အပိုင်း ၁၃၃
Viewers 16k

Chapter 133


ထိုစကားကို ကြားတော့ ဖုယွမ်ချွမ်းက စကားလမ်းကြောင်း မလွှဲတော့ဘဲ လက်က သူ့ ခါးထက်သို့ ရွေးလျားလာပြီး တင်းတင်းကြပ်ကြပ် ဖက်လာသည်။


“အဲ့အချိန်တုန်းက အခြေအနေတွေက ရှုပ်ထွေးနေတယ် ပြီးတော့ ကိုယ်ထင်တာ တစ်ခုခုသာ ဖြစ်ခဲ့ရင် မင်းလက်ထဲ မှာ ဘာ အာဏာရှိလဲပေါ့ ကိုယ် နည်းနည်းလေးမှ အမှား မခံနိုင်ဘူး”


အာဏာလွှဲပြောင်းတာက ကြိုတင်ကာကွယ်ခြင်း ဖြစ်ပြီး ရှောင်ယွီ၏ လက်ထဲကို မြန်မြန် လွှဲပြောင်းပေးလိုက်သည်က ပိုကောင်းလေသည်။


ထို့အပြင် ယခင် အာဏာလွဲပြောင်းခြင်းက သူတို့အတွက် အခြေအနေ မကောင်းလို့ပင်။ တစ်ခုခု မှားသွားသည်နှင့် ပြသာနာ တက်နိုင်သည်။


ယခုတော့ အရာအားလုံးက အဆင်ပြေသွားပြီဖြစ်ပြီး ဆိုးဆိုးရွားရွား ထိခိုက်စရာ လည်း မရှိတော့ပေ။ ထို အမည်မသိ ပစ္စည်းကြောင့်သာ မဟုတ်ပါက ဖုယွမ်ချွမ်းက ထုတ်ပြောပြီး ရှောင်ယွီအား စိတ်ပူအောင် လုပ်မည် မဟုတ်ချေ။


ကျွင်းချင်ယွီ၏ နှုတ်ခမ်းက အပေါ်သို့ တက်သွားပြီး အသံတိတ် ရယ်လိုက်သည်။


“ကျွန်တော်က မှားနေတယ်ပေါ့”


“အဲ့လို မဟုတ်ပါဘူး”


ဖုယွမ်ချွမ်းက ပြုံးပြလာပြီး သူ့နှုတ်ခမ်းပေါ်ကို နမ်းလာသည်။


“ကောင်းပါတယ်”


“အခု အဆင်ပြေသွားပါပြီ မပျော်မရွှင် ဖြစ် မနေနဲ့တော့”


“ကျွန်တော် မပျော်တာ မဟုတ်ပါဘူး” ကျွင်းချင်ယွီသည် ရေခဲမုန့်ကို စားလိုက်ပြီး ဆက်ပြောလိုက်သည်။


“အဲ့တာကို ခင်ဗျားက ကျွန်တော့ကို ဖုံးကွယ်ထားတဲ့ဟာလို့ သတ်မှတ်လို့ ရမလား”


“အရမ်း မလွန်ဘူးလား”


“ဟမျ့”


ဖုယွမ်ချွမ်း က ရယ်လိုက်ပြီး ငါးလေးကို ချော့ရတော့သည်။


ဖုယွမ်ချွမ်း၏ စကားချိုချိုတွေကို နားထောင်ပြီးနောက် ကျွင်းချင်ယွီက မေးလိုက်သည်။


“Mဂြိုလ်နဲ့ ပတ်သက်ပြီး ခင်ဗျား ဘာလုပ်မှာလဲ”


“ကိုယ် ဖမ်းဆီးမှာပေါ့”


ခဏ ရပ်တန့်သွားပြီးနောက် ဖုယွမ်ချွမ်းက ဆက်ပြောလာသည်။


“ကိုယ်က အသက်ရှင်နေသေးတာပဲ၊ ကိုယ် အဲ့တာကို ရက်အနည်းငယ်အတွင်း နန်းတော်ထဲ ပို့ပြီး မင်းကိုကိုင်တွယ်ခိုင်းမယ်”


“ကောင်းပြီ”


ယာဥ်ပျံသည် အင်ပါယာနန်းတော်ရှိ နန်းဆောင်တစ်ခုသို့ ဦးတည်သွားခဲ့သည်။


ထိုနန်းဆောင်နှင့် သူတို့အိမ်နှင့် ကွာခြားချက်တစ်ခုမှာ အခြားကြီးမားနေတာပင်။ အလွန်ကြီးမားနေပြီး ခြံဝန်းသေးသေးလေးတွေက ဝန်းရံထားသော ခြံဝန်ကြီး တစ်ခုနှင့် တူလှပြီး အပြင်အဆင်တွေက လည်း ပြန်လည် ပြုပြင်ထားသည့်ပုံပင်။


ကန်ထဲရှိ ရေက ကြည်လင်ကာ လှည့်ပတ်နေပြီး အခြားသက်ရှိတွေ ရှိမနေဘဲ ငါးအနည်းသာ ရှိသည်။


ထိုကန်က အခြားငါးကန်တွေနှင့်မတူဘဲ ရိုးရှင်းသည့် ငါးကန် တစ်ခုနှင့်တူသည်။


ရှောင်ယွီက ငါးကန်ကို ကြည့်နေသည်ကို မြင်သည်နှင့် ဖုယွမ်ချွမ်းက


“မင်း ကြိုက်ရင် သွားကြည့်လို့ရတယ် ကန်အောက်မှာ ပန်းတွေလဲ ရှိတယ် မင်း သဘောကျလိမ့်မယ်”


ဖုယွမ်ချွမ်းကို စကားကိုကြားပြီးသည်နှင့် ကျွင်းချင်ယွီ မျက်ခုံးပင့်မိသည်။


ကန်က ဘာမှမရှိတာ မထူးဆန်းတော့ပေ။ ငါးမျှားဖို့အတွက် အသုံးပြုတာပဲ။


ပြန်လည်တည်ဆောက်သည့် အစအဆုံး ဖုယွမ်ချွမ်း ပါဝင်ခဲ့လေသည်။ သူတို့ တစ်ခါတစ်ရံ အစည်းအဝေးအတွက် လာသည့် အခါတွင် ဒီနေရာက ရှောင်ယွီအတွက် ပျင်းရိစရာကောင်း.တော့မည် မဟုတ်ပေ။


ကျွင်းချင်ယွီက သူ့ဆံပင်ကို အချိန်တစ်ခုထိ မစိုချင်သေးပေ။ ထို့ကြောင့် ခေါင်းရမ်းလိုက်ပြီး


“အရင်ဆုံး ဝင်ရအောင်”


“ကောင်းပြီ”


အပြင်နှင့် ယှဥ်လျှင် အထဲက အပြင်အဆင်တွေက သူတို့အိမ်နှင့် ဆင်တူ ပြီး ပိုပြီး နေရာကျယ်သွားတာလေး တစ်ခုတင် ကွာခြားချက်ရှိသည်ကြောင့် ကျွင်းချင်ယွီက ရင်းနှီးသလို ခံစားလိုက်ရသည်။


ကျွင်းချင်ယွီက ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး ဖုယွမ်ချွမ်းက ဘီယာအေး တစ်ခွက် ထည့်လိုက်သည်။


“အခမ်းအနားအတွက် မင်းလိုချင်တာရှိရင်ပြောလေ မင်းစိတ်တိုင်းကျ ပြန်ပြောင်းပေးလို့ရတယ်”


“လိုချင်တာ မရှိပါဘူး”


အခမ်းအနားက ပုံမှန်အတိုင်း သွားတာ အကောင်းဆုံးပင်။


“ခင်ဗျား အခု လုပ်များနေလား”


“မများပါဘူး”


အသီးသီးက အခမ်းအနားအတွက်ပြင်ဆင်နေကြပြီး သူ ကိုင်တွယ်စရာ ဆို၍ စာတမ်း အနည်းငယ်သာ ရှိသည်။ ဖုယွမ်ချွမ်းက အလုပ်မများတာ အမှန်ပင်။


“ဘာလို့လဲ အပြင်ထွက်ပြီး ကစားချင်လို့လား”


“အဆင်ပြေရင် နေရာလွတ်ထဲကို သွားရအောင်လေ”


ယောင်ယောင်၏ အခြေအနေသည် ဖုယွမ်ချွမ်းထက် ပိုဆိုးပြီး သူက အသီးအရွက်တွေနှင့် စမ်းရေ နည်းနည်းလေး ပျော်ဝင်မှီခိုနေရပြီး ထိုအရာတွေ၏ အကျိုးသက်ရောက်မှုကလည်း သိသာလှသည်။


ဖုယွမ်ချွမ်းသာ ရေပူစမ်းတွင် အကြာကြီး စိမ်လိုက်ပါက ကုသရေးခန်းသို့ သွားစရာ မလိုဘဲ သူ့ ခန္ဓာကိုယ်က လုံးဝ ပျောက်ကင်းသွားနိုင်၏။


ပြန်လည်ထူထောင်တာကိုတော့ ဆရာဝန်နှင့် ဆွေးနွေးလို့ ရသည်။


ဖုယွမ်ချွမ်းအား နေရာလွတ်ထဲ ပို့လိုက်ပြီးနောက် ကျွင်းချင်ယွီက လိုက်မသွားတော့ပေ။ သူက ဉာဏ်ရည်တုစက်ကို ထုတ်ကာ ရှီခိုင်ရှင်းကို ဆက်သွယ်လိုက်သည်။


ဆယ်မိနစ်အတွင်းတွင် ယာဥ်ပျံ၏ အသံကို ကြားလိုက်ရပြီးနောက် ရှီခိုင်ရှင်း က စာတမ်းတစ်ခုကို ယူဆောင်လာခဲ့သည်။


“အရှင် ဒါ အရှင် လိုချင်တဲ့ အချက်အလက်တွေပါ”


“အချို့အချက်အလက်တွေက အီးမေးလ် ဗားရှင်းပါ ကျွန်တော် ပို့ပေးလိုက်ပါ့မယ်”


ကျွင်းချင်ယွီသည် ကုသရေးစစ်ဆေးချက်ကို လှန်လျောကြည့်ကာ မေးလိုက်သည်။


“စမ်းသပ်ချက် ရလဒ်တွေ ဘယ်လိုလဲ”


အစောဆုံးစမ်းသပ်ချက်ရလဒ်တွေသည် သူ ရောက်မလာခင်က ဖြစ်ပြီး သူက ကုသရေးခန်းမှာ အချိန်ကုန်ခဲ့ပြီးပြီ ဖြစ်သည်။


ရလဒ်တွေအရတော့ ထိုအရာက ကိစ္စကြီး မဟုတ်ဘဲ ကုသရန်အတွက် ကုသရေးခန်းကိုသာ အချိန်မှန် သွားရောက်ဖို့သာ လိုအပ်သည်။


ကျွင်းချင်ယွီက လက်ချောင်းတွေကို ခေါက်လျက် ကုသရေးခန်းအတွက် ဖြေရှင်းရန် နည်းလမ်းကို စဥ်းစားနေခဲ့သည်။


ရှီခိုင်ရှင်းသည် ရလဒ်ကို ရရှိထားပြီးပေမဲ့ ယခုထိ မစိစစ်ရသေးပေ။ သို့သော် သူက တင်ပြနေဆဲပင်။


“စစ်သင်္ဘောပေါ်က လူတွေ အားလုံးရဲ့ စစ်ဆေးချက်တွေက အရှင့် စစ်ဆေးချက်နဲ့ တူညီကြပါတယ် အမည်မသိ အရာတစ်ခု ရှိနေပါတယ်”


ကျွင်းချင်ယွီ ခေါင်းညိတ်လိုက်သည်။


“ငါသစ်သီးအချို့ ပေးလိုက်မယ်”


“ဟုတ်ကဲ့”


စိတ်စွမ်းအင် ပြသာနာသေးသေးလေးက အသီးအရွက်တွေဖြင့်ပင် ဖြေရှင်းရန် လုံလောက်သည်။


ထို့ပြင် အသီးအရွက် တွေကို နေရာလွတ်ထဲမှ ထုတ်ယူထားပြီးသား ရှိနေသေးသည့်အပြင် ဒီနေရာ၌ တစ်စုံတစ်ယောက်က စောင့်ကြည့်နေပြီး မှတ်မိသွားမှာကိုလည်း မကြောက်ရပေ။ ထို့ကြောင့် အသီးအရွက်တွေကို ဖျော်ရည် အဖြစ် ပြောင်းလဲရန်လည်း မလိုအပ်ပေ။


အချို့အသီးအရွက်တွေသည် အရည်အသွေးမြင့် ထုတ်ကုန်အသစ်အနေဖြင့် စျေးကွက်ထဲရောက်ရှ်ိနေပြီ ဖြစ်သည်။ သူတို့က စိတ်စွမ်းအင် ပြသာနာကို ကောင်းမွန်စေသည်ဟုလည်း ပြောထားသေးသည်။


ထိုအသီးအရွက်များတွင် စမ်းရေ အနည််းငယ်မျှ ပါဝင်သော်လည်း အသုံးဝင်လှသည်။


စစ်ဆေးချက်စာတမ်းကို ပိတ်လိုက်ပြီးနောက် ကျွင်းချင်ယွီက


“Mဂြိုလ်က အခြေအနေတွေ တိုးတက်မှု ရှိလား”


“ဖောက်ခွဲတဲ့ ကိစ္စရဲ့ နောက်ကွယ်က လူကိုဖမ်းပြီးပါပြီ အရှင်က Mဂြိုလ်မှာ နေစရာ မလိုတော့ဘူးလို့ပြောပါတယ် ပြီးတော့ အဲ့မှာ စမ်းသပ်သူ အနည်းငယ် ကျန်ရှိနေပြီး အချို့ကိုတော့ ပင်မဂြိုလ်ကို ပို့လိုက်ပါပြီ”


“အင်း”


ဖုယွမ်ချွမ်း၏ အမိန့်ကို ကြားပြီးသားကြောင့် သူ မအံသြတော့ချေ။


ဖုယွမ်ချွမ်းက အမိန့် မထုတ်သေးပေ။ အချိန်ကျလာသည်နှင့် သူတို့တွေကို ဖြေရှင်းရပေမည်။


ရှီခိုင်ရှင်းက စကားဆုံးသွားသော်လည်း မသွားသေးဘဲ ရှိနေသေးသည်ကြောင့်


“ဘာကိစ္စ ရှိလို့လဲ”


ရှီခိုင်ရှင်းက အနည်းငယ် တွန့်ဆုတ်သွားပြီးနောက်


“အဲ့ဒါက အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းကလူက အရှင်နဲ့ ပြောစရာရှိလို့တဲ့ သူက လူကြုံလည်း မပါးချင်ဘူး အရှင်နဲ့ပဲ မျက်နှာချင်းဆိုင် စကား ပြောချင်ပါတယ်တဲ့”


ကျွင်းချင်ယွီ၏ ပုံစံအမှန်ကို သိသည်ကြောင့် ရှီခိုင်ရှင်းက ထိုကိစ္စကိုပြောရန် တွန့်ဆုတ်ခဲ့ပါသော်လည်း သူက အခြားလူပြောမည့် ကိစ္စက အရေးကြီးကိစ္စ ဖြစ်နေမည်ကို စိုးရိမ်သည်။


နှောင့်နှေးမှုက ပြသာနာဖြစ်ပေါ်စေ၏။


ထိုလူကို ကျွင်းချင်ယွီ မတွေ့ဖူးပေ။ သူ အများဆုံးတွေ့ဖူးသည်က အဆင့်အတန်းမြင့် ဝယ်သူတွေသာ ဖြစ်သည်။


ထိုလူက သူနှင့် ပတ်သက်ပြီး ပြောချင်သည့် အကြောင်းအရာကို သူတကယ် မခန့်မှန်းနိုင်ပေ။


ကြည့်ရတာ အဖွဲ့ချုပ်မှ သတင်းအချို့က သူ့ကို ခက်ခဲစေတာ ဖြစ်လိမ့်မည်။


ဖုယွမ်ချွမ်းက ခဏအကြာမှ ထွက်လာလိမ့်မည်။ ထိုအချိန်ကို အကျိုးရှိရှိ အသုံးချရတော့မည်။


“သူ အခု ဘယ်မှာလဲ”


“ဧည့်သည်ခန်းမှာ စောင့်နေပါတယ်”


စောင့်နေသည် ဟု ပြောလိုက်ပေမယ့် စောင့်ဆိုင်းနေသည်ဟု ခံစားရသည်။


သူတို့က သူကို တွေ့ဖို့ ရောက်လာပြီး ချက်ချင်း သူနှင့် တွေ့ဆုံခွင့်ရသည်က မဖြစ်သင့်ပေ။


မဟုတ်လျှင် ဘယ်သူက သူ့ကို တင်ပြဖို့ လာရဲတော့မည်လဲ။


(ဒီအပိုဒ်ကလေ အသေအချာ လုံးဝ နားမလည်လို့ ဆီလျော်အောင်တော့ ပြန်ပေးလိုက်ပါတယ် ဟိုက ရောက်လာပြီးချင်း သူကသွားတွေ့ရင် အဆင်မပြေဘူးပေါ့နော် ပြီးတော့ ဟိုလူက စောင့်နေတာ ကြာပြီလို့ ပြောချင်တာ ထင်တယ်)


“ကြည့်ကြည့်တာပေါ့”


“ဟုတ်ကဲ့ ဒါနဲ့ အရှင့်ကို ပြောပြစရာ မလိုတော့ဘူးလား”


“သူ သိတယ်”


“ဟမ်”


ရှီခိုင်ရှင်း က အဓိပ္ပါယ်ကို နားမလည်နိုင်သေးသော်လည်း ကျွင်းချင်ယွီက ထွက်သွားနှင့်ပြီကြောင့် စဥ်းစားရန် မကြိုးစားတော့ဘဲ နောက်မှ ပြေးလိုက်ရတော့သည်။


ကြီးမားသည့် ဧည့်ခန်းထဲတွင် လူတစ်ယောက် ထိုင်နေခဲ့သည်။


ထိုလူ က သူ့ကို မြင်သည်နှင့် ချက်ချင်း မျက်လုံးတွေက ပြူးကျယ်သွားပြီးနောက် ခေါင်းကို ငုံ့လိုက်သည်။


ထို့နောက် သူ့ကို ပြန်ကြည့်လာသည့်အချိန်တွင်တော့ သူ့မျက်လုံးတွေရှိ ခံစားချက်များက ပျောက်ကွယ်သွားပြီ ဖြစ်သည်။


ထိုလူက မတ်တပ်ရပ်ကာ အလေးပြုလိုက်သည်။


“ကောင်းသောနေ့ပါ အရှင်”


ကျွင်းချင်ယွီသည် မျက်နှာချင်းဆိုင်တွင် ဝင်ထိုက်လိုက်ပြီး လိုရင်းတိုရှင်းပြောလိုက်သည်။


“ကိစ္စကိုပြော”


ထိုလူက ခဏ တွေးတောနေပြီးနောက် ကိစ္စကို ပြောပြမလာဘဲရှီခိုင်ရှင်းကို ကြည့်လိုက်သည်။


“အရှင် ဒီကိစ္စက အများကြီး ပါဝင်ပတ်သက်နေတဲ့အတွက် လူသိနည်းလေ ပိုကောင်းလေပါ”


ရှီခိုင်ရှင်းက သူ့ လုံခြုံရေးအတွက် ရှိနေတာဖြစ်ပြီး သူ့အတွက် ဂရုစိုက်စရာ မလိုပေ။ သို့သော် ကျွင်းချင်ယွီက ထိုလူ၏ စကားကို မလိုက်လျောချင်ပေ။


ကျွင်းချင်ယွီ၏ လက်ချောင်းတွေက ကွန်ပြူတာ ကို ခေါက်နေပြီး


“ပြော”


“အရှင် ဒီကိစ္စက ရေသူလေးနဲ့ ပတ်သက်နေလို့ပါ နားလည်ပေးဖို့ မျှော်လင့်ပါတယ်”


ရှီခိုင်ရှင်း ရှိနေကြောင်းကို ထိုလူက အရိပ်အမြွက် ပြနေတာပင်။


“ပေါက်ကရတွေပြောမနေနဲ့တော့”


ကျွင်းချင်ယွီ၏ သဘောထားက ဝင်လာကတည်းက သိသာထင်ရှား နေသည်။ ထိုလူ က အနည်းငယ် အကြံပြုဖို့ မကြိုးစားချင်တော့သလို ဆက်လက်ပြီး တွက်ကပ်ချင်စိတ် မရှိတော့ပေ။


“အရှင်က ပြောလာမှတော့ ကျွန်တော် ကွယ်ဝှက် မထားနိုင်တော့ပါဘူး”


ထိုလူက အနည်းငယ်ပြုံးလိုက်ပြီး ပြောလာသည်။


“ကျွန်တော် ပြောချင်တာက အရှင်မှတ်မိသေးလား မသိဘူး အင်ပါယာအရှင် မာရှယ် ဖြစ်ခဲ့တုန်းက ရေသူလေးတစ်ကောင် ဝယ်ခဲ့တယ်လေ”


“ကျွန်တော်တို့ဆီမှာ ရေသူတစ်ကောင်ချင်းစီအတွက် ဗွီဒီယို မှတ်တမ်းရှိတယ် သိပ်မကြာသေးခင် ကျွန်တော်အဲ့ဒါကို ကြည့်မိတော့ မတော်တဆ ထူးဆန်းတဲ့နေရာတစ်ခု ရှာတွေ့ခဲ့တယ်”


ရှီခိုင်ရှင်းသည် ထိုလူ ပြောလာမည့်စကားကို ခန့်မှန်းမိပြီးပြီ ဖြစ်ကာ ဘေးသို့ ချထားသည့် သူ့လက်ကို အပေါ်သို့ မြင့်တက်လာခဲ့ပြီး အဆင်သင့်ပြင်ထားပြီ ဖြစ်သည်။


ကျွင်းချင်ယွီက အမိန့်ပေးလိုက်သည်နှင့် ထိုလူက ဤ နန်းတော်ထဲမှာ တသက်လုံး နေသွားရလိမ့်မည် ဖြစ်သည်။


ကျွင်းချင်ယွီက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။


“ပုံပြင်တွေ နားထောင်ဖို့ ငါ့မှာ အချိန်မရှိဘူး လိုရင်းကိုပဲပြော”


ထိုလူက အနည်းငယ်ပြုံးလိုက်ပြီး သူ့စကားကို လစ်လျှူရှုကာ ပြောလာ၏။


“အရှင် ပြောတာ လူတစ်ယောက်က ရေသူတစ်ကောင်နဲ့ တူတာဖြစ်နိုင်တယ်လို့”


“ လူသိများတဲ့ မျက်နှာတွေက လည်း ဖြစ်နိုင်တာပဲ”


သူက ထိုလူ ပြောချင်တာကို သဘောပေါက်ပေမယ့် ထိုလူ၏ စကားလမ်းကြောင်းအတိုင်း ပြန်မဖြေလိုက်ပေ။


သူ့စကားကို ကြားတော့ ထိုလူက ပြုံးလိုက်ပြီး


“အာ…အဲ့လိုလား”


ထိုလူ၏ အပြုအမှုကို ကြည့်၍ ကျွင်းချင်ယွီ မေးလိုက်သည်။


“ဘာပြဿနာ ရှိလို့လဲ”


သူ့နောက်တွင် မတ်တပ်ရပ်နေသော ရှီခိုင်ရှင်းကပါ ဝင်ရောက်ပြောဆိုလာခဲ့၏။


“ရေသူမွေးမြူရေးလုပ်ငန်းကို ဂရုစိုက်ရုံ တင်မက ခင်ဗျားက သူတို့ရဲ့ မိဘ(may be -ပိုင်ရှင်)တွေကိုပါ ဂရုစိုက်နေတာပဲ မျက်နှာရဖို့ သည်းမခံနိုင်တော့ဘူးလား”


ထိုလူသည် ရှီခိုင်ရှင်း၏ အေးစက်သော မျက်နှာ နှင့် သူ့ပါးစပ်ကို ဖွင့်ဟစေချင်သော အမူအယာကို မော့ကြည့်လိုက်ပြီးနောက် စကားပင် ပြန်မပြောရဲတော့ချေ။


Xxxxcx