အပိုင်း ၁၃၄
Viewers 16k

Chapter 134


ထိုလူသည် ရှီခိုင်ရှင်း၏ အေးစက်သော မျက်နှာ နှင့် သူ့ပါးစပ်ကို ဖွင့်ဟစေချင်သော အမူအယာကို မော့ကြည့်လိုက်ပြီးနောက် စကားပင် ပြန်မပြောရဲတော့ချေ။


ဒါပေမယ့် ရှီခိုင်ရှင်းက သူ့ကို ကြောက်သွားအောင် ဘာမှမလုပ်ရသေးသလို သူကလည်း ဘာမှ မလုပ်ရသေးဘူးလေ။


စိတ်ထဲတွင် ထိုသို့တွေးလိုက်ပြီးနောက် ထိုလူက အသက်ဝဝရှူလိုက်ကာ


“အဲ့ဒီရေသူလေးက အရှင်နဲ့ အရမ်းတူပါတယ် ရွှေရောင်ဆံပင်တွေရော အခြားအရာတွေရော ဒါကိုကြည့်ရုံနဲ့တင် ရေသူလေးနဲ့ အရှင့်ကြားက ဆက်သွယ်ချက် ကို ပြောနိုင်တယ်”


ကျွင်းချင်ယွီက ခေါင်းညိမ့်ကာ ပြောလိုက်သည်။


“ဆိုတော့...”


ထိုလူ က စောနကထက် စိတ် လှုပ်ရှားနေပုံ မပေါ်တော့ဘဲ လွတ်လွတ်လပ်လပ် ပြောလာသည်။


“ရေသူလေးက လူသား တစ်ယောက် ဖြစ်လာတယ်ဆိုတာ တော်တော် အံ့အားသင့်ဖို့ကောင်းပါတယ် အဲ့သတင်းသာ ပေါက်ကြားသွားရင် လူတွေက တုန်လှုပ်သွားကြမှာ မဟုတ်ပေမဲ့ ဘယ်လိုပြောရမလဲ အရှင့်အပေါ်မှာတော့ သက်ရောက်မှု ရှိမယ်ထင်တယ်”


“ရေသူလေးက လူသားဖြစ်လာနိုင်တယ်ဆိုတဲ့ သက်သေ ရှိလား ရေသူလေးက ဘယ်လိုကြီးထွားလာတယ်ဆိုတာ မဖြေရှင်းနိုင်တဲ့ လျို့ဝှက်ချက်ပဲ ရေသူလေးက လူသားဖြစ်လာတယ်လို့ ပြောရင်ကော မင်းက ယုံကြည်နိုင်မှာလား”


“မင်း လူတွေကို ပြောင်းလဲ ချင်တယ်ဆိုရင်တောင် အနည်းငယ်ပဲ ပြောင်းလဲနိုင်မှာပဲ မပြောင်းလဲနိုင်လို့ သတင်းထွက်လာရင် ဘယ်သူက ရှက်ဖို့ကောင်းမှာလဲ သိလား”


ကျွင်းချင်ယွီ၏ စကားကြောင့် ထိုလူက ပါးစပ် ဟနေပြီး စိတ်ရှုပ်ထွေးသွားပုံပေါ်သည်။


ကျွင်းချင်ယွီ၏ တုံ့ပြန်ပုံက သူ မျှော်မှန်းထားသည်ထက် ကျော်လွန်နေ၏။


ဒီလိုအခြေအနေမျိုးအရ သူ့ ပုံစံအမှန်ကို ဖော်ထုတ်ခံရလျှင် အကြပ်အတည်း ဖြစ်သွားကြရမည် မဟုတ်ပေဘူးလော။


ဘယ်လောက်ပဲ ခက်ခဲပါစေ။ ကြောက်လန့် တုန်လှုပ်သွားပြီး သူ့နှင့် ညှိနှိုင်းလာရမည်ဖြစ်သည်။


ဒါပေမယ့် အခုအခြေအနေက ရေသူတစ်ကောင် က လူသားဖြစ်သွားတာ မင်းကိစ္စလေ။ ဘာလို့ငါ့ကို လာပြီး အပြစ်တင်နေတုန်း ဟူ၍ သူ့ကို တာဝန်ယူခိုင်းနေသည် တဲ့လား။


ရှီခိုင်ရှင်းသည် ရုန်းကန်နေရပုံပေါ်သည့် လူကို ကြည့်ပြီး ခေါင်းရမ်းလိုက်တော့၏။


ခြေတောက် သုံးချောင်းနှင့် ကြောင်တစ်ကောင် အဆင့် က ခန်းမထဲမှာ လာ က ရဲသည်လား။


ထိုလူ၏ နုတ်ခမ်းက တွန့်ချိုးသွားပြီး ကျွင်းချင်ယွီ၏ လမ်းကြောင်းအတိုင်း ပြန်ပြောလာခဲ့သည်။


“ဒါပေမဲ့ အဲ့ကိစ္စက အရှင့်ကိုလဲ ထိခိုက်စေမှာ မဟုတ်ဘူးလား”


ရေသူတစ်ကောင်က လူသားအဖြစ် ပြောင်းသွားပြီး အင်ပါယာ၏ ဧကရီ ဖြစ်လာသည့် ကိစ္စက မီဒီယာတွေမှာ ခေါင်းစဥ်အကြီးကြီးနှင့် ပါလာမည် သေချာသည်။


“ အင်ပါယာမှာ သတင်းမထွက်အောင်လို့ အင်ပါယာအရှင်နဲ့ အရှင်က လက်တစ်ဖက်တည်းနဲ့ လုပ်နိုင်မှန်းသိပါတယ် ဒါပေမယ့်…..အဖွဲ့ချုပ်ဘက်ကတော့……ကျွန်တော် ဆိုလိုချင်တာ အရှင်သိပါတယ်”


 ကျွင်းချင်ယွီက အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်လာရ၏။ ထိုလူက နည်းနည်းလေးမှ အလေးထားဖို့ မထိုက်တန်လှပေ။


“အဲ့တော့ ဘာလိုချင်တာလဲ ပြော”


“ကျွန်တော် ရေသူပျိုးထောင်ရေး အခြေစိုက်စခန်း ရဲ့ ကုသမှု အကြောင်းပြောချင်တယ်”


“အသီးအရွက်အသစ် တွေက ရေသူလေးနဲ့ တူညီတဲ့ အကျိုးသက်ရောက်မှု ရှိတယ်လို့ ထင်တယ် ဒါကြောင့် အသီးအရွက်တွေကို စမ်းသပ်ဖို့ ရေသူစခန်းကို ပေးရင်ရော၊ ဒါမှမဟုတ် စျေးကွက်ထဲက အသီးအရွက်တွေကို ပြန်ရုတ်သိမ်းလိုက်ရင်ရော”


ယခုအခါ၌ ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းက တစ်ခုတည်းရှိတော့တာ မဟုတ်ပေ။ ဒါက သူတို့က အဖွဲ့ချုပ်နှင့် ပူးပေါင်းနိုင်သည်ဟုလည်း ယူဆရသည်။ သို့သော် ပွင့်ပွင့်လင်းလင်းတော့ ပြုလုပ်နိုင်မည် မဟုတ်ပေ။


ထို့ပြင် မျိုးရိုးမြင့်များကက စျေးပေါပြီးရိုးရှင်းသည့် အသီးအရွက်တွေကို ဝယ်ယူစားသုံးနိုင်သေးသည်။


ဘာပဲဖြစ်ဖြစ် ဘုရင်အသစ်က ပုလ္လင်ကို သိမ်းပိုက်လိုက်ချိန် အမှုထမ်းအသစ်တွေက မီးသုံးခုနှင့် နေရာယူပြီးပြီဖြစ်သည်။ သူတို့က ထိုမီးကို ရှို့ မလား ကောင်းမွန်စွာအသုံးပြုမလားဆိုတာက ဘယ်သူမှ မပြောနိုင်ပေ။(အမှုထမ်းတွေက ဘုရင်အသစ်အမိန့်ကိုနာခံမလား ပြသနာတွေရှာမလား)


ထို့ကြောင့် ရေသူတွေကို ဝယ်ယူနိုင်သည့် မျိုးရိုးမြင့်များက ရေသူပျိုးထောင်ရေး အခြေစိုက်စခန်းကို သိသိသာသာ ရှောင်ရှားလာကြသည်။


သာမန်ပြည်သူတွေကတော့ ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းကို လှည့်ပင် မကြည့်တော့ဘဲ အသိီးအရွက်တွေကိုသာ အာရုံစိုက်ထားကြသည်။


ယခင်က လူတွေသူ့ရှေ့ကိုလာရောက်ပြီး ရေသူရောင်းပေးရန် တောင်းဆိုကြသည်။ ယခုတော့ သူတို့က တိမ်ပေါ်မှ ငရဲသို့ကျဆင်းသွားသကဲ့သို့ပင်။


ဤသည်က ရေသူစခန်းအတွက် လက်မခံနိုင်စရာပေ။


ထိုအခြေအနေကို ပြန်ရောက်ဖို့ဆိုလျှင် ညစ်ပတ်သည့် နည်းလမ်းတွေကိုလည်း အသုံးချရလိမ့်မည်။


အစကတော့ သူက အဖွဲ့ချုပ်ကို ပြန်ရန် ဆုံးဖြတ်ထားသော်လည်း မတော်တဆ တွေ့ရှိခဲ့ပြီးနောက် ညှိနှိုင်းရန် ရောက်လာခဲ့တာဖြစ်သည်။


ကျွင်းချင်ယွီက ထိုလူ၏ စကားကို နားထောင်ပြီးသည်နှင့် စကားနှစ်ခွန်း ကိုသာ ပြောလိုက်သည်။


“အိမ်မက် မက်နေလိုက်”


ရေသူပျိုးထောင်ရေး အခြေစိုက်စခန်း၏ ရည်ရွယ်ချက်က မသေးလှပေ။ သူတို့က အခြေအနေကို ပြောင်းပြန်လုပ်ချင်ကြသည်။


ထိုလူတွေက သူ့တံခါးရှေ့ကို ရောက်မလာခဲ့လျှင်တောင် ကျွင်းချင်ယွီက သွားရောက် ဖြေရှင်းမှာဖြစ်သည်။


သူက အခြားကိစ္စတွေနှင့် အလုပ်ရှုပ်နေခဲ့လို့သာပင်။


“ အဖွဲ့ချုပ်ဆီ သတင်းပို့မှာကို မကြောက်ဘူးပေါ့”


ရေသူစခန်းမှ လူက လေးလေးနက်နက် ဖြင့် ခြိမ်းခြောက် ပြောဆိုလာသည်မှာ ထင်ရှား၏။


 ရှီခိုင်ရှင်းက နောက်တွင် ရပ်နေရာမှ စားပွဲနားသို့ လျှောက်လာခဲ့သည်။


ထိုအပြုအမှုကို ကြည့်ပြီး ထိုလူက အံကို ကြိတ်ကာ ပြောလိုက်သည်။


“ကျွန်တော် တစ်ခုခုဖြစ်သွားနဲ့ တချိန်တည်းမှာပဲ အဖွဲ့ချုပ်ကို သတင်းပို့ပြီးသားဖြစ်သွားမှာနော် အရှင်ကျွန်တော့်ကို ဖြေရှင်းချင်ရင် နှစ်ခါစဥ်းစားရလိမ့်မယ်”


ရေသူစခန်းမှ လူက သူ့ကိုယ်သူ အန္တရာယ်ထဲသို့ တွန်းပို့ဖို့အထိ တုံးအနေတာ မဟုတ်ပေ။


သူက ပြန်ထွက်သွားဖို့အတွက် အစီအစဥ် ချထားပြီးပြီ ဖြစ်သည်။


“အဖွဲ့ချုပ်လား”


ကျွင်းချင်ယွီ က ထိုကိစ္စ ပေါက်ကြားသွားမည်ကို မစိုးရိမ်ပေ။ သို့သော် အဖွဲ့ချုပ်၏ ခေါင်းဆောင်က ဖုယွမ်ချွမ်း၏ ညီလေးဖြစ်ပြီး ထိုကိစ္စသာ သိရှိသွားပါက သူ့အကို လက်ထပ်ထားသည်က ရေသူလေးတစ်ကောင်ဆိုတာကိုပါ……။


ကျွင်းချင်ယွီ ၏ တိတ်ဆိတ်သွားပုံကို ကြည့်ကာ ရေသူစခန်းမှ လူက အသက်ရှုချောင်သွားသည်။


ကျွင်းချင်ယွီ သာ ဘာမှ ဂရုမစိုက်ဘူးဆိုလျှင် သူ အန္တရာယ်များတော့မည်.။


ကျွင်းချင်ယွီနှင့် ထိုလူ နှစ်ယောက်လုံးက စကားမပြောတော့ဘဲ တိတ်ဆိတ်သွားကြသည်။


အလေးအနက်တွေးနေသည့် ကျွင်းချင်ယွီ၏ပုံကို ကြည့်ပြီး ရှီခိုင်ရှင်းသည် မဒမ်က အရှင် မသိအောင် သူ့ရှေ့က လူကို ဘယ်လို ဆုတ်ဖြဲပစ်လျှင် ကောင်းမလဲ တွေးတောနေသည် ဟု ခံစားနေရ၏။


အမ်….ဒါက မင်း ဦးခေါင်းကို ထိခိုက်စေတယ်။


ဧည့်ခန်းသည် အချိန်တစ်ခုထိ တိတ်ဆိတ်နေခဲ့သည်။


“Beep”


ထိုအခိုက် ဉာဏ်ရည်တုစက်၏ တုန်ခါသံက ထွက်ပေါ်လာခဲ့သည်။


တုန်ခါသံက ဆက်လက်ထွက်ပေါ်နေခဲ့ပြီး စာတွေ အများကြီး ဝင်ရောက်လာသည့်ပုံပင်။


ကျွင်းချင်ယွီ ဉာဏ်ရည်တုစက်ကို ဖွင့်လိုက်တော့ သူ့သူငယ်ချင်း ဖုချင်းဟန်၏ မက်ဆေ့တွေကို တွေ့လိုက်ရသည်။


ထိုသူ ကို ဘယ်အချိန်ကအပ်ထားခဲ့လဲ မသိတော့ပေ။


ဖုချင်းဟန်: [မရီး မရီးနဲ့ ရေသူလေးကြားက သတင်းက ကျွန်တော့ဆီရောက်လာတယ်]


ဖုချင်းဟန်: [ကျွန်တော် ဖိုင်ကို ဖျက်ပြီးပါပြီ ပို့ပေးလိုက်တဲ့လူကိုလည်း ရှာခိုင်းထားတယ် စိတ်ပူ မနေပါနဲ့]


ဖုချင်းဟန်က သူ့ပုံစံ အမှန်ကို သိသွားတာတောင် ဘာတုံ့ပြန်မှု မပြဘဲ သူ့အတွက် ဖုံးကွယ်ပေးဖို့ ကူညီပေး နေသည်။


ကျွင်းချင်ယွီ: [မင်း မလန့်သွားဘူးလား]


ဖုချင်းဟန်:[မရီး ကြောက်ပါနဲ့ စိုးရိမ်စရာ မလိုပါဘူး သတင်းထွက်လာကြည့် ထုတ်ဖော်တဲ့ လူ တစ်ယောက်ချင်းဆီကို ကျွန်တော် ခေါင်းဖြတ်လိုက်မယ် စိတ်မပူနဲ့နော် အကို လည်း ရှိပါသေးတယ် နောက်ပြီး ကျွန်တော်ကလည်း အဖွဲ့ချုပ် ခေါင်းဆောင်ပါ စိုးရိမ်နေစရာ မလိုဘူး]


ကျွင်းချင်ယွီ: “…….”


ငါ အဲ့လိုဆိုလိုတာ မဟုတ်ဘူးလေ။ ဘာကြောင့် ငါ့ကို ပြန်ပြီး နှစ်သိမ့်သွားတာလဲ။


ကျွင်းချင်ယွီက ဖုချင်းဟန်၏ ပရိုဖိုင်လေး မှေးမှိန်သွားပြီး လိုင်းဆင်းသွားသည်အထိ သူတို့စကားပြောခန်းကို ကြိုးမှလွတ်ထွက်လာသည့် ခွေးကြီးကို တွေ့ရလိုက်သလိုမျိုး စိုက်ကြည့်နေခဲ့သည်။


“အရှင်”


ကျွင်းချင်ယွီ၏ ပုံစံက မှားယွင်းနေသည်ကို ရှီခိုင်ရှင်း သတိထားမိသည်။ သူက ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပေ။


ကျွင်းချင်ယွီက ဉာဏ်ရည်တုစက်ကို သိမ်းလိုက်ကာ မတ်တပ်ရပ်လိုက်ပြီး


“ အရင်ဆုံး သူ့ကိုဖမ်းပြီး ပါးစပ် ပိတ်လိုက်”


“ဟုတ်ကဲ့”


ရေသူစခန်းမှ လူက အသိပြန်ဝင်လာ၏။ အခြေအနေကောင်းနေပြီးမှ ကျွင်းချင်ယွီ၏ မျက်နှာက ရုတ်တရက်ကြီး ပြောင်းလဲသွားပြီး ဘာလို့ သူ့ကို ဖမ်းချင်သွားရသည်လဲ နားမလည်တော့ပေ။


သို့သော် သေချာစဥ်းစားကြည့်လျှင် ရေသူလေး၏ ကိစ္စကြောင့် ကျွင်းချင်ယွီက ဒေါသထွက်သွားခဲ့ပြီး သူ့ခြိမ်းခြောက်ချက်ကလည်း မလုံလောက်သေးသည်ကြောင့် အပို ဖြစ်ရပ်တစ်ခု ဖြစ်လာရသည့် ပုံပင်။


သူက ထိုင်ရာမှ အလျင်အမြန် ထလိုက်ပြီး


“ဒါက ညှိနှိုင်းပြီး ဖြေရှင်းလို့ရတယ် မဟုတ်လား ဘာကြောင့် အရှင်မရဲ့ မျက်နှာကို ပျက်စေမဲ့ လုပ်ရပ်မျိုး လုပ်ရမှာလဲ အသီးအရွက်တွေက ကောင်းပေမဲ့ ရေသူလေးရဲ့ စိတ်ဝိညာဥ်စွမ်းအင် လောက်တော့ မကောင်းဘူးလေ အရှင်မက အဲ့တာကို ဘယ်အချိန်မဆို အသုံးပြုနိုင်တယ်လေ ဟုတ်တယ်မလား”


“ရေသူ ပျိုးထောင်ရေး အခြေစိုက်စခန်းရဲ့ ခေါင်းဆောင်းဟောင်းက ရေသူ စခန်း ကို တိုးတက်ရေးအတွက် ဧကရီနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ လာရောက်ခဲ့ပြီး ရေသူစခန်းရဲ့ ထိန်းချုပ်မှုကို လွှဲပြောင်းပေးဖို့ ဆုံးဖြတ်ခဲ့တယ် သူက အဲ့ဒါ(ရေသူစခန်း)ကို ဗိုလ်ချုပ် ရှီခိုင်ရှင်းဆီ လွှဲပြောင်းပေးခဲ့တယ်”


ရေသူစခန်းမှ လူ၏ မျက်လုံးက ပြူးကျယ်သွားပြီး


“မင်း….မင်း”


ထိုလူက အပြင်းအထန် ထိတ်လန့်သွားသည်။


“ မင်း အရမ်းများသွားပြီ မင်းရဲ့ အပြုအမှုက ကြယ်ဓားပြ တွေနဲ့ ဘာကွာခြားလို့လဲ”


ကျွင်းချင်ယွီက ခဏတွေးကြည့်ပြီးနောက် ပြန်ဖြေလိုက်သည်။


“ဘာမှ မကွာခြားဘူးလေ”


ထိုလူ: “……”


ကျွင်းချင်ယွီက လက်ကို မြှောက်လိုက်သည်နှင့် ရှီခိုင်ရှင်းက ရှေ့တက်လာခဲ့ကာ ထိုလူ့က စကားပြောခွင့်ပင် မရတော့ချေ။


ရေသူပျိုးထောင်ရေးအခြေစိုက် စခန်းသည် အဖွဲ့ချုပ်၏ ပိုင်ဆိုင်မှုဟု မပြောနိုင်သော်လည်း ယခင်အဖွဲ့ချုပ် ခေါင်းဆောင်နှင့် ပတ်သက်လေသည်။


ယခုတော့ အဖွဲ့ချုပ်၏ ခေါင်းဆောင်က အသစ်ဖြစ်ကာ ရေသူစခန်းကလည်း ဖုယွမ်ချွမ်း၏ ပိုင်ဆိုင်မှု ထဲ ပါဝင်သွားတော့မည်။


သူက ဖုချင်းဟန် လက်ထဲကို ဘယ်လိုနည်းနှင့်မှ ထည့် မပေးနိုင်ပေ။


အခမ်းအနား ပြင်ဆင်မှုက ခဏလေးနှင့် မပြီးသွားခဲ့ပေ။ သူတို့က ထပ်တလဲလဲ စစ်ဆေးပြီး ထပ်တလဲလဲ ပြန် ပြင်ဆင်ခဲ့ရသည်။


ကျွင်းချင်ယွီသည် အိပ်ရာပေါ် ထိုင်နေပြီး မက်မွန်သီး စားလျက် အချက်အလက်တွေကို ကြည့်နေခဲ့သည်။


နောက် တခဏ၌ သူ့နောက်ကျောက နွေးထွေးသွားရ၏။


သူက နောက်ကို လှည့်မကြည့်ခဲ့ပေ။


“အချိန် ပြည့်သွားပြီလား”


“အင်း”


ဖုယွမ်ချွမ်း၏ လက်တွေက ငါးလေး၏ ခါးဆီ ရောက်လာပြီး မက်မွန်သီးကို ကိုက်စားလိုက်သည်။


“ဘာတွေကြည့်နေတာလဲ”


“အခမ်းအနား အပြင်အဆင်လေ”


ဖုယွမ်ချွမ်းက ရေပူစမ်းကို သွားနေသည်ကြောင့် ထိုကိစ္စက သူ့လက်ထဲ ရောက်လာတာပင်။


ဖုယွမ်ချွမ်း၏ စိတ်စွမ်းအင်က ပို၍ တည်ငြိမ်လာပြီး ပျံ့ကျဲလာမည့်ပုံလည်း မပြပေ။ ရေပူစမ်းက အကျိုးသက်ရောက်မှု ရှိသည်မှာ သိသာသည်။


ထို့နောက် ကျွင်းချင်ယွီက


“ရေသူပျိုးထောင်ရေး အခြေစိုက် စခန်းကို လောလောဆယ် ရှီခိုင်ရှင်း ဆီ အပ်ထားတယ် နောက်မှ လူ ပြောင်းလိုက်မယ်”


ဖူယွမ်ချွမ်းသည် မက်မွန်သီး အရသာရှိသည့် ငါးလေးကို နမ်းလိုက်ကာ


“ တကယ်တော့ မင်း ယူလိုက်လို့ ရတာပဲလေ”


ရေသူပျိုးထောင်ရေး အခြေစိုက်စခန်းတွေသည် အင်ပါယာတွင် ပို၍ သင့်တော်ပြီး အဖွဲ့ချုပ်အတွက်ကတော့ အလုပ်သမားတွေနှင့် အခြားအရာတွေ လိုအပ်သေးသည်။


ရှောင်ယွီ ကို ပေးလိုက်တာက ပို၍ အဆင်ပြေသည်။


“ကျွန်တော် မလိုချင်ဘူး”


သူက အိမ်မှာပဲနေပြီး နေ့တိုင်း မနိုးမချင်း အိပ်စက်ချင်တာပင်။ ဖုယွမ်ချွမ်း၏ ကျန်းမာရေး သာပြန်ကောင်းလာခဲ့လျှင် အင်ပါယာ၏ ကိစ္စတွေကို ဝင်ပါတော့မည် မဟုတ်ချေ။


အဲ့ဒါကို သူက ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းကို ယူရမှာလား။


ဖုယွမ်ချွမ်းက ရှောင်ယွီ၏ ဆံပင်တွေကို သူ့လက်ချောင်းတွေနှင့် တွန့်ခေါက်နေလိုက်သည်။


ရှောင်ယွီက မလိုချင်ဘူးဆိုလျှင်လည်း သူ ဘာမှ ပြောမည် မဟုတ်ပေ။ 


ရှောင်ယွီ၏ ဆန္ဒအတိုင်းသာ…..။


“အခမ်းအနားပြီးရင် ခရီးထွက်ရအောင်”


ကျွင်းချင်ယွီက ခေါင်းကို သူ့ပုခုံးတွင် မှီလျက် မျက်ခုံးကို ပင့်လျက် သူ့ကို ကြည့်ကာ ပြောလိုက်သည်။


“လုပ်စရာတွေ အများကြီးရှိတာကို ခင်ဗျား သွားလို့ရလို့လား”


ဖုယွမ်ချွမ်းသည် ကျွင်းချင်ယွီကို ဖက်လိုက်ကာ


“ရှီခိုင်ရှင်း ကို အပ်ခဲ့လိုက်မယ်"


Xxxxxx