Chapter 139
ဤကြယ်စုမှာ ခရီးသွားခွင့်အပြည့်အ၀ဖွင့်ပေးထားသည်မျိုးမဟုတ်ပဲ တချို့အထူးဧည့်သည်များကိုသာလက်ခံတာဖြစ်သည်။
ခရီးသွားများနည်းပါးသည့်တိုင် လမ်းများမှာ သန့်ရှင်းသပ်ရပ်လျက် ဘေးဘက်ရ၏မြက်ခင်းစိမ်းများမှာလည်းအလွန်ဂရုတစိုက်ထိန်းသိမ်းခံထားရပုံပေါ်သည်။
ရေခဲမုန့်စက်မှာလည်းတမျိုးတဖုံထူးခြားကာ အကြည့်တချက်ဖြင့်ပက်သတိထားမိနိုင်သည်။
ရှောင်ယွီကစိတ်မ၀င်စားလှသော်လည်း ဖုယွမ်ချွမ်းကရေခဲမုန့်တချို့၀ယ်ကာဟိုတယ်သို့သယ်လာခဲ့သည်။ ရှောင်ယွီစားချင်စိတ်ပေါက်လာလျှင် အဆင်သင့်စားနိုင်အောင်ဖြစ်သည်။
ဟိုတယ်မှာသူတို့ဆင်းသင်သည့်နေရာနှင့်သိပ်မဝေးလှချေ။ ဆယ်မိနစ်ခန့်သာလျှောက်ရသည်။
Check-inလုပ်စရာလည်းမလိုပဲ ကြယ်စုကိုမလာခင်ကတည်းကဘွတ်ကင်တင်ထားရုံဖြင့် အဆင်သင့်၀င်နေရုံပဲဖြစ်သည်။
သဘာ၀၀န်းကျင်ကိုအလွန်ဦးစားပေး၍ဖြစ်နိုင်သည် ဟိုတယ်ထဲတွင်လည်းအလှအိုးဖြင့်စိုက်ပျိုးထားသောအပင်များစွာဖြင့်အလွန်စိမ်းစိုနေခဲ့သည်။
အပေါ်ထပ်ရှိအခန်းသို့ရောက်သော် ခရီးဆောင်အိတ်များကိုနေရာချလျက် အိပ်ယာပေါ်လဲချကာ ကျွင်းချင်ယွီတွေးလိုက်သည်။"ကျွန်တော်တို့ခရီးအဝေးကြီးလာခဲ့တာဆိုတော့ လောလောဆည်အရင်နားသင့်တယ်ထင်တယ်"
ဖုယွမ်ချွမ်းကရှောင်ယွီ၏ဆံပင်တို့ကိုပွတ်သပ်လိုက်ကာ "အာကာသယာဥ်ပေါ်မှာဆော့လာရတော့ပင်ပန်းနေပြီလား"
"စိတ်မပူပါနဲ့"ကျွင်းချင်ယွီကဖုယွမ်ချွမ်း၏လက်ကိုဆွဲလျက်ဖက်လိုက်ကာ သူ၏မေးကလေးနှင့်ဖိထားလိုက်သည်။"ကျွန်တော်တို့အခုလည်း ရှူခင်းကြည့်ရင်းအပန်းဖြေနေလို့ရတာပဲ"
ခရီးသွားအပန်းဖြေခြင်းကအချိန်ယူရသည်။ လောတိုင်းမကောင်းချေ။
ဖုယွမ်ချွမ်းကသူ့လက်ကိုဖယ်ရန်အလျင်မလိုခဲ့ချေ။ သူကရှောင်ယွီထံမှီလိုက်ကာ "ဒါက ပျားရည်ဆမ်းခရီးလို့သတ်မှတ်လို့လည်းရတာပေါ့"
"ကွာလို့လား"
"ဒါပေါ့ "ဖုယွမ်ချွမ်းကငါးကလေး၏မျက်နှာကိုပွတ်သပ်ရင်းဆိုလိုက်သည်။
"ကိုယ်တို့အခန်းထဲကမထွက်ပဲတသက်လုံးလည်းနေလို့ရတယ်"
"..."
ရုတ်တရက်ပင်ကျွင်းချင်ယွီတစ်ယောက် အပြင်ထွက်လျက်လျှောက်သွားချင်စိတ်ပေါက်သွားတော့သည်။
---
ပထမဆုံးခရီးသွားကြယ်စုသို့ရောက်သည့်နေ့တွင် သူတို့ကဟိုတယ်တွင်သာတစ်နေ့ကုန်ဆုံးခဲ့ကြသည်။
ဤနေရာ၏လုံခြုံရေးမှာအထူးမြင့်မားပြီး လျှို့၀ှတ်ကင်မရာများကိုစိတ်ပူစရာမလိုချေ။
ဖုယွမ်ချွမ်းက ငါးကလေးကိုဖက်လျက် ရေကန်စွန်းတွင်လဲလျောင်းနေခဲ့သည်။သူ၏လက်ဖြင့်အမြီးလေးကိုပွတ်သပ်ကာသန့်စင်ပေးနေခဲ့၏။
ရှောင်ယွီဗိုက်ဆာမည်စိုး၍သူကမုန့်တချို့ကိုပင်သယ်လာခဲ့သေးသည်။
ကျွင်းချင်ယွီခေါင်းကိုမာ့လျက်မေးလိုက်သည်။
"ကျွန်တော်တို့နောက်ထပ်ဘယ်သွားကြမလဲ"
"ဒီမှာနေရတာမကြိုက်ဘူးလား"
ဖုယွမ်ချွမ်းခရီးစဥ်ရေးဆွဲစဥ်က ကြယ်စုတစ်ခုစီအတွက်အချိန်အများကြီးထည့်မထားခဲ့ချေ၊သူ၏မူလရည်ရွယ်ချက်မှာ ငါးကလေးအား ပတ်၀န်းကျင်ကြယ်စုများကိုမြင်ဖူးအောင်လိုက်ပြရန်ဖြစ်သည်။
ကျွင်းချင်ယွီခေါင်းကိုခါလိုက်သည်၊ ကြိုက်မကြိုက်ပြောရန်ကခက်ခဲလှသည်၊ သူကပထမဆုံးဆိုက်ရောက်သည့်အချိန်မှလွဲ၍အပြင်ကိုခြေမချရသေးချေ။
သို့သော် ကြယ်စုမှနာမည်ကြီးအစားအစာများကိုတော့စားခဲ့ရလေသည်၊
ဖုယွမ်ချွမ်းတွေးတောလျက်ဆိုလိုက်သည်၊
"ခဏလောက်ရေစိမ်ပြီးသွားပြီး အပြင်သွားပြီးလျှောက်လည်မလား"
"အင်း" ကျွင်းချင်ယွီကတစ်စုံတစ်ခုကိုစဥ်းစားမိလျှင် အပြုံးဖြင့်ဆိုလိုက်သည်၊
"အရင်တုန်းကခင်များပဲကျွန်တော့်ကို့လေ့ကျင့်ခန်းလုပ်ဖို့ခဏခဏလောဆော်နေတာ၊ ခုတော့ဘာမှလည်းမပြောတော့ပါလား"
ဖုယွမ်ချွမ်းသည် ရှောင်ယွီ၏ဆံစတို့ကိုနားနောက်သို့သပ်တင်ပေးလိုက်ပြီး "ကိုယ်မင်းကိုဒီရက်ပိုင်းအတူလေ့ကျင့်ခန်းလုပ်ပေးနေတာပဲမဟုတ်ဘူးလား"
"???"
"ရလဒ်ကလည်းအတော်လေးကောင်းနေတာပဲ"
ကျွင်းချင်ယွီ၏ပါးပြင်တို့နီရဲသွားကာ ခေါင်းကိုငုံ့လျက် ငါးခြောက်လေးကိုကိုက်လိုက်တော့သည်။
ရေစိမ်ပြီးသည်နှင့်အပြင်ဘက်ရှိကောင်းကင်မှာမှောင်ရိပ်သန်းနေခဲ့ပြီဖြစ်သည်၊သို့သေည်လုံး၀တော့မမှောင်သေးချေ။ ၄င်းမှာလိမ္မော်ရောင်နှင့်ရောယှက်လျက်လှပသောအရောင်မျိုးဖြစ်သည်။
ဆူညံနေသောပတ်၀န်းကျင်မျိုးနှင့်စာလျှင် ကျွင်းချင်ယွီမှာဤကဲ့သို့တိတ်ဆိတ်မှုမျိုးကိုသဘောကျလေသည်။
ဒန်းကလေးပေါ်တွင်ထိုင်လျက် အထူးနေရာမှနေ၀င်ဆည်းဆာကိုခံစားနေမိသည်။
စိမ်းစိုသောသစ်ပင်တို့က၀န်းရံလျက်ကောင်းကင်ကြီးတဖြည်းဖြည်းနက်မှောင်လာပုံမှာ တိတ်ဆိတ်ငြိမ်းချမ်းမှုကိုခံစားရစေသည်။
ကောင်းကင်မှပြောင်းလဲမှုကိုခံစားမိလျှင် ဖုယွမ်ချွမ်းကပြင်ဆင်လာသော ကုတ်အင်္ကျီကိုထုတ်လျက် ရှောင်ယွီအား၀တ်ပေးလိုက်သည်၊
"ဒီမှာကနေ့အချိန်နဲ့ညအချိန်အပူချိန်ကွာခြားမှုအတော်လေးမြင့်တယ်၊ဒါကြောင့်အအေးမမိအောင်ဂရုစိုက်"
"ကျွန်တော်ကအအေးမမိတတ်ပါဘူး" သို့သော်ကျွင်းချင်ယွီကကုတ်အင်္ကျီကိုနာခံစွာအ၀တ်ခံလျက်
"ဒီလိုကြည့်နေရတာ ရှုခင်းကအတော်လှတာပဲ"
"အင်း" ဖုယွမ်ချွမ်းလည်းသူ့ဘေးမှငါးကလေးကိုကြည့်ကာဆိုလိုက်သည်။ ဤကြယ်စုမှ အင်တာနက်ပေါ်တွင် ခရီးသွားများထံမှမှတ်ချက်ကောင်းများရထားသောကြယ်စုဖြစ်လေသည်။
ဖုယွမ်ချွမ်းသည်ဤအခိုက်အတန့်ကိုဓါတ်ပုံမှတ်တမ်းယူလိုက်သည့်တိုင် ဤရှုခင်းကသိပ်လှ မကောင်းလှဟုသာထင်မှတ်မိဆဲ။ သို့သော်ပုံထဲမှ ငါးကလေးမှာရင်သပ်ရှုမောစရာကောင်းနေခဲ့သည်။
ခါးထိရှည်သောရွှေ၀ါရောင်ဆံနွယ်ဖျော့ဖျော့တို့က မြက်ခင်းစိမ်းတို့ကိုထိစပ်လျက်၊ မျက်တောင်စလေးတို့ကအလင်းရောင်မှိန်မှိန်အောက်တွင်အစွမ်းကုန်ကော့ညွတ်နေခဲ့သည်။
ကျွင်းချင်ယွီကသူ၏အကြည့်ကိုသတိထားမိချိန်တွင် နေရောင်ကလုံး၀ပျောက်ကွယ်သွားပြီဖြစ်ကာ သူကဖုယွမ်ချွမ်း၏ပေါင်ပေါ်တွင်လဲလျောင်းလျက် ထိုအမျိုးသား၏ ခပ်မှိန်မှိန်ညအလင်းထဲမှ မျက်နှာချောချောကိုငေးကြည့်နေမိလေသည်။
ဖုယွမ်ချွမ်းကရှောင်ယွီ၏ဆံနွယ်ရှည်များကို ဘေးတစ်ဖက်တစ်ချက်စီခွဲလျက် ဆော့ကစားနေခဲ့သည်။
ကျွင်းချင်ယွီကသူ့ကိုသာကြည့်လျက် မည်သည်ကိုမျှမဆိုခဲ့ချေ။ သူကဖုယွမ်ချွမ်း၏လက်မှာသူ့လက်ကိုဆုပ်ကိုင်လာသည်အထိစောင့်လျက် သူ့လက်ကလေးကိုမြှောက်ပြလိုက်သည်။
"လက်ငါးချောင်းကိုခွာလိုက်"
"ဒီလိုမျိုး" ကျွင်းချင်ယွီကသူ့လက်ကလေးကိုဖွင့်လျက်ပုံဖော်ပြလိုက်သည်။
ဖုယွမ်ချွမ်းကလည်း ငါးကလေးဆန္ဒအတိုင်းလိုက်လုပ်ပေးခဲ့သည်။
ထို့နောက်တွင် ကျွင်းချင်ယွီကဖုယွမ်ချွမ်း၏လက်ချောင်းများကိုယှက်လျက်တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။အလင်းရောင်ကသိပ်မရှိသည့်တိုင် ကြယ်ရောင်အောက်တွက် လက်စွပ်လေးနှစ်ကွင်းကတောက်ပနေခဲ့၏။
လက်ထပ်ခွင့်တောင်းစဥ်ကအသုံးပြုခဲ့သော ဗြောင်လက်စွပ်ကလေးနှင့်ယှဥ်လျှင် လက်ထပ်ပွဲတွင်သုံးသော လက်စွပ်ကလေးကပို၍လှပလေသည်။ ဖုယွမ်ချွမ်းမှာထိုလက်စွပ်၂ကွင်းလုံးအတွက်အကောင်းဆုံး အရည်အသွေးရှိသတ္တုများကိုသုံးထားခဲ့သည်၊
ကွာခြားသည်မှာ ပုံစံသာဖြစ်လေသည်။
ကျွင်းချင်ယွီမှာလဲလျောင်းနေပြီးသူ၏လက်ကလေးများကိုမြှောက်လျက် ဓါတ်ပုံ၏ရှုထောင့်မှာကောင်းကင်ကိုမျက်နှာမူနေခဲ့သည်။
အမှတ်တကယ်တွင် ကျွင်းချွင်ယွီမှာ ဓါတ်ပုံရိုက်ရတာသိပ်မကြိုက်လှချေ။ သူကကျွမ်းကျင်ဓါတ်ပုံဆရာများကိုလည်းခေါ်မလာခဲ့။ သူကဤအခိုက်အတန့်လေးကိုသာမှတ်တမ်းတင်ထားချင်ခဲ့တာဖြစ်သည်၊
ထို့ကြောင့် အသိဥာဏ်တုထဲမှ ကင်မရာဆော့ဖ်၀ဲကိုသုံးလျက် ရိုက်လိုက်သော်လည်း ရလဒ်မှာအတော်ကောင်းနေခဲ့သည်။
ဓါတ်ပုံရိုက်ပြီးသည်နှင့်ကျွင်းချင်ယွီကဖုယွမ်ချွမ်းအားပြလိုက်သည်။ "လှရဲ့လား"
"လှတယ်"
ကျွင်းချင်ယွီမျက်လုံးလေးများကိုကွေးညွတ်လျက်
"ကျွန်တော်ခင်များပုံနည်းနည်းလောက်ရိုက်လိုက်မယ်လေ"
သူကအိမ်တွင်ဖုယွမ်ချွမ်း၏ဓါတ်ပုံများများစားစားမတွေ့ဖူးခဲ့ချေ။ငယ်စဥ်တုန်းကလည်းအကြောင်းအမျိုးမျိုးကြောင့်အမှတ်တရဓါတ်ပုံများမရိုက်ခဲ့ရချေ။
သို့နှင့် သူကအနီးကပ်ပုံတချို့ရိုက်လိုက်သည်။
ကြည့်ကောင်းသည့်သူများက ဘယ်လိုရိုက်ရိုက်ကြည့်ကောင်းနေဆဲဖြစ်သည်၊ ရှုထောင့်အစုံမှရိုက်နိုင်ရန်အလို့ငှာကျွင်းချင်ယွီက အသိဥာဏ်တုစက်အား လက်ကောက်၀တ်မှချွတ်လိုက်သည်။
ကျွင်းချင်ယွီကဆိုလိုက်သည်။
"ကင်မရာကိုကြည့်"
ဖုယွမ်ချွမ်းမှာကင်မရာကိုမကြည့်တတ်သော်လည်းသူကရှောင်ယွီကိုတော့အမြဲတစေကြည့်နေလိမ့်မည်။သူကကင်မရာကိုကြည့်နေပုံပေါ်သော်လည်း သူ၏အာရုံအလုံးစုံမှာကင်မရာနောက်မှရှောင်ယွီထံတွင်သာရှိနေခဲ့တာဖြစ်သည်။
ကျွင်းချင်ယွီကနောက်သို့တဖြည်းဖြည်းဆုတ်သွားလျက်သူတို့ကြားမှအကွာအဝေးမှာ၁၅စင်တီမီတာခန့်တိုးလာလျှင် ဖုယွမ်ချွမ်းကဆိုလိုက်သည်။
"ငါးလေး ဒီကိုလာ"
"ဟင်"ကျွင်းချင်ယွီတိုးလာခဲ့သည်။
"ဘာလို့လဲ"
ဖုယွမ်ချွမ်းကအတည်အတန့်ဆိုလိုက်သည်
"ပုံတွေအနီးကပ်ရိုက်တာကရုပ်ထွက်ပိုကောင်းတယ်၊ ညဘက်ကအလင်းရောင်လည်းမကောင်းဘူး ဒီတိုင်းဆိုသိပ်မြင်ရမှာမဟုတ်ဘူး"
ကျွင်းချင်ယွီမျက်ခုံးပင့်လိုက်မိသည်၊ ကင်မရာဆော့ဖ်၀ဲမှာအော်တိုအလင်းချိန်ညှ်သည့်စနစ်ပါပြီးသားပင်။ဖုယွမ်ချွမ်း၏ရုပ်တည်ကြီးကိုမြင်လျှင် ငါးကလေးကပြုံးမိသော်လည်း သူနှင့်အတူလိုက်သရုပ်ဆောင်ပေးလိုက်သည်၊
အသိဥာဏ်တုစက်ကိုကိုင်လျက် ကျွင်းချင်ယွီကရှေ့သို့တိုးလာခဲ့ကာ နောက်ဆုံးသူတို့ကြားတွင် အကွာအဝေးစင်တီမီတာအနည်းငယ်သာကျန်တော့မှ
"ဒီလောက်နီးရင်ရပြီလား"
"ဘယ်လိုကြည်အောင်ရိုက်ပေးရမလဲ"
"ထပ်တိုးလာရ.. အွန်း.."
သူပြော၍မပြီးခင် ကျွင်းချင်ယွီမှာ ဖုယွမ်ချွမ်း၏ရင်ခွင်ထဲဆွဲယူခံလိုက်ရသည်။
သူဘာမှမဆိုနိုင်ခင် အမျိုးသားကခေါင်းကိုငုံ့လျက် သူ၏ဖွင့်လက်စနှုတ်ခမ်းလေးကို ပူနွေးသောနှုတ်ခမ်းတစ်စုံဖြင့်ပိတ်ပင်လာခဲ့သည်။
ကျွင်းချင်ယွီခဏမျှအေးခဲသွားမိလျက် သူအသိ၀င်လာလျှင် သူ၏ခေါင်းကလေးကိုအသာမော့လျက် နူးညံ့စွာတုန့်ပြန်လာခဲ့သည်။
"ကောင်းပြီ"
တချိန်တည်းမှာပင် ဖုယွမ်ချွမ်းသည် ကျွင်းချင်ယွီ၏ အသိဥာဏ်တုစက်ကိုကိုင်လျက် ကင်မရာခလုတ်ကိုနှိပ်လိုက်လေသည်။
သူက အသိဥာဏ်တုထဲတွင် ပုံတချို့ကိုသိမ်းဆည်းလိုက်သည်၊
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏ရင်ခွင်ထဲတွင်မှီလျက် အသက်ကိုဖြည်းညင်းစွာရှူနေခဲ့သည်။ မူလတွင်မျက်နှာလေးနီရဲနေခဲ့သော်လည်းထွက်လာသောပုံကလေးများကိုမြင်လျှင် သူကရိုးရှင်းစွာပင် ဖုယွမ်ချွမ်း၏ရင်ခွင်ထဲမျက်နှာအပ်လိုက်တော့သည်။
ဖုယွမ်ချွမ်းကရှောင်ယွီ၏ကျောကိုပွတ်သပ်လျက် လက်ချောင်းလေးများကမူ ငဥာဏ်ရည်တုစက်၏မျက်နှာပြင်ပေါ်ပြေးလွှားနေခဲ့သည်။ သူကထိုဖိုင်လ်များကိုသူ၏ကိုယ်ပိုင်ဥာဏ်ရည်တုထံလွှဲပြောင်းလိုက်ပြီး ပုံတစ်ပုံကိုရွေးကာ သူ၏profileအဖြစ်ထားလိုက်သည်။
သို့သော် အတည်ပြုရန်ခလုတ်ကိုနှိပ်ခါနီးနီးတွင် လက်ချောင်းများကရပ်တန့်သွားလျက် ထိုပုံအစား သူတို့နှစ်ဦးလက်ကလေးအချင်းချင်းယှက်ထားသောပုံကိုသာ profileပုံအဖြစ်တင်လိုက်တော့သည်။
ဘေးပတ်၀န်းကျင်ကလွန်စွာတိတ်ဆိတ်နေပြီး ကျွင်းချင်ယွီမှာလှဲလျောင်းနေရင်းကပင် ဖုယွမ်ချွမ်း၏တည်ငြိမ်သောနှလုံးခုန်သံကိုကြားနိုင်လေသည်။
အချိန်ကဖြည်းညင်းစွာကုန်လွန်သွားခဲ့ပြီး လုံး၀ပိန်းပိတ်အောင်မှောင်နေသောကောင်းကင်ကအချိန်ကိုခန့်မှန်းရခက်စေသည်။
အချိန်တွေအကြာကြီးထိုင်နေခဲ့ပြီးသည့်နောက်တွင် ကျွင်းချင်ယွီညင်သာစွာမေးလိုက်သည်။
"အိပ်ချင်နေပြီလား ယွမ်ချွမ်း"
ဖုယွမ်ချွမ်းခေါင်းကိုခါလျက်"ပင်ပန်းနေပြီလား"
"ဟင့်အင်း"ကျွင်းချင်ယွီကဤကဲ့သို့ဆိတ်ငြိမ်သောပါတ်၀န်းကျင်ကိုနှစ်သက်သည်ပင် ။
"နေထွက်လာတာကြည့်ပြီးရင်ပြန်သွားရအောင်"
"ကောင်းပြီ"
ဤသည်မှာ မနက်စောစော၁၂နာရီအချိန်ဖြစ်သည်။ မြို့တော်ကြယ်တွင်မူ ၃နာရီ ၄နာရီခန့်သာရှိပေဦးမည်။
ဖုယွမ်ချွမ်းသည်ရှောင်ယွီကိုယ်ပေါ်မှ အနွေးထည်အားဆွဲစေ့ပေးလိုက်ကာ "အိပ်ချင်နေတယ်ဆိုရင် ခဏလောက်မှေးလိုက်လေ၊ နေထွက်လာတဲ့အခါကျရင် ကိုယ်မင်းကိုနှိုးပေးမယ်"
"မအိပ်ချင်ဘူး" ကျွင်းချင်ယွီအိပ်ချင်စိတ်လုံး၀မဖြစ်မိချေ။ ဤအတောအတွင်းကောင်းကောင်းအနားယူထား၍ဖြစ်နိုင်သည်။
သို့သော်ဤအတိုင်းနာရီပေါင်းများစွာထိုင်နေရသည်ကအနည်းငယ်ပျင်းစရာကောင်းလှသည်။
ကျွင်းချင်ယွီခေါင်းလေးကိုမော့လျက်ဆိုသည်။
"ကျွန်တော်ခင်များကိုမျက်လှည့်ပြမယ်"
ထို့နောက်ကျွင်းချင်ယွီက ဖြန့်ထားသောလက်ဖ၀ါးနှစ်ဖက်ကိုဆန့်ထုတ်လိုက်ကာ
"ကြည့် ဒီမှာဘာမှမရှိဘူးနော်"
ဖုယွမ်ချွမ်းမှာပရိတ်သတ်တစ်ဦးအနေဖြင့်အတည်အတန့်ပြန်ဖြေလာသည်။
"အင်း"
ကျွင်းချင်ယွီလက်သီးဆုပ်လိုက်ပြီး သူ၏စိတ်စွမ်းအားဖြင့်နေရာလွတ်ထဲမှပန်းသီးတစ်လုံးကိုထုတ်လိုက်ကာ လက်ပြန်ဖြန့်လိုက်သည်။
Xxxxxxx