အပိုင်း ၁၄၃
Viewers 18k

Chapter 143


ဖုယွမ်ချွမ်းက မည်သည့်ဟင်းခတ်အမွှေးအကြိုင်မှမထည့်ထားသည့် ဘေးမှ ကမာကိုခွာလိုက်သည်။ သူက ရှောင်ယွီထံ ပေးလိုက်ပြီး "စားကြည့်"


ဤအရာအားလုံးကို ကင်ပြီးဘေး၌ဖယ်ကာ အအေးခံလိုက်လျှင် သင့်လျော်သင့်အပူချိန်ရောက်ပါက စား၍ရပေသည်။


အခွံထဲတွင် အရည်အနည်းငယ်ရှိနေပြီး အလွန်လတ်ဆတ်ကာ အငံဓာတ်နှောလျက် အသားမှာ အလွန်သန့်ရှင်းနေလေသည်။


ဖုယွမ်ချွမ်းက သူ့ကိုယ်သူ စားဖို့ရာ အာရုံမထားချေ။ ကမာခွံများကို ခွာပြီးနောက် ငါးကင်များနှင့်အတူ သီတံတို့ကို ကောက်ယူလျက် ပန်းကန် တစ်ချပ်တည်းမှာ အတူထားလိုက်သည်။ သူကဂဏန်းအနည်းငယ်ကိုလည်း အခွံခွာလိုက်သည်။


ပင်လယ်စာရာသီဖြစ်ပုံရ၏။ ဂဏန်းတွင် အသားများစွာ ရှိနေလေသည်။


ကျွင်းချင်ယွီက စားချင်စိတ် သိပ်မရှိချေ။ ယခင်က ဆာရှီမီစားခဲ့သည်ကိုပါ ပေါင်းထည့်လျှင် အနည်းငယ်စားရုံဖြင့် ဗိုက်ပြည့်သွားပေလိမ့်မည်။


"မစားတော့ဘူး" ကျောက်ပုစွန်ကို နောက်ဆုံးတစ်လုပ်စားပြီးနောက် ကျွင်းချင်ယွီက အခွံခွာပြီးသားကျောက်ပုစွန်နှင့်ဂဏန်းကိုယူကာ အထဲမှ အသားများကိုယူပြီး ဖုယွမ်ချွမ်းအား ကျွေးလိုက်သည်။


 "ခင်များ များများစား"


"အများကြီး ရှိသေးတယ်လေ၊ စားတာဘာလို့နည်းတာလဲ"


"အမ်း... ကျွန်တော် ဝပြီ" 


ကျွင်းချင်ယွီက ဂဏန်းအပေါ်တွင် အာရုံအပြည့်စိုက်ထားပြီး သူ့လက်က မြန်ဆန်သွက်လက်နေသည်။ ရေသူလေး၏လက်သည်းများက ဂဏန်းခွံကို အလွယ်တကူ ဖြတ်နိုင်ပြီး အထဲမှအသားများကို ထုတ်ယူလိုက်သည်။ ယင်းတို့ကို ပန်းကန်ပြားပေါ်တွင် သပ်သပ်ရပ်ရပ် ချထား၏။


ဂဏန်းသားအချို့ကို လိမ်ကျစ်ရင်း ကျွင်းချင်ယွီက ပါးစပ်မှ ဆိုသည်။ "အာ—"


ဖုယွမ်ချွမ်းက ဂဏန်းသားကိုစားလိုက်ပြီး ကိုယ်ကိုလှည့်ကာ ပင်လယ်စာစွပ်ပြုတ်ခွက်ကို ဖြည့်လိုက်လေသည်။ ငါးလေးက ထပ်မစားနိုင်တော့သည်ဖြစ်ရကား စွပ်ပြုတ်တော့ သောက်နိုင်လောက်သည်။


ပင်လယ်စာများစွာကို ပြင်ဆင်ထားပြီး လူနှစ်ယောက်လုံး ဗိုက်ပြည့်သွားချိန်တွင် သိပ်မကျန်တော့ပေ။


ကျွင်းချင်ယွီက စွပ်ပြုတ်ခွက်ကိုချကာ လက်သုတ်လိုက်သည်။ အနံ့ဖယ်ရှားရာတွင် အထူးသုံးသည့် လက်သုတ်စိုမှာ အလွန်အသုံးဝင်လှသည်။သုတ်ပြီးနောက် သစ်သီးနံ့သင်းသင်းလေးသာ ကျန်တော့သည်။


ပြီးသည့်အခါ ကမ်းခြေမှ အရှုပ်များကိုရှင်းလင်းရန် စက်ရုပ်များရှိသည်။ မီးသွေးကို လုံးလုံးငြိမ်းသတ်ရန်မှလွဲ၍ သူတို့တွင် အခြားမည်သည့်အရာမှ လုပ်စရာမလိုပေ။


စားပြီးနောက်တွင် ကျွင်းချင်ယွီက ပင်လယ်ထဲ ပြန်သွားခဲ့သည်။ 


ကျွင်းချင်ယွီက ပင်လယ်ထဲတွင် ငါးအမြီးကို ခတ်ကာ ပူဖောင်းများထွက်လာစေရင်း ဖုယွမ်ချွမ်းလာသည်ကို စောင့်နေလိုက်သည်။ ပင်လယ်၏အခြေကိုရောက်သည်နှင့် သူအလိုရှိသည့်အရွယ်အစားကို ပြောင်းလဲ၍ရသည်။


ရေတိမ်လျှင် သူ(ကျွင်းချင်ယွီ)က သေးငယ်လိုက်ပြီး သူ့(ဖုယွမ်ချွမ်း)ခါးကိုလှည့်ပတ်လိုက်သည်။


တောက်ပသည့်ငါးအမြှီးလေးက သူ့ခါးနားမှ သတိမမူမိချိန်တွင် ဖြတ်သွားရာ ဖုယွမ်ချွမ်းက ရပ်တန့်ကာ လက်ဆန့်လျက် ပင်လယ်ထဲမှ ငါးလေးကို လိုက်ဖမ်းတော့သည်။


ပင်လယ်ထဲမှမြင်ကွင်းမှာ သိပ်မရှင်းလင်းချေ။ ရေလှိုင်းများက သူ့ကို တစ်လုံးပြီးတစ်လုံး ရိုက်ခတ်နေကာ ဖုယွမ်ချွမ်းက ငါးလေးကို စနောက်ရန် လက်ကိုသာ ဆန့်လိုက်သည်။


သိူ့သော်ငြား နောက်တစ်ခဏတွင် သူ့လက်ကို မလိုက်ရာ ရွှေရောင်ဖျော့ဖျော့ရေသူလေးက သူ့လက်ဝါးထဲတွင် တွန့်လိမ်လျက် ပါလာသည်။


ကျွင်းချင်ယွီ ခေါင်းလေးစောင်းကာ "ဟင်?"


မတိုင်မှီက ရေသူငယ်လေးမှာ သူဘာလုပ်နေလဲမသိချေ။ သူ့လက်ဆန့်ထားသည်ကိုမြင်ပြီး အထဲကို ဝင်အိပ်လှဲခြင်းသာ။


ငါးလေးက ဖုယွမ်ချွမ်း၏ လက်ချောင်းများကိုကိုင်ကာ ထိုင်လိုက်သည်။ "ဘာဖြစ်လို့လဲ"


ဖုယွမ်ချွမ်း၏ အမူအယာမှာ နူးညံ့နေပြီး ရေသူလေး၏ပါးပြင်လေးကို ပွတ်သပ်ကာ "ဘာမှ မဟုတ်ပါဘူး"


 မင်းနက်နက်ကူးလေ ရေကနက်သထက်နက်လာလေပဲ။


ရေအနက်က အတိုင်းအတာတစ်ခုအထိရောက်သည့်အခါတွင် ကျွင်းချင်ယွီက သူ့အရွယ်အစားကို ပြန်ပြောင်းလဲလိုက်သည်။ သူက ဖုယွမ်ချွမ်းကို နောက်မှဖက်ထားပြီး စောစောကအတိုင်း ထပ်တူပင်ရှိနေသည်။


သူ့ခေါင်းထက်မှ ပင်လယ်ရေများနှင့်အတူ သူ၏ရွှေရောင်ဖျော့ဖျော့ ဆံနွယ်များက သူ့နောက်တွင် မျှောလွင့်နေသည်။ ကျွင်းချင်ယွီ၏မျက်ဝန်းလေးများ ကွေးညွတ်သွားပြီး "ဘူး... "


အသံအဆုံးတွင် ဖုယွမ်ချွမ်းက ရှောင်ယွီ၏ပါးပြင်လေးကို ပွတ်သပ်ပေးလိုက်သည်။


"ဟမ့်~" ကျွင်းချင်ယွီက သူ့လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်ပြီး ငါးအမြှီးလေးက ပေါ့ပေါ့ပါးပါး လှုပ်ယမ်းနေကာ နှာမှုတ်သံတစ်ချက် ပြုလိုက်လေသည်။


ထို့နောက် ငါးအမြီးလေးက တဖျပ်ဖျပ်ခတ်သွားကာ ဖုယွမ်ချွမ်းကို ဦးဆောင်လျက် ငုပ်ဆင်းသွားခဲ့သည်။


ပင်လယ်ရှုခင်းက ပြိုင်ဘက်ကင်းလှသည်။ ယင်းက လှပပြီး ဗီဒီယိုထဲမှ မြင်ကွင်းများက မယှဥ်နိုင်ချေ။


မျက်လုံးနှင့် ကိုယ်တိုင်မြင်ရမှသာလျှင် အလှတရားအကြောင်း သိနိုင်လိမ့်မည်ပင်။


ငါးသားပေါက်လေးများကြားကို ကူးခတ်သွားလိုက်လျှငိ အဝါဖျော့ဖျော့ အစင်းကြောင်းများပါသည့် ငါးတွေက ရှေ့ကို ဖြည်းဖြည်းချင်း ရွေ့လျားနေသည်။


ဖုယွမ်ချွမ်း၏အာရုံအလုံးစုံကို ရွှေရောင်ဖျော့ဖျော့ရေသူလေးကသာလျှင် ဆွဲဆောင်ထားလေသည်။


လှပသည့် ရေသူလေးများမှာ ဘယ်သောအခါကမှ အလှဆင်ရန်အတွက်မဟုတ်ခဲ့ချေ။ သူတို့၏ခန္ဓာသဏ္ဍာန်ဖြစ်စေ၊ အသွင်အပြင်ဖြစ်စေ သူတို့သည် ဖန်ဆင်းရှင်၏ ဦးစားပေးခံရသူလေးများ ဖြစ်လေသည်။


သူတို့မသိလိုက်စဥ်မှာပင် ရေငုပ်ကိရိယာအသေးလေးရောက်လာပြီး ရေမျက်နှာပြင်ထက်တွင် အတော်ကြာအောင် ရပ်တန့်နေလေသည်။


ထိုအချက်ပြကို ကျွင်းချင်ယွီလည်း သတိပြုမိလိုက်ကာ ရေမျက်နှာပြင်အထက်ကို အတူလိုက်လာခဲ့သည်။


ပင်လယ်ရေက သူ၏ပါးပြင်နှစ်ဖက်မှ လျှောကျလာသည်။ မျက်လုံးများကိုမှိတ်လိုက်ရာ မျက်တောင်ပေါ်ရှိ ပင်လယ်ရေသည်လည်း တွဲကျလာပြီး ပင်လယ်ထဲသို့ ချက်ချင်းမြုပ်သွားလေသည်။


နေဝင်ချိန်ရောက်နေပြီဖြစ်ကာ ညနေခင်းက ပင်လယ်နှင့်ပနံသင့်လှပြီး အခြားရှုခင်းတစ်ခုကို ဖြစ်ပွားစေသည်။


"ငါးလေး?"


"ဟင်?"


ပြုံးနေသောငါးလေးကိုကြည့်ကာ ဖူယွမ်ချွမ်၏အမူအရာမှာ အနည်းငယ်လှုပ်ရှားသွားသည်။ သူက သူ၏အလင်းတန်းလေး(ရှောင်ယွီ)ကို သူ့လက်ထဲဆွဲယူကာ နူးညံ့စွာနမ်းလိုက်လေသည်။


ကျွင်းချင်ယွီ၏မျက်ဝန်းလေးများ ကွေးညွတ်သွားပြီး တုန့်ပြန်သည့်အနေဖြင့် လည်တိုင် ပြန်၍တွယ်ချိတ်လိုက်၏။


နေဝင်ချိန်ကို နောက်ခံပြုလျက် သူတို့အနမ်းခြွေခဲ့ကြသည်။


နေလုံးက နွေးထွေးသည့် ကောင်းကင်အောက်ရှိ ပင်လယ်၏အောက်ခြေကို တဖြည်းဖြည်း နစ်မြုပ်သွားသည်။


ကျွင်းချင်ယွီက ကုတင်ပေါ်မှစောင်ကို လှန်တင်လိုက်ပြီး ဥာဏ်ရည်တုကို ကောက်ယူလိုက်သည်။ သူက နောက်တစ်ကြိမ် လှဲချလိုက်ပြီး မျက်နှာကျက်ကို ပျင်းရိစွာ မော့ကြည့်လိုက်သည်။


ခရီးအပြီးတွင် ဖုယွမ်ချွမ်းက အလုပ်များလာ၏။ သူ မာရှယ်တစ်ဦးဖြစ်စဥ်ကကဲ့သို့ အလုပ်မများသော်ငြား ခရီးသွားနေစဥ်ချိန်ကထက် များစွာအလုပ်ရှုပ်နေခဲ့သည်။


သူ ယနေ့မနက်စောစောတွင် အစည်းအဝေးရှိသဖြင့် ထွက်သွား၏။ မူလက သူ့ကို ထိုနေရာကို ခေါ်သွားချင်ခဲ့သည်။


သို့ပေမယ့် ကျွင်းချင်ယွီက ခဏမျှစဉ်းစားပြီးနောက် လိုက်မသွားပေ။


သူက လက်ရှိတွင် အင်ပါယာနှင့်ပတ်သက်သည့် သတင်းများနှင့် မပတ်သက်ရသေးပေ။ အစည်းအဝေးတွင် ဆွေးနွေးရမည့် အရေးကြီးကိစ္စများ၊ လက်မှတ်ထိုးရန် လိုအပ်သည့် အရာများ၊ သီးခြားကြည့်သင့်သည် မကြည့်သင့်သည်များ အစရှိသဖြင့်။


သူက ဤအခွင့်အရေးကိုယူပြီး အခြားကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းနှင့် သူ့ကိုယ်ပိုင်ထင်မြင်ချက်ပေးခြင်းတို့အား မပြုလုပ်ပဲ ကိစ္စများကို ဆုံးဖြတ်ရန် ဖုယွမ်ချွမ်းနှင့် ချန်ခဲ့လိုက်သည်။


ကျွင်းချင်ယွီက ကုတင်ပေါ်၌ ခေတ္တမျှ လှဲလျောင်းပြီးနောက် ထကာ ရေကူးရန် ခြံဝင်းအတွင်းရှိ ရေကန်ဆီသို့ သွားလိုက်သည်။


အစည်းအ​ဝေးအတွက်​တော့ သူ နန်း​တော်​ကို လာလိုက်မည်။ ဖုယွမ်ချွမ်းက အစည်းအဝေးပြီးလျှင် သူ့ကိုလာရှာလိမ့်မည်။ သူတို့အတူတူ ပြန်၍ရသည်။


လူသားအသွင်သဏ္ဍာန်ဖြင့် အချိန်အကြာကြီးနေထိုင်ရသည်နှင့် ယှဉ်လျှင် ရေသူလေးအဖြစ်နေခြင်းက ပို၍အဆင်ပြေ၏။


တခြားမည်သူမှ ဤနေရာကိုလာမှာမဟုတ်ပေ။ တစ်ခုခုတကယ်ဖြစ်သွားလျှင်ပင် သူ့အနေဖြင့် နေရာလွတ်ထဲ ဝင်ပုန်းနိုင်၏။ ဖုယွမ်ချွမ်းက မကြာခင်ရောက်လာတော့မှာဖြစ်သည်။ ရေသူလေး၏အသွင်အပြင်နှင့်ပတ်သတ်၍ အခြားလူ ဘာမှမပြောနိုင်အောင်လည်း သူကိုယ်တိုင်လုပ်နိုင်သည်။


ကျွင်းချင်ယွီက လုံးလုံး ပူပန်မနေပါချေ။


သူက ရေထဲတွင်တစ်ဝက်မြှုပ်နေသည့် အလှဆင်ကြာရွက်တုထက်တွင် လဲလျောင်းနေကာ အမြှီးကို ရေစိမ်ရင်း နေရောင်ခံနေလေသည်။


အခါအားလျော်တိုင်း သူကအမြှီးဖျားလေးကို ရေထဲ၌ ခတ်လိုက်သည်။ ရေဂယက်လေးများထသွားသည်ကိုကြည့်ပြီးနောက် အမြှီးကို ရေပြန်စိမ်လိုက်ပြန်သည်ာ


‘တင်~! ’


မထင်မရှားအသံတစ်ခုကို ကြားလိုက်ရသဖြင့် ကျွင်းချင်ယွီက အသံအရင်းအမြစ်ထံ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်လေသည်။ ပိတ်လျက်သားရှိနေဆဲ ခြံဝန်းတံခါးနှင့် တံခါးဝမှဘဲလ်ကိုသာ တွေ့လိုက်ရသည်။


ကျွင်းချင်ယွီက အလျင်စလိုဖြစ်မနေချေ။ ရှီခိုင်ရှင်း၏အသံက အပြင်ဘက်မှ ထွက်လာသည်။


"အရှင်? ၊ နိုးပါပြီလား"


အသံအကျယ်ကြီး သို့၊ ပုံမှန်လေသံမဟုတ်ခြင်းမှာ မေးခွန်းအပေါ် အခြေခံ၍ အဖြေကိုမစောင့်ဘဲ ထွက်သွားနိုင်သည့် အဓိပ္ပါယ်ပင်။


ကျွင်းချင်ယွီက မေးလိုက်သည်။ : "တစ်ခုခုရှိလို့လား?"


ရှီခိုင်းရှင်းက ပြန်ဖြေသည်။ : "အင်ပါယာအရှင်(ဧကရာဇ်)က မင်းလမ်းလျှောက်ထွက်ချင်ရင် လိုက်ကာကွယ်ပေးဖို့ ကျွန်တော့်ကို လွှတ်လိုက်လို့ပါ"


"မသွားဘူး"


"ကောင်းပါပြီ..."


အသံဆုံးသွားသည်နှင့် ကျွင်းချင်ယွီ တစ်ခုခုကို ရုတ်တရက် တွေးမိသွား၏။ သူက သတိလက်လွတ်ဖြင့် ပြုတ်မကျစေရန် သစ်ရွက်ကိုကိုင်လျက် ကိုယ်ကိုလှည့်လိုက်ပြီး သစ်ရွက်ပေါ်မှလျှောဆင်းကာ ကမ်းအနားကို ကူးသွားလိုက်ရင်းဖြင့်...


"ရှီခိုင်ရှင်း? "


"ဟုတ်ကဲ့!"


သူ့တာဝန်မှာ ကျွင်းချင်ယွီကို ကာကွယ်ရန်ဖြစ်ရာ ကျွင်းချင်ယွီ အပြင်မထွက်လိုသည့်တိုင် ရှီခိုင်ရှင်းက တံခါးတွင် စောင့်ကြပ်နေဆဲဖြစ်၏။


တံခါးမှဖြတ်၍ စကားပြောပြီးနောက် ကျွင်းချင်ယွီ စိတ်အားထက်သန်စွာဖြင့် ဆိုလိုက်သည်။ "ဝင်လာခဲ့"


"ဟုတ်ကဲ့ပါ"ရှီခိုင်ရှင်းက နာခံမှုရှိစွာဖြင့် တန်းတန်းမတ်မတ် လျှောက်ဝင်လာသည်။ 


"ရှီခိုင်ရှင်း "


"ဟု—" ရှီခိုင်ရှင်းက ပြောလိုက်ရင်းဖြင့် အသံက အခန်းထံမှမဟုတ်သည်ကို သတိပြုမိလိုက်၏။ သူက ထိတ်လန့်သွားပြီး ရေကန်ထံ ကျောပေးကာ "မင်္ဂလာနေ့ပါ၊ အရှင်"


ကျွင်းချင်ယွီ မျက်ခုံးပင့်လိုက်၏။ ရှီခိုင်ရှင်းက သူ့အထောက်အထားအမှန်ကို ဟိုအရင်ကတည်းက သိနေပုံပင်။


"ဒီဘက်လှည့်"


"အရှင်၊ ကျွန်တော် ဘာမှမမြင်ပါဘူး၊ အရှင်စကားပြောတာ မရပ်လိုက်ရင် ကျွန်တော် အရှင့်ရဲ့သက်တော်စောင့် ဖြစ်နိုင်တုန်းပါပဲ"


ကျွင်းချင်ယွီ : "..."


"ပါးစပ်ပိတ်ထားစမ်းပါ" ကျွင်းချင်ယွီပြောလိုက်သည်။


 "အချိုပွဲဆိုင်ကို ပြန်မွမ်းမံနေတာက ဘယ်လိုနေလဲ"


စတိုးဆိုင်ကို ပြန်ဖွင့်ရန် မလိုအပ်သလို ယခင်ဆိုင်လေး၏မျက်နှာစာကို ဆက်လက်ထားရှိရန်လည်း မလိုအပ်ချေ။ ဆိုင်ဧရိယာကို တိုးချဲ့ရန်အတွက် ဘယ်ဘက်တွင် စတိုးတစ်ခုကို ဖွင့်ခဲ့သည်။ ပုံမှန်အားဖြင့် ယင်းတွင် နေရာလွတ်မှ သစ်သီးနှင့်အရွက်များမှ ပြုလုပ်ထားသည့် အချိုပွဲများကို ရောင်းချပေလိမ့်မည်။


ကျွင်းချင်ယွီအနေဖြင့် သူကိုယ်တိုင် စတိုးကိုမသွားလျှင် နေရာလွတ်မှ စမ်းရေဖြင့်လုပ်ထားသည့် အချိုပွဲရှိမည်မဟုတ်ချေ။ 


လူတိုင်းအတွက် ခွဲခြားရလွယ်ကူစေရန် စမ်းရေဖြင့် လုပ်ထားသည့်အချိုပွဲတွင် အထူးအမှတ်တံဆိပ်လေး ပါသည်။


အတွင်းပိုင်းအလှဆင်မှုများ ပြီးသည်နှင့် စီးပွားရေးကို တရားဝင် ဖွင့်လှစ်နိုင်ပြီပင်။


ရှီခိုင်ရှင်းက ဖုယွမ်ချွမ်း၏အမိန့်အရ ထိူဘက်ပိုင်းကို အာရုံစိုက်ရသည်။


 "အားလုံးစုံပါပြီ၊ အဲဒီ့လမ်းပေါ်က သုံးပြီးသား အခြားဆိုင်တွေရောပါပဲ"


"အခြားဆိုင်တွေ?" ကျွင်းချင်ယွီ မျက်ခုံးပင့်လိုက်သည်။ "ငှားထွက်သွားပြီလား"


"ဟင့်အင်း ၊ အင်ပါယာအရှင်က သွားရည်စာ(အဆာပြေမုန့်)ဘား(မုန့်စျေးတန်း)အဖြစ် အသွင်ပြောင်းခိုင်းလို့ပါ"


ထိုစကားကို ကြားလိုက်ရချိန်တွင် ကျွင်းချင်ယွီမှာ စပ်စုလိုစိတ်တို့ မထိန်းနိုင်တော့ဘဲ ပြောလိုက်သည်။


 "ကားပြင်လိုက်၊ အဲဒီ့လမ်းကိုသွားပြီး တစ်ချက်လောက်ကြည့်ရအောင်"


"ဟုတ်ကဲ့ပါ"


---


လက်ရှိတွင် အချိုပွဲဆိုင်ဖွင့်မည့်အကြောင်းနှင့် ပတ်သက်၍ တိကျသည့်သတင်းမရှိသလို ဖွင့်မည်ဟူ၍လည်း မသေချာရာ စောင့်နေသူများမှာ နည်းသထက်နည်းလာလိမ့်မည်။


အားလုံးပြီးတဲ့နောက်တွင်တော့ စျေးကြီးကြီးဖြင့် ပြန်ရောင်းတတ်သူ အချို့မှလွဲ၍ မည်သူကမှ မဖွင့်ရသေးသည့် အချိုပွဲဆိုင်ကို ကြည့်နေကြမည် မဟုတ်ပေ။


အချိုပွဲဆိုင်အတွက် စောင့်နေသူများမရှိရာ အနီးအနားမှ ဆွဲဆောင်ထားသည်တို့ကလည်း တိတ်ဆိတ်သွားပြန်သည်။


တိတ်ဆိတ်နေသော်ငြား ဤလမ်းထဲတွင် သွားရည်စာမုန့်ဆိုင်များစွာ ဖွင့်ထားလေသည်။


လမ်းတစ်လျှောက်၌ ကျွင်းချင်ယွီသည် သူခရီးသွားစဥ်က မြင်ခဲ့သည့် မုန့်များစွာကို တွေ့လိုက်ရ၏။ 


ဆိုင်ဖွင့်သူကို ဖုယွမ်ချွမ်းစီစဥ်ခဲ့ခြင်း ဖြစ်နိုင်၏။ ကျွင်းချင်ယွီ လာနေသည်ကိုမြင်လျှင် သူက အဝေးမှပင် အရိုအသေပေးကာ နှုတ်ဆက်သည်။ "မင်္ဂလာနေ့ပါ၊ အရှင်"


ကျွင်းချင်ယွီက မေးလိုက်သည်။ "အလုပ်က တရားဝင် ဖွင့်တော့တာလား"


"ဟုတ်ကဲ့၊ တရားဝင်ဖွင့်တာပါ" ဆိုင်ရှင်က သေတ္တာတစ်လုံးကိုယူပြီး သူ့လက်ထဲ ထည့်ပေးလာသည်။ 


"ဒါက ရွေးချယ်စရာအကုန်ပါပဲ"


"အရှင်၊ စိတ်ချပါ ၊ ပါဝင်ပစ္စည်းအားလုံးက အခြားဂြိုလ်တွေကနေ အထူးလမ်းကြောင်းနဲ့ ပို့လာတာပါ၊ အရသာက အဲဒီ့ကနဲ့ အတူတူပါပဲ"


Xxxxxxxx