Chapter 145
ကိတ်မုန့်ထားရန် စင်မြင့်တစ်ခု ထားရှိသော်ငြား ကိတ်များမရှိသဖြင့် စင်သည်လည်း ဗလာဖြစ်နေသည် ။
ဖုယွမ်ချွမ်းက လက်ကိုမလွှတ်ဘဲ သူ့ဘေးမှ စဥ်းနှီတုံး(အောက်ခံဖြတ်ပြား)ကို ယူလိုက်ကာ သစ်သီးလှီးရန် စင်အောက်တွင် ထားလိုက်သည်။
သင့်လျော်သည့်အရွယ်လေးများ တုံးပြီးနောက် သစ်သီးကိတ်ကို အလှဆင်ရန် ထိုသစ်သီးများကို တိုက်ရိုက် တင်လိုက်ရုံသာဖြစ်သည်။
ပန်းများဖြင့်အလှဆင်ခြင်းဖြစ်စဥ်ကို လွယ်ကူသက်သာစေပြီး စား၍လည်းအဆင်ပြေသည်။
ခရင်တစ်ထပ်တင်ပြီးသည်နှင့် ဖုယွမ်ချွမ်းက စဥ်းစားကာ ပြောလိုက်သည်။ "ထပ်ထည့်ဦး"
ဖုယွမ်ချွမ်းက အချိုမကြိုက်ပေ။ ကျွင်းချင်ယွီသည်လည်း ခရင်ထူထူကြီးကိုမကြိုက်သဖြင့် သူကိုယ်တိုင်အတွက် ကိတ်လုပ်လျှင် ခရင်ပမာဏကို ထိန်းထားလေ့ရှိသည်။
သို့သော်လည်း ဖုယွမ်ချွမ်းက ထိုသို့ဆိုလာလေလျှင် ကျွင်းချင်ယွီက ထောပတ်အချို့ကို ပိုထည့်လိုက်သည်။ "ဒီလောက်ဆိုရင်ရော"
"ရတယ်"
ကိတ်မုန့်မှာ ခရင်ပမာဏအထူကြီးဖြင့် ဖုံးအုပ်ခံထားရသည်။ သစ်သီးများတင်လိုက်လျှင် အနည်းငယ် နစ်မြှုပ်သွားသည်မှလွဲ၍ သူ၏ပုံစံအပေါ် သက်ရောက်မှုမရှိချေ။
ပြီးသည်နှင့် ဖုယွမ်ချွမ်းက ရှောင်ယွီအား ပြန်ခေါ်သွား၏။
ကျွင်းချင်ယွီနှင့်ဖုယွမ်ချွမ်းက တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။ ရပ်နားထားသော ယာဉ်နှစ်စီးရှိနေ၏။ သူတို့ထဲမှ တစ်ခုကို ရှီခိုင်ရှင်းအား ထိုင်ခိုင်းလိုက်ပြီး နှစ်ယောက်က ဗီလာထံ တန်းတန်းမတ်မတ် ပြန်သွားကြသည်။
---
နူးညံ့ပျော့ပျောင်းသည့် ကိတ်မုန့်မှာ ခရင်မပါဘဲ စားပွဲပေါ်တွင် ငြိမ်သက်စွာ ရှိနေသည်။
စားပွဲပေါ်တွင် ခရင်အစွန်းအစများ ရှိနေ၏။
အိမ်တစ်ခုလုံး စတော်ဘယ်ရီကိတ်ရနံ့များ ထုံလွှမ်းနေသည်။
သူက စတော်ဘယ်ရီ ကိတ်မုန့်တစ်ခုလုံးကို စတော်ဘယ်ရီရနံ့ တိုးလာစေချင်သဖြင့် အပေါ်လွှာ ခရင်အတွက် သကြားအစား စတော်ဘယ်ရီအရသာ sodium cyclamate ကို ထည့်လိုက်ခြင်းပင်။
စတော်ဘယ်ရီအရသာခရင်မှာ မွှေးပျံ့ပြီးချိုကာ စားလျှင်လည်း အဆီမများချေ။
ကျွင်းချင်ယွီက ကုတင်ပေါ်တွင် ပက်လက်လေးလှဲလျောင်းရင်း စောင်ပါးပါးလေးတစ်ထည်ကို ပုခုံးမှလွှမ်းခြုံထား၏။ ထိုဖြူလွလွပုခုံးထက်တွင် အမှတ်အသားအရာများစွာ ထင်ကျန်နေသည်။
လည်တိုင်တစ်လျှောက်မှစ၍ နေရာလွတ်ဟူ၍ မရှိချေ။
ကျွင်းချင်ယွီ၏မျက်လုံးလေးများက နီရဲနေပြီး နက်နက်ရှိုင်းရှိုင်း အိပ်ပျော်နေသည်။
ဖုယွမ်ချွမ်းက ခေါင်းထောင်ပြီး စာရွက်စာတမ်းများကို ကြည့်နေရင်းဖြင့် သူ့ကိုစောင်ခြုံပေးလိုက်သည်။
လေ့ကျင့်ခန်းကြောင့်ဖြစ်နိုင်၏။ သူကအလွန်ပင်ပန်းကာ အိပ်ပျော်နေသည်။
ကျွင်းချင်ယွီ အိပ်ချင်မူးတူးဖြင့် နိုးလာပြီး ဘယ်လောက်ကြာအောင်အိပ်လိုက်မိသလဲ မသိတော့ချေ။ သူကအိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့် အာဟာရဖျော်ရည်တစ်ကျိုက်ကို သောက်ခဲ့မိပုံပင်။ သူခဏမျှ နိုးကြားသွားသော်လည်း အနည်းငယ်သောက်ရန်ပင် အင်အားမရှိသဖြင့် ပြန်အိပ်ပျော်သွားသည်။
သူထပ်မံနိုးလာချိန်တွင် ကျွင်းချင်ယွီတစ်ယောက် အခန်းတစ်ခုလုံး စတော်ဘယ်ရီကိတ်ရနံ့များ ပြည့်နေသည်ကို သိလိုက်ရ၏။
ခဏချင်းပင် ကျွင်းချင်ယွီ၏မျက်နှာတစ်ခုလုံး နီရဲသွားလေသည်။
သူကခေါင်းထက်မှ စောင်ပါးလေးကိုဆွဲယူကာ နားရွက်ဖွက်ထားသည့်အကောင်လေးနှယ် အတွင်းဘက်၌ ပုန်းနေလေသည်။ ရလဒ်အနေဖြင့် သူ့လှုပ်ရှားမှုက သိသာလွန်းပြီး မတော်တဆ ဖော်ထုတ်ခံလိုက်ရသည်။ ထို့ကြောင့် ခဏကြာအောင် မလှုပ်ရဲတော့ချေ။
ကျွင်းချင်ယွီ၏လှုပ်ရှားမှုများမှာ ပေါ့ပါးနေသော်လည်း ရှောင်ယွီအပေါ် အမြဲအာရုံစိုက်နေသည့် ဖုယွမ်ချွမ်းထံမှ တစ်ခုလေးပင် လွတ်မသွားပါချေ။ သူကထပြီး ရေနွေးနွေးလေးယူကာ မေးသည်။
"စမ်းရေထဲမှာ သွားစိမ်ချင်လား"
ရေနွေးနွေးလေးနှင့် လည်ချောင်းကိုစိူစွတ်စေပြီးနောက် ကျွမ်းချင်ယွီက ဖုယွမ်ချွမ်း၏လက်များကြားတွင် အားနည်းစွာလဲလျောင်းနေသည်။ သူကလက်ဝါးဖြင့် ပါးကိုထိန်းထားရင်း လေသံလေးဖြင့်ဆိုသည်။
"ခါးနာနေတယ်"
ဖုယွမ်ချွမ်းက အသံကိုနှိမ့်ကာ ရှောင်ယွီအား မေးလိုက်လေသည်။
"ကိုယ်နှိပ်ပေးရမလား"
"ကောင်းတာပေါ့"
ဖုယွမ်ချွမ်း၏လက်များကြားတွင် အနားယူရင်းဖြင့် ကျွင်းချင်ယွီက သူ့ကိုရီဝေဝေနှင့်ကြည့်လိုက်သည်။ ခေတ္တမျှစဥ်းစားပြီးနောက် သူကလက်မြှောက်ကာ မျက်နှာဘေးဘက်ခြမ်းကို ပုတ်လိုက်လေသည်။
ထိုအပြုအမူလေးဖြင့် ဖုယွမ်ချွမ်းက ငါးလေး၏ဆိုလိုရင်းကို ချက်ချင်း နားလည်သွားကာ သူ့ဘေးတွင်လှဲပြီး ဖက်ထားလိုက်သည်။
"သက်သာပြီလား"
"အင်း"ကျွင်းချင်ယွီက ညည်းညူလိုက်ပြီး ဖုယွမ်ချွမ်း၏လက်ထဲတွင်လှဲကာ သူအိပ်ရန်သက်တောင့်သက်သာဖြစ်သည့်နေရာကို ရှာလိုက်လေသည်။
"အိပ်ချင်လို့လား" ဖုယွမ်ချွမ်းက နူးညံ့စွာ ပြောသည်။
"ထပြီး တစ်ခုခုစားလေ"
အာဟာရဖြည့်ရန် မလိုအပ်ပါက ဖုယွမ်ချွမ်းအနေဖြင့် ငါးလေ။ကို အာဟာရဖျော်ရည် မတိုက်ချင်ပေ။ အရသာကဆိုးရွားပြီး ငါးလေးက မကြိုက်ချေ။
"မစားချင်ဘူး"
"တစ်ခုခုစားချင်လား၊ ရေခဲမုန့်ရော?၊ စတော်ဘယ်ရီဖက်ထုပ်?"
"..."
သူ့အောက်မှ ငါးလေး၏ကိုယ်တောင့်တင်းသွားသည်ကိူ ခံစားရ၍ ဖုယွမ်ချွမ်းက တည်တည်ငြိမ်ငြိမ်ပင် စကားပြောင်းကာ ပြောသည်။ "သရက်သီးဖက်ထုပ်?"
ခဏကြာပြီးနောက် ကျွင်းချင်ယွီက တိုးတိုးလေးပြောသည်။ "စတော်ဘယ်ရီလိုချင်တယ်"
"ကောင်းပြီ"
စမ်းရေစိမ်ခြင်းက ဤနာကျင်မှုများကို မြန်မြန်ဆန်ဆန် မသက်သာစေပေ။ ထို့အတူ ကျွင်းချင်ယွီက ကုသကန်ထဲတွင်လည်း တစ်နေ့လုံးထိုင်မနေလိုသဖြင့် အပန်းဖြေသကဲ့သို့ပင် ဘာမှမလုပ်ပဲ အေးဆေးသက်သာစွာပင် လှဲနေလေသည်။
ဖုယွမ်ချွမ်းက အစားအသောက်ပြင်ရန် ဆင်းသွားသည်။ ကျွင်းချင်ယွီက ခဏမျှတွေးကာ ငါးအမြှီးမပါသည့် ရေသူငယ်လေး၏သဏ္ဍာန်ကို ထိန်းသိမ်းထားလိုက်သည်။
နေရာလွတ်ထဲတွင် ပြင်ဆင်ထားသည့် ညဝတ်အသေးလေးကို ဝတ်လိုက်သည်။ ခေါင်းအုံးသေးသေးလေးကို ထားလိုက်ပြီးနောက် သူ၏ရွှေရောင်ဖျော့ဖျော့ ဆံနွယ်များက စောင်အစွန်းလေးတွင် ဖြန့်ကျနေသည်။
ဖုယွမ်ချွမ်းပြန်လာသည့်အခါ ငါးလေးကို စောင်ထဲတွင် တွေ့လိုက်ရ၏။ "ဘာဖြစ်လို့လဲ "
ကျွင်းချင်ယွီက ခေါင်းယမ်းကာ သူဘာမှမဖြစ်ကြောင်း အချက်ပြလိုက်သည်။ "ကျွန်တာ်သေးသွားတော့ အဲတာက(နာတာက) သိပ်မပြင်းထန်တော့သလိုပဲ"
ဘယ်နေရာကပဲအဆင်မပြေဖြစ်နေပါစေ၊ သိပ်မပြင်းထန်တော့ပေ။
လူသားအသွင်သဏ္ဍာန်က စွမ်းအင်ကို ပိုသုံးရ၍ဖြစ်နိုင်သည်။ ရေသူငယ်လေး၏အရွယ်အစားဖြင့်ဆိုပါက စွမ်းအင်သုံးစွဲရန် မလိုအပ်ချေ။ ပိုလျှံသည့် စွမ်းအင်များကို ခန္ဓာကိုယ်အား ထိန်းသိမ်းရန်အသုံးပြုလိုက်သည်။ ယင်းကြောင့် ကွာခြားချက်ရှိနေခြင်းပေလား။
ကျွင်းချင်ယွီ ခေတ္တမျှ စဥ်းစားပြီးနောက် ထိုအကြောင်းအရင်းဖြစ်နိုင်သည်ဟု ခံစားရသည်။
ဖုယွမ်ချွမ်းက ငါးလေးထရန် ကူညီလိုက်ကာ "တစ်ခုခုအရင်စားမလား"
"အိုခေ."
စတော်ဘယ်ရီဖက်ထုပ်များမှာ စတော်ဘယ်ရီများကို ကောက်ညှင်းဆန်အကာဖြင့် ထုပ်ထားခြင်းဖြစ်သည်။ ယင်းက မကြာသေးမီကမှ ထွက်ပေါ်လာသည့် ထုတ်ကုန်အသစ်ပင်။ ကျွင်းချင်ယွီက အကြိမ်အနည်းငယ်မျှ စားခဲ့သည်။ ဖုယွမ်ချွမ်းက အများကြီးကို ဝယ်ကာ အိမ်တွင်ထားထားသည်။ သို့မှသာ ငါးလေး အလိုရှိတိုင်း စားနိုင်မှာဖြစ်၏။
ဤသို့ စားလိုက်ရုံသာ...
ဖက်ထုပ်မှာ ကျွင်းချင်ယွီအသေးလေး၏ ကိုယ်တစ်ဝက်မျှရှိလေသည်။
ဖုယွမ်ချွမ်းက အထုပ်ကိုဖြည်ကာ တိုင်းကြည့်လိုက်သည်။ ယင်းက ငါးလေးစားရန် ကြီးလွန်းသည်ဟု ခံစားလိုက်ရသဖြင့် သူကပြောလိုက်သည်။ "ပြောင်းလိုက်ရအောင် "
"ပြောင်းစရာမလိုပါဘူး" ကျွင်းချင်ယွီ တစ်ကိုက်မျှကိုက်လိုက်ရာ ဖက်ထုပ်တွင် သွားရာပိစိလေးကျန်ခဲ့သည်။
သို့သော်လည်း ဖက်ထုပ်အလွှာမှာပါးပြီး စတော်ဘယ်ရီများ အပြည့်ဖြည့်ထားသဖြင့် သူကစတော်ဘယ်ရီတို့ကိုလည်း စားလိုက်ရသည်။
ဤသည်ကိုမြင်ပြီး ဖုယွမ်ချွမ်းက ဓားဖြင့် သေးငယ်အောင် လှီးဖြတ်ချင်လာသည်။ မူလက သူလှီးလိုက်ပါက အတွင်းဘက်မှ အစာသွပ်ထားသည်များ ထွက်ကျလာပြီး ရှောင်ယွီမကြိုက်တော့မည်ကို စိုးရိမ်ခြင်းပင်။
သို့သော်လည်း ရှောင်ယွီကိုကြည့်ရသည်မှာ ဤနည်းအတိုင်း စားလိုပုံရသည်။ ထို့ကြောင့် အတုံးသေးသေးလေးများက စားရသည်မှာ ပိုအဆင်ပြေသည်။
"ဖြတ်စရာမလိုပါဘူး" ကျွင်းချင်ယွီက စတော်ဘယ်ရီကို ပါးစပ်ထောင့်တွင် ဝါးရင်း ပြောလိုက်သည်။ "ဒီလိုပဲစားမယ်လေ"
"ဟုတ်ပါပြီ "
ကျွင်းချင်ယွီက စတော်ဘယ်ရီဖက်ထုပ်ကို ကိုင်ထားသည့် ဖုယွမ်ချွမ်း၏လက်ဝါးထဲတွင် ထိုင်လိုက်သည်။ သို့ဖြင့် သူကိုက်နိုင်သည်။
ဖက်ထုပ်အောက်တွင် ဖက်ထုပ်နှင့်လိုက်ဖက်သည့် သံခွက်အသေးလေးကို သုံးထားသည်။
ကျွင်းချင်ယွီက အလွန်နှေးကွေးစွာ စားနေလေသည်။ တစ်ခါတစ်ရံ သူကခေါင်းလေးစောင်းလျက် ကွန်ပျူတာဖန်သားပြင်ကို ကြည့်နေလေသည်။ ဖိုင်တွေအများကြီးကိုမြင်လျှင် အကြည့်လွှဲကာ ဖက်ထုပ်ကို ဆက်စားလေသည်။
အပေါ်လွှာက အလွန်ဝါး၍ကောင်းပြီး သကြားဖြူးထားရာ သူကသေးလွန်းသဖြင့် မျက်နှာထက်တွင် မလွဲမသွေ ပေကျံသွားစေ၏။
ဖုယွမ်ချွမ်းက ဖိုင်များကို ခေတ္တမျှ ကြည့်ပြီးနောက်တွင် ခေါင်းငုံ့ကာ ရှောင်ယွီပေါ်မှ သကြားမှုန်များကို သုတ်ပေးလေသည်။ ပြီးနောက်တွင် ဖိုင်များကို ဆက်ဖတ်နေသည်။
ကျွင်းချင်ယွီက သေးငယ်သွားပြီးနောက် မစားရတာကြာပြီဖြစ်သည့် သူ့ရှေ့မှ ဖက်ထုပ်များကို ကြည့်ကာ ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ သို့သော်လည်း အများကြီးစားပြီးနောက် အာခြောက်လာသည်။
ဖုယွမ်ချွမ်းက သူ့အလုပ်အပေါ် အာရုံစိုက်နေသဖြင့် ကျွင်းချင်ယွီက လက်ကို မြှောက်လိုက်ပြီး လက်သီးဆုပ်ဖြင့် ထုလိုက်သည်။
"ယွမ်ချွမ်း၊ ရေ"
ဖုယွမ်ချွမ်းက ရှောင်ယွီဖက်ထုပ်စားစဥ်က လုပ်ထားသည့် ကြည်လင်နေသည့် လက်ဖက်ရည်ပါသည့် သူ့ကိုယ်ပိုင်ခွက်ကို ယူလိုက်သည်။ လက်ဖက်ရည်အေးကို ရေခဲတုံးများဖြင့် ပြုလုပ်ထားသည်။
ရေသူငယ်လေးအတွက်ပြုလုပ်ထားသည့် ခွက်အသေးလေးထဲကို လောင်းထည့်ကာ ပေးလိုက်သည်။
"ရော့..."
ကျွင်းချင်ယွီက ယင်းကို လက်တစ်ဖက်တည်းဖြင့်ပင် ကိုင်နိုင်သည်။ သောက်ပြီးနောက်တွင် သူကခွက်ကိုမြှောက်ကာ ပြောလိုက်သည်။ "ထပ်ပေးပါဦး"
နောက်ထပ် နှစ်ခွက်သောက်ပြီးနောက်တွင် ကျွင်းချင်ယွီက သူ့ရှေ့ရှိ ကျန်နေသေးသော ဖက်ထုပ်များကိုကြည့်ကာ မစားနိုင်တော့ပေ။ သူကဖုယွမ်ချွမ်း၏လက်ကောက်ဝတ်ပေါ် လှဲချကာ ပြောလိုက်သည်။ "ငါးခြောက်စားချင်တယ်"
အချိုတွေအများကြီးစားလိုက်ရလျှင် ထပ်စားချင်တော့မည်မဟုတ်ပေ။ ထိုသို့သော ဖက်ထုပ်အကြီးကြီးဆို ပြောမနေပါနှင့်တော့။
"ကောင်းပြီ" လက်တစ်ကမ်းရှိအံဆွဲတွင် ရှောင်ယွီစားနေကျ သရေစာများရှိသည်။ ငါးခြောက်များအပါအဝင် ဖုယွမ်ချွမ်းက အခြားအရာများလည်း ထုတ်ယူလိုက်လေသည်။
သရေစာအသေးစားလေးများဖြင့် ဝန်းရံလျက် ကျွင်းချင်ယွီက ငါးခြောက်ကို ကိုက်လိုက်သည်။
ဖုယွမ်ချွမ်းကမေး၏။ "ဖက်ထုပ်မစားတော့ဘူးလား"
ကျွင်းချင်ယွီက ငါးခြောက်ကိုဖက်ကာ လိမ္မာစွာဆိုလာသည်။
"မစားနိုင်တော့ဘူး"
ထိုစကားကိုကြားပြီး ဖုယွမ်ချွမ်းက ဖက်ထုပ်အကျန်များကို စားလိုက်သည်။ ထိုသို့သောအချိုမုန့်မျိုးက ဖွင့်ပြီးသည်နှင့် ကြာကြာထား၍မကောင်းချေ။ တစ်ရက်အတွင်းမကုန်ပါက ပျက်စီးသွားနိုင်၏။
ကျွင်းချင်ယွီက ငါးခြောက်များစွာနှင့် အသားများစွာကို စားခဲ့သည်။
ဖုယွမ်ချွမ်းက အလုပ်ပြီးသွားလျှင် လက်တစ်ဖက်ဖြင့် မေးထောက်လျက် ငါးလေးစားနေသည်ကို ကြည့်နေလေသည်။ တစ်ခါတစ်ရံ လက်ဖက်ရည်ဖြည့်ပေးပြီး ပါးစပ်ကိုသုတ်ပေး၏။
ကြည့်ရတာ စားချင်စိတ်တွေ များနေသလိုပဲ။
သို့သော်လည်း ဤသည်မှာ အမြဲလိုလို စားနေကျများသာဖြစ်ပြီး သရေစာအမယ်အသစ်မရှိပေ။
အရမ်းပင်ပန်းသွားတာနှင့်များ ဆိုင်မလား။
ကျွင်းချင်ယွီက လက်နှိပ်စက်သံမကြားသဖြင့် မော့ကြည့်လိုက်ရာ ဖုယွမ်ချွမ်း သူ့ကိုကြည့်နေသည်အား တွေ့လိုက်ရ၏။ သူက မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ "
"ဘာမှမဟုတ်ပါဘူး" ထိုသို့ပြောလာသည်မှာ ရှောင်ယွီတစ်ယောက် ရှက်၍ဖြစ်ရမည်။ ဖုယွမ်ချွမ်းက ခန့်မှန်းလိုက်ပြီး အကြောင်းအရာကို ပြောင်းလဲလိုက်သည်။ "မင်းဗိုက်ဝပြီလား၊ အံဆွဲထဲမှာ ကျန်သေးတယ်"
"ဝပြီ" ရေသူငယ်လေး၏ အရွယ်အစားကို ပြန်ရောက်နေပါက ကျွင်းချင်ယွီ၏ အစာစားချင်စိတ်မှာ သေးငယ်သွားလိမ့်မည်။ ယခုမူ သူကိုယ်တိုင်ပင်မသိလိုက်ပါပဲ အချိုစာအများကြီးနှင့် အငံစာမုန့်များစွာကို စားမိလိုက်၏။
နောက်ထပ် လက်ဖက်ရည်တစ်ခွက်ဆို သူ ဝပေလိမ့်မည်။
လည်နေသည့်စားပွဲဘေးတွင် လျှောငယ်လေးများရှိ၏။ နောက်ဆုံးတော့ စားပွဲက နည်းနည်းမြင့်နေသည်။ အပေါ်အောက်တည့်တည့်တွင် နေရာယူလျှင် လျှောကျခြင်းက အရမ်းမြန်နေလိမ့်မည်။ လည်နေသည့်တစ်ခုက ပို၍လုံခြုံသည်။
ကျွင်းချင်ယွီက ခွက်သေးသေးလေးကို ချလိုက်ပြီး တစ်ခုခုယူရန် လျှောလေးမှ လျှောဆင်းလိုက်သော်လည်း တစ်ဝက်တွင် ရပ်လိုက်သည်။
ရှောင်ယွီကို စောင့်ကြည့်နေသည့် ဖုယွမ်ချွမ်းက အချိန်ကိုက်ပင် လှုပ်ရှားကာ သူ့လက်ချောင်းများဖြင့် ရှောင်ယွီ၏ကျောလေးကို ထိန်းလျက် ဖြည်းဖြည်းချင်း ချပေးလိုက်သည်။
Xxxxxxx