Chapter 135
အဖြေမှာကျိုးကြောင်းမဆီလျော်လှသော်လည်း ကျွင်းချင်ယွီမှဖုယွမ်ချွမ်းအားကြည့်လိုက်ပုံမှာစနောက်နေသည့်ပုံမပေါ်ပဲ အလွန်အတည်အတန့်ဖြစ်နေခဲ့သည်။
ကျွင်းချင်ယွီမျက်ခုံးပင့်လိုက်သည်။ ရှီခိုင်ရှင်းသာ ဤသတင်းကိုကြားလျှင် အကြောက်လွန်ပြီး မြို့တော်ကြယ်မှ ညတွင်းချင်းထွက်ပြေးသွားမည်ကိုပင်စိုးရသည်။
ခရီးသွားမည့်ကိစ္စမှာဆုံးဖြတ်ပြီးဖြစ်သော်လည်း ယခုလောလောဆည်တွင်မူ အခန်းအနားကိစ္စဖြင့်အလုပ်များရဦးမှာဖြစ်သည်မို့ ဖုယွမ်ချွမ်းကဆိုလိုက်သည်။
"အလျင်မလိုပါဘူး"
"အိုကေ"
---
သူကိုယ်တိုင်လည်း ဝိဥာဥ်စွမ်းအင်စမ်းရေထဲတွင် အချိန်တစ်ခုခန့်ဆင်းစိမ်ပြီးနောက် ဖုယွမ်ချွမ်း၏နေ့စဥ်အာဟာရထဲတွင်လည်း စမ်းရေကိုပေါင်းထည့်ထားလိုက်သည်။
ခန္ဓာကိုယ်အား စိတ်စွမ်းအင်ဖြင့်ပြည့်၀စေလျှင် သေခါနီးလူပင် ငေါက်ခနဲထထိုင်လာနိုင်စေလိမ့်မည်။
ဖုယွမ်ချွမ်းမှာကျန်းမာသည်ထက်ပင်ကျော်လွန်သောလူဖြစ်သည်။
ကုသကန်ထဲသို့ နောက်တစ်ကြိမ်ပြန်၀င်လိုက်ပြီးနောက် ကျွင်းချင်ယွီသည်သူ၏စိတ်စွမ်းအင်ကိုဖွင့်ထုတ်လိုက်ပြီးလျှင် ပေါ်လာသော ဒေတာများကိုကြည့်လိုက်သည်။
မည်သည့် အမှားအယွင်းမှမရှိပဲ စမ်းသပ်မှုအားလုံးမှာပြည့်စုံကောင်းမွန်လျက်ပင်။
ကျွင်းချင်ယွီထိုဒေတာများကိုသိမ်းထားလိုက်ပြီး
ကုသကန်အဖုံးကိုပြန်ဖွင့်လိုက်ကာ
"ကုသကန်ကိုနောက်ထပ်စက်နည်းနည်းလောက် ရပ်ထားလိုက် ၊ဒီကြားထဲမသက်မသာဖြစ်တာမရှိရင် အဆင်ပြေမှာပါ"
ဖုယွမ်ချွမ်းထရပ်လိုက်ကာ ရှောင်ယွီကိုဖက်လိုက်သည်။ "ကျေးဇူး"
"သိပ်ဖိအားထားနေစရာမလိုပါဘူး" ကျွင်းချင်ယွီပြုံးကာဆိုလိုက်သည်။
"အင်ပါယာကကိစ္စတွေကို ခင်များနေကောင်းလာတော့မှ ကိုင်တွယ်လို့ရပါတယ်"
ဤရက်ထဲတွင် ၄င်းတို့ကိုဖြေရှင်းရင်း ကျွင်းချင်ယွီခေါင်းတွေမူးနေခဲ့သည်။
ယင်းကိုကြားလျှင်ဖုယွမ်ချွမ်းပြန်လှဲချလိုက်သည်။
ကျွင်းချင်ယွီ : "?"
ကျွင်းချင်ယွီ၏အံ့သြသောအကြည့်ကိုမြင်လျှင်ဖုယွမ်ချွမ်းကဆိုလိုက်သည်။
"ကိုယ်ရက်နည်းနည်းလောက်ထပ်နေလို့ရဦးမယ်ထင်တယ်"
ကျွင်းချင်ယွီအကူအညီမဲ့စွာဖြင့် အဆိုပါလူကြီးအား လက်မှဆွဲထူလိုက်သည်။
"မရဘူး တော်လိုက်တော့၊ ခင်များက အားပြန်ပြည့်ချင်တာကနည်းနည်း အင်ပါယာကကိစ္စတွေကိုမဖြေရှင်းချင်တာကများများ၊ ခင်များနေပြန်ကောင်းလာတာနဲ့ ဒါတွေအကုန်ခင်များဘာသာလုပ်ရမယ်မှတ်။"
ဖုယွမ်ချွမ်းက ရှောင်ယွီဆွဲထူသော်လည်းထမလာခဲ့ချေ။ ထိုအစား ငါးလေးကိုဖက်လိုက်ပြီး ပေါင်ပေါ်သို့တင်ကာချော့မြူလိုက်သည်။
"အင်းပါ ကိုယ်လုပ်မှာပေါ့၊ ဒါပေမယ့် အင်ပါယာရဲ့မိခင်တစ်ယောက်အနေနဲ့.."
၄င်းကိုကြားချှင် ကျွင်းချင်ယွီမှာတစ်စုံတစ်ခုကိုချက်ချင်းပြန်ကြားယောင်လာတော့သည်။သူကခေါင်းကိုမော့လျက် နှုတ်ခမ်းကိုနမ်းလိုက်ကာ နောက်ထွက်လာမည့်စကားများကိုတားလိုက်သည်။
ထို့နောက်ဖုယွမ်ချွမ်းရှေ့တွင် ရှပ်အင်္ကျီထဲ၀င်လုမတက်ပုန်းကွယ်သွားတော့သည်။
ရေသူလေးမှာ ရှပ်အင်္ကျီကော်လာကြားမှခေါင်းပြန်ထွက်လာခဲ့ပြီး သူ့အား အပြစ်ကင်းစင်စွာကြည့်လာခဲ့သည်။
"ဒီရေသူလေးက ဘာမှနားမလည်ဘူး၊ သိလည်းမသိဘူးလို့"
ဖုယွမ်ချွမ်းတန့်သွားမိသည်။ သူ၏မျက်လုံးများကအပြုံးတို့နှင့်ပြည့်နှက်လာပြီး ငါးကလေး၏ပါးပြင်ကို လက်ချောင်းတို့ဖြင့်ပွတ်သပ်လိုက်သည်။
ကျွင်းချင်ယွီကသူ၏လက်တွင်မှီလိုက်ပြီး လက်ကလေးကိုကိုင်လိုက်ကာ ချစ်စဖွယ်ပြုံးလျက်
"အချိန်ပိုလေးလုပ်လိုက်ဦးနော်"
"..."
ဖိုင်များနှင့် ပုံရိပ်ယောင်စခရင်များကို အမျိုးအစားခွဲကာသပ်သပ်ရပ်စပ်စီစဥ်ထားသောစားပွဲတွ င်ထိုင်နေသည့်တိုင် ဖုယွမ်ချွမ်း အလုပ်လုပ်ရန်စိတ်ရောက်မနေခဲ့ချေ။
ကျွင်းချင်ယွီမှ သူ၏ပုခုံးလေးကိုလိမ်လိမ်မာမာမှီထားရင်းက ဖုယွမ်ချွမ်း၏အမူအယာကိုမြင်လျှင် ရယ်စရာကောင်းသည်ဟုခံစားမိလေသည်၊
ဖုယွမ်ချွမ်းမှာယခင်က အလုပ်ဂျိုးတစ်ယောက်ဖြစ်ခဲ့ဖူးသည်ကိုပင်သူသတိရသွားမိသည်။သူကတစ်ရက်စာအလုပ်ကိုတစ်ရက်ပြီးအောင်လုပ်ကာ ဘယ်တော့မှအကြွေးမတင်စေရချေ။
ညနက်သည်အထိလည်း အလုပ်လုပ်လေ့ရှိကာ ထိုစဥ်ကကျန်းမာရေးပင်လျှင်သိပ်မကောင်းခဲ့ချေ။ ထိုအခြေအနေမှာပင် သူကအလုပ်ကို တစိုက်မတ်မတ်လုပ်နေဆဲဖြစ်ကာ အလုပ်အပေါ်မည်မျှစိတ်နှစ်ထားကြောင်းမြင်သာလှသည်၊
သို့သော်ယခုတော့..
ကျွင်းချင်ယွီ ဖုယွမ်ချွမ်း၏လည်တိုင်တွင်မှီလျက် စာရွက်စာတမ်းများကိုလက်ညှိုးထိုးလိုက်ကာ
"သဘက်ခါအခမ်းအနားရှိတယ်နော်၊ အချိန်ဆွဲနေလို့မရတော့ဘူး"
"ပြီးတော့အဲဒီအထက်တန်းလွှာ(မျိုးရိုးမြင့်)တွေ"
"နယ်မြေတွေနဲ့ပတ်သတ်တာတွေရောပဲ"
"ငါးလေး" ဖုယွမ်ချွမ်းညင်သာစွာခေါ်လိုက်သည်။
"ကိုယ်လုပ်မှာပါ သိပ်မဆူပါနဲ့"
ကျွင်းချင်ယွီ ပျော်ရွှင်စွာပြုံးလိုက်ပြီး ထခုန်လိုက်တော့သည်။
"ရေး.."
ဖုယွမ်ချွမ်းကပုခုံးကိုသိုင်းဖက်၍ငါးလေးကို အသာအယာပြန်ဖမ်းလိုက်သည်။
"ဂရုစိုက်"
"ခင်များနဲ့အတူနေပေးမယ်" ကျွင်းချင်ယွီကသူ့ပုခုံးကိုပြန်မှီထားလျက်အမြှီးလေးကလည်း ဖုယွမ်ချွမ်း၏လက်ကလေးကိုရစ်ပါတ်ထားလိုက်သည်၊
ဖုယွမ်ချွမ်းလည်းငါးကလေးသက်တောင့်သက်သာနေရာယူပြီးသည်ကိုစောင့်ပြီးနောက်သူ၏အာရုံတို့ကို ပုံရိပ်ယောင်မျက်နှာပြင်ထံပြန်ပို့လိုက်တော့သည်။
---
အခမ်းအနားစတင်သည့်နေ့
ကျွင်းချင်ယွီကုတင်စွန်းတွင်ထိုင်ရင်း အပြင်ဘက်မှာမှောင်မိုက်နေသောကောင်းကင်ကိုကြည့်လိုက်သည်။
မနက်ခင်း၃နာရီဖြစ်သည်။
အိပ်တ၀က်နိုးတဝက်၊ မျက်လုံးလေးကလည်းမပွင့်တပွင့်ဖြင့် ထထိုင်နေသည်ကိုမြင်လျှင် ဖုယွမ်ချွမ်းကဆိုလာသည်၊
"အိပ်ချင်နေသေးရင်ဆက်အိပ်လိုက်ဦးလေ၊ ညနေခင်းမှ မင်္ဂလာပွဲလုပ်လိုက်ချင်လား"
တကယ့်ကိုစောလွန်းနေသေးသော်လည်း တစ်ရက်တည်းတွင်အကုန်လုံးအစီအစဥ်တကျဖြစ်မှရမည်။
ဖုယွမ်ချွမ်းမှာတခြားအပိုပွဲတွေထက်သူတို့မင်္ဂလာပွဲကိုသာလျှင်အာရုံစိုက်လေသည်။
ကျွင်းချင်ယွီခေါင်းကိုခါလိုက်ကာ သူ၏ပါးပြင်ကိုဖုယွမ်ချွမ်း၏လက်ဖ၀ါးထဲတွင်ပွတ်သပ်လိုက်သည်။
သူကသက်ပြင်းကလေးအသာချလျက်
"အရင်ဆုံးမနက်စာစားရအောင်"
အလုပ်များလာလျှင် စားဖို့အချိန်ရှိတော့မည်မဟုတ်။
"ကောင်းပြီ"
ကျွင်းချင်ယွီက ပေါက်စီကိုတမြုံ့မြုံ့၀ါးနေရင်း ဖုယွမ်ချွမ်းအ၀တ်လဲနေသည်ကိုကြည့်နေမိသည်။
အခမ်းအနားမှာအထူးအ၀တ်အစားများ၀တ်ဆင်ရန်လိုအပ်သည်။သာမာန် suit၊နက်ခ်တိုင်တို့နှင့်မတူပဲ မကြာသေးခင်ကမှအလျင်စလိုစီစဥ်ထားရတာဖြစ်သည်။
နောက်ဆုံးတစ်ထပ်ကို သပ်သပ်ရပ်ရပ်၀တ်ဆင်ပြီးသည်နှင့် ရှောင်ယွီထံသို့လျှောက်လာခဲ့တော့သည်။
ကျွင်းချင်ယွီကပေါက်စီကိုတမြုံ့မြုံ့၀ါးနေသည်ကိုမြင်လျှင်ရေသန့်ဘူးကိုဖွင့်လျက် ကမ်းပေးလာသည်။
"ရေနည်းနည်းသောက်လိုက်"
ကျွင်းချင်ယွီက သူ၏လက်ထဲမှာပင် တစ်ငုံခန့်သောက်လိုက်ကာ ဆိုလိုက်သည်။
"ကျွန်တော်လည်းအင်္ကျီလဲတော့မယ်"
ဖုယွမ်ချွမ်းကဆိုသည်။
"ဒီမှာပဲလဲလိုက်တော့လေ"
ကျွင်းချင်ယွီသည်သူ၏နှုတ်ခမ်းထောင့်ကိုတစ်ရှူးဖြင့်ပွတ်သုတ်လိုက်ကာအ၀တ်အစားများကိုကောက်ယူလိုက်သည်။
အပြင်သို့ထွက်လိုက်သောအခါ အပြင်မှကောင်းကင်မှာ အခန်းထဲမှာလောက် မှောင်မနေချေ။
ရှီခိုင်ရှင်းက အခန်း၀တွင်ရပ်နေပြီး သူ့ကိုခါးညွတ်ကာအရိုအသေပေးလာခဲ့သည်။
"အင်ပါယာအရှင် ၊အရှင် အကုန်လုံးအဆင်သင့်ဖြစ်နေပါပြီ"
"အိုကေ"
ကျွင်းချင်ယွီလည်း လုပ်ထုံးလုပ်နည်းအကုန်ကိုလိုက်နာကာလိုက်လုပ်ပေးခဲ့သည်။
ရှီခိုင်ရှင်းကားထဲသို့၀င်လိုက်ပြီး ယာဥ်မောင်းထိုင်ခုံတွင်ထိုင်လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ ကားကအလိုအလျောက်မမောင်းနှင်ခဲ့ချေ။
ခရီးကအရမ်းမဝေးသည်မို့ နာရီ၀က်ခန့်ခပ်နှေးနှေးမောင်းနှင်ရုံဖြင့်ရောက်နိုင်သည်။
ကျွင်းချင်ယွီလည်းဘေးတွင်ရပ်နေသောသူအားကြည့်လိုက်သည်။ တစ်ဦးမှာ အလွန်ကျက်သရေရှိကာခန့်ညားပြီး တစ်ဦးမှာတော့အလွန်ကျော့ရှင်းကာလှပလေသည်။
တော်၀င်မျိုးနွယ်တချို့ကိုသာဖိတ်ထားပြီး တခြားခေါင်းမာသောလူအိုကြီးတချို့ကိုတော့ ဖုယွမ်ချွမ်းအားမလှုပ်နိုင်အောင်ဖိအားပေးထားခဲ့သည်။ ဤနေရာသို့ဖိတ်ကြားခံထားရသူများမှာ ရိုးသားပြီး စစ်မှန်သော မျက်နှာသစ်လူငယ်တချို့သာဖြစ်သည်။
ကား၀င်လာသည်ကိုမြင်သော် စကားပြောနေကြသောလူအားလုံးကချက်ချင်းတိတ်ဆိတ်လျက် ဘေးတွင်တညီတညာရပ်လိုက်ကြာတော့သည်။
ဖုယွမ်ချွမ်းသည်သူ၏လက်ဖြင့်ကျွင်းချင်ယွီ၏ခါးလေးကိုဖက်လိုက်ပြီး အမြင့်ဆုံးထိုင်ခုံသို့တလှမ်းပြီးတစ်လှမ်းလျှောက်သွားခဲ့သည်။
သူ့ခြေထောက်၏အောက်တွင် အနီရောင်ကောဇောကိုခင်းထားပြီး လေပြေတိုးသံသဲ့သဲ့ကိုသာလျှင် ကျွင်းချင်ယွီကြားနေရလေသည်။
ကျွင်းချင်ယွီ မှာလူအုပ်အလယ်မှလျှောက်လှမ်းနေရချိန်တွင်အနည်းငယ်စိတ်လွတ်လျက်။
ဖုယွမ်ချွမ်း၏ ခန့်ညားလှသောအသွင်အပြင်နှင့် အမြင့်ဆုံးဆီတစ်လှမ်းချင်းလျှောက်လှမ်းနေသည့်ပုံကို မိမိမျက်စိနှင့်တပ်အပ်မြင်နေရသည်မှာ အလွန်အိပ်မက်ဆန်လှသည်။
၄င်းကိုစဥ်းစားနေမိစဥ် သူ၏ခါးထံမှ တင်းကြပ်သောပွေ့ဖက်မှုကိုခံစားလိုက်ရသည်။ သူအသိ၀င်လာမိသည်နှင့်မော့ကြည့်လိုက်ရာ ဖုယွမ်ချွမ်းကသူ့အားငုံ့ကြည့်နေသည်ကိုတွေ့လိုက်ရလေသည်။
ကျွင်းချင်ယွီ သူ၏မျက်လုံးတို့ကိုကွေးလိုက်ပြီး လျှောက်လမ်းကိုပြန်လည်အာရုံစိုက်လိုက်တော့သည်။
လူတိုင်းကခေါင်းကိုငုံ့ထားလျက် ငြင်းပယ်မှုတစ်စုံတစ်ရာကိုမှမပြရဲကြချေ။ ဤသည်ကမှားယွင်းနေမှန်းသိလျှင်တောင် မိမိကိုယ်မိမိပြသနာထဲဆွဲမထည့်လိုကြချေ။
လူတိုင်း၏အာရုံအောက်တွင် ဖုယွမ်ချွမ်းကနောက်ဆုံးတစ်ဆင့်ကိုတက်လိုက်ပြီး အင်ပါယာနှင့် အင်ပါယာအရှင်မ၏ ကိုယ်ရေးအချက်အလက်က စတင်အသိအမှတ်ပြုခံလိုက်ရတော့သည်။
ဖုယွမ်ချွမ်း၏အတိတ်မှအောင်မြင်မှုများကို ပုံရိပ်ယောင်မျက်နှာပြင်ပါ်တွင်ဖော်ပြထားခဲ့သည်။
ကျွင်းချင်ယွီပင်လျှင် ဖုယွမ်ချွမ်း၏စစ်ပွဲအောင်မြင်မှုများကိုသိရှိပြီးဖြစ်သည့်တိုင် ၄င်းစာရင်းအရှည်ကြီးကိုမြင်လျှင် မှင်သက်မိရသေးသည်။
အရေးအကြီးဆုံးမှာ ထိုထဲမှ အသီးအနှံထောက်ပံ့မှုမှတ်တမ်းမှာသူ့နာမည်နှင့်ဖြစ်ပြီး သူ့နောက်မှာမှဖုယွမ်ချွမ်းကရှိနေခဲ့သည်။
ကျွင်းချင်ယွီမျက်ခုံးပင့်လိုက်မိသည်။ ဤအောင်မြင်မှုမှတ်တမ်းမှာ ယခုမှပြင်ဆင်ထားခြင်းဖြစ်သည်။ ယခင်ကသူ့နာမည်မပါရှိချေ၊
တခြားတမျိုးပြောရလျှင်ဖုယွမ်ချွမ်းစီစဥ်ပေးထားခြင်းဖြစ်သည်။
ကျွင်းချင်ယွီကအသံတိုးတိုးလေးဖြင့်မေးလိုက်သည်။
"အသီးအနှံထောက်ပံ့တဲ့မှတ်တမ်းက.."
"အဲဒါတွေကိုမင်းကထုတ်ပေးခဲ့တာလေ၊ ဒါကြောင့်မင်းနာမည်ကိုထည့်ပေးထားတာပါ"
"ဒါဆိုနောက်ကရော"
"မင်းကကိုယ့်အပိုင်လေ"
ကျွင်းချင်ယွီပင်လျှင်ခဏမျှတန့်သွားမိသည်။
ဒါဆိုဖုယွမ်ချွမ်း လေဘယ်တပ်ထားတာက အသီးအနှံတွေကိုမဟုတ်ပဲ သူ့ကိုပေါ့။
ဖုယွမ်ချွမ်း၏အလွန်စိတ်ရှည်လက်ရှည်ရှင်းပြနေသောအမူအယာအောက်တွင် ကျွင်းချင်ယွီ၏မျက်နှာလည်းနီရဲလာခဲ့သည်။သူကချောင်းအသာဟန့်ပြီးတစ်ခုခုပြောရန်ပြင်လိုက်စဥ်တွင်
"ကောင်းသောနေ့ပါ အင်ပါယာအရှင် ကောင်းသောနေ့ပါ အင်ပါယာအရှင်မ"
အလယ်တွင်ရပ်လျက် ရှီခိုင်ရှင်းမှအရိုအသေပေးလာခဲ့သည်။
ဘေးမှ၀န်ထမ်းများနှင့်အရာရှိများ တော်၀င်မျိုးနွယ်များကလည်း ရှီခိုင်ရှင်းနှင့်အတူ တညီတညာတည်း အရိုအသေပေးလိုက်ကြသည်။
"ကောင်းသောနေ့ပါ အင်ပါယာအရှင် ကောင်းသောနေ့ပါ အင်ပါယာအရှင်မ"
ဖုယွမ်ချွမ်းပေါ့ပါးစွာဆိုလိုက်သည်။
"ကောင်းသောနေ့ပါ"
တုန့်ပြန်နှုတ်ဆက်ပြီးသည်နှင့် အားလုံးကထရပ်ကာ ဖုယွမ်ချွမ်း၏စကားကိုစောင့်နေကြသည်။
ထုံးစံအရဤနေ့တွင် သူတို့မှာ အင်ပါယာ၏အနာဂါတ်ဖွံ့ဖြိုးရေးနှင့် စီမံကိန်းများအကြောင်းပြောကြရမှာဖြစ်ပြီး အားလုံးက တိတ်တဆိတ်နားထောင်ကြရလိမ့်မည်။
သို့သော်ဖုယွမ်ချွမ်းကမူ ဤကိစ္စများအကြောင်းတစ်ခုမျှမဆိုပဲ "အင်ပါယာရဲ့အရင်ကဥပဒေအဟောင်းအတိုင်းပဲ ဘာမှပြောင်းလဲမှုရှိမှာမဟုတ်ဘူး၊ အားလုံးကအတူတူပဲ အင်ပါယာရဲ့အုပ်ချုပ်သူပဲပြောင်းလဲသွားတာဖြစ်တယ်၊ အရင်တုန်းကအင်ပါယာတွေနည်းတူ သြဇာသက်ရောက်ဆဲဖြစ်မှာပဲ၊ သဘောမတူတဲ့သူမရှိဘူးဆိုရင် ဒီနေရာမှာပဲအတည်ပြုလိုက်ပြီ"
လူတိုင်းကတန့်သွားကြကာ သူတို့ကြားလိုက်သည်တို့ကမှန်ကန်ရဲ့လားပြန်တွေးကုန်ကြသည်။
အတိတ်တွင်ဆိုလျှင် အင်ပါယာအရှင်တို့မှာ သြဇာအာဏာကိုတိုက်ရိုက်ယူဖို့တုန့်ဆိုင်းမနေသလို လူ၁၀၀၀၀ကျော်၏သဘောထားကိုလည်းဂရုစိုက်ခြင်းမရှိခဲ့ချေ။
အခုအင်ပါယာအရှင်က စနေတာမဟုတ်ပဲ အတည်ပြောနေတာပါနော်
၄င်းကသူတို့ကို ခတ္တမျှမယုံကြည်နိုင်ဖြစ်သွားစေခဲ့သည်။
Xxxxxx