Chapter 141
ဖုယွမ်ချွမ်းလက်ကိုမြောက်လျက် ရှောင်ယွီ၏ပါးပြင်လေးကိုပွတ်သပ်လိုက်သည်၊
"ကိုယ့်ရဲ့ငါးကလေးကတော့လိမ္မာပါတယ်၊ ထွက်မပြေးနဲ့နော်"
ဖုယွမ်ချွမ်းကဆိုလိုက်သည်။
"အခု အရင်ဆုံးထိုင်လိုက်ပါဦး"
"အိုကေ" ကျွင်းချင်ယွီက နာခံစွာပင် ဖုယွမ်ချွမ်း၏လက်ကိုကိုင်ရင်းထိုင်ချလိုက်သည်။
အနီးအနားရှီထွက်ပေါက်ထံသို့ ဓါတ်လှေကားရှိသည့်တိုင်ဖုယွမ်ချွမ်းကမူ ငါးကလေးအား လမ်းမလျှောက်စေပေ။
ကြယ်စုမှာ ခရီးသွားဆွဲဆောင်မှုအဖြစ်ပင်အသုံးပြုနိုင်လေရာ အာကာသယာဥ်များဆင်းသက်သည့်နေရာကပင် ရင်သပ်ရှုမောဖွယ်မြင်ကွင်းရှိလေသည်။
နံရံအဖြစ်ကာရံထားသောမှန်များ၏နောက်မှ ပင်လယ်ကိုပင်လှမ်း၍မြင်ရသည်။ပင်လယ်ထဲမှကျွန်းငယ်လေး၏မြင်ကွင်းမှာ လှလွန်းနေခဲ့၏။
တစ်ချက်တစ်ချက်တွင်ကျောက်ဆောင်စွန်းများကိုလှိုင်းများပုတ်ခတ်လျက်။
ပင်လယ်ကိုကြည့်ရင်းကျွင်းချင်ယွီမဆိုပဲမနေနိုင်ချေ။
"ရေသူတွေကငါးစားတာနော်"
"အင်း" ငါးကလေးကိုပျိုးထောင်လာရသောဖုယွမ်ချွမ်းမှာ ၄င်းကိုသဘာ၀ကျစွာပင်သိရှိပြီးဖြစ်သည်။ သို့သော်ရှောင်ယွီက ၄င်းကိုအဘယ်ကြောင့်ရုတ်တရက်ကြီးထပြောသည်ကိုတော့နားမလည်ခဲ့ချေ၊
ကျွင်းချင်ယွီကငေးမောရင်းဆိုလိုက်သည်။
"ဒါဆိုကျွန်တော်ရေသွားကူးတာက ဘူဖေးစားရသလိုပဲပေါ့"
"...?"
ဖုယွမ်ချွမ်းမှာ တန့်သွားလျက်အတော်ကြာအောင် ခွန်းတုံ့မပြန်နိုင်ချေ။
"အဲလိုပဲပေါ့" ဖုယွမ်ချွမ်းကဆိုသည်၊
"ဒါပေမယ့် ဒီတိုင်းတော့မစားနဲ့ ဖမ်းလာပြီးတော့ ဆာရှီမီလုပ်စားချင်စားပေါ့"
သို့မဟုတ်လည်းဘာဘီကျူးလုပ်စားနိုင်သည်ပင်။
ကျွင်းချင်ယွီအပြုံးဖြင့်တုန့်ပြန်လိုက်သည်။"အိုကေ"
ငါးဖမ်းရသည်က ရေကူးရသည်ထက်ပိုပျော်စရာကောင်းလိမ့်မည်။ ဤသည်မှာရေသူမျိုးနွယ်၏ သဘာ၀အမူအကျင့်ပေလားတော့်သိသော်ငြား သူကလက်ဖြင့်ကိုယ်တိုင်ငါးဖမ်းရန်စိတ်ပြင်းပြနေခဲ့သည်။
ယခုတွင်ရေသူများမှာရှင်သန်ရေးအတွက် မွေးမြူရေးစခန်းကိုမှီခိုနေရသော်ငြား သူ၏ကိုယ်ပိုင် တိုက်ရည်ခိုက်ရည်များမှတော့ တအားလျော့မသွားချေ။
ပင်လယ်ထဲရုတ်တရက်ပြန်လွှတ်ခံရလျှင်လည်းရှင်သန်နိုင်သေးသည်။
အဆုံးတွင်တော့ ရေသူများမှာ ရေနေသွေးနွေးသတ္တ၀ါများသာဖြစ်သည်မဟုတ်ပါလား။
ရေသူပျိုးထောင်းရေးစခန်းကထိုကဲ့သို့ အခွင့်အရေးမပေးခဲ့၍သာဖြစ်သည်။
ငါးကလေးရေကူးရလွယ်ကူစေရန် ဖုယွမ်ချွမ်းကကမ်းခြေတွင် အထူးနေရာတစ်ခုကိုပြင်ဆင်ပေးခဲ့သည်။
အပြင်ကိုထွက်ပြီး လှေကား၃ဆင့်ခန့်ဆင်းလိုက်သည်နှင့် ကမ်းခြေကိုတန်းရောက်သောနေရာမျိုးပင်။
ကျွင်းချင်ယွီအိပ်ယာ၏အစွန်းတွင်ထိုင်လျက်သူ၏ခရီးဆောင်အိတ်ထဲမှအ၀တ်များကိုဖြန့်ကာ ချိတ်လိုက်သည်။ထို့နောက်တွင်အိပ်ရာကတစ်ခုခုမှားနေသလိုခံစားလိုက်ရ၏။
အ၀တ်များကိုချလိုက်ပြီး ကျွင်းချင်ယွီအိပ်ယာကိုဖိကြည့်လိုက်လျှင် စပရိန်မွေ့ယာ၏ နူးညံ့သောပြန်လည်တွန်းကန်အားကိုခံစားမိသည့်အပြင် အတွင်း၌ရေများပါရှိနေသလိုခံစားရလေသည်။
ကျွင်းချင်ယွီ၏မျက်လုံးကတောက်ပသွားခဲ့သည်။
"ယွမ်ချွမ်းဒါကရေအိပ်ယာ"
"သဘောကျလား"
"စမ်းကြည့်ရအောင်လေ"
"..."ဖုယွမ်ချွမ်ကောက်ယူလက်စလက်ထဲမှအ၀တ်သည် သေတ္တာထဲသို့ပြန်ကျသွားခဲ့သည်။ အိပ်ယာပေါ်မှမိမိကိုယ်မိမိဘာပြောမိမှန်းမသိသော ငါးကလေးကိုကြည့်လျက် ဖုယွမ်ချွမ်းလည်းအကူအညီမဲ့စွာ ပါးပြင်လေးကိုပွတ်သပ်ပေးလိုက်သည်။
"မဆိုးနဲ့"
"ဟင်" ကျွင်းချင်ယွီအပြစ်ကင်းစင်စွာမျက်လုံးကိုပုတ်ခတ်ပုတ်ခတ်လုပ်လျက် "ခင်များကို... မဆိုးရဘူးလား"
"အိုကေ"
"ဒါဆိုရင် ဆိုးလို့မရပေမယ့် စလို့တော့ရတယ်ပေါ့နော်"
ဖုယွမ်ချွမ်းခတ္တမျှတိတ်ဆိတ်နေပြီးဆိုလိုက်သည်
"အပြင်မှာဘာဘီကျူးအကင်ဖိုရှိနေတုန်းပဲ ၊ရေခဲ့သေတ္တာထဲမှာလည်း လတ်လတ်ဆတ်ဆတ်ငါးတွေနဲ့အသားတွေရှိတယ်၊ ကိုယ်ကအစကတော့မင်းကိုရေကူးပြီးရင် ဘာဘီကျူးစားဖို့ခေါ်မလို့ပဲ"
"ဟင်.." ကျွင်းချင်ယွီမှာ ထိုစာကြောင်းနှစ်ကြောင်းကြားမှ ဆက်နွယ်မှုကိုနားမလည်ပါချေ။
"ကြည့်ရတာ ဘာဘီကျူးမစားခင် အချိန်နည်းနည်းတော့ယူရဦးမယ်ထင်တယ်"
ကျွင်းချင်ယွီ"???"
ထိုစကားကိုနားထောင်ရင်း ကျွင်းချင်ယွီ ရုတ်တရက်ခါးကနာလာသလိုခံစားလိုက်ရသည်။
"၀ူး... ယွမ်ချွမ်းလို့.." ကျွင်းချင်ယွီကဖုယွမ်ချွမ်း၏အ၀တ်များကိုဆွဲထားရင်း သနားစဖွယ်ကြည့်လိုက်သည်။
ဖုယွမ်ချွမ်းကသူ၏နှုတ်ခမ်းကိုနူးညံ့စွာအနမ်းပေးလိုက်သည်။
အပြာရောင်ရေဂြိုလ်တွင် အတော်ကြာကြာနေမည်ဟုဆုံးဖြတ်ထားသည်မို့ အ၀တ်များကိုဗီရိုတွင်နေရာတကျစီစဥ်ထားလိုက်သည်။
အားလုံးရှင်းပြီးသည်နှင့် ကျွင်းချင်ယွီကအနားကပ်လာပြီး ဖုယွမ်ချွမ်း၏ လက်မောင်းကိုဖက်လိုက်သည်။
"သွားရအောင်၊ ရေထဲသွားပြီး ငါးသွားဖမ်းရအောင်"
"ကောင်းပြီ"
သူတို့ကမနက်စောစောတွင်ကြယ်စုသို့ဆိုက်ကပ်ခဲ့တာကြောင့် အားလုံးအစီအစဥ်တကျပြင်ဆင်ပြီးချိန်တွင် ၁၂နာရီခန့်ရှိပြီဖြစ်သည်။
ငါးဖမ်းခြင်းသာအဆင်တပြေပြီးသွားခဲ့လျှင် ဖမ်းမိသောငါးများကိုလည်းနေ့လည်စာအချိန်မှီစားနိုင်လိမ့်မည်၊
ပင်လယ်စပ်ထံလျှောက်သွားလျှင် လှိုင်းများပြန်ကျသည်နှင့်ကမ်းစပ်ရှိလူများကိုပါဆွဲငင်တတ်သည်။
ကျွင်းချင်ယွီလည်းရေထဲဆင်းလိုက်ပြီး ခေါင်းတမြုပ်စာခန့်အနက်သို့ရောက်လျှင် သူ၏အမြီးသို့ပြန်လည်ပြောင်းလဲလိုက်သည်။
ဤနေရာတွင်ရေကူးရခြင်းက နေရာလွတ်ထဲရှိစိတ်စွမ်းအင်ရေကန်ထဲတွင်ရေစိမ်ရသည်နှင့်ကွာခြားလေသည်။
ပင်လယ်ကြမ်းပြင်အထိငုပ်လျှိုးလိုက်သည်နှင့် ငါးများအုပ်စုဖွဲ့သွားလာနေသည်ကိုလည်းမြင်ရလိမ့်မည်။
မြင်ကွင်းကအလွန်လှပ၏။
ကျွင်းချင်ယွီလည်းလက်ကိုဆန့်လျက် အရသာရှိသောငါးများကိုဖမ်းရန်ပြင်လိုက်သည်။
မိသည်နှင့်သူကငါးကိုကိုင်လျက် ရေမျက်နှာပြင်ပေါ်တက်ကာ ဖုယွမ်ချွမ်းထံလက်၀ေ့ယမ်းပြလိုက်သည်။
"ယွမ်ချွမ်း ကျွန်တော်ငါးမိပြီ"
ဖုယွမ်ချွမ်းကလှိုင်းများကြား ရှောင်ယွီနောက်မှအသာလိုက်ကူးခတ်နေခဲ့သည်။
ကျွင်းချင်ယွီက ငါးကို အဖုံးပါသောခြင်းတောင်းထဲတွင်ထည့်လိုက်သည်။
ဖုယွမ်ချွမ်းကမူငါးကလေးအား လှိုင်းပုတ်ဒဏ်မခံရစေရန်ဖက်လိုက်ပြီး "ဂရုစိုက်"
"မစိုးရိမ်ပါနဲ့" ပင်လယ်ထဲတွင် ရေသူများကိုရှင်းနိုင်သည့်အရာဟူ၍များများစားစားမရှိချေ။
ထို့နောက်ကျွင်းချင်ယွီကရေအောက်သို့တဖန်ငုပ်လျိုးသွားခဲ့ပြန်သည်။
ဖုယွမ်ချွမ်းကရေပေါ်မြောနေသောခြင်းတောင်းကိုကိုင်ထားလျက် ကျွင်းချင်ယွီ၏နောက်သို့ရေပေါ်မှာအသာကူးခတ်ရင်းလိုက်နေခဲ့သည်။ သူကရေမငုပ်သော်လည်း ကျွင်းချင်ယွီငုပ်သွားသောနေရာတွင်စောင့်နေခဲ့သည်။
ခြင်းတောင်းအားဂရုတစိုက်တွဲချည်ပြီးသည်နှင့် ဖုယွမ်ချွမ်းလည်း အသေးစားရေငုပ်ပစ္စည်းအကူအညီနှင့်အတူ ပင်လယ်အောက်ခြေသို့ ငါးကလေးကိုရှာရန် ငုပ်လျှိုးလာခဲ့လေသည်။
လက်ရှိအခြေအနေက သူမျှော်မှန်းထားသည်နှင့်ကွားခြားနေသော်လည်း ရှောင်ယွီမှာအလွန်ပျော်ရွှင်နေသည်မို့ သူလည်းအသေးစိတ်များကိုတွေးမနေတော့ချေ။
ဤတွင်ကြာကြာနေဦးမည်မို့ မူလအစီအစဥ်ကိုပြီးမှတဖြည်းဖြည်းအကောင်အထည်ဖော်လျှင်လည်းရသည်ပင်။
ပြီးလျှင်သူကိုယ်တိုင်လည်း ရေသူလေးရေကူးသည့်အလျင်ကိုအမီမလိုက်နိုင်ပါချေ။
သို့သော်ရှောင်ယွီကအလွန်ဂရုစိုက်လျက် ပင်လယ်ငါးများကိုလိုက်ဖမ်းရင်း ဟိုပြေးသည်ပြေးကူးနေလျှင်ပင် သူ၏မျက်စိအောက်မှတော့ပျောက်မသွားချေ။
ရွှေရောင်ဖျော့ဖျော့အမြီးလေးကရေထဲတွင်အလွန်လှပနေခဲ့သည်။
အမြီးထိပ်ဖျားမှာ ဘယ်ညာယိမ်းလျက် ၄င်းမှာ သာမာန်လှုပ်ရှားမှုဟုထင်ရသော်လည်း မျက်စိတမှိတ်အတွင်းရုတ်တရက်ခုန်ထွက်နိုင်စွမ်းလည်းရှိသည်။
ငါးတစ်ကောင်မိသည်နှင့်သူက ပျော်ရွှင်စွာကူးခတ်လာပြီး သူကိုနှစ်ပတ်သုံးပတ်လောက်လှည့်ပတ်လိုက်လိမ့်မည်။
ဖုယွမ်ချွမ်းလည်းအမြီးဖျားလေးကိုကြည့်လျက် လက်ကိုမြှောက်ကာထိတွေ့လိုက်သည်။
ရှောင်ယွီကရုတ်တရက်မို့တန့်သွားခဲ့သော်လည်း ရှောင်ဖယ်မသွားခဲ့ချေ။ သူ၏အမြီးလေးကိုကွေးလိုက်ပြီး ဖုယွမ်ချွမ်း၏လက်ကိုပွတ်သပ်လိုက်သည်။
ဖုယွမ်ချွမ်းလွှတ်လိုက်ပြီးနောက်တွင် ကျွင်းချင်ယွီကနောက်တွင်ပုန်းလိုက်ပြီး ရေအောက်တွင်စကားပြောလို့်မရသည်မို့ သူ၏ပါးပြင်ကိုသာ လက်ညှိုးလေးဖြင့်ထိုးလိုက်သည်။
ဖုယွမ်ချွမ်းလှည့်ကြည့်လိုက်လျှင် ပူးပေါင်းလေးများထလာသည်ကိုတွေ့လိုက်ရလေသည်။
"ဘူး.." ပူပေါင်းလေးများမှုတ်ထုတ်ပြီးနောက်တွင် ကျွင်းချင်ယွီကမျက်လုံးလေးများကွေးလျက်ပြုံးလိုက်ပြီး ထွက်ပြေးရန်ပြင်လိုက်လေသည်။
ဖုယွမ်ချွမ်းကမူလက်ကိုမြှောက်လျက် ခပ်ဆိုးဆိုးရေသူလေးကိုအသာအယာပင်ဖမ်းထားလိုက်သည်။
ဆံပင်ရှည်တို့ကရေထဲတွင်ပျံ့လွင့်နေပြီး ကျွင်းချင်ယွီကနောက်လှည့်လျက်သူ့ထံတွင်မှီလိုက်သည်။ဖုယွမ်ချွမ်း၏လည်တိုင်ကိုသိုင်းဖက်လိုက်ပြီး မျက်တောင်လေးခတ်လျက်အပြစ်ကင်းစင်စွာကြည့်လိုက်သည်။
သို့သော် နောက်ထပ်စက္ကန့်အနည်းငယ်မှာပင် အဆိုပါမျက်နှာသာမပေးတတ်သောလူမှသူ့အားကလိထိုးတော့သည်။
"——!"
ရေသူကလေးကတွန့်လိမ်ရင်းသူ၏အမြီးကလည်းမသိလိုက်စွာပင် အဆိုပါကလိထိုးနေသော ရန်သူကိုရစ်ပတ်လိုက်သည်။
ကျွင်းချင်ယွီနှစ်ကြိမ်ခန့်ထွက်ပြေးရန်ပြင်သော်လည်း မလွတ်နိုင်ခဲ့ပေ။သူကအူလှိုက်သည်းလှိုက်ရယ်ရင်း လွှတ်ပေးရန်တောင်းပန်သည့်အနေဖြင့်ပါးပြင်အားနမ်းလိုက်သည်။ သူ့တွင်ရုန်းကန်ရန်ခွန်အားမရှိတော့ချေ။
ဖုယွမ်ချွမ်းလည်းရပ်တန့်သွားပြီး သူ့ထံတွင်မှီနေသောရေသူလေးကိုခပ်တင်းတင်းဖက်လိုက်သည်။ သူကဘာမှမပြောသည့်တိုင်သူ၏မျက်လုံးများကမူ 'ခုတော့မှားတာကိုသိပြီလား'ဟုအပြည့်အ၀သရုပ်ဖော်လျက်ပင်။
ကျွင်းချင်ယွီကအမြန်ခေါင်းတဆတ်ဆတ်ငြိမ့်လိုက် မျက်လုံးလေးကို၀ိုင်းလျက် ချစ်စဖွယ်ပြုမူလိုက်သည်။
ဘေးရှိငါးများမှာလည်းရေသူလေးပေါ်လာခြင်းကြောင့် ကြောက်လန့်ပြီးပြေသွားကြချေပြီ။
ရေသူကလေးကလည်းငါးဖမ်းခြင်းကိုရပ်လိုက်ပြီမို့ ငါးများလည်းလွတ်လွတ်ကျွတ်ကျွတ် အဝေးကိုရောက်သွားတော့သည်။
ငါးများမှာအန္တာရယ်ကိုအာရုံခံနိုင်စွမ်းရှိကြောင်းကျွင်းချင်ယွီတွေးနေလိုက်သည်။
ဖုယွမ်ချွမ်းကိုလွှတ်လိုက်ပြီးနောက်တွင် ကျွင်းချင်ယွီလည်း ငါးဖမ်းခြင်းကိုတဖန်ပြန်စလိုက်ကာ အဝေးရောက်နေသောငါးများကိုအမီလိုက်လျက် အကောင်းဆုံးတစ်ကောင်ကိုဖမ်းကာ ခြင်းတောင်းထဲထည့်လိုက်သည်။
သူရေထဲနောက်တစ်ကြိမ်ပြန်ဆင်းသွားချိန်တွင် ဖုယွမ်ချွမ်းအား သန္တာကျောက်တန်းအစွန်းတွင်ထိုင်နေသည်ကိုတွေ့လိုက်ရသည်။
ကျွင်းချင်ယွီလည်း သူဘာလုပ်နေလဲသိချင်စိတ်ဖြင့်အနားသို့ကူးခတ်သွားလိုက်သည်။
ထိုအစွန်းတွင် ဆူဖြိုးလှသော ကမာနှင့်ပင်လယ်ခရုများ အစုလိုက်အပြုံလိုက်ရှိနေခဲ့သည်။
ဤနေရာတွင် ပရော်ဖက်ရှင်နယ်ငါးဖမ်းအသင်းလည်းမရှိလေရာ မည်သူမျှဤ အရသာရှိသည်တို့ကို ရှာမတွေ့ခဲ့ချေ။ ဤကိုလာသော ခရီးသွားအများစုမှာလည်း ထိုမျှနှံ့နှံ့စပ်စပ်မရှာဖွေကြချေ။
မွေးမြူထားသည်နှင့် သဘာ၀အလျောက်ကြီးထွားသည့်ခရုများကကွာခြားလှသည်
၄င်းတို့ကကင်စားလျှင်လည်းအလွန်အရသာရှိလေသည်။
ကျွင်းချင်ယွီလည်းအဖုံးပါသောခြင်းတောင်းလေးကိုဆွဲလျက်ရောက်လာတော့သည်။
ကျွင်းချင်ယွီကခြင်းတောင်းလေးအား ဖုယွမ်ချွမ်းဘေးတွင်ချလျက် ခေါင်းငြိမ့်ပြလိုက်သည်။
ဖုယွမ်ချွမ်းကလည်း ရှောင်ယွီ၏ပါးပြင်လေးကိုအသာနမ်းလိုက်လျှင် ကျွင်းချင်ယွီကမျက်လုံးလေးများကိုကွေးလျက် ငါးများထပ်ဖမ်းရန်ပြေးသွားပြန်လေသည်။
သူတိူ့၂ဦးပဲရှိကာရေခဲသေတ္တာထဲမှအသားများနှင့်ငါးများလည်းရှိကာ ယခုဖမ်းမိထားသည်များနှင့်ပေါင်းလျှင်လုံလောက်သည်ထက်ပင်ပိုနေခဲ့ပြီဖြစ်သည်။
သို့သော်ပထမဆုံးအကြိမ်ငါးဖမ်းရသည်မို့ ကျွင်းချင်ယွီမှာမူ နေ့လည်စာကို သူဖမ်းမိသည့်အမယ်များဖြင့်သာစားချင်ပုံရသည်မို့ ထိုရေခဲသေတ္တာထဲမှာအမယ်တို့ကိုခတ္တမျှဘေးဖယ်ထားလိုက်သည်။
ပင်လယ်ကြမ်းပြင်တွင်လှပသောသန္တာကျောက်တန်းများနှင့် အမျိုးစုံသောရေနေသတ္တ၀ါများရှိလေသည်။ ရေကဲ့သို့ကြည်လင်နေပြီးဖောက်မြင်နေရသောအကောင်များလည်းရှိကာ အရောင်အသွေးလည်းစုံလင်လှသည်။
ဖုယွမ်ချွမ်းလည်းခြင်းတောင်းအပြည့်ဖြည့်ပြီးနောက်တွင် နောက်မှရေသူလေးလိုက်လာသဖြင့်ကြောက်လန့်နေသော ငါးတစ်ကောင်ကသူ့ထံတည့်တည့်ကူးလာလေသည်။ ၄င်းကသူ့လက်မောင်းကြားတည့်တည့်ပြေးလာသည်ဟုပင်ထင်ရသည်။
နောက်မှကျွင်းချင်ယွီမှာခတ္တမျှတန့်သွားမိလေသည်။ သူကအလွန်ဖြည်းဖြည်းသာလိုက်နေခဲ့ခြင်းဖြစ်ပြီး ဤအခိုက်အတန့်တွင်မူ သူကရုတ်ချည်းမြန်မြန်ကူးလျက်ထိုငါးက ဖုယွမ်ချွမ်းထံမရောက်ခင်တွင် သူကလက်ဖြင့်ရိုက်ချလိုက်သည်။
သနားစရာငါးလေးမှာမေ့မျောသွားပုံပင်။
ရေသူလေးမှာမပြောင်းလဲသောအမူအယာဖြင့်ထိုငါးကိုကောက်လျက် ခြင်းတောင်းထဲထည့်လိုက်သည်။
ထို့နောက်တွင်ရေသူလေးကသူ့ကိုယ်သူ ဖုယွမ်ချွမ်းထံပစ်၀င်လျက် ဖက်လိုက်သည်။ ထို့နောက်ဖုယွမ်ချွမ်းအားသူ့အပိုင်ဟုပင် တမွမွနမ်းနေခဲ့သည်။
ဖုယွမ်ချွမ်းလည်းရေသူကလေးကိုဖက်ထားလိုက်ပြီး
"ကိုယ်မီးဖိုပြင်ထားလိုက်မယ်၊ မင်းဆော့ပြီးတဲ့အခါ စားဖို့ပြန်လာခဲ့နော်"
Xxxxxx