အပိုင်း ၁၄၂
Viewers 16k

Chapter 142


ခေတ်​​ဟောင်းစတိုင် ​ကျောက်မီး​သွေး အကင်ဖိုက ​ကျောက်မီး​သွေးများမီး​တောက်​အောင် အချိန်အ​တော်ယူရသည်။ ​စော​​စော​စီးစီးမပြင်ဆင်လျှင် ညစာအမှီ​ပင်ရဖို့မလွယ်​ချေ။


ကျွင်းချင်ယွီကတုန့်ပြန်လိုက်သည်။ "အို​ကေ"


ဖုယွမ်ချွမ်းလည်း​ရှောင်ယွီ၏ဆံပင်လေးကိုသပ်လျက်ဆိုသည်။ 


"​ဘေးပတ်၀န်းကျင်ကိုလည်းဂရုစိုက်​နော်၊ အန္တရာယ်ရှိရင်​ပြေးဖို့မ​မေ့နဲ့"


ငါးက​လေး​ရေကူးအလျင်မှာ လက်ရှိကြယ်တာရာ​ခေတ်မှတ်တမ်းများတွင်အမြန်ဆုံးဖြစ်သည်။ အထူးသဖြင့်အရွယ်​ရောက်နှင့်ပြီး​ရေသူတစ်​ကောင်၏​ရေကူးအလျင်ဆိုလျှင်စာဖွဲ့​နေစရာပင်မလို​ချေ။


ကျွင်းချင်ယွီနာခံစွာ​ခေါင်းငြိမ့်လိုက်သည်။ 


ဖုယွမ်ချွမ်းလည်းဘာဘီကျူးပြင်ဆင်ရန်ပြန်သွားကာကျွင်းချင်ယွီလည်း​ရေတိမ်စပ်နားအထိသူ့အား ပြန်လိုက်ပို့​လေသည်။


ထို့​နောင်​ရေလှိုင်းများ​နောက်လိုက်၍ ​ရေထဲပြန်ဆင်းသွားခဲ့သည်။ 


၄င်းကိုမြင်လျှင် ဖုယွမ်ချွမ်းလည်းအကင်ဖိုအား ကမ်းစပ်သို့​ရွေ့လျက် လှိုင်းမမီနိုင်​လောက်​သောအကွာအ​ေ၀း​လောက်တွင်​နေရာချလိုက်သည်။ သို့ဆိုလျှင်သူနှင့်​ရေသူ​လေးနှင့်ပိုနီးသွားလိမ့်မည်။


ကျွင်းချင်ယွီက​ရေလှိူင်းနှင့်ပြန်ပါလာပြီးဖုယွမ်ချွမ်းကိုမြင်လျှင် ​ရေလှိုင်း​နောက်လိုက်မစီး​တော့​ချေ၊


သူကအကြံဆိုး​လေးတစ်ခုထုတ်လိုက်သည်။


ငါးက​လေးကမလှုပ်​တော့သည်ကိုမြင်လျှင်ဖုယွမ်ချွမ်းလည်း ​သူ့ထံ​လျှောက်သွားလျက်ကမ်းစပ်မှငါးက​လေးကို​ပွေ့ချီလိုက်ကာ "​ရေနက်ထဲသွား​ဆော့​လေ"


သို့ဆိုလျှင်လှိုင်းပုတ်ဒဏ်ကိုခံရ​တော့မည်မဟုတ်


"​အင်း"


ကျွင်းချင်ယွီက​ခေါင်းငြိမ့်လိုက်​သော်လည်း ​ရေထဲဆင်းမသွားခဲ့ပါ​ချေ။ထိုအစား ဖုယွမ်ချွမ်း​အကင်ဖိုသို့ပြန်သွားသည်နှင့်ယခင်အတိုင်း ​ရေလှိုင်းနှင့်အတူ ကမ်းစပ်သို့ပြန်ပါလာခဲ့သည်။


ဖုယွမ်ချွမ်းလည်းခဏမျှကြာပြီး​နောက်တွင် မနီးမ​၀ေးမှငါးကလေးကိုသတိထားမိသွားပြန်သည်။


ကျွင်းချင်ယွီက​မေး​ထောက်လျက်မျက်​တောင်​လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ အမြီး​လေးကိုလှုပ်ခါ​နေခဲ့သည်။ 


"​သောင်တင်​နေပြန်ပြီ"


ဖုယွမ်ချွမ်းကမျက်ခုံးကိုပင့်လျက် လက်ပိုက်ကာကြည့်​နေလိုက်သည်။


​ရှောင်ယွီ​လေးကသူ့အားသနားစဖွယ်ကြည့်လျက်ဆိုလာသည်။ 


"ကူညီပါဦး​နော်.."


ဖုယွမ်ချွမ်း၏နှုတ်ခမ်းထောင့်လေးများ ကော့တက်သွားပြီး သူ၏အမူအယာက အနည်းငယ် နူးညံ့သိမ်မွေ့နေသည်။ သူကရှေ့ကိုလှမ်းလိုက်ပြီး သောင်စပ်မှ ရေသူငယ်လေးကို ကောက်ချီကာ အကင်တွေရှိရာထံ ပြန်ခေါ်လာခဲ့သည်။


ကျွင်းချင်ယွီက သူ့ကိုဖက်လိုက်ပြီး သူ့အမြှီးလေးက စိတ်အခြေအနေကောင်းနေမှုနှင့်အတူ ပေါ့ပေါ့ပါးပါး လွှဲယမ်းနေသည်။


ငါးလေးကို ခုံပေါ်တင်ပေးလိုက်ပြီးနောက် ဖုယွမ်ချွမ်းကလှည့်ကာ အစိမ်းစားလို့ရသည့် ငါးတစ်ပိုင်းကို အလွှာပါးပါးလေး လှီးဖြတ်လိုက်သည်။ မီးသွေးတွေ အရှိန်မတက်လာမှီ ငါးလေးကို ဆာရှီမီအရင်ကျွေးထားရမည်။


(T/N-ပဲငံပြာရည်လေးပါပေါင်းထည့် 😣)


ကျွင်းချင်ယွီ တစ်ကိုက်မျှစားလိုက်ပြီး ညှီနံ့မရှိချေ။ ယင်းက အသားအရသာနှင့်တူ၏။


 "ချိုတယ် "


သူကပြောလိုက်ရင်း လက်ကိုမြှောက်ကာ ဖုယွမ်ချွမ်းအား တစ်လွှာမျှ ကျွေးလိုက်သည်။


"အင်း"


ရှောင်ယွီ ကြိုက်သည်ကို မြင်လိုက်ရသဖြင့် ဖုယွမ်ချွမ်းက တစ်ပန်းကန်စာ လှီးဖြတ်ကာ သူ့အနားမှာ ထားလိုက်သည်။ "တစ်ခုခုအရင်ခံဦး"


(လက်ကိုင်ပုဝါ၊ လက်သုတ်ပုဝါ etc)


လတ်လတ်ဆတ်ဆတ်ငါးကို ကျွမ်းကျင်သန့်ရှင်းရေးစက်ထဲ ထည့်ကာ သန့်ရှင်းထားသည်။ ယင်းက အလွန်သန့်ရှင်းပြီး အကြေးခွံလည်းမရှိပေ။


ကျွင်းချင်ယွီက နောက်တွင် ထိုင်လိုက်ပြီး ငါးကို ဖြည်းဖြည်းချင်း စားလိုက်သည်။ သူကမသိလိုက်ပဲ ပန်းကန်လေး၏တစ်ဝက်မျှ စားလိုက်၏။ ဖုယွမ်ချွမ်း လုပ်ထားသည့် မီးသွေးများက စတင်လောင်ကျွမ်းနေပြီ။


ဖုယွမ်ချွမ်းကမေးသည်။ "မင်း ပျင်းနေပြီလား"


ကျွင်းချင်ယွီက ခေါင်းယမ်းလိုက်ပြီး မပြီးသေးသည့်ငါးကို စားပွဲပေါ် တင်လိုက်ကာ "အခြားငါးတွေ သွားဖမ်းလိုက်မယ်"


သူက အလွန်အားလပ်နေချေသည်။ အစိမ်းစား၍ရသော သူသိသည့်ငါးအနည်းငယ်သာရှိသည်။ ထို့ကြောင့် ကျွင်းချင်ယွီက သူမြင်သမျှအားလုံးကို ဖမ်းခဲ့ခြင်းဖြစ်၏။


"ကောင်းပြီ" ဖုယွမ်ချွမ်းက ယပ်တောင်ကို ချလိုက်ကာ ရှောင်ယွီကို သယ်လိုက်သည်။ 


"မင်းမှတ်မိတယ်မလား...."


ဖုယွမ်ချွမ်းပြော၍ မပြီးမှီမှာပင် ကျွင်းချင်ယွီက ပြောလိုက်သည်။


 "လုံခြုံဖို့က အဓိက၊ အန္တရာယ်တွေ့ရင် ပြေးသာပြေး"


"……မှန်တယ်"


ကျွင်းချင်ယွီက (ပြုံးလိုက်၍) မျက်လုံးများကွေးသွားပြီး ဖက်နမ်းကာဖြင့် : "မှတ်မိပါတယ် "


ပင်လယ်၏အောက်ခြေကို ရောက်သည်နှင့် ကျွင်းချင်ယွီက ငါးသားပေါက်လေးများကြားကို ဝင်ရောက်သွားပြီး တိုက်ရိုက်ဖမ်းမည့်အစား အနည်းငယ်ကိုသာ ရွေးချယ်လိုက်လေသည်။


ယခုမူ သူ၏အဓိကပန်းတိုင်မှာ အရသာရှိသည့်ငါးသာဖြစ်၏။ ပင်လယ်ထဲတွင် ငါးများစွာမရှိခြင်း ဖြစ်နိုင်၏။ သူရှာသော်လည်း မတွေ့ချေ။


နက်သထက်နက်အောင်သွားလေ ပင်လယ်၏အနက်ပိုင်းကို ရောက်လေပင်။ အလယ်တွင် လျှိုကဲ့သို့အရာတစ်ခု ရှိနေလေသည်။ ယင်းက တစ်ချက်ကြည့်ရုံမျှဖြင့် အဆုံးမရှိချေ။


လိုက်ဖမ်းနေသည့်ငါးက ထိတ်လန့်တကြား ပြေးဝင်သွားပြီး ကျွင်းချင်ယွီက တစ်ချက်ကြည့်ရုံနှင့် သူလိုက်မဆင်းနိုင်ကြောင်း သိလိုက်ကာ လှည့်ပြီး ပြန်ကူးလာခဲ့သည်။


ပင်လယ်၏အခြေမှာ ငါးအမျိုးမျိုး၏တည်ရှိမှုကြောင့် လေးလံထိုင်းမှိုင်းမနေဘဲ ရောင်စုံရှုခင်းတစ်ခုဖြင့် တူလှသည်။


သူရေကူးနေစဥ်တွင် ဂုံးတစ်ကောင်ကိုတွေ့လိုက်ရသည်။ အခွံက ဖွင့်လိုက်ပိတ်လိုက်ဖြင့် ကူးခတ်နေ၏။


ဖုယွမ်ချွမ်းက ထိုအရာနှင့်တူသည့် ကမာများစွာကို ကောက်လာခဲ့သည်။ ကင်လိုက်လျှင် ယင်းတို့ကအရသာရှိပေလိမ့်မည်။


ဒါပေမယ့် ဒီဂုံးကောင်...


ကျွင်းချင်ယွီ ခေတ္တမျှတွေးကာ ငါးအမြှီးကို ခပ်လိုက်ပြီး ဂုံးကောင်များကိုအလျင်စလိုမဖမ်းပဲ သူနှင့်အတူ ခေတ္တမျှ ကူးခတ်နေလိုက်သည်။ ဂုံးကောင်များပြုတ်ကျသွားပြီး သူတို့၏ကိုယ်တစ်ဝက်ကသဲထဲတွင် နစ်မြှုပ်သွားမှ ယင်းတို့ကို တူးယူလိုက်၏။


ဂုံးကောင်များစွာကို အနီးအနားတွင် ရှာတွေ့ခဲ့သည်။ 


ကျွင်းချင်ယွီက ယင်းတို့ကို တစ်ကောင်ထဲ အထီးကျန်စွာ မထားခဲ့လိုသဖြင့် သူတို့ကိူ ယူသွားခဲ့လေသည်။


ခြင်းများကို လွှတ်လိုက်ကာ ရေမျက်နှာပြင်အထက်ကို မျောပါစေလိုက်သည်။ လှိုင်းများမှတစ်ဆင့် ဖုယွမ်ချွမ်း၏ဘေးကို ရောက်သွားစေရန် နေရာအနေအထားကို ချိန်ညှိလိုက်သည်။ 


မှန်ကန်အောင်လုပ်ပြီးသည်နှင့် ကျွင်းချင်ယွီက ပင်လယ်ထဲတွင် ထပ်မံ၍ရေကူးလိုက်သည်။


သမုဒ္ဒရာအတု၏ရှုခင်းက ကောင်းသလို နေရာလည်း ကျယ်သော်ငြား တကယ့် သမုဒ္ဒရာအစစ်နှင့် ယှဉ်လျှင် သမုဒ္ဒရာအစစ်ထဲမှာ နေရသည်က ပို၍ သက်တောင့်သက်သာဖြစ်၏။


အချို့အရသာဆိုးသည့်ငါးများတွင် ကြီးမားသည့်အသည်းများရှိကာ ရေသူလေး၏ပတ်လည်တွင် ဝိုင်းပတ်နေကြသည်။


ကျွင်းချင်ယွီက ငါးလေးတစ်ကောင်ကို ဖမ်းကိုင်လိုက်ပြီး အမြီးကို **** ဖြင့် ညှစ်လိုက်ကာ သူ့ရှေ့တွင် ထားလိုက်သည်။ (****က ဆင်ဆာပါတာပါ၊ ဘာပဲပြောပြော လက်လို့ပဲထင်ပါတယ်)


ငါးလေးကိုလွှတ်ပေးပြီးနောက် လက်ကိုမြှင့်ကာ ရေစီးနှင့်အတူ တွန်းလိုက်သည်။ ငါးလေးက ရေနှင့်အတူ အဝေးကို ကူးခတ်သွား၏။


ကျွင်းချင်ယွီက ငါးလေးနှင့်ဆန့်ကျင်ဘက်ကို ကူးသွားလိုက်သည်။


ငုံ့ကြည့်လိုက်လျှင် ထူးဆန်းသည့်ပစ္စည်းအနည်းငယ်ရှိနေပြီး အားလုံးက ကမာခွံများ ဖြစ်ပုံရသည်။


ဂဏန်းနှင့် ကျောက်ပုစွန်များလည်း ရှိ၏။


ငါးနှင့်ယှဥ်လျှင် ဂဏန်းများကိုဖမ်းရခြင်းက မလုံလောက်ပေ။


ခြင်းသေးသေးလေးများစွာကို ယူကာ ကောက်ယူလိုက်သည်။ ပင်လယ်စာများကို အလေးအနက် ကောက်နေချိန်တွင် ကျွင်းချင်ယွီတစ်ယောက် သူ့နောက်မှ တစ်စုံတစ်ခု ချဉ်းကပ်လာနေတာကို ခံစားလိုက်ရ၏။


ပင်လယ်ထဲတွင် ရေသူတစ်ကောင်၏ အာရုံခံစားမှုက ပို၍ ကျယ်ပြန့်လာမည်ဖြစ်ကာ အဝေးမှပင် ခံစားနိုင်လိမ့်မည်။


ကျွင်းချင်ယွီက ကြည့်ရန်ခေါင်းကိုလှည့်လိုက်ရာ နောက်တွင် ဘာကိုမှမတွေ့ရချေ။ ခဏအကြာတွင် ကြီးမားသည့်ငါးမန်းကြီးတစ်ကောင်က ကူးခတ်လာနေ၏။


အရှိန်အပြည့်ဖြင့်လာနေရင်း ငါးမန်းကြီးက ပါးစပ်ကိုလည်း အစွမ်းကုန် ဖြဲထားလေသည်။


ကျွင်းချင်ယွီ ခေါင်းစောင်းလိုက်သည်။ သူ့ကိုရှာနေတာလား။ 


ငါးမန်းကြီးက ရေသူလေးကို အဆာပြေစာလို ဆက်ဆံနေတာလား။


ငါးမန်းကြီးက အမြန်ရောက်လာသည်ကို ကြည့်ကာ ကျွင်းချင်ယွီက ရေကူပြီး ရှောင်ပြေးဖို့ အလျင်လိုမနေပေ။ ငါးအမြှီးက ငြိမ်သက်စွာဖြင့် ပင်လယ်ထဲတွင် ငြိမ်သက်လျက်ပင် ငါးမန်းကြီးချဥ်းကပ်လာသည်ကို စောင့်နေလေသည်။


ငါးမန်းကြီး နီးကပ်လာသည်နှင့် ငါးအမြှီးကို အောက်သို့ရိုက်ချကာ ငါးလေးက အထက်ကို တက်သွားသည်။ (အရှိန်ရအောင် အမြှီးနှင့်ခတ်)


ငါးမန်းကြီးက ချက်ချင်းပင် ပင်လယ်အောက်ခြေနှင့် ဒေါင်လိုက်တိုက်မိသွားကာ ငါးသားပေါက်လေးတစ်ကောင်ကို ထိတ်လန့်သွားစေသည်။


ရေစီးသံမှလွဲ၍ သူ့နားထဲတွင် မည်သည့်အသံမှ မကြားရသော်ငြား လေပူဖောင်းများစွာက ရုတ်တရက်ကြီး သိပ်သည်းလာသည်။


ငါးမန်းကြီး တိုက်မိပြီးနောက် ယင်း(ငါးမန်း)က မူးမေ့သွားသလား သိူ့မဟုတ် အခြားတစ်ခုခုဖြစ်သွားသလားဆိုသည်ကို မသိသဖြင့် အတော်ကြာအောင် မလှုပ်ပဲနေလိုက်သည်။


ကျွင်းချင်ယွီ ခေါင်းကိုငုံလိုက်ကာ ငါးကအရသာရှိမရှိ မပြောနိုင်ချေ။


စောစောက ကောက်ထားသည့် ပင်လယ်စာများကို ထပ်မဖမ်းတော့ပဲ ငါးမန်းအမြှီးဖြင့် ပြန်ကူးလာခဲ့သည်။


"ယွမ်ချွမ်း!"


ကမ်းခြေမှဖုယွမ်ချွမ်းသည် ကျွင်းချင်ယွီ၏အသံအား အဝေးမှပင် ကြားနေရသည်။ 


ရှောင်ယွီ ကစား၍ဝသွားပြီဟုတွေးကာ သူ၏အဝတ်များအားယူလျက် သွားလိုက်သည်။


ပြီးနောက်တွင် ငါးလေးက လှိုင်းများကြားမှ တက်လာသည်ကို တွေ့လိုက်ရသည်။ သူ့လက်ထဲတွင် နောက်မှတစ်ခုခုကို ဖမ်းလာပုံရ၏။


လှိုင်းများလျော့ပါးသွားသည့်အခါ မြင်ကွင်းမှာရှင်းသွားပြီး အမြှီးမှစ၍ ငါးမန်တစ်ကောင်လုံး၏ကိုယ်ထည်ကို ငါးလေး၏နောက်တွင် မြင်လိုက်ရ၏။ 


ဖုယွမ်ချွမ်း : "..."


ငါးမန်းက ရေသူလေးထက် နှစ်ဆ သို့မဟုတ် ထိုထက် ပိုကြီးနိုင်သည်။


"ဒီဟာကို စားလို့ရလား" ကျွင်းချင်ယွီက အန္တရာယ်ဟု လုံးဝ ခံစားမိပုံမရချေ။ ငါးမန်း၏အမြှီးမှမြှောက်ကာ မေးလာသည်။ 


"ဒါကအရသာရှိလားဟင်"


ဖုယွမ်ချွမ်း အကူအညီမဲ့သွားရသည်။ ထိုအချိန်တွင် ဖုယွမ်ချွမ်းအနေဖြင့် ရှောင်ယွီအား ငါးမန်းကို လက်ဗလာဖြင့်ဖမ်းခြင်းက အန္တရာယ်များကြောင်း ရှင်းပြသင့်သော်ငြား ကျွင်းချင်ယွီ၏ အလေးအနက်မေးခွန်းကြီးကြောင့် အသိပညာပို့ချရေးနှင့်ပတ်သက်၍ တစ်ခွန်းပင် မထွက်နိုင်တော့ပေ။


 “ဒါက ကောင်းတဲ့အကြံမဟုတ်ဘူးနော်၊ အန္တရာယ်ကြုံလာရင် မင်းထွက်ပြေးသင့်တယ်"


ကျွင်းချင်ယွီက မျက်တောင်ခတ်လိုက်ပြီး အခိုင်အမာပြောလာသည်။ 


"ဒါပေမယ့် ကျွန်တော်က အန္တရာယ်ထဲ ရောက်မနေဘူးလေ"


ငါးမန်းကြီးမှာ အမြှီးကျနေပြီး မလှုပ်ချေ။ ယင်းက ရိုက်မိကာ သေသွားခြင်း မဖြစ်သင့်ချေ။ အရှိန်လွန်ပြီး မူးမေ့သွားခြင်း ဖြစ်နိုင်၏။


ကျွင်းချင်ယွီက မေးသည်။ "စားလို့ရလား"


"စားလို့ရပေမယ့် အရသာက သိပ်မကောင်းဘူး " ဖုယွမ်ချွမ်းက ငါးလေးကို ပွေ့ချီလိုက်ကာ ဆံပင်ထဲမှ သဲများကို ကူ၍ဖယ်ပေးလိုက်သည်။ 


"စားချင်ရင် စားကြည့်လေ"


"အရသာမရှိဘူးလား" ကျွင်းချင်ယွီ တွေးတောရင်း ပြောလိုက်သည်။ "မစားတော့ပါဘူး"


ယင်းက ကြီးလွန်းသည်။ အရသာမကောင်းလျှင် အကျန်များက ဖြုန်းတီးရာ ရောက်၏။


ကျွင်းချင်ယွီ လက်ကိုလွှတ်ချကာ အမြှီးမှပစ်လိုက်ရန် ကြံလိုက်စဥ် လှိုင်းလုံးတစ်ခုနှင့် တိုက်မိပြီး(ငါးမန်းကို) ကျွင်းချင်ယွီက တွန်းလိုက်သည်။


ဤသည်ကိုကြည့်ကာ ဖုယွမ်ချွမ်းကပြောသည် ။ "အခြားပင်လယ်စာတွေ အရင်စားရအောင်."


ပင်လယ်စာများကို လတ်လတ်ဆတ်ဆတ် စားရမည်။ ပင်လယ်စားများမှာ အရွယ်မျိုးစုံသဏ္ဍာန်မျိုးစုံရှိပြီး အကုန်စားနိုင်မည်မဟုတ်ချေ။


"ကောင်းပါပြီ"


ကျွင်းချင်ယွီ လက်ကိုမြှောက်ကာ "ချီ"


သူယူလာသည့်အဝတ်အစားများက သိပ်အသုံးမဝင်ပေ။ ဖုယွမ်ချွမ်းက ရှောင်ယွီကို ပြန်ချီလိုက်သည်။


"ခြေထောက်ကို ပြန်မပြောင်းတော့ဘူးလား"


"နောက်ကျ ခြေထောက်ပြန်သုံးမှာပါ"


ကျွင်းချင်ယွီက ပင်လယ်မှ ပြန်လာခြင်းပင်။ သူ့ငါးအမြှီးတွင် သဲများမရှိသည့်တိုင် သူ့ခြေထောက်များကတော့ သဲများပေလိမ့်မည်။ ထို့ကြောင့် ပြန်မပြောင်းချင်ပေ။


"ကောင်းပြီ"


အသားကင်တုတ်ထိုးများက အတန်းလိုက်ရှိနေပြီး ငါးနှင့်ကမာများလည်း ကျက်ပြီဖြစ်သည်။


ကျွင်းချင်ယွီက သန့်ရှင်းရန် နောက်ဘက်ကိုသွားခဲ့ပြီး ကိုယ်ပေါ်မှ ပင်လယ်ရေများကိုဆေးကြောကာ အဝတ်လဲလိုက်သည်။


ဆံပင်ကမခြောက်သေးချေ။ ကမ်းခြေမှတိုက်လာသည့်လေဖြင့် တဖြည်းဖြည်း ခြောက်သွားလိမ့်မည်။


ဖုယွမ်ချွမ်းက မည်သည့်ဟင်းခတ်အမွှေးအကြိုင်မှမထည့်ထားသည့် ဘေးမှ ကမာကိုခွာလိုက်သည်။ သူက ရှောင်ယွီထံ ပေးလိုက်ပြီး "စားကြည့်"


Xxxxxxx