အပိုင်း ၁၄၆
Viewers 18k

Chapter 146


သေးသေးလေး ဖြစ်ရခြင်း၏အကျိုးကို သိရှိပြီးကတည်းက သူသည် အရွယ်အစားသေးကာ ဖုယွမ်ချွမ်းအလုပ်လုပ်ရာနောက်ကို လိုက်တော့၏။ တစ်ခါတစ်လေ၌ သူကရေသူလေးဖြစ်နေပြီး တစ်ခါတစ်ရံ၌ ရေသူငယ်လေးအရွယ်အစားဖြင့် ခြေနှစ်ချောင်းကို ပိုင်ဆိုင်ထားလေသည်။ (အမြှီးကို ခြေနှစ်ချောင်းအဖြစ် ခွဲလိုက်တယ်လို့ ရေးထားပါတယ်။ လူပိစိလေးဆိုတဲ့အဓိပ္ပါယ်ပါ)


အချိန်အများစု၌ ခြေထောက်လေးများအနေဖြင့် ရှိနေတတ်သည်။ သူပင်ပန်းချိန် သို့မဟုတ် အိပ်ငိုက်နေသည့် အချိန်မျိုးတွင်သာ ငါးအမြှီးလေးကို ပြောင်းလေ့ရှိ၏။ ပြီးနောက်တွင် ဖုယွမ်ချွမ်းပေါ်တွင် အိပ်ဖို့ နေရာရှာလိုက်သည်။


အလုပ်လုပ်နေသောဖုယွမ်ချွမ်းက မောက်စ်ကို လက်ထဲတွင်ကိုင်ထားကာ ဘေးတွင်တော့ အိပ်ပျော်နေသည့် ရေသူငယ်လေးက လဲလျောင်းနေလေသည်။


ခိုးကြောင်ခိုးဝှက်ဆိုသော်ငြား သက်တောင့်သက်သာဖြင့်ပင် သူက မောက်စ်ကို လွှတ်လိုက်ပြီး ငါးလေးကို မောက်စ်ကိုကိုင်ထားသကဲ့သို့ ကိုင်လိုက်၏။


ပုံမှန်အားဖြင့် ဤအချိန်မျိုးတွင် ရေသူငယ်လေးက အမြှီးလေးကိုယမ်းကာ သူ့လက်ကောက်ဝတ်ကို အမြှီးဖျားလေးဖြင့်ပတ်ထားတတ်သည်။ ပြီးနောက် မျက်လုံးလေးမှိတ်ပြီး လက်ချောင်းများကိုဖက်ကာ ကောင်းကောင်းပြုမူလျက် ပြန်အိပ်သွားတတ်လေသည်။ 


ဖုယွမ်ချွမ်းက လက်ကိုမြှောက်ကာ လှုပ်ရှားလိုက်လျှင် ရေသူငယ်လေးက သူ၏လက်ချောင်းများကို ကိုင်လျက်သားဖြင့် ပွတ်သပ်ကာ ရီဝေဝေမျက်နှာပေးလေးနှင့်အတူ မရေမရာအသံလေးပြုပြီး သက်ညှာဖို့တောင်းဆိုနေသည့် အမူအယာလေးဖြင့် သူ့အားမလှုပ်ရှားနိုင်အောင် ပြုလာသည်။


ဖိုင်ကိုဖတ်ပြီးချိန်တွင် ရေသူငယ်လေးလည်း နိုးလာသည်။


ဖုယွမ်ချွမ်းမှာ ရေသူလေးက ငါးအမြှီးဖျားလေးဖြင့် သူ့လက်ချောင်းထိပ်များကို ရစ်ပတ်လျက် ဤမျှတိုက်ဆိုင်သောအချိန်၌ နိုးလာသည်ကို အနည်းငယ် အံ့သြသွားသည်။ "ကိုယ်အပြင်ကို ခဏသွားမလို့၊ မင်းလိုက်ချင်လား"


"ဘာလုပ်သွားမလို့လဲ" ကျွင်းချင်ယွီ ထထိုင်လိုက်ပြီး သူ့ဘေးက ရှပ်လေးကိုယူကာ ဝတ်လိုက်သည်။ သူက အရွယ်ရောက်ပြီးအရွယ်အစားကို မပြောင်းရသေးချေ။ ရေသူငယ်လေးနှင့်ကွက်တိကျသည့် အင်္ကျီလေးမှာ အနည်းငယ်ဖုံးကာထားနိုင်သည်။


သူက ခြေထောက်ကို တိုက်ရိုက်ပင်ဖုံးအုပ်လိုက်ပြီး ခြေလှမ်းအနည်းငယ် လှမ်းကာ ဖုယွမ်ချွမ်း၏လက်ပေါ်တွင် ထိုင်လိုင်သည်။


အချင်းချင်း ထိတွေ့မိသွားသည့်အခိုက်အတန့်တွင် ဖုယွမ်ချွမ်း၏လက်ချောင်းများ တုန်ယင်သွားပြီး "ငါးလေး "


"ဟင်?"


ကျွင်းချင်ယွီက သူ့လက်ဖဝါးပေါ်တွင် သူထိုင်ရန် သင့်လျော်သည့်နေရာကိုသာ ရှာခဲ့ပြီး ဘာကိုမှသတိမပြုမိချေ။ သူက သူ့ဘေးရှိ အတွင်းဝတ်ဘောင်းဘီအသေးလေးကိုပင် လှည့်မကြည့်ခဲ့။


ဖုယွမ်ချွမ်း အနည်းငယ် တိတ်ဆိတ်သွားပြီး အကူအညီမဲ့စွာ ပြောလိုက်ရသည်။ "အရှုပ်တွေမလုပ်နဲ့"


"ဘာအရှုပ်မှမလုပ်ပါဘူး" ကျွင်းချင်ယွီက သူ့လက်ချောင်းထက်ကို မှီလိုက်ကာ "ခင်များ ဘယ်ကိုသွားမလဲဆိုတာ မပြောရသေးဘူး"


ဖုယွမ်ချွမ်းတစ်ယောက် မျက်ခုံးပင့်လိုက်ပြီး ရှောင်ယွီ၏ ကျဉ်းမြောင်းသွားသည့်မျက်လုံးများကို မလွတ်သွားချေ။ ဒီတော့ ဒါက သူအပြင်ထွက်မှာကို သိလို့ပေါ့လေ။


ကျွင်းချင်ယွီမှာ အပေါ်ယံတွင် အလွန်လိမ္မာရေးခြားရှိသယောင်ဖြစ်နေသော်ငြား သို့ပေသိ ဖုယွမ်ချွမ်းက တစ်စုံတစ်ခုကိုကြည့်နေသကဲ့သို့ ဘာစကားမှမဆိုပဲ သူ့ကိုကြည့်နေသည်ကို မြင်လိုက်ရရာ စိတ်ထဲမှပင် ကျယ်ကျယ်မရယ်နိုင်တော့ချေ။


နှလုံးသားထဲတွင် မရှင်းပြနိုင်သော မွန်းကြပ်မှုတစ်ခု ဖြစ်ပေါ်လာသည်။ပြဿနာတစ်ခုရှိနေကြောင်း ပင်ကိုယ်အသိက ပြောပြနေခြင်းကြောင့် ဖြစ်နိုင်သည်။ကျွင်းချင်ယွီ ချောင်းအသာဟန့်ကာ "ဒါက..."


နောက်တစ်ခဏတွင် သူ့လက်ချောင်းများကို အင်္ကျီစဖြင့် အလိပ်ခံလိုက်ရ၏။


ကျွင်းချင်ယွီ ထိတ်လန့်သွားကာ ဖက်လိုက်သော်ငြား ဘေးကိုရှောင်ဖယ်သွားသည်။


"!!!"


"အာ... ယွမ်ချွမ်း..."


"လိမ္မာလေ."


"Woo..."


"ရှုပ်ဦးမလား"


တိတ်ဆိတ်နေပြီး မည်သည့်အဖြေမှ မရှိချေ။ 


---


သတ်မှတ်ချိန်ထက် မိနစ်အနည်းငယ် နောက်ကျပြီးမှ အပြင်ထွက်ကာ ဖုယွမ်ချွမ်းက ကုတင်ဆီသို့ လျှောက်သွားသည်။ အိပ်ယာပေါ် လှဲချလိုက်ပြီး မျက်နှာတစ်ဝက်ကိုဖော်ကာ တစ်ဝက်ကို စောင်ထဲတွင်မြှုပ်ထားသည့် သူ၏ချစ်သူလေးကို နမ်းလိုက်ပြီး "တကယ်ကြီး ကိုယ်နဲ့မသွားတော့ဘူးလား"


"အင်း၊ မသွားဘူး" ကျွင်းချင်ယွီက ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ ခေါင်းမော့ပြီး ပြန်နမ်းလိုက်ကာ လက်ကိုယမ်းပြလျက်ဆိုသည်။


 "စောစောပြန်လာနော်"


"ကောင်းပြီ" ဖုယွမ်ချွမ်းက သူ၏ဆံပင်ရှည်တို့ကို ပွတ်သက်ပေးပြီး နားနောက်ထံပို့လိုက်ကာဖြင့် "ရှီခိုင်ရှင်းလာရင် မင်းပျင်းတဲ့အချိန် လမ်းထွက်လျှောက်နော်"


ကျွင်းချင်ယွီက သူ့စိတ်ထဲမှ အပြင်မထွက်ဘူးဟူ၍ တွေးရင်း ခေါင်းညိတ်ပြလိုက်သည်။


လက်ရှိတွင် အဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်ထားသည့် ပရောဂျက်တွေ အများကြီးရှိ၏။ အခြေခံကျကျပင် ဖုယွမ်ချွမ်းနှင့် ဖုချင်းဟန်တို့တွင် ဖြောင့်မတ်သည့် ဆက်ဆံရေးတစ်ခုရှိသည်။ သူတို့က မကျေမနပ်ဖြစ်စေမည့် နောက်ဆုံးရလဒ်များကို ရှောင်ရှားရန်အလို့ငှာ အခြားအင်အားစုများဖြင့် မရောနှောချေ။


ယင်းက ဖြစ်ပေါ်လာနိုင်သည့် ပြဿနာအချို့ကိုလည်း ဖယ်ရှားပြီးဖြစ်သွားသည်။


ကျွင်းချင်ယွီက ခဏမျှလှဲအိပ်လိုက်ပြီးနောက် အောက်ထပ်သို့ဆင်းကာ သူ့အတွက်ဖျော်ရည်တစ်ခွက်ကို ကြိတ်လိုက်သည်။


စက်ရုပ်ကို ဥာဏ်ရည်တုဖြင့် အစားထိုးထားသည်။ ဖျော်ပြီးသွားသည့် ဖျော်ရည်ခွက်ကို စက်ရုပ်၏ဗန်းထက်တွင် တင်လိုက်သည်။ စက်ရုပ်က လမ်းကြောင်းအား အလိုအလျောက် စီစဥ်မည်ဖြစ်ကာ ဖျော်ရည်ခွက်ကို မီးဖိုချောင်သို့ပြန်ပို့ပြီး ပန်းကန်ဆေးစက်ထဲ ထားမှာဖြစ်သည်။


ပန်းကန်ဆေးစက်က အပြည့်ထည့်စရာ မလိုပါချေ၊၊ တစ်ခုချင်း သန့်ရှင်းရေးလုပ်လျှင်လည်း အဆင်ပြေပြီး မြန်မြန်ဆန်ဆန်နှင့် တစ်မိနစ်အတွင်းတွင် သန့်စင်သွားလိမ့်မည်။


ကျွင်းချင်ယွီက ခဏမျှစဉ်းစားပြီးနောက် ညစာအတွက် ပါဝင်ပစ္စည်းများကို ပြင်ဆင်ရန်စီစဥ်လိုက်သည်။ ယင်းတို့ကို ကြိုချက်ထားခြင်းအားဖြင့် ညစာချိန်ကို သက်သာစေလိမ့်မည်။


ရှီခိုင်ရှင်း လာသည့်အချိန်တွင် ကျွင်းချင်ယွီက မီးဖိုခန်းထဲတွင် ရှိနေဆဲဖြစ်၏။


စက်ရုပ်မှ တံခါးကိုဖွင့်ပေးပြီးနောက် ရှီခိုင်ရှင်းက "အရှင်၊ နန်းတော်က မက်ခါလေ့ကျင့်ရေးခန်းကို အလှဆင်ပြီးပါပြီ၊ သွားကြည့်ချင်လား"


"စိတ်မဝင်စားဘူး " ကျွင်းချင်ယွီက သူ့လက်ထဲမှ ဓားကို မြှောက်လိုက်ပြီး အသားကို အလွှာပါးပါးလေးများလှီးကာ ဇလုံတစ်ခုထဲ၌ ထည့်လိုက်သည်။


"အင်ပါယာအရှင်က အရှင့်ရဲ့မက်ခါကို အဲဒီ့ကိုပို့ပြီးပြီ"


ကျွင်းချင်ယွီ၏မက်ခါအတွက်မူ ဖုယွမ်ချွမ်းက ထိခိုက်မှုများမှရှောင်ရှားရန် လူအနည်းငယ်ကို အတူစုပေါင်းပြီး လေ့ကျင့်ရေးခန်းထံ လုံလုံခြုံခြုံ ပို့ပေးဖို့ အမိန့်ပေးခဲ့သည်။ 


ရှီခိုင်ရှင်းကပြောသည်။ "အင်ပါယာအရှင်က အစှင့်ကို မက်ခါမောင်းတာ သင်ပေးချင်နေပုံပဲ"


"ကျွန်တော် အရင်သင်ပေးရင်ရော၊ အင်ပါယာအရှင်နဲ့ ထပ်တိုက်ရင် ပျော်စရာကောင်းတာပေါ့"


စကားပြောနေစဉ်တွင် ရှီခိုင်ရှင်းမှာ မျက်ခုံးပင့်ထားလျက်ရှိပြီး သူ၏ မက်ခါမောင်းနှင်မှုစွမ်းရည်ကို သိသိသာသာပင် ယုံကြည်မှုပြည့်ဝနေခဲ့သည်။


သူ၏မက်ခါကိုမောင်းနှင်နိုင်စွမ်းက ဖုယွမ်ချွမ်းထက် ပိုသာ၍တော့မဟုတ်ချေ။ သို့ပေသိ အင်ပါယာအရှင်မှာ သူ၏ဇနီးလေးကို သင်ပေးချိန်၌ ကြမ်းကြမ်းတမ်းတမ်း သင်ပေးမှာမဟုတ်၍ပင်။


အရင်ကတော့ မာရှယ်က အင်ပါယာတပ်သားသစ်များကို လေ့ကျင့်ပေးသည့်အခါတွင် သူကအကြည့်တစ်ချက်ဖြင့်ပင် လူတွေ၏စိတ်ကို တုန်လှုပ်စေခဲ့သည်။ သူဧကရီကိုကြည့်တဲ့ အကြည့်ကရော ဘယ်လိုအကြည့်မျိုးလဲ။


ကြမ်းတမ်းနေနေသာသာ အသံကျယ်ကျယ်ပြောပြီး သူ့ကိုခြောက်မိမှာကိုပင် စိုးရိမ်နေလောက်သည်။ 


ထိုစကားလုံးတို့ကို ကျွင်းချင်ယွီ ကြားသည့်အချိန်တွင် အသားလှီးဓားမှာ ငြိမ်သက်သွားပြီး အောက်ခံအပြားထက်၌ စိုက်လိုက်ကာ ရှီခိုင်ရှင်းကို ကြည့်ကာဖြင့် "ငါ မက်ခါကို ထိန်းချုပ်နိုင်တယ်၊ အရင်က စစ်သင်္ဘောပေါ်မှာ သင်ဖူးတယ်"


ဖုယွမ်ချွမ်းက အလွန်ဂရုတစိုက် သင်ကြားပေးခဲ့ပြီး ကျွင်းချင်ယွီသည်လည်း အကြိမ်အနည်းငယ် လေ့ကျင့်ခဲ့သည်။


ထိူအကြောင်းကိုတွေးပြီးနောက် ကျွင်းချင်ယွီမှာ အလုပ်မရှိဘဲ ပျင်းရိနေခြင်းကြောင့် ဓားကိုချပြီး ပြောလိုက်သည်။ 


"သွားစို့ ၊ ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးရအောင်"


သူ့တွင် ဖုယွမ်ချွမ်းနှင့် တိုက်ခိုက်ဖို့ရာ မက်ခါကို ထိန်းချုပ်ရန် ရည်ရွယ်ချက်မရှိပေ။ ကြည့်ရသည်မှာ မက်ခါကို အဆင့်တူ မဟုတ်လျှင် အဆင့်ကျော်၍ စိန်ခေါ်ဖို့ ရှိပုံပင်။


အမှန်တကယ်တိုက်ခိုက်ရေးစွမ်းရည်များက အတည်ငြိမ်ဆုံးဖြစ်သည်။


"ဟမ်?" ရှီခိုင်ရှင်းက ခေါင်းကုတ်လိုက်ပြီး "မဟုတ်ဘူး ၊ အရှင်..."


ကျွင်းချင်ယွီက လက်သုတ်လိုက်ပြီး ကုတ်အင်္ကျီတစ်ထည်ကိုယူလိုက်ကာ ဝတ်လိုက်သည်။ "စိတ်မပူပါနဲ့၊ မနက်ဖြန်တွေ့ဖို့ ကြိုးစားနော်"


ရှီခိုင်ရှင်း : "???"


"ကျွန်တော်အဲလိုဆိုလိုတာမဟုတ်..." 


သို့သော်လည်း ရှီခိုင်ရှင်းကို စကားအများကြီးပြောခွင့်မပေးဘဲ ကျွင်းချင်ယွီက ထွက်သွားလေသည်။


ရှီခိုင်ရှင်းမှာ အမြန်လိုက်သွားရုံသာ တတ်နိုင်သည်။ ရေကိုလွှတ်ပေးလိုက်ပြီး အရှင့်ကို သူ့အားရိုက်ခွင့်ပေးလိုက်သင့်လားဟု တွေးမိသော်ငြား ထိုသို့ရေကိုလွှတ်ပေးလိုက်ခြင်းက လေ့ကျင့်ရေးစည်းမျဥ်းဖြင့် မညီချေ။ (ရေစီးနှင့်အလိုက်သင့်လေးမျှောရင်လွယ်တယ်မလား၊ အလွယ်နည်းနဲ့ အရှုံးပေးပြီး နိုင်ခိုင်းလိုက်တာကို ဆိုလိုတယ်ထင်ပါတယ်)


အချိန်ရောက်၍ တစ်ခုခုဖြစ်ပြီး အရှင် ဒဏ်ရာရသွားလျှင် မည်သို့လုပ်ရမည်နည်း။  သူအပြစ်သားမဖြစ်လိုပေ။


ခက်ခဲလွန်းသည်။ တကယ့်ကို ခက်ခဲလွန်းလှပါ၏။


"မြန်မြန်လုပ်လေ"


"ဟင်? ဟုတ်ကဲ့ပါ!"


---


နန်းတော်ဘက်တွင် အမြဲတမ်းလိုလို လူအများကြီးမရှိတတ်ချေ။ အသစ်တည်ဆောက်ထားသော မက်ခါလေ့ကျင့်ရေးခန်းမှာ ကျွင်းချင်ယွီတစ်ဦးတည်းအတွက်သာဖြစ်သည်။


သူနေသည့်ဗီလာမှလွဲ၍ နှစ်ဖက်လုံးတွင် ရေသူငယ်လေးအတွက် ကန်များ ပြုလုပ်ထား၏။ မက်ခါလေ့ကျင့်ရေးခန်းမှာ သိပ်အသုံးမ၀င်သောကြောင့် နန်းတော်၏ဘေးတွင်သာ ထားရှိသည်။


ဤနေရာရှိ လေ့ကျင့်ရေးခန်းမှာ အာကာသယာဉ်ပေါ်ကထက် ပိုကြီးသည်။ အာကာသယာဉ်၏ သတ်မှတ်အရွယ်အစားအရ အခြားအရာများအတွက် နေရာလွတ်ချန်ထားရသဖြင့် အကျယ်အဝန်းက သေးသွားခြင်းပင်။


ကျွင်းချင်ယွီက မက်ခါထက်တွင် ထိုင်လိုက်ပြီး ရှီခိုင်ရှင်းသည်လည်း သူ့ဘေးမှ လေ့ကျင့်ရေးမက်ခါပေါ်တွင် ထိုင်လိုက်သည်။ 


"အရှင်၊ ဂရုစိုက်ပါ" ရှီခိုင်ရှင်းက တိုက်ခိုက်မည်မဟုတ်ချေ။ သိူ့သော်လည်း အရှင်က သူ့ကို လိုက်ဖမ်းနေချိန်တွင် ပြုတ်မကျအောင် ရှောင်ကြဉ်ရမှာဖြစ်သည်။


သူ့စကား၏အဓိပ္ပါယ်ကို နားလည်လိုက်သည့် ကျွင်းချင်ယွီ : "..."


"အစွမ်းကုန်သုံးပြီးတိုက်ပါ" အသံဆုံးသည်နှင့်တစ်ပြိုင်နက် ကျွင်းချင်ယွီက မက်ခါကို အလျင်အမြန် ထိန်းချုပ်လိုက်သည်။


ရှီခိုင်ရှင်းက ခေတ္တမျှ ထိတ်လန့်သွားသည်။ ယင်းက သူလမ်းလျှောက်ထွက်သည့်နေ့က တွေ့မြင်ခဲ့ရသော အပြင်းအထန် ခြယ်လှယ်သည့်နည်းစနစ်နှင့် ကွဲပြားလွန်းလှသည်။


သူတို့က သိပ်မဝေးကြချေ၊၊ မက်ခါ၏အရှိန်က အလွန်မြန်ပြီး ချက်ချင်းပင် သူ့ရှေ့ကိုရောက်လာသည်။ ရှီခိုင်ရှင်းတစ်ယောက် အမြန်ရှောင်လိုက်ရ၏။


ပထမတွင် ရှီခိုင်ရှင်းက အရှင့်ကို ထိခိုက်စေမိမှာကြောက်သဖြင့် တိုက်ခိုက်ခြင်းမပြုဘဲ ရှောင်ရန်သာ တွေးခဲ့၏။ သို့သော်လည်း သူ အမှန်တကယ် သတိပြုမိလိုက်ချိန်တွင်....


သူလုံလောက်အောင် မြန်မြန်မပြေးနိုင်တော့ဘူး! ။


"အစွမ်းကုန်ထုတ်သုံး..."


ရှီခိုင်ရှင်း : "..."


ဒါက ငါ့ကို ဆွံ့အသွားစေတာပဲ။


ရှီခိုင်ရှင်းက အော်လိုက်ပြီး သူနှင့်ထိပ်တိုက်တွေ့ဖို့ လှည့်လိုက်၏။


အနည်းငယ် လှုပ်ရှားပြီးနောက် မက်ခါသည် နံရံကို"ဝုန်း"ခနဲ ဝင်တိုက်မိသွားသည်။


သူ့နောက်ကျောနှင့် နံရံက ချိတ်မိနေကာ သူ့ကိုယ်တစ်ဝက်က နံရံထဲ၌ မြုပ်နေ၏။


ရှီခိုင်ရှင်းမှာ ရုန်းကန်ဖို့ကြိုးစားရင်း ယိမ်းခါနေ၏။ "အရှင်၊ မင်းက အရင်နေ့ကနဲ့လည်း မတူဘူး!"


ထိုစကားနှင့်အတူ ရှီခိုင်ရှင်းက ထိုသို့ကျွမ်းကျင်သည့် မက်ခါမောင်းနှင်နည်းစနစ်ကို ရက်အနည်းငယ်အတွင်း သင်ယူနိုင်မည်မဟုတ်ကြောင်းကိုလည်း ပြောလိုက်သေးသည်။ သူက အရှင်နှင့် မက်ခါမောင်းနည်းကို သင်ကြားနေချိန်မှာ အရှင်က တတ်ကျွမ်းပြီးဖြစ်နေပြီလား။


ဒီတော့ အဲဒီ့လိုမူကြိုကလေးအဆင့် ပြိုင်ပွဲက...


အတွေးပေါက်သွားပြီးသည့် ရှီခိုင်ရှင်: "..."


လူရွှင်တော်က ငါကိုယ်တိုင်ပဲ။


ဤသည်မှာ လေ့ကျင့်ပြီးနောက်ပိုင်း ကျွင်းချင်ယွီ၏ အစစ်အမှန် တိုက်ပွဲပင်။


"အရှင်က အရမ်းသန်မာပေမယ့် လက်လှမ်းမှီတဲ့အချိန်မှာ မကြမ်းဘူး၊ ကျွန်တော့်ကိုတိုက်ရိုက်ထိရင် ထိခိုက်မှာမဟုတ်ဘူး၊ ကျွန်တော် ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေကို လေ့ကျင့်ရမယ်"


ကျွင်းချင်ယွီက မျက်ခုံးပင့်ကာဆိုသည်။ "မက်ခါရဲ့ခေါင်း ပြုတ်ထွက်သွားအောင်ကန်လိုက်ရင် ကြမ်းပြီလား"


ရှီခိုင်ရှင်း : "???"


ရက်စက်သည်က ရက်စက်သည်ပင်။ ရုတ်တရက်ကြီး လက်တွေ့မကျ ဖြစ်လာသလိုပင်။


ရှီခိုင်ရှင်းက ချက်ချင်း ပြောလိုက်သည်။ "အရှင်၊ မက်ခါမှာသုံးတဲ့ ပစ္စည်းတွေက အရမ်းမာတယ်၊ မက်ခါနှစ်ခုက တစ်ခုနဲ့တစ်ခု တိုက်မိရင်တောင် အဲလိုဖြစ်မှာမဟုတ်ဘူး"


ယုံကြည်ချက်ရှိရှိ ပြန်ပြောပြီးနောက် ရှီခိုင်ရှင်းက ထိုအကြောင်းကို မတွေးပဲမနေနိုင်ချေ။ လေ့ကျင့်ရေးဖြစ်စေ တိုက်ခိုက်သည်ဖြစ်စေ ထိုသိူ့မဖြစ်ကြောင်းကိုတော့ အတည်ပြုနိုင်သည်။


ပြီးနောက်တွင် ရှီခိုင်ရှင်းက ခိုင်မာစွာပြောလိုက်၏။ "ကန်လို့မရဘူး၊ ကန်လို့ မရနိုင်ဘူး၊ ကိုယ်ထည်နှင့် ခေါင်းပိူင်းအများစုကို ပစ္စည်းကြီးတွေနဲ့ လုပ်ထားတာ၊ တပ်ဆင်ပြီးသွားရင် ဖြတ်လို့တောင်မရဘူး"


ထိုသို့ လုပ်၍မရပေ။ ယင်းက လက်တွေ့မကျပါချေ။


"မက်ခါရဲ့ခြေတွေလက်တွေကို ဆွဲဖြုတ်တာက ပိုကောင်းတယ်၊ အဲဒါက နည်းနည်းရက်စက်သလို ဖြစ်နေလိမ့်မယ်" 


သူပြောသည့်အတိုင်း ရှီခိုင်ရှင်းကမက်ခါ၏လက်နှင့် ခြေထောက်များ ပျံဝဲနေသည့် မြင်ကွင်းကို တွေးကြည့်ပြီး ခေါင်းတညိတ်ညိတ်လုပ်ကာ သူပြောလိုက်သည့်စကားကိုသူ သဘောတူလိုက်သည်။ ရက်စက်ကြမ်းကြုတ်လွန်းတယ်။


Xxxxxx