပြီး ပြောနေခဲ့သည်။


“စိတ်စွမ်းအင်တော့ မဖြစ်သင့်ဘူးလေ”


စိတ်စွမ်းအင်မှာ တစ်ခုခု မှားနေခဲ့လျှင် သူက မသိဘဲ မနေပေ။


ထိုစမ်းသပ်ပစ္စည်းတွေက ဖောက်ခွဲရန် အချိန် အများကြီး မယူခဲ့ပေ။ သူတို့က အတွေးတချို့ ရှိနေခဲ့သည့်ပုံပင်။


သူ့တို့ကို သူတို့ မဖောက်ခွဲခင် ထိုပစ္စည်းကို စမ်းသပ်ခဲ့သည်မှာ သိသာလှသည်။ အစပိုင်းက အချိန်ဆွဲထားသည်ကလည်း ထိုပစ္စည်း ခွဲထွက်သွားရန်မှ ကာကွယ်ဖို့ ဖြစ်နိုင်လောက်သည်။


သူတို့၏ ခန္ဓာကိုယ်နှင့် အမည်မသိပစ္စည်းကို သီးခြားကိုင်တွယ်ခဲ့တာ သေချာလှသည်။


ကျွင်းချင်ယွီ တစ်ခုခုကို တွေးမိသွားပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။


“ဆိုတော့… ခင်ဗျား ကျွန်တော့် နေရာကို အမြင့်ဆုံးဖြစ်အောင် လုပ်ထားတာ ဒါကြောင့်ပေါ့”


ထိုကိစ္စနှင့်ပတ်သက်ပြီး ယခင်က မေးခဲ့ပေမဲ့ ဖုယွမ်ချွမ်း က အသေးစိတ်ပြောပြခဲ့ခြင်းမရှိပေ။


ဖုယွမ်ချွမ်းက ဟိုစမ်းဒီစမ်းပြုလုပ်လိုက်ပြီးနောက် လက်တဖက်ဖြင့် ကျောပိုးအိတ်ကိုဖွင့်ကာ ပြောလာသည်။


“ကိုယ် ရေခဲမုန့် တစ်ဘူး ဝယ်လာခဲ့တယ် မြည်းကြည့်ရအောင်”


ထိုလူက စကားလွှဲနေသည်ကို ကျွင်းချင်ယွီက တားမြစ်ခြင်းမပြုဘဲ ခွံ့ကျွေးလာသည့် ရေခဲမုန့်ကို စားလိုက်သည်။ 


“ခင်ဗျားက ခင်ဗျားလုပ်ပိုင်ခွင့်အတွင်း မှာ ကျွန်တော့ကို အမြင့်ဆုံးလုပ်ပိုင်ခွင့်ပေးတယ် ခင်ဗျားလုပ်ပိုင်ခွင့်ထက် ကျော်ပြီးတော့လည်း အမြင့်ဆုံး လုပ်ပိုင်ခွင့်ကိုပေးတယ် ခင်ဗျားက ဘယ်တုန်းကမှ မရပ်တန့်ခဲ့ဘူး ခင်ဗျားက ဒါကို အရင်ကတည်းက တွေးထားပြီးသားမလား”


အချို့နေရာတွေတွင် ဖုယွမ်ချွမ်းက သူ့ကို ရိုးရိုးရှင်းရှင်း ကာကွယ်ခဲ့တာမဟုတ်ပေ။ သူ့လက်ထဲသို့ အခွင့်အာဏာတွေ အားလုံးကို ထည့်ပေးခဲ့တာပင်။


သူ့အခွင့်အာဏာ ကဘယ်တော့မှ နိမ့်ကျခြင်း မရှိဟု ထင်ခဲ့သော်လည်း သူ့အာဏာ က မြင့်သထက် မြင့်လာခဲ့လေသည်။


Xxxxx