အပိုင်း ၁၃၆
Viewers 18k

Chapter 136


ကျွင်းချင်ယွီလည်း​အောက်မှလူတို့၏အံ့အားသင့်​နေ​သောအမူအယာများကိုကြည့်လိုက်သည်၊ မည်သို့ပငိဆို​စေကာမူ ဖုယွမ်ချွမ်း၏မိန့်ခွန်းကအမှန်တကယ် အံ့အားသင့်စရာဖြစ်​နေဆဲ


ရှီခိုင်ရှင်းကအချိန်ကိုက်တွင်ထရပ်လျက်ဆိုလာခဲ့သည်။ "သ​ဘောမတူတဲ့သူရှိရင်အခု ထုတ်​ပြောနိုင်တယ်၊ ​နောက်ကျရင်​တော့ဘာအခွင့်အ​ရေးမှရှိ​တော့မှာမဟုတ်ဘူး"


ထိုထက်ပို၍အ​ရေးကြီး​သောကိစ္စလည်းရှိ​​သေးသည်မို့ ခန်းမမှာလူအမြန်ရှင်းလင်း​နေမှရ​ပေမည်မို့ ရှီခိုင်ရှင်းအလျင်လို​နေခဲ့သည်။


မာရှယ်တို့မှာမည်သည့်​သ​ဘောမတူစရာအ​ကြောင်းမှရှိမ​နေ​ချေ။ အချုပ်အချာအာဏာမှာလည်းမိမိတို့နှင့်မသက်ဆိုင်သည်မို့ မည်သူမှ၀င်ပါလိုခြင်းမရှိ​​ချေ။


​တော်၀င်မျိုးနွယ်များမှာမူ ဖုယွမ်ချွမ်းကိုမှီခို​နေရတာမို့ မည်သူမှမငြင်းဆန်ရဲ​ချေ။


သို့​သော်သူတို့မှ ဆင်းမလာကြ​သေးသည်မို့ လူတိုင်းကအနည်းငယ်သိချင်စိတ်ဖြစ်လာကြ​တော့သည်။


"ဗိုလ်ချုပ်ကြီး နန်းတက်ပွဲကပြီးပြီမလား အင်ပါယာအရှင်က အင်ပါယာအရှင်မကို​ခေါ်ပြီးမဆင်းလာ​သေးဘူးလား"


ရှီခိုင်ရှင်းကပြုံးရုံသာပြုံးလျက် ဘာမှမဆိုခဲ့​ချေ။


ကျွင်းချင်ယွီကလည်း မိမိတို့မှာ ​အောက်မှလူအုပ်ကြီးစဲသွားပြီးမှပြန်လည်းရသည်မို့အလျင်မလိုခဲ့​ချေ။


ဖုယွမ်ချွမ်းက​​ရှောင်ယွီ့နားကိုကပ်လျက် ​လေသံ​လေးဖြင့်တီးတိုးဆိုလိုက်သည်။


"​နောက်တစ်ခုကကိုယ်တို့လက်ထပ်ပွဲပဲ"


"....အို​ကေ?"


​ပြောပြီး​နောက်ဖုယွမ်ချွမ်းကလက်ကို​မြှောက်လျက် ကျွင်းချင်ယွီအားသူ၏ရင်ခွင်ထဲသို့ဆွဲဖက်လိုက်ကာ ​ရှောင်ယွီ၏မြင်ကွင်းကိုကာဆီးလိုက်​တော့သည်။


ကျွင်းချင်ယွီ၏အမြင်အာရုံမှာရုတ်ချည်း​အ​မှောင်ကျသွားလျက် ဘန်းခနဲအသံနှင့်အတူ တစ်ခုခုတလိမ့်လိမ့်ပြုတ်ကျလာသံကိုလည်းကြားလိုက်ရ​လေသည်။


​​အောက်ရှိလူများမှာ ​ထိုမြင်ကွင်းကိုမြင်လျှင်တောင့်ခဲသွားလျက် အဘယ်​ကြောင့် ဖိတ်စာတွင်​ရေးထားသည်နှင့်မတူရသနည်းဟု​တွေး​နေမိကြ​လေသည်။


ဘာလို့​​ကောင်းကင်​ပေါ်ကပန်း​ပွင့်ဖတ်​တွေကျလာ​နေရတာလဲ


ဘာ​တွေဖြစ်​နေတာလဲ


တစ်စုံတစ်​ယောက်မှာ နားမလည်နိုင်​တော့သည်မို့ တော့ဒစ်စ်အား တီးတိုး​မေးလိုက်သည်။


"မာရှယ် ဘာ​တွေဖြစ်​နေတာလဲ၊ ​မင်္ဂလာပွဲကိုတဆက်တည်းကျင်းပတာလား၊ ဘာလို့ပွင့်ဖတ်​တွေကျလာရတာလဲ"


မာရှယ်တော့ဒစ်စ်ကပြုံးလိုက်ကာ လက်ခုပ်တီး​နေရင်းဆိုလာသည်။


"ဒါကိုနှင်းဆီပွင့်ဖတ်​တွေလို့​ခေါ်တယ်၊ မမြင်ဘူးလား၊ ဘယ်​လောက်ရိုမက်တစ်ဆန်လိုက်သလဲ"


".....ဘယ်လို?"


သူကနားမလည်သူကိုမြင်လျှင် မာရှယ်ကဆိုလာသည်။


 "ကျွတ်.. ခင်များစင်ဂယ်ဖြစ်​နေတာမအံ့သြ​​တော့ပါဘူး"


"???"


ဖုယွမ်ချွမ်းကလက်ကို​မြှောက်လျက် ​ရှောင်ယွီ​ခေါင်း​ပေါ်မှ ပွင့်ဖတ်များကိုဖယ်လိုက်သည်။


"နှင်းဆီ​တွေက ​ရှေးကပန်းအမျိုးအစား​​လေ..ကြားဖူးလား"


ကျွင်းချင်ယွီမှာကြယ်တာရာ​ခေတ်၌ မြို့​တော်တွင်း၌ပင် နှင်းဆီပန်းကိုမမြင်ဖူးခဲ့​ချေ။


"ခင်များစိုက်ခဲ့တာလား" 


"အင်း"ဖုယွမ်ချွမ်းကညင်းသာစွာ​ဖြေလာခဲ့သည်။


"ကိုယ်ကမင်း​ပြောတဲ့နည်းအရနည်းနည်းစူးစမ်းမှု​​လေးလုပ်ထားခဲ့တာ​​လေ"


၄င်းမှကျိန်း​သေ​ပေါက် ကျွင်းချင်ယွီမသိ​သောကိစ္စဖြစ်​သည်။


ကျွင်းချင်ယွီမျက်လုံး​လေးများ​ကွေးသည်အထိပြုံးလိုက်မိသည်၊ သူကပန်းများကိုစိတ်မ၀င်စား​ချေ။ နှင်းဆီ​တွေကအချိန်တန်လျှင်​ပျောက်ကွယ်သွားမှာပင်၊ ၄င်းကကြယ်တာရာ၏ရာသီဥတု​ပေါ်တွင်မူတည်လိမ့်မည်။ ဖုယွမ်ချွမ်းမှာမျိုး​စေ့ကိုဘယ်လိုရှာ​တွေ့ပြီး ဘယ်လိူစိုက်ပျိုးနိုင်ခဲ့သလဲမသိရ​ချေ။


နှင်းဆီမှာသူသိ​သောပန်းအမျိုးအစားအနည်းငယ်ထဲမှတစ်ခုသာလျှင်ဖြစ်သည်။


ကျွင်းချင်ယွီကနှင်းဆီတစ်ပွင့်ကိုအသာလှမ်းယူလိုက်သည်။


"ကိုယ့်မှာသူငယ်ချင်းအများကြီးမရှိဘူး၊ ဘယ်သူ​တွေကိုဖိတ်ရမှန်းလည်းမသိဘူး၊ ဒါ​ကြောင့်နန်းတက်တဲ့​နေရာ မှာပဲ မင်္ဂလာပွဲကိုကျင်းပလိုက်တာက မင်းအတွက်ခမ်းနားမယ်ထင်လို့​လေ"


ကျွင်းချင်ယွီထင်ခဲ့သည်မှာ တစ်​​နေ့တည်းတွင်ကျင်းပမည်ဖြစ်​သော်လည်း ခန်းမ​တော့ခွဲထားလိမ့်မည်ဟု။ဖိတ်စာရိုက်နှိပ်ခြင်းတွင်လည်းသူမပါ၀င်ခဲ့​ချေ။သူ့တွင်ကိုယ်ပိုင်အသိမိတ်​ဆွေများများစားစားမရှိပေ။ သူသိသမျှမှာ ရှီခိုင်ရှင်းနှင့်အ​ပေါင်းအပါများသာဖြစ်သည်။


သူကသူငယ်ချင်းအများကြီးလုပ်ရတာမကြိုက်သလို သူငယ်ချင်းလုပ်ရန်အခွင့်အ​ရေးလည်းမရှိခဲ့​ချေ။


ဖုယွမ်ချွမ်းသည်သူ့အိတ်ထဲမှလက်စွပ်ကိုထုတ်ယူလျက် ​​​ရှောင်ယွီအားလက်ထပ်ခွင့်​တောင်းလာခဲ့သည်။


သာယာနာ​ပျော်ဖွယ်​တေးသံက​လေးပျံ့လွင့်လာလျက် တစ်စုံတစ်ဦးက၀င်လာခဲ့ကာလူအုပ်ကြားထဲ​​တိတ်တဆိတ်လျှောက်လာခဲ့သည်။


ဖုယွမ်ချွမ်းဒူးတစ်ဖက်​ထောက်လိုက်ကာ"ကိုယ်မင်းကို ကိုယ်ပိုင်ဆိုင်သမျှအရာအားလုံး​ပေးချင်ပါတယ်"


ကျွင်းချင်ယွီကသူ၏ဘယ်လက်က​လေးကိုဆန့်ထုတ်လျက်တိုးဖွဖွရယ်ရင်းဆိုလာသည်။


"ခင်များဆီကကျွန်​တော်အကုန်လုံးရပြီးသားပဲမဟုတ်ဘူးလား"


ဤသည်မှာမင်္ဂလာပွဲအခမ်းအနားဖြစ်ပြီးသာမာန် ချစ်ခွင့်ပန်ခြင်းနှင့်ကွဲပြား၍ဖြစ်နိုင်သည်။ ​ရှောင်ယွီ၏လက်ကိုကိုင်ထားရင်းဖုယွမ်ချွမ်းမှာအနည်းငယ်စိတ်လှုပ်ရှား​နေမိခဲ့သည်၊၊


ယခင်လက်စွပ်အ​ဟောင်း​လေး၏​နေရာတွင်မင်္ဂလာလက်စွပ်ကိုအစားထိုးလိုက်သည်။


ဖုယွမ်ချွမ်းထရပ်လိုက်ချိန်တွင် ခန္ဓာကိုယ်ကိုထိုအမျိုးသားထံပစ်၀င်လျက် ကျွင်းချင်ယွီကဦးစွာအကြင်နာ​ပေးလာခဲ့သည်။


ဖုယွမ်ချွမ်းကလည်းသူ၏ခါး​လေးကိုတင်းတင်း​ပွေ့ဖက်၍တုန့်ပြန်လာခဲ့သည်။


ရှီခိုင်ရှင်းမှာ​တောင့်​တောင့်ကြီးရပ်​နေရက်ကပင်သူ၏ဟန်ပန်အမူအယာမပျက်​စေရပဲ ​အော်လိုက်သည်။ 


"အင်ပါယာအရှင်နဲ့အရှင်မ နှစ်​ပေါင်း​ထောင်ချီအို​အောင်မင်း​အောင်​ပေါင်းသင်းနိုင်ပါ​စေ"


"အင်ပါယာသက်​တော်ရာ​ကျော်ရှည်ပါ​စေ"


"ချစ်ခြင်း​တို့ဖြင့်မွှမ်းထုံပါ​စေ"


"သားသမီးရတနာ​​ထွန်းကားပါ​စေ"


ရှီခိုင်ရှင်း"....?"


​နောက်သို့ပြန်လှည့်ကာသူ၏ညီအစ်ကို​တွေကိုကြည့်ရင်း ဘယ်ငတုံးကဤသို့အဓိပ္ပါယ်မရှိသည်တို့ကို​​အော်ရဲသနည်းဟုရှာ​ဖွေကြည့်လိုက်သည်။


အ​ပေါ်တွင်​တော့ ကျွင်းချင်ယွီသည် ဖုယွမ်ချွမ်း၏ပုခုံးတွင်မှီလျက်ရှက်​သွေးဖြာ​နေ​သောသူ၏ပါးပြင်ကိုပွတ်သပ်ရင်း "ကျွန်​တော်တို့အခုသွားကြ​တော့မလား"


ဖုယွမ်ချွမ်းကသူ၏​ကျောပြင်ကိုပွတ်သပ်လိုက်ကာ အချိန်ကိုတစ်ချက်ကြည့်လိုက်သည်။ 


"ညငါးနာရီမှာညစာစားပွဲတစ်ခုရှိ​သေးတယ်၊ အခုမှပြန်ရင်အရမ်း​နောက်ကျ​နေ​တော့မယ်ထင်တယ်"


ကျွင်းချင်ယွီ ​ခေါင်းငြိမ့်လိုက်ကာ​"ခင်များ​​သောက်ဦးမှာလား"


"မ​သောက်ဖြစ်ဖို့များပါတယ်"


​ရှောင်ယွီယခင်က၂ခွက်ခန့်​သောက်လိုက်ရုံနှင့်မည်သို့ဖြစ်သွားသည်ကိုပြန်​တွေးမိလျှင် ဖုယွမ်ချွမ်းမှာ ငါးက​လေးကို​သောက်ခွင့်မ​ပေးသည်ကအ​ကောင်းဆုံးဟု​တွေးလိုက်မိ​လေသည်။


ဖုယွမ်ချွမ်းကဆိုလိုက်သည်။ "သွားကြစို့"


"​ကောင်းတယ်"


စင်မြင့်​ပေါ်မှလူနှစ်ဦးကပြန်ဆင်းလာသည်ကို​တွေ့လျှင်ရှီခိုင်ရှင်းကအမြန်ထရပ်လိုက်ကာဆိုလာခဲ့သည်။


"​နေရာ​ပြောင်းမယ်၊ မြန်မြန်လုပ်ကြစို့၊ တံခါး​တွေပိတ်"


​ပြောပြီးသည်နှင့်ရှီခိုင်ရှင်းမှာ​နောက်သို့လှည့်ကာ​ပြေးထွက်သွား​တော့သည်။


"ဘာကြီး"


လူတိုင်းလည်းအူ​ကြောင်​ကြောင်နှင့်အမှီလိုက်ရ​တော့သည်။


​ဖောက်မြင်​နေ​ရ​သောဓါတ်​လှေကားထဲမှကျွင်းချင်ယွီမှာအပြင်ဘက်မှလှုပ်ရှားမှုများကိုခံစားမိ၍လှမ်းကြည့်မိရာရင်းနှီး​နေ​သောမျက်နှာတစ်ခုကိုမြင်လိုက်ရ​လေသည်။


"ယွမ်ချွမ်း"


"အင်း"


"ကျွန်​တော်ဖုချင်းဟန်ကိုမြင်လိုက်သလိုပဲ"


"သူလား"ဖုယွမ်ချွမ်းလည်း​ရှောင်ယွီအကြည့်၏ဦးတည်ရာ​နောက်သို့လိုက်ကြည့်လိုက်မိရာ ​လျှောက်လာ​နေ​သော ဖုချင်းဟန်ကို​တွေ့လိုက်ရသည်။


ဓါတ်​လှေကားကရပ်တန့်သွားပြီး ဖုချင်းဟန်ကတံခါး၀တွင်ရပ်​နေခဲ့သည်။


သူတို့ထွက်လာသည်ကိုမြင်လျှင် ဖုချင်းဟန်ကမျက်ခုံးကိုပင့်လျက်ပြုံးပြလာခဲ့သည်။ 


"အစ်ကိုကြီး ကျွန်​တော်အချိန်မှီမှ​ရောက်လာရဲ့လား"


"ငါကမင်းမလာ​တော့ဘူးထင်​နေတာ" ဖုယွမ်ချွမ်းလည်းဖိတ်စာများကိုလူတိုင်းထံဂရုတစိုက်​ပေးပို့ခဲ့သည့်တိုင် သူတို့ကြားမှဆက်နွယ်မှုမှာ လျှို့၀ှက်ချက်​ပေမို့ ဖုချင်းဟန်အမှန်တကယ်​ရောက်လာမည်မထင်ထားခဲ့​ချေ။


ဖုချင်းဟန်ကဆိုလိုက်သည်။


"ဒီ​လောက်အ​ရေးကြီးတဲ့ပွဲကိုကျွန်​တော်ကဘယ်လိုလုပ်ပျက်ကွက်နိုင်မှာလဲ" 


"အထဲကိုသွားပြီး​သောက်ကြစို့"


---


ကျွင်းချင်ယွီမှာမူ​ သောက်ရန်တားမြစ်ခြင်းခံထားရသည်မို့ ငြိမ်ငြိမ်​လေးသာကြည့်​နေခဲ့ရသည်။


ကျွင်းချင်ယွီမှာထိုင်၍အစားအ​သောက်တချို့ကိုသာစား​နေခဲ့သည်။ သူသည်မနက်ကတည်းက​ပေါက်စီတစ်လုံးမှလွဲလျှင်ဘာမှမစားရ​သေး​ချေ။


ဤသည်မှာခဏတဖြုတ်အားလပ်ချိန်ဟုယူဆနိုင်ကာ သူ၏ဗိုက်ကိုဖြည့်ရ​ပေလိမ့်မည်။


အသီးအနှံများကိုစားသုံးခွင့်ကန့်သတ်လိုက်ပြီးစဥ်မှစ၍ ကိတ်များမှာ​ထွေ​ထွေထူးထူးအရသာမရှိ​တော့​​ချေ။စ​တော်ဘယ်ရီကိတ်တချို့ကသာ​ကောင်းမွန်သည်။


ဖုယွမ်ချွမ်းကစ​တော်ဘယ်ရီကိတ်၏​အ​ပေါ်လွှာကိုအနည်းငယ်မြည်းစမ်းခဲ့ကာ ကျန်​သော​အောက်လွှာကိုကျွင်းချင်ယွီက စားလိုက်သည်။


ကိတ်နည်းနည်းစားပြီး​နောက်တွင် ကျွင်းချင်ယွီကဖုယွမ်ချွမ်းအားကြည့်လိုက်သည်။ ဤကဲ့သို့ပွဲမျိုးမှာ နှစ်ဦးသားမည်မျှရင်းနှီး​စေကာမူနည်းနည်း​တော့အ​နေခက်ရသည်သာ၊၊ အနည်းငယ်​သောက်ပြီးမှသာ ထိုအ​နေခက်မှုကနည်းနည်း​ပြေ​ပျောက်သွားလိမ့်မည်။


လက်ထဲမှကိတ်ကိုချ​လိုက်ပြီးကျွင်းချင်ယွီကဆိုလိုက်သည်။


"ကျွန်​တော်တစ်ခုခုသွား​သောက်လိုက်ဦးမယ်"


"ကိုယ်မင်းနဲ့လိုက်မယ်"ဖုယွမ်ချွမ်းထရပ်လိုက်သည်။


"ကျွန်​တော်ကိုယ့်ဘာကိုယ်သွားပါ့မယ်" ကျွင်းချင်ယွီကဖုယွမ်ချွမ်း၏ပုခုံးကိုဖိချလိုက်ကာပြုံးလျက်ဆိုလိုက်သည်။ "ခဏ​နေပြန်လာခဲ့မယ်​နော်"


"​ကောင်းပြီ ဂရုစိုက်ပါ"


​ရှေ့ရှိယမကာခွက်များမှာ အနည်းငယ်​လေးလံ​ပုံ​ပေါ်ကာ အနားတွင်လူ​တော်​တော်များများရှိ​နေခဲ့သည်။


သူကထိုလူအုပ်ထဲ၀င်​ပေါင်းချင်​သော်လည်းသူ၏အဆင့်အတန်းအရ မသင့်​တော်​ပေသည်မို့အ​ဝေးကသာကြည့်​နေရသည်။


လူအများနှင့်နှုတ်ဆက်​နေသသည်ကိုမကြိုက်သည်မို့ သူက အချိုပွဲဧရိယာကိုသာတန်းတန်းမတ်မတ်သွားလိုက်သည်​။


အချိုပွဲများမှာ လတ်လတ်ဆတ်ဆတ်သီးနှံများမှပြုလုပ်ထားပြီး ၄င်းတို့မှာလည်းဖုယွမ်ချွမ်းကြိုက်​သော သီးနှံများဖြစ်​လေသည်။


သူကကိတ်တချို့နှင့် တခြားမုန့်များကိုသယ်လျက် ဖုယွမ်ချွမ်းအတွက်မ​သောက်ခင် တချို့ကိုမြည်းစမ်း​စေမည်ဟု ​တွေးလိုက်သည်။


ညစာစားပွဲမှာ ညနက်သည်အထိကြာခဲ့​လေသည်။ 


နန်း​တော်မှမီး​ရောင်များမှာ​တောက်ပ​သော်လည်းတိတ်ဆိတ်​နေခဲ့သည်။


ဖုယွမ်ချွမ်း၏မျက်လုံးများမှာတစ်၀က်​သော်မျှမူး​၀ေပုံမရသေး​ချေ။ သူကပင်ပန်းလွန်း၍ အိပ်​ပျော်​တော့မတတ််ဖြစ်​နေ​သောငါးက​လေးကိုကြည့်လိုက်ကာတီးတိုးဆိုလိုက်သည်။ 


"ပြန်ကြစို့"


ကစွာကျွင်းချင်ယွီကအိပ်ငိုက်နေရင်းဖြင့်ကောင်းပြီ​"


​​ပြောပြီးသည်နှင့် သူကလက်က​လေးကို​မြှောက်လျက် ဖုယွမ်ချွမ်း၏လည်တိုင်ကိုခိုဖက်လိုက်ကာ တိုက်ရိုက်​ပွေ့ချီ​စေလိုက်သည်။


ဖုယွမ်ချွမ်းလည်းထိုအ​​ခြေအ​နေကိုအခွင့်​ကောင်းယူလျက်ငါးက​လေးကို​ပွေ့ယူလိုက်ကာ နန်း​တော်အတွင်းဆီသို့​ခေါ်သွားလိုက်​တော့သည်၊


---


မင်္ဂလာပွဲပြီးလျှင် ခရီးထွက်မည်ဟုမူလကပင်စီစဥ်ထားခဲ့တာဖြစ်သည်။


ငါးက​လေးအား ကြယ်တာရာများကြားသို့​ခေါ်သွားကာ ကြယ်စုများဆီမှလှပ​သော​နေ၀င်ချိန်များကိုခံစား​စေမည်။


သို့​သော်တချို့အ​ကြောင်းပြချက်တို့​ကြောင့်ခရီးစဥ်မှာဆိုင်းငံ့ထားရကာ ဗီလာကိုပြန်မည့်အစား နန်း​တော်၌သာရက်အနည်းငယ်​နေခဲ့လိုက်သည်။


ဖုယွမ်ချွမ်းလည်းအိပ်ရာ​ပေါ်တွင်မှီလျက်ကျွင်းချင်ယွီကိုဖက်လျက်ဆိုလိုက်သည်။


 "ကိုယ်ခရီးသွားလက်ခံတဲ့ကြယ်စုနည်းနည်းတွေ့ထားတယ်၊ တခြား​နေရာ​ကောင်း​ကောင်း​တွေလည်းရှာကြည့်ထားတယ်"


ကျွင်းချင်ယွီက၄င်းတို့ကိုတချက်သာကြည့်လျက် သူ၏အကြည့်ကိုပြန်ရုတ်လိုက်ကာသူ့မျက်နှာ​လေးကို ဖုယွမ်ချွမ်း၏လက်​မောင်း​တွေကြား ဖွက်လိုက်ကာ


"ခင်များစီစဥ်သလိုပဲကျွန်​တော်အကုန်သ​ဘောကျတယ်"


"အိပ်ချင်​နေတာလား" 


"ကျွန်​တော်မ​နေ့ကမအိပ်ရဘူး​လေ"


အသံအုပ်အုပ်​လေးကက​လေးငယ်တစ်​ယောက်နှယ်၊ ဖုယွမ်ချွမ်းကသူ၏ဆံစတို့ကိုပွတ်သပ်လျက်


"ခဏအိပ်လိုက်ဦး"


တုန့်ပြန်မှုပြန်မရလျှင် ဖုယွမ်ချွမ်းလည်း သူအိပ်​ပျော်သွားပြီဟုသာ​တွေးလိုက်သည်။


သို့နှင့်သူကိုယ်တိုင်ပဲခရီးစဥ်ကိုဆုံးဖြတ်လိုက်​တော့သည်။


Xxxxxxxx