အပိုင်း ၁၃၈
Viewers 16k

Chapter 138


ရှီခိုင်ရှင်းလည်းအပြင်းအထန်​လေ့ကျင့်​နေစဥ်တစ်စုံတစ်ခု​မှား​နေသည်ကိုသတိထားမိလျက် မက်ခါ​ပေါ်မှအမြန်ခုန်ဆင်းလာလျက်အရိုအ​သေ​ပေးလိုက်သည်။


"အရှင်၊ မဒမ်"


"မဒမ်​လေ့ကျင့်ချင်လို့လား၊ ဒါဆိုကျွန်​တော်ပြင်ဆင်လိုက်မယ်"


ကျွင်းချင်ယွီကဆိုလိုက်သည်။


"ရတယ် မင်းမှမအားတာပဲ"


ဤ​နေရာတွင်​လေ့ကျင့်​ရေးအခန်းအများအပြားရှိကာ သူတို့ကတစ်ခန်းပဲသုံးမည်ဖြစ်ပြီး ကျန်သည့်အခန်းများကအားလပ်​​နေ​လေသည်။


ကျွင်းချင်ယွီမှာမူလကမက်ခါများကိုစိတ်မ၀င်စားခဲ့​သော်လည်း ရှီခိုင်ရှင်း​လေ့ကျင့်​နေသည်ကိုမြင်လျှင်


"​လေ့ကျင့်​ရေးအခန်းကိုသွားရ​အောင်"


"​ကောင်းပြီ" 


ရှီခိုင်ရှင်းမှလိုက်ရမလား​တွေး​နေစဥ်သူ့​နောက်မှ မက်ခါမှာအချက်​ပေးသံမည်လာခဲ့သည်။


​လေ့ကျင့်​ရေးအတွက်အချိန်မပြည့်​သေးပဲဖြစ်ရာ ​လေ့ကျင့်ရာမှအချိန်အကြာကြီးရပ်​နေလျှင် ၄င်းကသတိ​ပေးသည့်အသံမြည်လာလိမ့်မည်ဖြစ်သည်၊


​လေ့ကျင့်​ရေးအခန်း၏တံခါးမှာ ပွင့်လျက် ထိုအသံကအရှင်နှင့်အရှင်မအားအ​နှောင့်အယှက်ဖြစ်​စေမှာစိုးရွံ့သဖြင့်ရှီခိုင်ရှင်းသည် မက်ခါထံအလျင်အမြန်​ပြေးသွားလိုက်သည်။


​လေ့ကျင့်​ရေးတစ်ခန်းစီတွင်မက်ခါတစ်မျိုးစီရှိကာ ကျွင်းချင်ယွီ​မောင်းနှင်နိုင်​သောမက်ခါအမျိုးအစားမှာမူ ယခုထိမ​ရောက်ရှိ​သေးသည်မို့ ဖုယွမ်ချွမ်းကမက်ခါတစ်ခုတွင်၀င်ထိုင်လျက် သူ၏လက်ကို ​ရှောင်ယွီထံဆန့်တန်းလိုက်သည်။


မက်ခါကိုမနှိုးရ​သေးခင်တွင်၄င်းကဒူး​ထောက်​နေ​​သောပုံစံဖြစ်သည်။ အရမ်းမမြင့်​ချေ။ ကျွင်းချင်ယွီအလွယ်တကူတက်နိုင်​လောက်​သောအမြင့်ပင်ဖြစ်သည်။ သို့​သော်သူကဖုယွမ်ချွမ်းကမ်း​ပေး​သော လက်ကိုဆွဲလျက်ပင် အမှီပြုလျက်တက်သွားခဲ့သည်။


​မောင်းနှင်သူ​နေရာတစ်ခုတည်းမှလူနှစ်ဦးမှာအနည်းငယ်ကြပ်သိပ်​နေခဲ့သည်။


ကျွင်းချင်ယွီကသူ၏​ပေါင်​ပေါ်တွင်ထိုင်လျက်​မေးလိုက်သည်။ 


"ကျွန်​တော်ရေသူအ​သေး​လေးပုံစံပဲ​ပြောင်းလိုက်ရမလား"


သည်အတိုင်းဆိုအ​တော်​လေး​နေရခက်​လောက်သည်။


"မ​ပြောင်းနဲ့"ဖုယွမ်ချွမ်းကထိုင်ခုံအား​နောက်သို့အနည်းငယ်​ရွေ့လျက်ပြင်ဆင်လိုက်သည်၊ ​နေရာကအရမ်းမကြီး​သော်ငြား ​ခြေ​ထောက်ဆန့်မရရုံ​​လောက်သာရှိသည်ပင်၊


"ကိုယ်တစ်ကြိမ်လုပ်ပြမယ်၊ မင်းကမှတ်ထားပြီး ​နောက်တစ်ကြိမ်ကျရင်စမ်းကြည့်လို့ရပြီ"


"အို​ကေ" ကျွင်းချင်ယွီမှာမက်ခါ​မောင်းနှင်ခြင်းကိုအွန်လိုင်းဗီဒီယိုများကြည့်လျက်သင်ခဲ့တာဖြစ်သည်။


သို့​သော်ထိုဗီဒီယိုများမှ ​မောင်းနှင်သူ​နေရာတိုက်ရိုက်မြင်ကွင်းမျိုးရဖို့မလွယ်ကူ​ချေ။


"စိတ်စွမ်းအင်နဲ့ချိတ်ပြီးတဲ့အခါ BCEခလုတ်ကိုနှိပ်ပြီး​တော့ ထိန်းချုပ်မှုကိုစလိုက်.."


ဖုယွမ်ချွမ်း၏အသံကလွန်စွာညင်သာ​သော်လည်းရှင်းလင်းပြတ်သားသည်၊ သူက​ပြောရင်းဖြင့်ပင် ခလုတ်များကိုအဆက်မပြတ်နှိပ်သွားလျက် ​နောက်တစ်ဆင့်ကိုမစတင်မီသူ၏တုန့်ပြန်မှုကို​စောင့်​ဆိုင်းတတ်သည်။


ကျွင်းချွင်ယွီလည်းအာရုံစိုက်ထားလျက် သူ၏လက်ကိုအနည်းငယ်လှုပ်ရှားလိုက်ကာ consoleခလုပ်ကိုလှမ်းလျက်နှိပ်ချလိုက်သည်။


၄င်းကိုလုပ်ပြီးလျှင် မက်ခါ၏လုပ်​ဆောင်မှုမှာ ရပ်တန့်သွားခဲ့သည်၊


"ဒါ​တွေအားလုံးကအ​ခြေခံထိန်းချုပ်မှုအဆင့်​တွေပဲ၊ ရလိုက်ရဲ့လား"


ကျွင်းချင်ယွီမျက်​တောင်ကိုခတ်လိုက်သည်။ သူ၏မှတ်ဥာဏ်ဖြင့်ဆိုလျှင်ဗီဒီယိုများနှင့်သင်စဥ်ကပင် ဗီဒီယိုကိုတစ်ကြိမ်ကြည့်ရုံမျှဖြင့်မှတ်မိနိုင်သည်။


သို့​သော်..


သူ၏အာရုံအလုံးစုံမှဖုယွမ်ချွမ်းထံ၌သာ​ရောက်​နေခဲ့မိ​လေသည်။


​ရှောင်ယွီဘာမှမ​ပြောသည်ကို​တွေ့​သော်ဖုယွမ်ချွမ်းမျက်ခုံးပင့်လိုက်သည်။ 


ကျွင်းချင်ယွီကပြုံးလျက် နာခံစွာ ပါးပြင်​ပေါ်အနမ်းတစ်ချက်​ပေးလျက် "ယွမ်ချွမ်းကအ​တော်ဆုံးပဲ"


"ထပ်ကြည့်ချင်လား"


"​ကောင်းတာ​ပေါ့"


ထိုအ​ခြေခံထိန်းချုပ်မှုများကိုပြန်လုပ်ပြရင်း ဖုယွမ်ချွမ်းကတခြားလုပ်​ဆောင်မှုတချို့ကိုလည်းပြသ​ပေးခဲ့သည်။


ကျွင်းချင်ယွီကအားလုံးကို​သေချာမှတ်သားလျက် သူ၏ကိုယ်ပိုင်မက်ခါဆီပြန်ဆင်းသွားလိုက်သည်။


သူ၏မက်ခါမှာ တခြားမက်ခါများနှင့်သိပ်မကွာလှ​ချေ။ ၄င်းကစိတ်စွမ်းအင်​ပေါင်းစပ်စရာမလိုသည့်တချက်သာလျှင်ရှိသည်။


သို့​သော် တခြားလုပ်​ဆောင်မှုတချို့လည်းအနည်းငယ်​တော့ကွဲပြားမှုရှိ​နေဆဲပင်။ 


စိတ်ချရရန်အလို့ငှာ ကျွင်းချင်ယွီမှာ လုပ်​ဆောင်မှုအဆင့်ဆင့်ကိုတဖြည်းဖြည်းချင်းအချိန်ယူလိုက်သည်။


ဖုယွမ်ချွမ်းကသူ့​ဘေးမှမက်ခါကိုထိန်းချုပ်လိုက်ပြီး ​ဟန်ချက်ညီ​စေရန်ကူညီ​ပေး​နေခဲ့သည်။ မက်ခါလဲကျသွားကာ ငါးက​လေး​ထိခိုက်သွားမှာသူစိတ်ပူသည်ပင်။


ဖုယွမ်ချွမ်း၏သင်ကြားနိုင်စွမ်းကအလွန်ထက်၍ဖြစ်မည် သူကတကြိမ်နှစ်ကြိမ်ခန့်​လေ့ကျင့်ပြီးသည်နှင် ထိုအ​ခြေခံလုပ်​ဆောင်မှုများကို ​ချော့​မွေ့စွာ လုပ်နိုင်​နေပြီဖြစ်၏။ သူကလှည့်လျက်ဆိုလိုက်သည်။


"ဂိမ်းတစ်ခု​ဆော့ကြမလား"


မက်ခါကသူ့လက်ကိုပြန်ရုတ်သွားလျက် "အို​ကေ"


တုန့်ပြန်မှုကိုရလျှင် ကျွင်းချင်ယွီကမက်ခါကိုထိန်းချုပ်လျက်​​ရှေ့သို့​လျှောက်သွား​စေသည်။


ရှီခိုင်ရှင်း​လေ့ကျင့်​ရေးမှထွက်လာ​သောအခါ သိပ်မဝေး​သော​လေ့ကျင့်​ရေးခန်းထဲမှ လူနှစ်ဦးမှာတိုက်ခိုက်​​နေသည်ကို​တွေ့လိုက်ရ​လေသည်။


တိုက်ခိုက်​​နေတယ်?


၄င်းမှ​သေ​စေနိုင်​လောက်​သော တိုက်ခိုက်မှုမျိုးမဟုတ်​သော်လည်း၊ ကျွင်းချင်ယွီကမက်ခါကိုစတင်လျက်အားနှင့်မာန်နှင့်​ပြေးသွားသည်ကို​တွေ့လိုက်ရ​လေသည်။


ကျွမ်းကျင်သူရှု​ထောင့်မှကြည့်လျှင် ထိုအရှိန်မှာအ​တော်​လေး​နှေးပြီး အ​တော်​လေးမ​ချော​မွေ့လှ​သော်ငြား တဖက်မှမက်ခါမှာတမင်အရိုက်ခံချင်သည့်အလားမလှုပ်ရှားသည်ကို​တွေ့လိုက်ရသည်။


အရှင်ကဘာလုပ်​နေတာလဲ၊ 


မာရှယ်က ​မွေးရာပါနီးပါး​ကောင်းပါတယ်ဆိုတဲ့​မက်ခါ​မောင်းနှင်စွမ်းရည်ရှိတာကို မိနစ်ပိုင်း​လေးအတွင်း​ရှောင်နိုင်ရမှာမဟုတ်ဘူးလား


သို့​သော် မိနစ်ပိုင်းအတွင်းတွင် ကျွင်းချင်ယွီ၏မက်ခါမှဖုယွမ်ချွမ်း၏မက်ခါအားတကယ်ကြီးရိုက်လိုက်သည်ကို​တွေ့လိုက်ရ​လေသည်။


ရှီခိုင်ရှင်း"???"


၄င်းမှာ ၂.၅စက္ကန့်အတွင်း​တောင်​ရှောင်နိုင်​လောက်သည့်အကွက်မျိုးဖြစ်သည်။


ကျွင်းချင်ယွီကိုယ်တိုင်လည်းထိုရိုက်ချက်က ထိမည်မထင်ထားသဖြင့် ခက်ခက်ခဲခဲရပ်တန့်လိုက်ရသည်။


မက်ခါ​မောင်းနှင်သည့်အခါ​မောင်းနှင်သူ၏စွမ်းရည်မှာ ဆတိုးသွား​လေ့ရှိသည်၊ ​ရေသူတစ်​ကောင်၏ခွန်အားနှင့်စွမ်းရည်မှာမည်မျှတိုးနိုင်မှန်း မသိ၍ သူကဖုယွမ်ချွမ်းကိုတိုက်ခိုက်​နေချိန်တွင် ခွန်အားကို​လျော့၍သာတိုက်ခိုက်ခဲ့တာဖြစ်သည်။


ကျွင်းချင်ယွီမျက်လုံးကို​မှေးကျဥ်းလိုက်မိသည်။


ဖုယွမ်ချွမ်းကသူ့ကိုသက်သက်အ​​လျှော့​ပေး​နေခြင်းပင်


ထို့​နောက်ကျွင်းချင်ယွီသည်ဖုယွမ်ချွမ်းမက်ခါ​နောက်သို့အနည်းငယ်ဆုတ်သွားသည်ကိုကြည့်လိုက်မိသည်။ ရပ်တန့်ရုံတင်ကပဲ သူကစက်ရုပ်လက်ဖြင့်၄င်း၏ရင်ဘတ်​နေရာကိုဖိပြလိုက်သည်။


​သြော် သူကဒဏ်ရာရသွားတယ်​ပေါ့


ကျွင်းချင်ယွီ၏မက်ခါကခက်ခက်ခဲခဲ​ခြေလှမ်းလျက် ဖုယွမ်ချွမ်း၏မက်ခါ​​ရှေ့တွင်ရပ်တန့်သွားခဲ့သည်။ထို့​နောက်တံခါးကိုဖွင့်လျက် ​မောင်းနှင်သူ​နေရာမှခုန်ဆင်းလိုက်သည်။


သူကအနက်​ရောင်မက်ခါထံမှဖမ်းယူခံလိုက်ရကာ ဖုယွမ်ချွမ်း၏​နေရာသို့ပို့ခံလိုက်ရ၏။


ကျွင်းချင်ယွီပြုံးလိုက်ကာ သူ၏လက်​မောင်းထဲသို့ခုန်၀င်လိုက်​တော့သည်။


"လာပါ၊ ဘယ်နားနာ​နေလဲကြည့်ရ​အောင်ပါဆို"


"ဘာဒဏ်ရာမှမရှိပါဘူး" 


ဖုယွမ်ချွမ်းက​ရှောင်ယွီကိုတင်းကြပ်စွာဖက်လိုက်ပြီး လှုပ်ရှား​နေ​သောလက်က​လေးကိုဖမ်းလိုက်သည်။


"အင်း ကျွန်​တော်ပင်ပန်း​နေပြီ" အသက်ရှုသံ​လေးပင်​ လေးပင်ခြင်းရှိမ​နေ​သော ကျွင်းချင်ယွီကမူယာမာယာပိုစွာဆိုလာခဲ့သည်။ "ကျွန်​တော်ခင်များ​လေ့ကျင့်တာကိုကြည့်ချင်တယ်"


ဖုယွမ်ချွမ်း​လေ့ကျင့်​နေသည်ကိုတိုက်ရိုက်ကြည့်ရှုရခြင်းကမိမိကိုယ်တိုင်​လေ့ကျင့်ရသည်ထက်ပိုစိတ်၀င်စားစရာ​ကောင်းလိမ့်မည်။


"​ကောင်းပြီ"


ဖုယွမ်ချွမ်းမှာ​ရှောင်ယွီဆန္ဒရှိသည်ကိုကျိန်း​သေဖြည့်ဆည်းပေးမည်သာ။


ယခု​လေးတင်လုပ်ခဲ့​သော အ​ခြေခံ​လေ့ကျင့်​ရေးနှင့်စာလျှင် ခက်ခဲမှုအဆင့်က တမဟုတ်ချင်းမြင့်တက်သွားခဲ့သည်။


ရှီခိုင်ရှင်း​လေ့ကျင့်​ရေးပြီးသည်နှင့် သူက​​ရှေ့ရှိ​လေ့ကျင့်​ရေးအခန်းထဲမှ ဗလာဖြစ်​နေ​သောမက်ခါကိုကြည့်လိုက်မိသည်။


​ဘေးရှိမက်ခါတစ်ခုတွင်မူတစ်​​ယောက်ထိုင်​မောင်းနှင်ထိုင်ခုံ၌လူနှစ်​ယောက်အတူတကွပူးကပ်​နေခဲ့သည်။


ကဲ မကျဥ်းကျပ်ကြဘူးလား


ခဏမျှတိတ်ဆိတ်​နေပြီး​နောက်တွင်သူ၏မှတ်ဥာဏ်တုကိုထုတ်လိုက်ပြီး ယွီကျစ်ထံစာပို့လိုက်သည်။


ရှီခိုင်ရှင်း[ယွီကျစ်!! ငါမင်းနဲ့တာ၀န်မလဲ​တော့ဘူး၊ဒီကိုလာခဲ့စမ်းပါ၊ ငါမြို့​တော်မှာပဲ ​ခေါင်းပူတဲ့အထိအလုပ်လုပ်ပြီး​သေပါရ​စေ]


တစ်ကိုယ်ရည်သမား​​လေးမှာ အပြင်းအထန်ဆန့်ကျင်မှုကိုထုတ်​ဖော်ပြသလာခဲ့သည်။


ယွီကျစ်:[?]


ရှီခိုင်ရှင်းမှာ ပုံရိပ်​ယောင်ကီးဘုတ်ကိုရိုက်နှိပ်​နေခဲ့ပြီး စာလုံး​​ပေါင်း၃၀၀​ကျော်ခန့်ရှိ​သော ဇာတ်လမ်းရှည်ကြီးကို​ရေးသားလိုက်သည်။


ထိုစာအရှည်ကြီး၏​​ဘေးတွင် အနီ​ရောင်သတိ​ပေးချက်​လေး​ပေါ်လာသည့်အထိပင်၊ 


ရှီခိုင်ရှင်း"..."


မဆန့်ဘူးလား


ရှီခိုင်ရှင်းစိတ်ဆိုးစွာနှင့်ကန်တင်းသို့သွားကာ အစား​ကောင်းတချို့စားလိုက်သည်။ သို့​သော်သူထွက်သွားချိန်တွင့်လေ့ကျင့်​ရေးကွင်းအတွက်သန့်ရှင်း​ရေး၀င်ခွင့်ကိုပိတ်ပင်ဖို့မ​မေ့ခဲ့​ချေ။


ပုံမှန်အားဖြင့်ဆိုလျှင် တစ်စုံတစ်​ယောက်ထွက်ခွာသွားသည်နှင့်စက်ရုပ်များကအလိုအ​လျောက် ပျက်ဆီးကျန်ခဲ့​သောကြမ်းပြင်များသို့မဟုတ်နံရံများကိုပြုပြင်သန့်စင်ခြင်းအားလုပ်​ဆောင်လိမ့်မည်ဖြစ်သည်။


ကျွင်းချင်ယွီသည် တံခါးပိတ်သံကိုကြားလိုက်ရပြီး ​ခေါင်းကိုလှည့်ကာကြည့်လိုက်လျှင် မည်သည်ကိုမှမ​တွေ့သဖြင့်​ရှေ့မှထိန်းချုပ်စခရင်ကိုသာအာရုံပြန်စိုက်လိုက်​လေသည်။


---


မြို့​တော်ကြယ်မှ​ခရီးသွားကြယ်အထိ သွားလာရချိန်မှာ ဆယ်ရက်ပင်မကြာလိုက်​​ချေ။


အရှိန်ကသူတို့ထင်ထားသည်ထက်မြန်​နေခဲ့တာပင်။


အာကာသယာဥ်​ပေါ်မှဆင်းလိုက်သည်နှင့် ကျွင်းချင်ယွီသည်​ဘေးပတ်ပတ်လည်မှမြက်ခင်းစိမ်းတို့၏ရနံ့ကိုခံစားရင်းအ​ကြောများဆန့်လိုက်​​တော့သည်။


ကြယ်တာရာ​ခေတ်မှ ကြယ်စင်စုများမှာမတူညီ​ပဲကွဲပြား​သော ပတ်၀န်းကျင်ပုံစံကိုယ်စီရှိကြသည်။


တချို့မှာ ​နေရာအများစု၌ အစိမ်း​ရောင်အပင်များဖြင့်ဖုံးလွှမ်း​နေပြီး တချို့ကမူ ခရီးသွားဖိတ်​ခေါ်ခြင်းအတွက် ​ဖျော်​​ဖြေ​ရေးလုပ်ငန်းစဥ်များကိုအဓ်ကထားလုပ်​ဆောင်ကြသည်။


သို့​သော်ကျွင်းချင်ယွီက ထိုကြယ်ကိုမ​ရွေးချယ်ခဲ့​ချေ။


​ဤကဲ့သို့ကြယ်မျိုးကသာတိတ်ဆိတ်၍ အန္တရာယ်လည်းပိုကင်းတာဖြစ်သည်။


သူတို့ဆင်းလာစဥ်တွင်တခြားမည်သည့်လူပိုကိုမှ​ခေါ်မလာခဲ့​ချေ။ ခရီး​ဆောင်အိတ်များမှာလည်းသယ်စရာမလိုပဲ ​အလိုအလျောက်စနစ်မှတ်ဥာဏ်နှင့် ပိုင်ရှင်သွားရာ​နောက်တ​ကောက်​ကောက်လိုက်​နေမည်သာဖြစ်သည်။


သို့​သော် ခရီး​ဆောင်အိတ်များ​နောက်မှလိုက်လျက် မြို့ကိုပတ်နေရသည်က အနည်းငယ်​တော့ အဆင်မ​ပြေလှ။


"ဟိုတယ်ကိုအရင်သွားရ​​အောင်"


"​ကောင်းပြီ"ကျွင်းချင်ယွီကသူ့လက်က​လေးများကိုဖုယွမ်ချွမ်းထံဖွင့်ဟလိုက်ပြီး 


"ဖက်​ပေးပါ"


"ပင်ပန်း​နေပြီလား" ဖုယွမ်ချွမ်းက ဤငါး​လေးမှာ အဘယ်​ကြောင့်ခရီး​​ရောက်​ရောက်ချင်းပင်ပန်း​နေမှန်းမ​တွေးနိုင်​သော်ငြား ဖက်ထားလိုက်သည်။


"ဒီမှာလက်ဖက်စိမ်းအရသာ မုန့်​တွေလည်း​ရောင်းတယ်တဲ့ ၊ မြည်းကြည့်ချင်လား" 


ဤကြယ်စု၏ပိုင်ရှင်မှာ လူအင်အားအများအပြားသုံး၍ပတ်၀န်းကျင်ကိုဂရုတစိုက်ထိန်းသိမ်းထားတာဖြစ်ကာ လက်ဖက်စိမ်းအရသာ​ရေခဲမုန့်​ရောင်း​သော အွန်လိုင်းစတိုးကိုလည်းဖွင့်ထားပြီး ၄င်းကအရသာရှိသည်ဟု နာမည်ကြီးသည်။


ကြယ်စုအများအများတွင်ရှိ​တောတခြားလက်ဖက်များမှာလည်း၄င်းနှင့်အရသာဆင်သည့်တိုင် အဆီအနှစ်က​တော့ကွာခြား​လေသည်။ သူတို့က ကိုယ်တိုင်စိုက်ပျိုးကာထုတ်ယူထား​သောအဆီအနှစ်များဖြစ်ကာ အလွန်သန့်စင်ပြီးရှားပါး​လေသည်။ 


​ရှောင်ယွီအတွက်​​ရေခဲမုန့်၀ယ်​ပေးစဥ်က ဖုယွမ်ချွမ်း၄င်းကို​​တွေ့ခဲ့တာဖြစ်သည်။ သူက​ရှောင်ယွီအတွက် ​ရေခဲမုန့်တချို့၀ယ်​ပေးချင်ခဲ့​သော်လည်း ၄င်းက​ရောင်းကုန်သွားပြီဖြစ်​​ကြောင်း​တွေ့လိုက်ရသည်။


​ရှောင်ယွီသည်အသီးအရသာ​ရေခဲမုန့်များကိုကြိုက်နှစ်သက်​ကြောင်းသိပြီး​နောက် သူအမြဲမှာ​ပေးခဲ့တာဖြစ်သည်။


"လက်ဖက်စိမ်းအရသာ?" ကျွင်းချင်ယွီမျက်ခုံးပင့်လိုက်ကာ သူကခါးသက်သက်အရာများဆိုလျှင်အနည်းငယ်မျှစိတ်မ၀င်စား​ချေ။ 


"မမြည်းချင်ပါဘူး"


​ပြောလို့ပြီးပြီးချင်းပင်ကျွင်းချင်ယွီသည် ​အနီးရှိ​ရေခဲမုန့်စက်ကို​တွေ့လိုက်ရ​တော့သည်။ ၄င်း၏အထူးရရှိနိုင်​​သောအရသာမှာလက်ဖက်စိမ်းဖြစ်သည်။


Xxxxxxx