Chapter 137
ကျွင်းချင်ယွီအားအပြည့်အ၀ပြန်လည်းရရှိရန် ရက်အနည်းငယ်ခန့်အချိန်ယူလိုက်ရလေသည်၊
ရေသူတို့တွင်ကောင်းမွန်သောကျန်းမာရေးနှင့် သာလွန်သောပြန်လည်ကုသနိုင်စွမ်းရှိလေသည်။ထို့ကြောင့်ပင်သူက ဝိဥာဥ်စွမ်းအင်ရေအိုင်ထဲတွင်ရက်အနည်းငယ်စိမ်ပြီးသည်နှင့်ပြန်ကောင်းလာခဲ့ခြင်းပင်။
သို့မဟုတ်လျှင်ခရီးသွားရက်မတိုင်ခင်အမီပြန်ကောင်းနိုင်မည်မဟုတ်ချေ။
ခရီးဆောင်အိတ်ကိုထုတ်ပိုးနေစဥ်တွင် ကျွင်းချင်ယွီကခတ္တမျှတွေးတောလိုက်ကာမေးမြန်းလိုက်သည်။
"ရှီခိုင်ရှင်းကဒီမှာပဲအကုန်တာ၀န်ယူထားလိုက်မှာလား"
"အင်း... အဲလိုသဘောလို့ပြောလို့ရတာပေါ့၊ တချို့ကိစ္စကြီးကြီးမားမားကလွဲရင် ကျန်တာသူ့ဘာသူဆုံးဖြတ်ပြီးကိုင်တွယ်ရမှာ"
ကျွင်းချင်ယွီကဆိုလိုက်သည်။
"လစာတိုးပေးတဲ့ကိစ္စတွေရောလား"
"အင်း"
"ကောင်းတယ်"
သူတို့က အထူးပျံသန်းရေးတပ်ဖွဲ့နှင့်အတူ အင်ပါယာအာကာသယာဥ်နှင့်ထွက်ခွာရန်ပြင်နေကြတော့သည်။
ရှီခိုင်ရှင်းကရပ်လျက် "အရှင် ၊ ကျွန်တော်ကအရှင်နဲ့အတူခရီးလိုက်ခဲ့တာပိုကောင်းမယ်ထင်တယ်၊ လိုအပ်တာတွေကျွန်တော်လိုက်လုပ်ပေးလို့ရတာပေါ့"
"ကျွန်တော့်အမြင်အရဆို အရှင်တို့နှစ်ယောက်လုံးကစကားရှည်ရှည်ဝေးဝေးပြောရတာမကြိုက်တဲ့သူတွေဆိုတော့ ၊ လမ်းမှားတာတို့ တစ်ခုခုဘာညာဆို အခက်တွေ့မှာစိုးလို့ပါ"
"ကျွန်တော့်ကိုခေါ်သွားတာကတကယ်သင့်လျော်တာပါ၊ ကျွန်တော်ကလူမှုဆက်ဆံရေးမှာ သိပ်ပရိုကျတာနော်၊ ကြယ်တာရာလမ်းကြောင်းတွေကိုလည်းအထူးကျွမ်းကျင်ပါတယ်"
"အရှင်တွေးကြည့်ပါဦး ဘယ်လိုသဘောရလဲ"
မြို့တော်ကြယ်တွင်ကျန်ရစ်ကာအရိုးဆွေးအောင် အလုပ်မလုပ်လိုသောရှီခိုင်ရှင်းမှာ သူ့ကိုယ်သူနည်းမျိုးစုံဖြင့်ရအောင်ရောင်းတော့သည်။
ကျွင်းချင်ယွီမှာထိုကဲ့သို့ပြသနာမျိုးများကိုကြိုတောင်မတွေးမိထားသော်လည်း" ဟုတ်တော့ဟုတ်သားပဲ"
"ဒါပေမယ့် ယွီကျစ်တစ်ယောက်တည်းအင်ပါယာကိုကိုင်တွယ်နိုင်ပါ့မလား၊ ခက်တာကမင်းကိုလည်းပိုရင်းနှီးနေတယ်၊ မင်းကငါ့သက်တော်စောင့်လုပ်လာတာကြာပြီဆိုတော့၊ တစ်ခုခုအပြောင်းအလဲဆိုမင်းပဲသင့်တော်မယ်ထင်တယ်၊ မင်းကရောလိုက်ဖို့တကယ်အဆင်ပြေပါ့မလား"
ရှီခိုင်ရှင်းကစွန့်လွှတ်အနစ်နာခံနေရသောမျက်နှာအမူအယာဖြင့် "ကျွန်တော်လိုက်ခဲ့ပါ့မယ်၊ ယွီကျစ်ကအင်ပါယာကိုကောင်းကောင်းကိုင်တွယ်နိုင်မှာသေချာပါတယ်"
"ကျွန်တော်ကမှသူ့ထက်ညံ့ဖျင်းနေသေးတယ်၊ အင်ပါယာကိုကိုင်တွယ်ဖို့မထိုက်တန်ပါဘူး"
ကျွင်းချင်ယွီ"..."
လူတိုင်းကဒီနေရာကိုအရမ်းလိုချင်နေတာမဟုတ်ဘူးလား။ ဘာလို့မင်းကျမှအသည်းအသန်ငြင်းနေတယ်လို့ခံစားနေရတာပါလိမ့်။
ကျွင်းချင်ယွီခတ္တမျှတွေးတောလိုက်ကာ
"အာကာသယာဥ်က ကြယ်စုတစ်ခုပေါ်ဆင်းပြီးတာနဲ့ ငါတို့နောက်ထပ်ခရီးစဥ်တွေအတွက် တရား၀င်လိုင်းကိုမသုံးတော့ဘူးနော်"
ထိုအစားသာမာန်သွားလာရေးယာဥ်တချို့နှင့်သာ ဆက်သွားမည်ဖြစ်ကာ ယွီကျစ်နှင့်လည်းအတူတကွပြန်ဆုံကြဖို့စီစဥ်ထားတာဖြစ်သည်။
ရှီခိုင်ရှင်းကအလျော့မပေးလိုပေ။
"ဒါလေးပဲမဟုတ်လား မခက်ခဲပါဘူး ကျွန်တော့်ကိုယုံကြည်လိုက်ပါ"
အရာအားလုံးကိုအသေအချာစီစဥ်ပြီးသည်နှင့် ကျွင်းချင်ယွီမှာသူ၏ငြင်းပယ်မှုအတွက်ဆီလျော်သောတခြားအကြောင်းပြချက်မပေးနိုင်သည်မို့သူကဆိုလိုက်သည်။
"အင်းအင်း ဒါဆိုလည်းသွားပြီး ယွီကျစ်ကိုပြောပြလိုက်တော့"
"ခရီးမှာပျော်ရွှင်ကြပါစေ" ရှီခိုင်ရှင်းမှာ မျက်ရည်တစ်စက်မျှမကျ ငိုချင်ယောင်တောင်မဆောင်နိုင်ပဲ ယွီကျစ်ကိုရှာရန်ပျော်ပျော်ကြီးထွက်သွားတော့သည်။
ဖုယွမ်ချွမ်းကလျှောက်လာပြီးဆိုလိုက်သည်။
"အကုန်လုံးအဆင်သင့်ဖြစ်နေပြီ၊ ယာဥ်ပေါ်တက်ရအောင်"
"အင်း"ကျွင်းချင်ယွီကဆိုလိုက်သည်။
"ယွီကျစ်အစားရှီခိုင်ရှင်းကို ပြောင်းလိုက်မလို့"
ကျွင်းချင်ယွီမှာ ရှီခိုင်ရှင်းနှင့်ပို၍ရင်းနှီးသည်မို့ ထိုသို့ပြောင်းလိုက်သည်မှာပို့သင့်လျော်ကာ အဆင်လည်းပြေသည်ဟုထင်မိသည်။
"မင်းသဘောပါပဲ" ဖုယွမ်ချွမ်းကပြန်ဖြေသည်။
မိုးပျံယာဥ်များမှာ စစ်တပ်သုံးယာဥ်များထက်သေးငယ်သည်။
အင်ပါယာ၏အာကာသယာဥ်ပင်လျှင်ပို၍ခမ်းနားသည်သာရှိမည်၊ ပို၍တော့မကြီးပေ။စစ်တပ်သုံးအာကာသယာဥ်မှာပို၍အနုစိတ်ကာ လုပ်ဆောင်မှုပို၍လည်းကျယ်ပြန့်လှသည်။
ရှီခိုင်ရှင်းတစ်ယောက်သာလျှင်လုံခြုံရေးအတွက်အတူလိုက်လာခဲ့သည်။
သို့သော် ကျွင်းချင်ယွီနှင့် ဖုယွမ်ချွမ်းတို့နှစ်ဦးအတူရှိနေချိန်တွင်ရှီခိုင်ရှင်းတမင်ကိုပေါ်မလာခဲ့ချေ၊ သူကအပိုမီးသီးမဖြစ်လိုမှန်းသိသာလှသည်။
ကျွင်းချင်ယွီသည်လည်းအာကာသယာဥ်၏အသေးစားရုပ်ရှင်ရုံထဲတွင်ထိုင်လျက် ပေါက်ပေါက်ဆုပ်စားကာအချိန်ဖြုန်းလိုက်သည်။
ယခုတလော အာကာသယာဥ်များပေါ်တွင်ရုပ်ရှင်ကုည့်ခြင်းကအတော်လေးခေတ်စားနေခဲ့သည်။ ထို့ကြောင့်သူလည်း တုန့်ပြန်မှုကောင်းကောင်းရထားသော သရဲကားတစ်ကားကိုရွေးထားလိုက်သည်။ ၄င်းကစုံတွဲများအတွက်အထူးသင့်လျော်သည်ဟုဆိုထားသည်ပင်။
သို့သော်တတိယအကြိမ်သရဲ၏ဖြူဖတ်ဖြူလျော်မျက်နှာကိုမြင်လိုက်ရချိန်တွင် ကျွင်းချင်ယွီ သူ့ရင်ခွင်ထဲအလျင်စလိုပြေးမ၀င်တော့ချေ၊
ဖုယွမ်ချွမ်းရှောင်ယွီ၏ပုခုံးလေးကိုဖက်ကာမေးလိုက်သည်။ "ဘယ်လိုလဲ"
ကျွင်းချင်ယွီတွေးတောလိုက်ကာ"အင်း.. အဆင်တော့ပြေပါတယ် ဒါပေမယ့်တအားချိုလွန်းတယ်၊ ထောပတ်နည်းနည်းလျှော့ရင်ပိုကောင်းမယ်"
ဖုယွမ်ချွမ်းကရှောင်ယွီအားတိတ်တဆိတ်ကြည့်လိုက်သည်။
ကျွင်းချင်ယွီမှာ ပေါက်ပေါက်ကိုတမြုံ့မြုံ့၀ါးနေခဲ့သည်။ သူကဖုယွမ်ချွမ်း၏အကြည့်ကိုခံစားမိလျှင် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်လျက်
"စားချင်လို့လား?"
ဖုယွမ်ချွမ်းကခေါင်းကိုမဆိုစလောက်ကလေးငဲ့လျက် ပေါက်ပေါက်ဆုပ်ကိုကိုက်လိုက်သည်။ သူကဖြည်းညင်းစွာ၀ါးလျက်"ရုပ်ရှင်ကကောင်းလား"
"မဆိုးပါဘူး" ပေါက်ပေါက်ဆုပ်ကစားလို့ကောင်းသဖြင့် ရုပ်ရှင်နှင့်လည်းလိုက်ဖက်ညီနေခဲ့သည်။
"မကြောက်ဘူးလား"
ကျွင်းချင်ယွီကပေါက်ပေါက်ဆုပ်ကို၀ါးလျက် ပြုံးလိုက်ကာရှေ့ကိုကိုင်းလျက် အမျိုးသား၏ပခုံးတွင်မေးတင်လျက် "အရမ်းနောက်ကျသွားမှာစိုးနေတာလား"
ဖုယွမ်ချွမ်းကသူ့ပုခုံးကိုဖက်လျက်ငုံ့ကြည့်ကာတစ်ခုခုပြောရန်ပြင်လိုက်စဥ် ကျွင်းချင်ယွီကသူ့အားဖြတ်ခနဲနမ်းလိုက်ကာ ဘာမှမဖြစ်သလိုပြန်လှည့်သွားခဲ့သည်။
ပေါက်ပေါက်ဆုပ်ဘူးကိုပိုက်ထားရင်း ကျွင်းချင်ယွီသည်ဂရုမထားသလိုဆိုလိုက်သည်။
"ကြောက်ချင်ယောင်မဆောင်ချင်တော့ဘူး၊ ခါးကလည်းနာနေသေးတယ်"
"အရမ်းနာနေတာလား"
"အရမ်းတော့မဆိုးပါဘူး" ကျွင်းချင်ယွီကသူ၏ပုခုံးတွင်မှီလျက် ပေါက်ပေါက်ဆုပ်ခွံ့ကျွေးလိုက်သည်။
ရုပ်ရှင်ထဲတွင် ဇာတ်၀င်ခန်းအမျိုးမျိုးပြောင်းလဲသွားခဲ့သည်။ သရဲအမျိုးမျိုးနှင့် သတ္တ၀ါအမျိုးမျိုးက ဘုန်းကြီးကိုခြောက်လှန့်ခဲ့ကြ၏။
ပေါက်ပေါက်ဆုပ်နည်းတူ တခြားမုန့်များလည်းစားပွဲပေါ်တွင်ရှိသည်။ ကျွင်းချင်ယွီကစားခြင်းတွင်သာအာရုံစိုက်လျက် သရဲကားကိုမူနောက်ခံသီချင်းအနေဖြင့်သာမှတ်ယူထားလေသည်။
ဘူးထဲမှပေါက်ပေါက်ဆုပ်များမှာ သိပ်မများလှချေ။ ရုပ်ရှင်ပြီးသွားချိန်တွင် ဘူးအောက်ခြေလောက်သာကျန်ရစ်တော့သည်။
ပိတ်ကားပေါ်တွင် ရုပ်ရှင်ထုတ်လုပ်မှုတွင်ပါ၀င်သူများစာရင်းကိုစတင်ဖော်ပြနေပြီဖြစ်ကာ ၃စက္ကန့်အကြာတွင်နောက်ထပ်ရုပ်ရှင်တစ်ခုဆီအလိုအလျောက်ကျော်သွားခဲ့သည်။
ကျွင်းချင်ယွီကအလိုအလျောက်ဖွင့်ပေးသည့်စနစ်ကိုပိတ်လိုက်ပြီး ထရပ်ကာအကြောအချဥ်များဆန့်လိုက်သည်။
"အပြင်ထွက်ပြီး တခြားအပန်းဖြေတဲ့ဟာလေးတွေလျှောက်ကြည့်ရအောင်"
အာကာသယာဥ်ထဲတွင် အပန်းဖြေသည့်လုပ်ဆောင်မှုများအများအပြားပါရှိသည်။ ဤအာကာသယာဥ်မှာ ခရီးသွားများအတွက် အဓိကသုံးသည်ကြောင့်ဖြစ်နိုင်သည်။ အလွန်သက်တောင့်သက်သာဖြစ်ကာ အချိန်ဖြုန်းရန်လုပ်ဆောင်မှုအစုံရှိသည်။
စစ်ဘက်ဆိုင်ရာသုံးအာကာယာဥ်ထက်ပို၍လုပ်ဆောင်မှုစုံလေသည်။
"ကောင်းပြီ"
ဖုယွမ်ချွမ်းက ရှောင်ယွီထံမှပေါက်ပေါက်ဆုပ်ဘူးကိုရော လက်ကလေးကိုပါဆွဲလျက်ထွက်လာခဲ့တော့သည်။
ကျွင်းချင်ယွီလည်းအာကာသယာဥ်၏လမ်းညွှန်မြေပုံကိုကြည့်လိုက်သည်။ အပန်းဖြေရန်နေရာများကို မှတ်သားပေးထားကာ သူကအတော်ကြာရှာကြည့်သော်လည်း မရင်းနှီးကာ စိတ်၀င်စားဖွယ် သိပ်မရှိသည်တို့ကိုသာတွေ့လိုက်ရသည်။
ဖုယွမ်ချွမ်းလည်းယခုလေးတင်ရှောင်ယွီ၏ခါးနာနေမှုကိုသတိရမိသွားလျှင် "အရှေ့နားမှာ အနှိပ်ခန်းရှိတယ်ထင်တယ်၊ စမ်းကြည့်ချင်လား"
"အနှိပ်ခုံလား၊ ကောင်းမယ့်ပုံပဲ"
ကျွင်းချင်ယွီ၏မျက်လုံးတို့တောက်ပသွားလျက်
"သွားကြည့်ရအောင်"
အနှိပ်ခန်း၏ဧရိယာမှာမသေးငယ်လှချေ။ သို့သော်ထိုအခန်းကျယ်ကြီးတွင် အနှိပ်ခုံ၂ခုံသာလျှင်ရှိနေခဲ့သည်။
ကျွင်းချင်ယွီလည်းသိပ်မတွေးလိုက်ပဲ အနှိပ်ခုံပေါ်တွင်လဲလျောင်းလိုက်သည်၊
၄င်းမှာ ဆုံလည်ခုံ၏အထူဗားရှင်းနှင့်အနည်းငယ်ဆင်တူသည်။ သို့သော်ဤတစ်ခုကပိုကြီးမားလျက် လူတစ်ယာက်လုံးဆန့်သည်ပင်။
ကျွင်းချင်ယွီယခင်ကလည်းအနှိပ်ခုံသုံးခဲ့ဖူးသည်ပင်၊ ကြယ်တာယာခေတ်မှအနှိပ်ခုံများလည်းထွေထွေထူးထူးပြောင်းလဲသွားခြင်းမရှိချေ။
သူထင်ခဲ့သည်က လယ်သာထိုင်ခုံအောက်မှတုန်ခါမှုဖြင့်ပင် အသုံးပြုသူ၏အကြောအချဥ်များကိုပြေစေလိမ့်မည်ဟု။
သို့သော်ကျွင်းချင်ယွီစတင်သည့်ခလုတ်ကိုနှိပ်လိုက်လျှင် စက်ရုပ်လက်များမှ ထိုင်ခုံအောက်တစ်ဖက်တစ်ချက်စီမှထွက်လာတော့သည်။
"?!"
ဗီဒို၏ရှေ့တွင်ရပ်ရင်း ဆီမွှေးတချို့ရွေးနေသော ဖုယွမ်ချွမ်းမှာအသံကိုကြားလျှင်နောက်သို့လှည့်ကာကြည့်လိုက်ရာ စက်ရုပ်လက်များမှာ အောက်သို့ပြုတ်ကျနေသည်ကိုတွေ့လိုက်ရလေသည်။
ကျွင်းချင်ယွီလည်းထိုလက်များကိုငုံ့ကြည့်လျက်
"မထင်ထားလောက်အောင်ပဲ"ကျွင်းချင်ယွီချောင်းအသာဟန့်လိုက်ကာ သူ့ရှေ့မှစက်ရုပ်လက်နှစ်ဘက်ကိုကောင်လျက် စားပွဲပေါ်တင်လိုက်သည်။
ဘေးတွင်လည်း အနှိပ်ခုံတစ်ခုရှိသေးသည်မို့
ဖုယွမ်ချွမ်းကဆိုလိုက်သည်။
"နောက်တစ်ခုံပဲသုံးလိုက်လေ"
စက်ရုပ်လက်များကိုနေရာတကျပြန်ထားလိုက်ပြီး ပြန်ပြင်သည့် လုပ်ဆောင်မှုကိုနှိပ်လိုက်လျှင် ၄င်းကသူ့အလိုလိုပြန်ပြင်လိမ့်မည်ဖြစ်သည်။
စက်ရုပ်လက်ကပြန်ပြင်နေဆဲမို့ ကျွင်းချင်ယွီထရပ်လိုက်ကာ ဖုယွမ်ချွမ်းထံလျှောက်သွားလိုက်သည်။
"နောက်တစ်နေရာပဲသွားကြည့်ကြရအောင်"
နောက်ထပ်လည်းစိတ်၀င်စားစရာတခုခုမတွေ့လျှင် အခန်းသို့ပြန်ပြီး ရေပူစမ်းသာသွားစိမ်နေတော့မည်ဟုတွေးလိုက်သည်။
၄င်းကိုကြားလျှင်ဖုယွမ်ချွမ်းလည်း အနှိပ်ဆီကိုဗီဒိုထဲပြန်ထည့်လိုက်သည်။ ထို့နောက်စက်ရုပ်အားပြမ်လည်ပြင်ဆင်မှုစနစ်ဖွင့်ပေးခဲ့ပြီးလျှင် သူကဆိုလိုက်သည်။
"ဒါတွေကပျင်းစရာကောင်းတယ်လို့ထင်ရင်၊ လေ့ကျင့်ရေးအခန်းကိုလည်းသွားကြည့်လို့ရတယ်လေ၊ အဲဒီမှာ မက်ခါတွေလည်းရှိတယ်"
"မက်ခါဟုတ်လား"ကျွင်းချင်ယွီတန့်သွားခဲ့သည်။
သူသည်းယခင်ကမက်ခါတချို့ကိုမောင်းနှင်ဖူးခဲ့သည်။
"အစောင့်တွေဟာလား"
"မင်းရဲ့မက်ခါလည်းပါလာတယ်လေ" ဖုယွမ်ချွမ်းလည်းရှောင်ယွီအားဒုတိယထပ်ဆီခေါ်လာခဲ့တော့သည်။
ဒုတိယထပ်မှာပထမထပ်နှင့်လုံး၀ကွာခြားသည်ပင်၊
ကျွင်းချင်ယွီသည်သူ၏ခေါင်းထက်မှမြင့်မားသောမျက်နှာကျက်ကိုစူးစမ်းလိုက်ကာ ဤအထပ်မှာမက်ခါမောင်းနှင်နိုင်ရန်သင့်လျော်သောအမြင့်ဖြင့်ဆောက်လုပ်ထားမှန်းသိလိုက်သည်။
လေ့ကျင့်ရေးအခန်း၏ဘေးဘက်တွင် မီးခိုးနက်ရောင်မက်ခါတစ်စီးကလှုပ်ရှားနေခဲ့သည်။
ဤအခန်းမှာမက်ခါထံမှသက်ရောက်နိုင်သော အထိအခိုက်နှင့်စွမ်းအားများကိုလျော့ချနိုင်မည့် နံရံများကိုသုံးထားခဲ့သည်။
အာကာသယာဥ်ပေါ်တွင်မောင်းနှင်ခန်းမှလူတချို့မှလွဲလျှင်ရှီခိုင်ရှင်းတစ်ဦးသာထွက်သွားတာဖြစ်သည်။
ဒါကအပန်းဖြေအားလပ်ရက်ရှည်မဟုတ်ဘူးလား၊ ရှီခိုင်ရှင်းကဘာလို့သိပ်ကြိုးစားနေတာလဲ
ကျွင်းချင်ယွီနောက်သို့မှီချလျက်မေးလိုက်သည်။
"ခင်များပုံမှန်ရော မက်ခါမောင်းနှင်ရေးကိုဒီလိုလေ့ကျင့်တာလား၊ ဒီကြားထဲမှာအားလပ်ရက် အနားလေးဘာလေးမယူဘူးလား"
ဖုယွမ်ချွမ်းက ရှောင်ယွီကိုအသာအယာထိန်းထားလိုက်ပြီး" နေ့တိုင်းလေ့ကျင့်မှုကပျက်ကွက်လို့မရဘူး"
မက်ခါမောင်းနှင်ခြင်းမှာ လက်ကအလိုအလျောက်အကျင့်ဖြစ်နေသည်အထိလေ့ကျင့်ရန်လိုအပ်လေသည်။
ထို့အပြင်နေ့စဥ်ထပ်တလဲလဲလေ့ကျင့်မောင်းနှင်ခြင်းကကြွက်သားမှတ်ဥာဏ်တချို့ကိုကျန်ရစ်စေသည်။
ဖုယွမ်ချွမ်းကဆိုလိုက်သည်။
"လေ့ကျင့်ရေးမပျက်ကွက်လေ၊ ပိုပြီးလုံခြုံရေးအတွက်စိတ်ချရလေပဲ"
ကျွင်းချင်ယွီခေါင်းငြိမ့်လိုက်သည်။
"အဲလိုကိုး"
သူတို့ပြောနေစဥ် အတွင်းမှမက်ခါကလှုပ်ရှားမှုရပ်တန့်သွားကာ သူတို့ရှိရာဆီဦးတည်လျက်လှည့်လာခဲ့သည်။
လေ့ကျင့်ရေးအခန်းမှ လုံး၀အသံလုံစနစ်ဖြစ်ပြီး ထိုမက်ခါဖြင့်နံရံကိုပြင်းပြင်းထန်ထန်မထိုးချသ၍ အာကာသယာဥ်ပေါ်မှလူများစိတ်လက်သက်သာစွာအိပ်စက်နိုင်လေသည်။
Xxxxxx