အပိုင်း ၁၄၄
Viewers 18k

Chapter 144


ကျွင်းချင်ယွီ ခေါင်းညိတ်လိုက်သည်။ အနည်းငယ်ကို ရွေးချယ်လိုက်ပြီး ငွေရှင်းရန်ပြုစဥ် ဆိုင်ရှင်က အမြန်ပင် ငွေချေစက်ကို ဆွဲယူလိုက်သည်။


 "အရှင်၊ မင်းပေးစရာမလိုပါဘူး၊ အင်ပါယာအရှင်က ပြောပါတယ်၊ မင်းအတွက်ကုန်ကျငွေကို သူ့အကောင့်ထဲ ပေါင်းထည့်လိုက်ပါတဲ့"


ယင်းကို ကြားပြီးနောက် ကျွင်းချင်ယွီက ဥာဏ်ရည်တုကို ဖယ်လိုက်ကာ "ခင်များတို့အားလုံးဖွင့်သမျှဆိုင်တွေက ကမ္ဘာတစ်ခုထဲကလား"


"မဟုတ်ပါဘူး၊ ဘေးဆိုင်ကညီကိုနဲ့ ပြောကြည့်တော့ သူကCကြယ်ကတဲ့၊ ပြီးတော့ အခြားဂြိုလ်တွေကရောပဲ၊ ကျွန်တော် မမှတ်မိတော့ဘူး "


ကျွင်းချင်ယွီက မုန့်များမှာ ထိုဆိုင်ရှင်များလာခဲ့သည့် ထိုဂြိုလ်ပေါ်မှ ဒေသထွက် အထူးအစားအစာများ ဖြစ်နိုင်သည်ဟု တွေးလိုက်သည်။ 


သူပြောသကဲ့သို့ပင် ဘေးဘက်မှ အသံထွက်လာသည်။


"ငါအရင်က ခရီးသွားတော့ ဒီလိုမုန့်မျိုး စားခဲ့ပေမယ့် ဒီဂြိုလ်မှာ ရှာမရခဲ့ဘူးရယ်၊ ပြီးတော့ ငါခရီးကို တစ်ချိန်လုံးလည်း သွားမနေနိုင်ဘူးလေ၊ အဲ့အကြောင်း ပြောနေရုံပဲ တတ်နိုင်တယ်၊ ဒါကို ဒီမှာစားရလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး၊ ဒါပေမယ့် အရင်က ပင်မကြယ်မှာ ဒီလိုစားစရာမျိုး မတွေ့ဖူးပါဘူး "


"ငါက ဒေသခံလေ၊ မာရှယ်ရှီက ဒီမှာ ဆိုင်ဖွင့်ဖို့ ပြောလို့ လာခဲ့တာ၊ မင်းကို တိုးတိုးလေးပြောရဦးမယ်၊ သူပြောတာတော့ အရှင်က ဒါကိုကြိုက်လို့တဲ့၊ အင်ပါယာအရှင်က ဒီမှာဆိုင်ဖွင့်ဖို့ လူတစ်ယောက် ရှာခိုင်းလိုက်တာဆိုပဲ"


"တကယ်ကြီး...!"သွားရည်စာစားနေရင်း သူ့လက်ထဲမှသွားရည်စာက အရသာမရှိတော့သလို ခံစားလိုက်ရသည်။(ချဥ်တူးသွားတာ😂)


"ဒါပေမယ့် မင်းရဲ့ဇာတိကြယ်က ဆိုင်ဖွင့်ဖို့ ဝေးတယ်မလား"


"ငါလည်းမလာချင်ပါဘူး၊ ဒါပေမယ့် ဒီအတွက် ငွေအများကြီးရတယ်လေ..."


"???"


...


အသားလုံးများကို စားပြီးနောက်တွင် ကျွင်းချင်ယွီ ရပ်လိုက်သည်။ 


"ဆိုင်ကိုသွားပြီး တစ်ချက်လောက် ကြည့်ရအောင်"


"ဟုတ်ကဲ့ပါ"


သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအား ပိတ်ပင်ထားမှုကို ရုတ်သိမ်းပြီးနောက် ပင်မကြယ်မှာ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ အများဆုံးဖြန့်ဝေသောဂြိုဟ်ဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် အချိုပွဲဆိုင်များစွာ ဖွင့်လာပြီး အားလုံးက လတ်ဆတ်သည့်အသီးများအပေါ် အာရုံစိုက်လာကြ၏။


ဆိုင်တွင် အသီးများစွာ ရှိနေသေး၏။ ကျွင်းချင်ယွီက ယင်းတို့ကို ကြည့်လိုက်သည်။ အများစုမှာ သာမန်သာဖြစ်သဖြင့် မြည်းစမ်းဖို့ရာ စိတ်မဝင်စားချေ။ 


ရှီခိုင်ရှင်းက မက်မွန်သီးတစ်လုံးကိုယူကာ ကိုက်လိုက်ပြီး "အရှင်က ဒီနေ့ဆိုင်ဖွင့်မို့လား"


လူအများကြီးမရှိသော်လည်း ဆိုင်များဖွင့်သည်နှင့် ဝယ်သူများလည်း ရောက်လာကြသည်။ ဆိုင်ဖွင့်သည်နှင့် သူတို့က နီးစပ်ရာဆွေးမျိုးများနှင့် သူငယ်ချင်းများကို အွန်လိုင်းမှနေ၍ စာပို့ကြသည်။ ပြီးနောက်တွင် သတင်းရသည့် လူတွေက ပိုပိုပြီး များလာပေလိမ့်မည်။


"ရက်နည်းနည်းလောက်နေမှ" ကျွင်းချင်ယွီက အခန်းကို သူ့ကိုယ်သူ ပြင်ဆင်လိုက်ပြီး နေရာလွတ်ထဲမှ သစ်သီးနှင့်ဟင်းသီးဟင်းရွက်များကို ထုတ်ယူလိုက်သည်။ 


ရှီခိုင်ရှင်းက မက်မွန်သီးကိုကိုက်ရင်း ရှေ့တွင်ထိုင်လိုက်ကာ "အရှင် အချိုပွဲ လုပ်မလို့လား"


"အင်း" ကျွင်းချင်ယွီက ပန်းသီးကို လှီးလိုက်ပြီး ပြောသည်။


 "သိပ်မကြာခင် တစ်ယောက်ယောက် လာလိမ့်မယ်"


"တစ်ယောက်ယောက်? ၊ ဘယ်သူလဲ" ဘယ်သူဖြစ်နိုင်မလဲဆိုတာကို ရှီခိုင်းရှင်းက တွေးနေဆဲပင်။ သူက ကြက်သေသေနေရာမှ တုန့်ပြန်လာ၏။ "အာ..ဟုတ်သားပဲ ၊ ကြယ်ဓားပြ၊ ယောင်ယောင်ဆိုတဲ့တစ်ယောက်၊ ဟုတ်တယ်မလား"


သူ့အသံဆုံးသည်နှင့် တစ်စုံတစ်ယောက်က နောက်တံခါးကို ခေါက်လာသည်။


ရှီခိုင်ရှင်းက တစ်ချိန်တည်းမှာပင် မျက်ခုံးပင့်လိုက်ပြီး ကိုက်လက်စ မက်မွန်သီးကို ချလိုက်ကာ လက်သုတ်လိုက်သည်။ 


"ကျွန်တော် တံခါးဖွင့်လိုက်မယ်"


တံခါးဖွင့်လိုက်ရာ ယောင်ယောင်က ရှီခိုင်ရှင်းကို ခေါင်းညိတ်ပြပြီး နှုတ်ဆက်လာသည်။ သူက ဝင်လာပြီး ညင်သာစွာ ပြောလိုက်၏။ "မတွေ့တာကြာပြီနော်"


သူ ကျွင်းချင်ယွီကို နောက်ဆုံးအကြိမ်တွေ့ခဲ့ကတည်းကဖြစ်ရာ တကယ်ကို ကြာနေပြီပင်။


သူမ ယခင်က ကျွင်းချင်ယွီပေးသည့် သစ်သီးနှင့် အသီးအရွက်ဖျော်ရည်ကိုသောက်ကာ မူးသွားခဲ့သည်။ ထိုအချိန်အတောအတွင်းတွင် ခန္ဓာကိုယ်က ပုံမှန်ဟုတ်မနေခဲ့ပေ။ အချိန်အကြာကြီး ဒုက္ခရောက်စေခဲ့သည့် ရောဂါက ရုတ်တရက် ပျောက်ကင်းသွားသကဲ့သို့ပင်။ သူမပင်လျှင် မအံ့သြပဲမနေနိုင်ခဲ့။


လုံးဝ ပျောက်ကင်းသွားခြင်းမဟုတ်ပေ။ အဲဒီအချိန်အတွင်း၌သာ ကောင်းနေတာဖြစ်၏၊၊ အာနိသင်ကုန်သွားသည့်အချိန်တွင်တော့ အရင်အတိုင်းပဲ ပြန်ဖြစ်သွားမှာဖြစ်သည်။


သို့သော်လည်း ကျွင်းချင်ယွီက ယင်းကို မရောင်းခဲ့သောကြောင့် ယောင်ယောင်လည်း ထပ်မပြောရဲတော့ပေ။ အမှန်တကယ်မှာ ယခင်ကထက် ယခုက ပိုကောင်းလာသည်။ သူ့တွင် မေးခွန်းများရှိနေပြီး အနည်းငယ် အဆင်မပြေမှုများရှိသည်။ နောက်ထပ် ကြန့်ကြာဦးမှာလား။


ယောင်ယောင်က ထိုင်ချပြီးပြောသည်။ "မက်ခါသုံးရတာ လွယ်လား"


"ယေဘုယျအားဖြင့်ပေါ့ " 


ကျွင်းချင်ယွီ၏ မက်ခါအပေါ် အကဲဖြတ်မှုမှာ မမြင့်မားပေ။ ယင်းက သတိပြုရမည့်အရာတစ်ခု ဟုတ်မနေချေ။ မက်ခါကိုထိန်းရန် ဝိဥာဥ်စွမ်းအင်ကို အားထားရပြီး ဝိဥာဥ်စွမ်းအင် အလွန်ကုန်သည်။ သိပ်အသုံးမဝင်ပေ။ အများအားဖြင့် မတော်တဆ ဖြစ်ပွားချိန်တွင် အသုံးပြုရသည့် ကယ်ဆယ်ရေးတောင့်၏အဆင့်မြင့်ဗားရှင်းပင်။ (လွတ်မြောက်ယာဥ်၊ လေဖောင်းအိတ်၊ ငှက်ပျောသီးယာဥ်လိုပုံစံလေးပါ)


ယောင်ယောင်က ပြောသည်။ "ဒီမက်ခါက တိုက်ခိုက်ရင် အတော်လေးအကဲဆတ်နေတုန်းပဲ၊ သူ့ရဲ့ ကာကွယ်ရေးစွမ်းအားကလည်း မြင့်တယ်၊ ရှင် ပိုလေ့ကျင့်ရင် ပိုပြီးထိန်းချုပ်နိုင်မှာပါ" 


"မာရှယ်ရှီ ရှင့်ကို သင်ပေးတယ်မလား"


 ပြောရင်းဖြင့် ယောင်ယောင်တစ်ယောက် မသေချာတော့ချေ။


ရှီခိုင်ရှင်းက ထိုအကြောင်းကို ဝင်မပြောပေ။ အင်ပါယာအရှင်ကိုယ်တိုင် သင်ပေးတာများလား။


အဲဒါက ငါ့ကို လိုနေတုန်းပါပဲ။


အချိုပွဲကိုစားပြီးနောက် ယောင်ယောင်ကပြုံးကာဆိုသည်။ "ဘယ်လိုစရမလဲဆိုတာမသိရင် ကျွန်မအစ်ကို လေ့ကျင့်ဖော်အဖြစ် ငှားပေးမယ်လေ"


သူ့လက်အောက်ကလူတွေကို တွေးကြည့်ပြီးနောက် မက်ခါက ပြိုင်ဘက်ကို နာကျင်စေမှာကို စိုးရိမ်သဖြင့် ယောင်ယောင်က သူ့အစ်ကိုကို မဆိုင်းမတွပင် ကူညီရန် တွန်းထုတ်လိုက်သည်။


ကျွင်းချင်ယွီ မျက်ခုံးပင့်ကာ "မလိုပါဘူး "


ယခုတော့ သူမက်ခါများအပေါ် စိတ်မဝင်စားတော့ချေ။ ဖုယွမ်ချွမ်းက သူ့ကို မက်ခါနှင့်လေ့ကျင့်ရန် အထွန့်တက်လာပါက မက်ခါဆီသွားပြီး သူနှင့်လေ့ကျင့်လိုက်သည်။ ထိုအခါ တစ်ဖက်လူက ကျေနပ်သွားလိမ့်မည်။


ဤသည်ကိုကြည့်ပြီး ယောင်ယောင်က ဘာကိုမှ မပြောတော့ချေ။


 "အင်းပါ ၊ အင်ပါယာနဲ့ ဗဟိုအစိုးရက အခုရင်းနှီးနေပြီလေ၊ အပြင်ကမ္ဘာကြီးက အန္တရာယ်မရှိတော့ပါဘူး၊ လေ့ကျင့်ဖို့ မလိုတော့ဘူး"


"ဒါနဲ့ ဒီမှာ ဆိုင်ဖွင့်မှာလား"


ယောင်ယောင်က သူ့ဘေးတွင်နေခြင်းပင်။ သူမက အချိုပွဲဆိုင်ဆောက်လုပ်မှုကို မြင်ပြီးဖြစ်သော်လည်း မေးရန်အတွက် အခွင့်အရေးမရချေ။


 


"အင်း" ကျွင်းချင်ယွီက ဆိုသည်။ "ငါ သာမန်အချိုပွဲတွေရောင်းမှာ"


သူထိုအကြောင်းအရာကို တွေးသည်နှင့် ယောင်ယောင်နားလည်လိုက်သည်။ 


"သာမန်ဟုတ်ဟုတ် မဟုတ်ဟုတ် ကိစ္စမရှိပါဘူး၊ ကျွန်မလာမှာပါ၊ ဆိုင်ဖွင့်ရင် ကျွန်မကိုပြောဖို့ သတိရနော်၊ ပန်းခြင်းပို့လိုက်မယ်"


ကျွင်းချင်ယွီ ပါးစပ်ဖွင့်ကာ ငြင်းလိုက်သည်။ "မလိုပါဘူး"


ဖွင့်ပွဲကို သူလာမှာမဟုတ်ပေ။


စကားပြောနေရင်း သူ့ဥာဏ်ရည်တုက တုန်ခါလာသည်။ ကြည့်လိုက်သည့်အခါ တစ်ဖက်လူက ဖုယွမ်ချွမ်းဆိုတာကို တွေ့လိုက်ရ၏။ 


ဖုယွမ်ချွမ်း : [ဘယ်မှာလဲ 】


ကျွင်းချင်ယွီ : [အချိုပွဲဆိုင်မှာ၊ ကျွန်တော် မုန့်နည်းနည်း စားထားတယ် 】


ဖုယွမ်ချွမ်း : [ကောင်းပြီ၊ များများစား... 】


ကျွင်းချင်ယွီ မျက်လုံးလေးများ ကွေးညွတ်သွားပြီး စာပြန်ရန် ခေါင်းငုံ့လိုက်သည်။


ယောင်ယောင်က ထိုအချင်းအရာကိုမြင်ပြီး မေးလာသည်။ 


"ရှင် အင်ပါယာအရှင်နဲ့ ပြောနေတာလား"


နားလည်မှုလွဲမည်ကို စိုးရိမ်ပြီး ယောင်ယောင်က အလျင်အမြန် ဆိုလာသည်။ 


"အထင်မလွဲပါနဲ့၊ ကျွန်မရှင်နဲ့ရှင့်စာတွေကို လိုက်ကြည့်နေတာမဟုတ်ပါဘူး၊ ကျွန်မဒီမှာထိုင်နေတော့ ရှင့်ကိူမမြင်နိုင်ဘူးလေ၊ ရှင်စာတွေကိုပြန်နေတဲ့အချိန် မျက်နှာအမူအယာက အခြားလူတွေနဲ့ရှိနေချိန်နဲ့ မတူဘူးလို့ ခံစားရလို့ပါ၊ ခန့်မှန်းကြည့်ရုံပါပဲ" 


နားထောင်ရင်းဖြင့် ကျွင်းချင်ယွီက သူမကို လျစ်လျူရှုလိုက်ကာ ဖုယွမ်ချွမ်းနှင့် စာဆက်ပို့နေသည်။


ဖုယွမ်ချွမ်းက ဘယ်ဘက်အပေါ်ထောင့်တွင် တည်နေရာမျှဝေခြင်းကို ဖွင့်ထားသည်ကို မတော်တဆတွေ့ရှိလိုက်သည်။ ဤသည်မှာ ထိုလုပ်ဆောင်ချက်ကို သူပထမဆုံးသုံးခြင်းဖြစ်၏။ ကျွင်းချင်ယွီက သံသယနှင့်အတူ ဝင်ကြည့်လိုက်ရာ အနီစက်လေးနှစ်စက်ကြားမှ အကွာအဝေးက တစ်မီတာထက်နည်းကြောင်း ပြသနေသည်ကို တွေ့လိုက်ရသည်။


ကျွင်းချင်ယွီ ထိတ်လန့်သွားပြီး ထိုအခိုက်မှာပင် ဖုယွမ်ချွမ်းအသံကို ကြားလိုက်ရသည်။


"ပြီးပြီလား"


"ခင်များဘာလို့ ဒီရောက်နေတာလဲ"


"ငါးနာရီထိုးနေပြီ" ဖုယွမ်ချွမ်းက ရှေ့ကို တိုးလာပြီး သူ့လက်ကိုကိုင်ကာ တိုးတိုးလေးပြောသည်။


 “အလုပ်ပြီးလို့ ကိုယ့်ဇနီးလေးကို အိမ်ပြန်ခေါ်မလို့လေ"


ကျွင်းချင်ယွီ၏မျက်လုံးလေးများ ကွေးသွားကာ "ခင်များရဲ့အစည်းအဝေးပြီးတာ နောက်ကျမယ်ထင်တာ"


ဖုယွမ်ချွမ်းကပြောသည်။


 "ဒီနေ့က ကိစ္စနည်းနည်းပဲရှိတယ်၊ ကျန်တာကို ယွီကျစ်ဂရုစိုက်လိုက်လိမ့်မယ်"


ဤသည်ကို ရှီခိုင်ရှင်းကြားလေလျှင် သူ့သခင်၏ဇနီးကိုကာကွယ်ဖို့သာ ထွက်မလာခဲ့ပါက ထိုအလုပ်အားလုံးက သူ့အလုပ်တွေဖြစ်မလားဟု မတွေးပဲမနေနိုင်ခဲ့ချေ။


သက်တော်စောင့်က ဇနီးလေးနှင့်အတူ စားသောက်ရန် အပြင်ထွက်သည့်အချိန်တွင် ဇနီးသည်က အန္တရာယ်ဖြစ်သည်နှင့် သူ့ကို ကာကွယ်ပေးနိုင်သည်။ မဟုတ်သေးချေ၊၊ ဇနီးကိုလည်း ကာကွယ်ပေးနိုင်၏။


သူ့(ရှီခိုင်ရှင်း)အတွက်တော့ သက်တော်စောင့်ဖြစ်ရတာက ပိုကောင်း၏။ မာရှယ်တစ်ယောက်ဖြစ်ရခြင်းက သက်တော်စောင့်ဖြစ်ရသည်လောက် မကောင်းပေ။


ယောင်ယောင်က တိတ်တဆိတ်ပင် အချိုပွဲကိုခွေးစာများနှင့်ရောလျက် စားလိုက်ရလေသည်။ ကျွင်းချင်ယွီနှင့် မတူညီစွာပင် ယောင်ယောင်က ဖုယွမ်ချွမ်းနှင့် မျက်နှာချင်းဆိုင်ရလျှင် အထူးသတိထားလေသည်။ မာရှယ်က အင်ပါယာ၏အရှင်ဖြစ်လာသည်။ ကြယ်တာရာသူခိုးများက သူနှင့်တွေ့လျှင် သတိထားရမည်။ သတိထားကိုထားရပေမည်။


အချိုပွဲကိုစားပြီးနောက် ယောင်ယောင်က ထရပ်ကာ နှုတ်ဆက်သွားသည်။ သူမ စကားပြောခဲ့သည်နှင့် ဆန့်ကျင်ဘက် ရုတ်တရက်ကြီး တိတ်ဆိတ်သွားခဲ့သည်။ 


တစ်ချိန်တည်းမှာပင် အခြားလူများ(refer to ရှီခိုင်ရှင်း)အတွက်တော့ ဘာမှပြောစရာ လိုမနေချေ။ ရှီခိုင်ရှင်းက မီးသီးလေးတစ်လုံး၏ စွမ်းရည်နှင့်ပြည့်ဝလွန်းလှသည်။ စတော်ဘယ်ရီသီးများကိုယူ၍ အနီးနားရှိ ဆိုင်များကို အရသာမြည်းစမ်းရင်းစစ်ဆေးရန် ထွက်လာခဲ့သည်။


ကျွင်းချင်ယွီက လက်သုတ်ကာ ပြောလိုက်၏။ "နောက်မှ ပြန်ရအောင်"


နန်းတော်တွင် မည်သည့်ကိစ္စမှမဖြစ်လျှင် ဗီလာကို ခဏလေးအတွင်း တိုက်ရိုက်ပြန်၍ရသည်။


"ကောင်းပြီ..." ဖုယွမ်ချွမ်း လာသည့်အခါတွင် ပမာနည်းသော်လည်း အမျိုးအစားစုံလင်လှသည့် သရေစာအချို့ကိုလည်း ဝယ်လာခဲ့သည်။ "နည်းနည်းလောက် စားရအောင် "


"မစားတော့ဘူး " ကျွင်းချင်ယွီက အချိုပွဲကို ပြင်ဆင်နေဆဲဖြစ်ပြီး အချိုတစ်ခုခုစားရန် ကြံစည်ထားသည်။ "အများကြီးစားရင် ဝိတ်တက်လိမ့်မယ်" 


ရေသူလေးများအနေဖြင့် ကိုယ်အလေးချိန်တက်လာမည်မဟုတ်ပေ။ ရေသူလေးများကဲ့သို့ ခန္ဓာကိုယ်အချိုးအစားမျိုး အဘယ်မှာများရှိမည်နည်း။ မည်မျှပင်စားပါစေ ကိုယ်အလေးချိန်တက်မည်မဟုတ်ချေ။


သို့သော်လည်း ဖုယွမ်ချွမ်းကတော့ ရှောင်ယွီအား ချော့မြူရခြင်း၌ ပျော်မွေ့နေလေသည်။ "ငါးတစ်တစ်လေးကလည်း ချစ်ဖို့အရမ်းကောင်းပါတယ်" ငါးတစ်တစ်-ငါးဝဝ၊ဖက်တီးငါး)


 ဤသည်ကိုကြားပြီး ကျွင်းချင်ယွီက မျက်ခုံးပင့်ကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ "တကယ်လား"


"တကယ်ပေါ့"


ကျွင်းချင်ယွီက သူ့ကို စတော်ဘယ်ရီလတ်လတ်ဆတ်ဆတ်တစ်လုံးကို ကျွေးလိုက်ရင်း "ဒါဖြင့် ခင်များငါးဝတုတ်လေးကို ကိုင်မထားနိုင်ရင် ဘယ်လိုလုပ်မလဲ" 


"ကိုယ်ကိုင်ထားနိုင်တယ်" ဖုယွမ်ချွမ်းက သူ၏ စတော်ဘယ်ရီကိုင်ထားသည့်လက်ချောင်းထိပ်လေးကို နမ်းလိုက်ပြီး " ကိုယ်မင်းကို လက်တစ်ဖက်တည်းနဲ့ ကိုင်ထားနိုင်တယ်"


ပြောနေရင်း သူ့မျက်လုံးတွေ မှောင်မိုက်လာကာ "ပြန်ရောက်ရင် မင်းစမ်းကြည့်လို့ရတယ်"


ကျွင်းချင်ယွီ: "?"


ခဏလောက်ကြာအောင် ကျွင်းချင်ယွီမှာ မတုန့်ပြန်နိူင်ချေ။ သူက အလေးအနက်ပုံစံဖြင့် ပြောနေသည့်ဖုယွမ်ချွမ်းကို ကြည့်ရုံသာကြည့်နေနိုင်သည်။ သူက လျစ်လျူရှုလိုက်ပြီး အချိုပွဲလုပ်ရန် လှည့်လိုက်သည်။ 


ရှောင်ယွီ၏ ချက်ချင်းရဲတက်လာသည့် နားရွက်လေးများကိုကြည့်ကာ ဖုယွမ်ချွမ်းက ထရပ်ပြီး နောက်မှခါးလေးကိုဖက်လျက် ပါးပြင်ထက် အနမ်းခြွေကာဖြင့် "ဘယ်အချိန် ပြန်မှာလဲ"


ကျွင်းချင်ယွီ ခဏမျှတွေးကာ ပြောလိုက်သည်။ "ကိတ်မုန့် အဆင်သင့်ဖြစ်ရင် ပြန်မယ်"


"ကောင်းပြီ"


Xxxxx