အပိုင်း ၁၄၀
Viewers 18k

Chapter 140


ကျွင်းချင်ယွီလက်သီးဆုပ်လိုက်ပြီး သူ၏စိတ်စွမ်းအားဖြင့်​နေရာလွတ်ထဲမှပန်းသီးတစ်လုံးကိုထုတ်လိုက်ကာ လက်ပြန်ဖြန့်လိုက်သည်။


"ကြည့် လက်ဗလာက​နေ ပန်းသီးတစ်လုံးရှိသွားပြီ"


"​ဟုတ်လှချည်လား"ဖုယွမ်ချွမ်း၏မျက်နှာမှာလွန်စွာညင်သာ​နေခဲ့ပြီး သူ၏​လေသံကမူအလွန်အံ့သြ​နေဟန်ပင်။


 "ဘယ်လိုများလုပ်လိုက်တာလဲ၊ အံ့သြစရာပဲ"


ဖုယွမ်ချွမ်းကလိုလိုလားလားပူး​ပေါင်းပါ၀င်လာသည်ကိုမြင်လျှင် ကျွင်းချင်ယွီမျက်လုံး​လေးများကိုမ​ကွေးမိပဲ​မ​နေနိုင်ခဲ့​ချေ။ ဆုအ​နေဖြင့်ထိုပန်းသီးအား ဖုယွမ်ချွမ်းကိုခွံ့လိုက်သည်။


"အာ.."


ဖုယွမ်ချွမ်းသူ့လက်ထဲမှပင်တစ်ကိုက်ကိုက်လိုက်ကာ


"ချိုတယ်"


​နေရာလွတ်ထဲမှအသီးအနှံများမှာ ​မြေဆီ​မြေသြဇာ​ကောင်း​ကောင်းနှင့်စမ်းရေနှင့်အတူစိုက်ပျိုးခံထားရသည်မို့ အလွန်အဟာရပြည့်ကာ အနံ့အရသာနှင့်လည်းပြည့်စုံ​ပေသည်။ ၄င်းတို့မှာ မသန့်စင်မှုများလည်းမရှိသလို ​ဆေးစရာမလိုပဲသည်အတိုင်းစား၍လည်းရသည်ပင်။


ကျွင်းချင်ယွီကသူကိုက်ခဲ့​သော​နေရာတွင်အကိုက်​သေး​​သေးတစ်ကိုက်ကိုက်လိုက်သည်။


အလယ်အလတ်ဆိုဒ်ပန်းသီးတစ်လုံးကလူနှစ်ဦး၏ အူတိုင်သာကျန်သည်အထိစားသုံးခြင်းခံလိုက်ရသည်။ထို့​နောက်တွင် ​နေရာလွတ်ထဲရှိအမှိုက်ပုံးသို့အူတိုင်အားလွှင့်ပစ်လိုက်​လေသည်။


ဖုယွမ်ချွမ်းတစ်ရှူးကိုထုတ်ယူလျက် ငါးက​လေး၏နှုတ်ခမ်း​ထောင့်တို့အားသုတ်​ပေးလိုက်ကာ


"​နေ​တောင်ထွက်​တော့မယ်ထင်တယ်၊ ပုံရိုက်ချင်​သေးလား"


"ရိုက်ချင်တယ်"


"ကိုယ်ရိုက်​ပေးမယ်"


ဖုယွမ်ချွမ်းက ဥာဏ်ရည်တုကိုဖွင့်လိုက်ကာ ​နေထွက်လာသည်ကိုကြည့်လိုက်သည်။ ၄င်းက​နေ၀င်သည်နှင့်ကွာခြား​သောမြင်ကွင်းတစ်ခုပင်။


သူကတချက်မှမလွတ်​စေရပဲဂရုတစိုက်ရိုက်ကူးထားလိုက်သည်။ 


​နေထွက်ခြင်းနှင့် ​နေ၀င်ခြင်း၂ခုလုံးမှာ ကွဲပြားကာလှပ​သောမြင်ကွင်းတစ်ခုဖြစ်​​လေသည်။


​နေ၀င်သည်နှင့်ကွာခြားသည်က ​နေထွက်သည်မှာ ​နွေး​ထွေး​သော​ရောင်၀ါကအတွင်းမှအပြင်သို့နူးညံ့စွာဖြာထွက်​နေခြင်းပင်။


ဖုယွမ်ချွမ်းသည်​ရှောင်ယွီ၏​နောက်တွင်ရပ်လျက် ဓါတ်ပုံဆရာတစ်ဦးကဲ့သို့ပြုမူ​နေခဲ့သည်။ 


---


ထို​နောက်ပိုင်းတွင်တခြားကြယ်စုများထံလည်းဆက်တိုက်အလည်သွားခဲ့သည်။ တရား၀င်ခရီးသွားလာခွင့်မဖွင့်ထား​သောကြယ်စုနှင့်မတူပဲ ဤကြယ်စုများမှာမူအ​တော်​လေးစည်ကား​လေသည်။ခရီးသွားရာသီမဟုတ်သည့်တိုင် လူအများဖြင့်စည်ကား​နေဆဲဖြစ်သည်။


ကျွင်းချင်ယွီနှင့်ဖုယွမ်ချွမ်းနှစ်ဦးစလုံးမှာထွက်လာကတည်းက မျက်နှာဖုံးကိုယ်စီ၀တ်ဆင်ထားကြသည်။ ဤလမ်းထဲရှိလူအများမှာ သူသူငါငါမျက်၁နှာဖုံးကိုယ်စီ၀တ်ဆင်ထားကြသည်ချည်းမို့ လူအုပ်ကြားထဲလမ်း​လျှောက်သွား​သောအခါမိမိတို့ကထင်​ပေါ်မ​နေခဲ့​ချေ။


တ​​နေ့က၀ယ်ခဲ့​သောလက်ဖက်စိမ်း​အရသာရေခဲမုန့်မှာကျန်ရှိ​နေဆဲဖြစ်ပြီး ကျွင်းချင်ယွီက ဖုယွမ်ချွမ်းနှင့်အတူ လမ်း​လျှောက်ရင်းစား​နေခဲ့သည်။


လက်ဖက်စိမ်းကခါးသက်သက်အရသာမျိုးမရှိပဲ လက်ဖက်ရည်အရသာခပ်ပြင်းပြင်း​လေးနှင့် ကျွင်းချင်ယွီမှတ်ဥာဏ်ထဲကနှင့်ကွာခြား​လေသည်။


ဤကြယ်စုမှာ ​ရှေး​ဟောင်းအ​ဆောက်အဦးများကိုအဓိကအသား​ပေးထားပြီး အများစုမှာ ကျွင်းချင်ယွီစာအုပ်ထဲမှာသာမြင်ဖူး​သောပုံစံများဖြစ်သည်။ 


ကျွင်းချင်ယွီအစားအ​သောက်​​ပေါ်တွင်သာအာရုံစိုက်ထားလျက် ရှုခင်းကြည့်ရန်လည်းမရပ်နားဖြစ်​ခဲ့​ချေ။


၄င်းကိုမြင်လျှင် ဖုယွမ်ချွမ်းကဆိုလိုက်သည်။


"မုန့်​စျေးတန်းကိုသွားကြမလား"


မုန့်​စျေးတန်းကသာမာန်​စျေးတန်းနှင့်ကွာခြားလှသည်၊ ၄င်းမှာဤကြယ်စု၏ခရီးသွားဧည့်သည်များလာ​ရောက်ရသည့်အဓိကအ​ကြောင်းပြချက်ဖြစ်​လေသည်။ သန့်ရှင်း​ရေးမှာလည်းအလွန်စည်းစနစ်ကျလျက်၊ အထူးမုန့်မျိုးစုံကိုလည်းဤ​စျေးတန်းတွင်ရရှိနိုင်​လေသည်။


"​ကောင်းတာ​ပေါ့"


​ဖြေပြီး​နောက်တွင်သူ့လက်ထဲမှ​ရေခဲမုန့်ကိုခပ်စားလိုက်သည်။


ဖုယွမ်ချွမ်းကဆိုလိုက်သည်။ "ကိုယ်က​တော့အများကြီးစားထားတာမို့ဘာမှမစားနိုင်​လောက်ဘူးထင်တယ်"


ကျွင်းချင်ယွီလည်းမျက်​တောင်ခတ်လိုက်ပြီး သူ့လက်ထဲမှ ဗလာဖြစ်​နေ​သော ​ရေခဲမုန့်ဘူး​လေးကိုကြည့်လိုက်သည်။


ဖုယွမ်ချွမ်းက​ချောင်းအသာဟန့်လိုက်ကာ"အရင်ဆုံးသွားကြည့်ကြတာ​ပေါ့" 


မုန့်​စျေးတန်းမှရနံ့များမှာအပြင်သို့ပင်လျှံထွက်ကာသင်းပျံ့​နေခဲ့သည်။


ကျွင်းချင်ယွီမှာ ကြယ်စုတစ်ခုချင်းစီ၏အထူးအစားအစာများကိုမသိသလို ကြယ်တာရာ​ခေတ်မှမုန့်ပဲသ​ရေစာများအ​ကြောင်းလည်းနားမလည်လှ​ချေ။


လမ်းထိပ်မှလှမ်းကြည့်လျှင်ဆိုင်းဘုတ်များတွင်​ဖော်ပြထား​သောနာမည်နှင့်ပုံများကိုမြင်​တွေ့​နေရသည့်တိုင် နားမလည်နိုင်​သေး​ချေ။


သို့​သော်လူအများလက်ထဲမှပန်းကန်အကြီးအ​​သေးများကိုကြည့်မိလျှင် တစ်ပွဲကအ​တော်များလှမည်ကိုခန့်မှန်းကြည့်နိုင်သည်။


လမ်း​လျှောက်လာရသည်မှာအနည်းငယ်ပင်ပန်းသည်မို့ ကျွင်းချင်ယွီလည်းဆိုင်အနည်းငယ်​ရွေးလျက်ထိုင်ရန်ပြင်လိုက်သည်။ဤ​နေရာတွင်အနားယူရန်ဧရိယာများခွဲခြားထားခဲ့သည်၊ လိုက်ကာစ​လေးကိုမ၍၀င်လိုက်သည်နှင့် ၄င်းကသီးသန့်ခန်းငယ်​လေးလိုပင်။


အတွင်းဘက်ရှိ​နေရာမှာအရမ်းမကျဥ်းလှပဲ အပြင်ဘက်မှဆူညံသံတို့ကိုလည်းတားဆီး​ပေးထား​လေသည်။


ကျွင်းချင်ယွီလည်းဘာဘီကျူးကိုတစ်ကိုက်ကိုက်လိုက်​သော်လည်း၄င်းကဘာအသားမှန်းမသိ​ချေ။


"ကြည့်ရတာဒီမှာအစားအ​သောက်​တွေကအ​တော်​လေး​ခေတ်မှီ​သွားပြီဖြစ်မယ်"


ဖုယွမ်ချွမ်းက​ကောင်းမွန်ကာ အရသာရှိပြီး ငါးက​လေးကြိုက်​​လောက်မည့်မုန့်များကို​ရွေး၍ကျွင်းချင်ယွီကိုခွံ့​ပေး​နေခဲ့သည်။ 


"ဒီကအ​ဆောက်အဦး​တွေနဲ့ ယဥ်​ကျေးမှု​တွေကအစထူးခြားတယ်"


ခရီးသွားမှာမှာဤကြယ်စုအား ရှုမျှော်ခင်း​ကြောင့်လာ​ရောက်ကြသည်မဟုတ်ပဲ ထူးဆန်း​သော ယဥ်​ကျေးမှုများ​ကြောင့်ပင်။


ငါး​လေးကအလွန်နည်းနည်းသာစားသည်။ သူအမှန်တကယ်ကြိုက်​သောတစ်ခုခုဆိုမှသာနည်းနည်းပိုစားလိမ့်မည်။ ထို့​ကြောင့်ခရီးသွား​နေစဥ်အတွင်းသူ့အတွက်မြို့​တော်​ကြယ်မှ​ဒေသထွက်အစားအ​သောက်များပြင်ဆင်၍ယူလာရသည်။


အသီးနှင့်အရွက်​ဖျော်ရည်များမှာ စက်နှင့်​ဖျော်၍ဤ​စျေးတန်းထဲတွင်​ရောင်း​လေသည်။ ၄င်းမှာမဆိုးလှ​သော်လည်း ​အကန့်အသတ်နှင့်သာ​ရောင်းရသည်မို့​ရေ​ရောသည်ကပို၍များ​နေခဲ့သည်။ 


ကျွင်းချင်ယွီကအနည်းငယ်သာ​သောက်လိုက်ပြီး သူ​ကောင်းသည်ဟုထင်​သော တချို့ကိုမူ ဖုယွမ်ချွမ်းထံကမ်း​ပေးလျက်


"​သောက်ကြည့်အရသာရှိတယ်"


"အင်း" ဖုယွမ်ချွမ်းသည်အချိုပွဲထားထား​သောဘူးက​လေးကိုဖွင့်လျက်ဆိုသည်။ "ဒီမှာဆိုင်​တွေအများကြီးပဲ နည်း​နည်း​လောက်ကြည့်ပြီးရင် တခြားကိုသွားကြတာ​ပေါ့"


ကျွင်းချင်ယွီ မျက်လုံး​လေးများကို​ကွေးလျက် 


"ဒီကိုလာတဲ့သူ​တွေကရှူခင်းကြည့်လိုက် မုန့်စားလိုက်ပဲ​နော်"


သူ​တို့​ဘေးရှိအနားယူသည့်ဧရိယာတွင်မည်သူမျှရှိ​မ​နေ​ချေ။ အများစုမှာမုန့်၀ယ်လျက်လမ်း​လျှောက်ရင်းစားသွားကြသည်ချည်းသာ။


ဖုယွမ်ချွမ်းကဆိုလိုက်သည်။


"ကိုယ်ကသူတို့နဲ့မတူဘူး၊ ငါး​လေးကိုလည်းအစာ​ကျွေးရ​သေးတယ်"


ကျွင်းချင်ယွီကပို၍ပင်ပြုံးလိုက်ကာ


"အဲဒါက​ရောဘယ်သူ့​ကြောင့်မို့လို့လဲ"


"ခါးကနာ​နေ​သေးလို့လား"


"အာ.."ကျွင်းချင်ယွီမစရဲ​တော့​ချေ။ ​​ရေထဲတွင် ခဏမျှစိမ်​နေခြင်းကလည်း ပျားရည်ဆမ်းခရီး၏ညများကို လျင်မြန်စွာကုစားမ​ပေးနိုင်​တော့။


မုန့်များမှာ များသည်ထင်ရ​သော်လည်းလူ၂ဦးစာအတွက်အ​​တော်ပင်။ အပိုပစ်ရသည်မျိုးမရှိ​​ချေ။


စားပြီးသည့်​နောက်လိုက်ကာ အကာအရံကိုပြန်မတင်လိုက်လျှင် အပြင်ဘက်မှစည်စည်ကားကားအသံများအတွင်းသို့၀င်လာ​တော့သည်။ 


ဖုယွမ်ချွမ်းလည်းထရပ်လျက်ဆိုလာသည်။


"လာသွားပြီး တခြား​နေရာ​တွေလည်းပတ်ကြည့်ရ​အောင်"


"အင်း သွားကြစို့"


---


ကြယ်စုတစ်ခုချင်းစီအတွက်ခရီးကမကြာရှည်ခဲ့​ပေ။


အာကာသယာဥ်​ပေါ်တွင်ထိုင်ရင်း ဖုယွမ်ချွမ်းသည်​ရှောင်ယွီကြိုက်​သောမုန့်တချို့ကို ရှီခိုင်ရှင်းထံ လှမ်းမှာလိုက်သည်။


အကုန်လုံးကြိုပြင်ဆင်ထားပြီးသားမို့ သူတို့​ရောက်သွားသည်နှင့် အချိုပွဲဆိုင်​လေး၏တံခါးကအလိုလိုပွင့်လာလိမ့်မည်။


အချိုပွဲဆိုင်​လေးကိုဖွင့်ပြီးချိန်မှစ၍ ဤလမ်းထဲတွင်စတင်စည်ကားလာခဲ့သည်။ တချို့ပိတ်ထား​​သောဆိုင်များကလည်းပြန်ဖွင့်လာသည်။ တခြားဆိုင်အသစ်များနှင့် လမ်းကစည်ကားလာသည်အ​လျောက် စီးပွား​ရေးအခွင့်အလမ်းတချို့ဖမ်းဆုပ်လိုသူများလည်း​ပေါများလာခဲ့သည်။


သို့​သော်ဆိုင်က​လေးမှာ ကျွင်းချင်ယွီပိုင်ခြင်းဖြစ်ကာ မည်သူမျှစည်းမ​ကျော်ရဲကြ​ချေ။


ဖုယွမ်ချွမ်းဆိုင်ဖွင့်ရန်စီစဥ်​ပေးခဲ့သည်မှာလည်း ​ရှောင်ယွီအကြိုက်ဆုံးမုန့်များကို မည်သည့်အချိန်မဆို ဆန္ဒရှိသလိုစားနိုင်​စေရန်အဓိကရည်ရွယ်တာဖြစ်သည်။


တချို့ကြယ်စုအထူးအစားအစာများမှ ပို့​ဆောင်​ပေး၍မရ​ချေ။ ကြယ်တာရာ​ခေတ်၏ပို့​ဆောင်ခမှာလည်း​​စျေးကြီးသည်ပင်။ အစားအ​​သောက်က ပိုလတ်ဆတ်​နေလျှင်ပိုဆိုးသည်။ ​ရှောင်ယွီ၏မုန့်များကိုတဆင့်ယူ​ရောင်းချင်လျှင်ပင် အခွင့်အ​ရေးမရှိ​ချေ။ မည်သူမျှအကျိုးအမြတ်မရှိ​သောစီးပွား​ရေးကိုမလုပ်လို။


မြို့​တော်ကြယ်တွင်ဆိုင်တစ်ဆိုင်ရှိ​နေရုံဖြင့် ဘာကိုမှပူစရာမလို​ချေ။


သတင်းပို့ပြီးသည်နှင့် ကျွင်းချင်ယွီလည်းခွက်က​လေးကိုကိုင်လျက်အထဲမှထွက်လာခဲ့သည်။


"ယွမ်ချွမ်းကျွန်​တော်တို့သွားစရာကြယ်စုဘယ်​လောက်များများကျန်​သေးလဲ"


"အပြာ​ရောင်ရေကြယ်ပဲကျန်​တော့တယ်" ဖုယွမ်ချွမ်း ​ရှောင်ယွီ၏ခါး​လေးကိုသိမ်း၍ဖက်လိုက်သည်၊


ကျွင်းချင်ယွီလည်းတ​နေရာတွင်ထိုင်ချလျက်


"အဲဒါက​နောက်ဆုံး​နေရာလား"


ဤသည်မှာအပန်း​ဖြေခရီးထွက်လာသည်မို့ အချိန်​တွေ​နေရာ​တွေကိုဂရုစိုက်​နေစရာ​တော့မလိုလှ​ချေ။ စိတ်၀င်စား​သော​​နေရာတွင်ဆန္ဒရှိသ​လောက်​နေနိုင်သည်ပင်။


"အင်း" ဖုယွမ်ချွမ်းကြယ်စုများအားလုံးထဲတွင် အပြာ​ရောင်ရေကြယ်ကို​နောက်ဆုံးတွင်ထားရခြင်းမှာ​ရှောင်ယွီကထိုကြယ်စုကိုနှစ်သက်၍ဖြစ်သည်။


ဤတစ်ကြိမ်တွင် အပြာ​ရောင်ရေကြယ်တွင် ကြာကြာ​နေပြီး ​ရှောင်ယွီအား ပင်လယ်ထဲတွင်​ဆော့ရန်​ခေါ်သွား​ပေးမည်။


​ရေသူ​လေးများကပင်လယ်တွင်​ပျော်သင့်သည်။ 


"အင်း.."ကျွင်းချင်ယွီသူ့ကိုဖက်လိုက်ပြီး စိတ်ညစ်​နေ​သောအသံ​လေးဖြင့်ဆိုလိုက်သည်၊


"ကျွန်​​တော်က​တော့ပြန်​ရောက်ရင်တကယ်အလုပ်များ​တော့မှာပဲ"


ဖုယွမ်ချွမ်းခရီးထွက်​နေလျှင်ပင် အင်ပါယာအ​ရေးကိစ္စများကို ကိုင်တွယ်​နေရဆဲပင်။ သို့​သော်အရာအားလုံးကိုအစီအစဥ်တကျ​​မေးလ်ပို့ထားသည်မို့ အလုပ်​တော့သိပ်မများလှ။


ဖုယွမ်ချွမ်းသူ့ကိုနှစ်သိမ့်လိုက်သည်။


"အဆင်​​ပြေပါတယ်"


"မြို့​တော်ကြယ်ကိုပြန်​ရောက်ရင်လည်းခုလိုပဲ​လျှောက်လည်လို့ရတယ်၊ တကယ်​တော့မြို့​တော်ကြယ်မှာလည်းခုလိုစိတ်၀င်စားစရာ​​​ကောင်းတဲ့​နေရာ​တွေမှအများကြီးပဲ၊ ရှီခိုင်ရှင်းကိုအ​ဖော်​​​ခေါ်သွား​ပေါ့"


"ဟင့်အင်း.." ကျွင်းချင်ယွီနူးညံ့စွာ​ပြောလိုက်သည်၊


"ခင်များမသွားရင်ကျွန်​တော်လည်းဘယ်မှမသွားဘူး"


သူကအပြင်ထွက်ရန်စိတ်အားမထက်သန်လှ​ချေ၊ထိုအစား ဖုယွမ်ချွမ်းနှင့်အတူငြိမ်​နေရသည်ကိုပိုကြိုက်သည်။


ဖုယွမ်ချွမ်းက​ရှောင်ယွီ​ကျောက​လေးကိုပွတ်လျက်​​ချော့မြူလိုက်သည်။ "ဒါဆိုကိုယ်တို့အပြာ​ရောင်မာကျူရီမှာကြာကြာ​လေး​နေပြီး အလျင်စလိုပြန်မသွားလည်းရတာပဲ"


ကျွင်းချင်ယွီ​​ခေါင်းငြိမ့်လိုက်သည်။"အို​ကေ"


အပြာ​ရောင်ရေဂြိုလ်ကိုဆိုက်​ရောက်လျှင်ကျွင်းချင်ယွီ​ဘေးပတ်ပတ်လည်အားကြည့်လိုက်ရာ ဘာမှမရှိသည့်​နေရာလွတ်က ယခုတွင်စက်ရုပ်များဖြင့်၀န်​ဆောင်မှု​ပေး​နေသည်ကို​တွေ့လိုက်ရ​လေသည်။ သူကချက်ချင်းပင် ဤ​နေရာတွင်အပိုလူများရှိလိမ့်မည်မဟုတ်ဟုနားလည်သွားခဲ့သည်။


" ပင်လယ်ထဲကိုခဏ​လောက်သွားချင်လား" 


ဖုယွမ်ချွမ်းကခရီး​ဆောင်အိတ်အားဆွဲချကာဆိုလိုက်သည်။


 "ကိုယ်တို့မလာခင်​နေရာတိုင်းကိုစစ်​ဆေးကြည့်ပြီးပြီ၊ ​ရေသူပုံစံလွတ်လွတ်လပ်လပ်​ပြောင်းလို့ရတယ်"


​နောက်ဆုံတစ်ကြိမ်တုန်းကမူ လုံခြုံ​ရေးစိတ်မချရသဖြင့်​ရှောင်ယွီကို​ရေမကူး​စေခဲ့ရ၊ ဤတစ်ကြိမ်တွင်မူဖုယွမ်ချွမ်းက ကြယ်စုတစ်ခုလုံးကိုပိတ်ကာငှားလိုက်သည်ပင်။ အစကတည်းကအရာအားလုံးကိုစီစဥ်ထားပုံပင်။


"အို​ကေ" ကျွင်းချင်ယွီကခရီး​​ဆောင်အိတ်​ပေါ်တွင်ထိုင်ချလိုက်သည်။


"မာရှယ်တော့ဒစ်စ်က​တော့ ငါးပြတိုက်မှာသွားစစ်​နေတယ်နဲ့တူတယ်၊ ခင်များပဲကျွန်​တော့ကို ပင်လယ်ထဲတိုက်ရိုက်​ခေါ်သွား​တော့​​လေ၊ပြီး​တော့အိမ်မှာလဲ ငါးပြတိုက်တစ်ခု​​လောက်​ဆောက်လိုက်​တော့ပို​တောင်မ​ကောင်းဘူးလား"


ဖုယွမ်ချွမ်းလည်း​​အလိုအလျောက်လူ​နောက်လိုက်သည့် ခရီး​​ဆောင်အိတ်၏စနစ်ကိုပိတ်လိုက်ကာဆိုလိုက်သည်။


"သူက​ရေသူက​လေးထွက်​ပြေးသွားမှာစိုးလို့နဲ့တူပါတယ်"


အလိုအလျောက်လူ​နောက်လိုက်သည့်စနစ်တွင်လမ်းတွင်အတားအဆီးတစုံတရာရှိပါက ခရီး​​ဆောင်အိတ်ကအလိုလိုရပ်သွားမည်ဖြစ်သည်။ ​ရှောင်ယွီက​ကောင်း​​ကောင်းမထိုင်နိုင်ပဲပြုတ်ကျမည်စိုး၍သူက ထိုစနစ်ကိုပိတ်လိုက်ကာ ကိုယ်တိုင်ဆွဲယူလိုက်ခြင်းဖြစ်သည်။


ဖုယွမ်ချွမ်းလက်ကို​မြောက်လျက် ​ရှောင်ယွီ၏​ပါးပြင်​လေးကိုပွတ်သပ်လိုက်သည်၊ 


"ကိုယ့်ရဲ့ငါးက​​လေးက​တော့လိမ္မာပါတယ်၊ ​ထွက်မ​ပြေးနဲ့​နော်"


Xxxxxxxx