အပိုင်း ၁၄၇
Viewers 16k

Chapter 147


ထိုသို့ လုပ်၍မရပေ။ ယင်းက လက်တွေ့မကျပါချေ။


"မက်ခါရဲ့ခြေတွေလက်တွေကို ဆွဲဖြုတ်တာက ပိုကောင်းတယ်၊ အဲဒါက နည်းနည်းရက်စက်သလို ဖြစ်နေလိမ့်မယ်" သူပြောသည့်အတိုင်း ရှီခိုင်ရှင်းကဘမက်ခါ၏လက်နှင့် ခြေထောက်များ ပျံဝဲနေသည့် မြင်ကွင်းကို တွေးကြည့်ပြီး ခေါင်းတညိတ်ညိတ်လုပ်ကာ သူပြောလိုက်သည့်စကားကိုသူ သဘောတူလိုက်သည်။ ရက်စက်ကြမ်းကြုတ်လွန်းတယ်။


ကျွင်းချင်ယွီက ခေတ္တမျှ တွေးလိုက်ပြီး မက်ခါ၏လက်ကိုမြှောက်လိုက်ပြီး မက်ခါထဲမှထွက်ကာ မက်ခါ၏လက်ပေါ်တွင် ရပ်ရင်း ပြောလိုက်သည်။ "မင်း ခေါင်းကိုငုံ့ထား"


ရှီခိုင်ရှင်းက ကျွင်းချင်ယွီ၏ စကားအတိုင်း ရိုးသားစွာ ခေါင်းကိုငုံ့ချလိုက်သော်လည်း သူဘာလုပ်မည်ကို နားမလည်သဖြင့် ထူးဆန်းစွာမေးလိုက်သည်။ "ဘာဖြစ်လို့လဲ "


ကျွင်းချင်ယွီက ပြန်မဖြေချေ။ လှုပ်ရှားမှုက လျင်မြန်သပ်ရပ်စွာဖြင့် မက်ခါ၏လက်ပေါ်မှ လျှောက်လာပြီး လေထဲခုန်တက်ကာ ရိုးရှင်းစွာပြေးလာရင်း သူ၏ညာခြေထောက်ကို မြှောက်လျက် တိုက်ရိုက် ကန်ချလိုက်သည်။


ယင်းကို ပိတ်ဆို့လိုက်သည်။


ရှီခိုင်ရှင်း မက်ခါ၏ အကူအညီဖြင့် ပြန်ဆင်းလာပြီးနောက် သူ၏ထိန်းချုပ်ရေးခန်းထံ ပြန်ခုန်ဆင်းလိုက်သည်။


ကျွင်းချင်ယွီက ပေါ့ပေါ့ပါးပါးပင်ဆိုလာသည်။ "ကြည့်လိုက်၊ ကျသွားပြီ"


ရှီခိုင်ရှင်းက လက်မြှောက်ကာ သူ့ခေါင်းကို ထိကြည့်လိုက်သည်။ ယင်းက အနည်းငယ်အေးနေပြီး လေပြေအေးက လူကိူ တုန်ရီသွားစေ၏။


မက်ခါ၏ဦးခေါင်းက မြေပေါ်ပြုတ်မကျမှီ နှစ်ကြိမ်မျှ ခုန်သွားသေးသည်။ ပြီးနောက် ယင်းက မြေပေါ်ကျသွားပြီး လှုပ်ရမ်းလျက်ရှိကာ မြေများကို ကြေမွသွားစေလျက် ငယ်သံပါအောင်ငိုနေသည့်အလား မြည်နေသည်။


ကျွင်းချင်ယွီ၏ မပြောင်းလဲသည့်အသံကို နားထောင်ကာ ရှီခိုင်ရှင်းတစ်ယောက် ဗလာအကြည့်များဖြင့် ကြည့်လိုက်သည်။


တစ်ချက်ပဲ၊ တစ်ချက်ပဲ ကန်လိုက်တာနော်၊ မက်ခါက ကြယ်တာရာရဲ့ အသန်မာဆုံးပစ္စည်းတွေနဲ့ လုပ်ထားတာ၊ ဒါကို တည်ငြိမ်နေတုန်းလား၊


ဒါက လူတစ်ယောက်မှာရှိတဲ့ အင်အားဟုတ်လို့လား။


အာ မဟုတ်ဘူးပဲ။ အရှင်က ရေသူတစ်ကောင်လေ။


ဒါက ရေသူအမြှီးရဲ့ စွမ်းအင်တွေများလား


ရှီခိုင်ရှင်းမှာ ထိတ်လန့်လျက် တွေးနေမိသည်။ အရှင်သာ စစ်မြေပြင်မှာဆို သူလည်း မာရှယ်တစ်ယောက် ဖြစ်နေမှာပဲ။


ဒါပေမယ့် ကြယ်စုကြီး တစ်ခုလုံးမှာ ဒီလို တိုက်ခိုက်ရေးစွမ်းအားရှိတဲ့ ဒုတိယလူကို ရှာတွေ့မည်မဟုတ်ဘူး။


သူ နှေးကွေးလေးလံနေချိန်မှာပဲ ဘေးမှတံခါးက ပွင့်လာသည်။


အစည်းအဝေး ပြီးသွားသည်နှင့် ဖုယွမ်ချွမ်းက ရှောင်ယွီကိုရှာရန် တိုက်ရိုက်လာခဲ့သည်။


ဝင်လာသူက ဖုယွမ်ချွမ်းဖြစ်ကြောင်း ကျွင်းချင်ယွီ သတိပြုမိသွား၏။ 


"ယွမ်ချွမ်း"


"လေ့ကျင့်နေတာလား"


"မဟုတ်ပါဘူး၊ ရှီခိုင်ရှင်းက ကျွန်တော့်ကို မက်ခါမောင်းနည်းသင်ပေးနေတာ၊ ဒါပေမယ့် ကျွန်တော်မသင်နိုင်ပါဘူး..."


ပြောနေရင်းမှ ကျွင်းချင်ယွီသည် မက်ခါ၏ထိန်းချုပ်ခန်းမှ ခုန်ထွက်ကာ ဖုယွမ်ချွမ်းထံ ပြေးဝင်သွားပြီး လိမ္မာစွာဆိုလိုက်သည်။


 "ယွမ်ချွမ်း၊ ကျွန်တော့်ကိုသင်ပေးနော်"


ဖုယွမ်ချွမ်းက ရှောင်ယွီအားဖက်ရန် သူ့လက်ကို မြှောက်လိုက်ပြီး နူးညံ့စွာ ချော့လိုက်သည်။


 "ကောင်းပြီလေ"


.........


ရာသီဥတုက တဖြည်းဖြည်း ပူလာပြီး ကျွင်းချင်ယွီသည်လည်း အပြင်ကိုသိပ်မထွက်ချင်တော့ပေ။ ထို့ကြောင့် သူက ဘယ်ကိုမှမသွားပဲ အိပ်ခန်းထဲမှာသာ နေနေသည်။ နွေရာသီတွင် အပူဒဏ်မှ လွတ်မြောက်ရန် ရေသူလေးများအတွက် သင့်လျော်သော အပူချိန်ကို လျှော့ချထားသည်။


ဖုယွမ်ချွမ်းက သူနှင့်အတူ အိမ်တွင်နေပေးပြီး အင်ပါယာနှင့် ပတ်သက်သည့် ကိစ္စရပ်များကို မေးလ်ဘောက်ဖြင့် တိုက်ရိုက်ပေးပို့လိုက်သည်။ နံနက်စောစောတွင် ရုံးခန်းတံခါးကို တစ်ဝက်မျှဖွင့်ထားပြီး ဖုယွမ်ချွမ်းက ငါးလေးကိုဖက်ထားလျက် စာရွက်စာတမ်းများကို ဖတ်နေလေသည်။


အချို့အရာများကို ဧကရီက ကိုင်တွယ်သင့်တာဖြစ်သော်လည်း ရေခဲမုန့်စားနေသည့်ကျွင်းချင်ယွီကမူ မရေမရာအကြပ်အတည်းတစ်ခုကို ခံစားနေရသည်။ သူကခေါင်းမော့ကာ မြင်ကွင်းတစ်လျှောက် ကြည့်သွားလေရာ မျှော်လင့်ထားသလိုပင် ဖုယွမ်ချွမ်း၏မျက်လုံးများဖြင့် တွေ့ဆုံလိုက်ရသည်။ ကျွင်းချင်ယွီက မျက်တောင်ကို ပေါ့ပေါ့ပါးပါးခတ်လိုက်ပြီး ရေခဲမုန့်ကိုစားလျက် မေးသည်။ 


"ခင်များ ကျွန်တော့်ကို ဘာလို့ကြည့်နေတာလဲ"


ဖုယွမ်ချွမ်းက ခေါင်းငုံ့ပြီး ရေခဲမုန့်ကို အနံ့ခံလိုက်ကာ "ဘယ်နှဘူးမြောက်လဲ"


"မသိဘူးလေ"


ကျွင်းချင်ယွီက ရိုးသားစွာဖြင့် "ကျွန်တော်က သင်္ချာသိပ်မရဘူး"


ဖုယွမ်ချွမ်း မျက်ခုံးပင့်လိုက်ုာ "သုံးဘူး? ဟုတ်တယ်မလား၊ ဒီဘူးကုန်ရင် မင်းကို ထပ်စားခွင့်မပြုတော့ဘူး၊ မင်းဒီတလော ရေခဲမုန့်စားတာ အရမ်းများနေပြီ "


မူလရည်ရွယ်ချက်မှာ ရေသူငယ်လေးအား အအေးဒဏ်ခံနိုင်သော်လည်း အပူဒဏ်ကိုခံနိုင်ရည်မရှိဟု ယူဆစေရန်ဖြစ်သည်။ နွေရာသီ၌ အိမ်တွင်နေသည်မှာ ပျင်းစရာကောင်းလှသဖြင့် အစားအသောက်နှင့်ပတ်သက်ပြီး အများကြီး ဂရုမစိုက်ခဲ့ပေ။ သို့ပေသိ ရေခဲသေတ္တာထဲကို ရေခဲမုန့်ဖြည့်ရသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်ကာ (ရေခဲမုန့်မှလွဲ၍)အခြားဘာကိုမှမစားလျှင် အဆင်မပြေဖြစ်ပေလိမ့်မည်။


ကျွင်းချင်ယွီက ခေတ္တမျှတွေးလိုက်ပြီးနောက် ခွဲခြမ်းစိတ်ဖြာသလိုအသံတိုးတိုးလေးဖြင့် "သုံးဘူးလား၊ လေးဘူးထက်နည်းတာပဲ၊ အ့ကြောင့် သူတို့အားလုံးက ဝိုင်းပြီးသင်္ချာလုပ်ပါလို့ပြောတာ"


ရပ်လိုက်ပြီးနောက် ကျွင်းချင်ယွီက ရလဒ်ကိုခွဲခြမ်းစိတ်ဖြာကာ ယုံကြည်မှုရှိရှိပြောလာသည်။ 


"ကျွန်တော်ဘာမှမစားလိုက်ရသလိုပဲနော်"


ဖုယွမ်ချွမ်း : "..."


ဖုယွမ်ချွမ်းတိတ်ဆိတ်နေသည်ကို အခွင့်ကောင်းယူပြီး ကျွင်းချင်ယွီက အလျင်အမြန်ပင် နှစ်လုပ်ထက်ပိုစားလိုက်ကာ ရေခဲမုန့်ဘူးအလွတ်အား အမှိုက်ပုံးထဲသို့ ပစ်လိုက်လေသည်။ ကျွင်းချင်ယွီ နှုတ်ခမ်းကိုစုဝိုင်းလိုက်ပြီး ရေခဲမုန့်၏အအေးချိန်မှာ ရေသူလေးတစ်ကောင်အတွက်တော့ တစ်လုပ်စားရုံမျှဖြင့် ထုံကျင်သွားသည်အထိ မအေးပေ။


ရေခဲမုန့်ကို မျိုချလိုက်ပြီးနောက် ကျွင်းချင်ယွီက မရေမရာဆိူလိုက်လေသည်။ "ကျွန်တော် တစ်ဘူးလုံးမစားခဲ့ရပေမယ့်လည်း တကယ်လို့ ယွမ်ချွမ်းကမစားစေချင်ဘူးဆိုရင် မစားတော့ပါဘူးလေ"


(သုံးဘူးတောင်စားထားပြီးမှ ヅ )


ဖုယွမ်ချွမ်း : "??"


စကားလုံးများ၊ အကြည့်များနှင့် အမူအယာသေးသေးလေးတို့ကအစ အလွန်ချစ်ဖို့ကောင်းလွန်းသည်။ ရေခဲမုန့်ကို လုံးလုံးမမြိုချရသေးရာ လေသံထဲတွင် ချို့ယွင်းချက်လေး ရှိနေခဲ့သည်။


ဖုယွမ်ချွမ်းက လက်ကိုမြှောက်ကာ ကျွင်းချင်ယွီ၏ပါးပြင်လေးအား အသာအယာပွတ်သပ်လိုက်ပြီး ပြောလိုက်သည်။ 


"ရေခဲသေတ္တာထဲက ကျန်တာတွေကို သိမ်းလိုက်နော်"


ကျွင်းချင်ယွီက ဆေးဘက်ဝင်လက်ဖက်ရည်ကို တစ်ငုံ့မျှသောက်လိုက်ပြီး နာခံစွာဆိုသည်။ "ကျွန်တော် ခင်များစကားကို နားထောင်ပါ့မယ်"


စကားပြောပြီးသွားသောအခါ ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်ထဲတွင် မှီရင်းဖြင့် ဆေးလက်ဖက်ရည်ကို တစ်ခွက်ပြီးတစ်ခွက် သောက်လေသည်။ ဖုယွမ်ချွမ်းက စာရွက်စာတမ်းအချို့ကို အတည်ပြုပြီးနောက် သူကမေးလိုက်သည်။


"နောက်ကျရင် ဆိုင်ကို တစ်ချက်လောက် သွားကြည့်မလား"


လတ်တလောတွင် မေးလ်များပုံထပ်နေခြင်းမရှိရာ အားလုံးကိုကိုင်တွယ်ရန် အချိန်အများကြီးယူရန်မလိုအပ်ပေ။ ဖုယွမ်ချွမ်းကဆိုသည်။


"မကြာခင်က အင်တာနက်မှာ စတိုးဆိုင်နဲ့ပတ်သက်တဲ့ သတင်းတွေအများကြီး တက်လာတယ်"


"ဟင်?"


ကျွင်းချင်ယွီ အံ့အားသင့်သွားသည်။ သူက စတိုးဆိုင်ဖွင့်ပြီးနောက် ရက်အနည်းငယ်အတွင်းတွင် IDကိုပရိုမိုးရှင်းလုပ်ရန်အတွက်သာ အင်တာနက်ကို ဝင်ရောက်ကြည့်ရှုခဲ့ပြီး အခြားအတွက် မသုံးခဲ့ချေ။ 


သုံးရသည်မှ။ သိပ်မလွယ်သေး၍လည်း ဖြစ်နိုင်သည်။ ဂိမ်းဗီဒီယိုတွေကဲ့သို့ အရာများအပါအဝင် ကြယ်တာရာခေတ်၏ အင်တာနက်အချက်အလက်များမှာ သူ၏စိတ်ဝင်စားမှုကို မနှိုးဆွနိုင်ပေ။ သူအနေဖြင့် စိတ်ဝင်စားခြင်းမရှိချေ။ ထို့ကြောင့် သူအင်တာနက်ကြည့်သည့် အကြိမ်အရေအတွက်က နည်းပါးသည်။ 


ဖုယွမ်ချွမ်း အလုပ်မပြီးမှီ ကျွင်းချင်ယွီက ထလိုက်ပြီး ကုတင်ဘေးရှိ ဥာဏ်ရည်တုကို ယူလိုက်သည်။ အိပ်ယာပေါ်တွင် လှဲပြီးကြည့်ရမည့်အစား သူကဖုယွမ်ချွမ်းထံ ပြန်သွားလိုက်ပြီး ပေါင်ပေါ်တက်ထိုင်လိုက်သည်။ သူက ဖုယွမ်ချွမ်း၏ခါးကိုဖက်လိုက်ပြီး သူ့လက်များကြားတွင် သက်တောင့်သက်သာဖြစ်မည့်အနေအထားကို ရှာဖွေလျက် လဲလျောင်းလိုက်သည်။


ဖုယွမ်ချွမ်းက ခေါင်းငုံ့ကာ တစ်ချက်ကြည့်လိုက်ပြီး အကြည့်လွှဲလိုက်သည်။ သူ့အာရုံက ကွန်ပျူတာထက်တွင် ရှိနေသော်လည်း သူကရှောင်ယွီကို လက်တစ်ဖက်ဖြင့် ထိန်းပေးထားဆဲဖြစ်ကာ ကျန်လက်တစ်ဖက်ဖြင့် ကီးဘုတ်ကို နှိပ်နေခဲ့သည်။


ကျွင်းချင်ယွီက ဆော့ဖ်ဝဲကိုဖွင့်လိုက်ပြီး အချိုပွဲဆိုင်နှင့်ပတ်သက်သည့် hot search သုံးခုကို တွေ့လိုက်ရလေသည်။ အချိန်ကိုကြည့်လိုက်ရာ ယနေ့တင်ထားခြင်းမဟုတ်သော်ငြား အတော်ကြာအောင် ရှိနေသည်ပင်။


မှတ်ချက်များကိုကြည့်လိုက်ရာ အများစုမှာ ဘာလို့အချိုပွဲအရသာက သူတို့အရင်ကစားဖူးသည်နှင့် မတူရသလဲဟူ၍ ဖြစ်ကြသည်။


【ငါအဲဒီ့ကို အကြိမ်နည်းနည်းသွားဖူးတယ်၊ အချိုပွဲဆိုင်ဖွင့်တဲ့အခါတိုင်း ငါသွားခဲ့ပေမယ့် အရသာက အရှင်ရှိတုန်းကနဲ့ မတူသလိုပဲနော်၊ ငါပဲဒီလိုတွေးနေတာလား 】


【အရှင်ဆိုင်ဖွင့်တော့ ဆိုင်ထဲဝင်ဖို့ အရည်အချင်းမပြည့်တဲ့လူတွေက အော်ဟစ်နေကြတာပဲ 】


စမ်းရေပါသည့်အချိုပွဲနှင့် မပါသည့်အချိုပွဲများကြားမှ အရသာနှင့် အနေအထားတို့၏ ကွာခြားချက်မှာ ထင်ရှားလေသည်။ အင်ပါယာမှလူများမှာ စိတ်ပိုင်းဆိုင်ရာရောဂါများမရှိတော့ရာ သူတို့အနေဖြင့် စမ်းရေမလိုအပ်တော့ချေ။ နေရာလွတ်ထဲမှ သစ်သီးတိူ့အားစားရုံမျှဖြင့် လုံလောက်ပြီပင်။ ကျွင်းချင်ယွီက ထိုအကြောင်းကိုတွေးပြီး အပြင်အထွက်ခဲ့ပေ။


အပြင်ဘက်မှနေလုံးကြီးကိုကြည့်ရသည်မှာ နေ့လည်မွန်းတည့်ချိန်ကို ရောက်နေပုံရသည်။ ယခုအချိန်တွင် အပြင်ထွက်ပါက နေရှိန်အပြင်းဆုံးဖြစ်နေလိမ်မည်ဖြစ်ပြီး အပူချိန်ကလည်း အမြင့်ဆုံးဖြစ်နေပေလိမ့်မည်။ ပင်မကြယ်တွင် အပူချိန်အမြင့်အဆုံးအချိန်မှာ နေ့လည်မွန်းတည့်မှညရှစ်နာရီအထိဖြစ်သည်။ ထိုအချိန်နောက်ပိုင်းတွင် အပူချိန် စတင်ကျဆင်းသွားသည်။ အများကြီး စဥ်းစားပြီးနောက် ကျွင်းချင်ယွီက ခေါင်းယမ်းကာ ထိုအကြောင်းကို မေ့ပစ်ဖို့ရာဆုံးဖြတ်လိုက်သည်။


အပူချိန်ကျဆင်းသွားသည်အထိ စောင့်ပြီးမှ ဆောင်းဦး သို့မဟုတ် ဆောင်းရာသီမှသာ အပြင်ထွက်တော့မည်။ မှတ်ချက်များကိုထက်အောက်ဆွဲရင်း သူကြားနေရသည့်အသံရပ်သွားသည်ကို သတိပြုမိလိုက်သည်။ ကျွင်းချင်ယွီက ဥာဏ်ရည်တုကို ချထားလိုက်ပြီး ကြည့်လိုက်ရာ ဖုယွမ်ချွမ်းက ကွန်ပျူတာကို ပိတ်လိုက်သည်အား တွေ့လိုက်ရသည်။ သူကမေးလိုက်သည်။ ။


"ပြီးပြီလား"


"အင်း" ဖုယွမ်ချွမ်းက ရှောင်ယွီအား ကောက်ပွေ့လိုက်ပြီး အောက်ထပ်ကိုဆင်းလာခဲ့သည်။ 


"မင်း ဗိုက်ဆာပြီလား၊ ဘာစားချင်လဲ"


နေ့လည်စာချိန်ပင်ရောက်ချေပြီ။ ဖုယွမ်ချွမ်းက အလုပ်လုပ်နေချိန်တွင် ကျွင်းချင်ယွီက သူ့လက်ထဲတွင်လှဲလျက် သရေစာစားနေလေရာ ဗိုက်သိပ်ဆာလိမ့်ဦးမည်မဟုတ်ချေ။


ကျွင်းချင်ယွီက ခေတ္တမျှတွေးလိုက်ပြီး ပြောသည်။ "အဆင်ပြေပါတယ် ၊ ကျွန်တော် သိပ်မဆာသေးဘူး"


ထိုစကားကိုကြားပြီး ဖုယွမ်ချွမ်းက ရေခဲသေတ္တာကို ပုံမှန်အပူချိန်နိမ့်နိမ့်ဖြင့် တစ်ဝက်မျှဖွင့်လိုက်ကာ သူဘာလုပ်နိုင်သည်ကို ကြည့်လိုက်သည်။ ရာသီဥတုက အလွန်ပူနေလေရာ လူတွေကို အလွယ်တကူ စားချင်စိတ်ပျောက်အောင် လုပ်နိုင်လေသည်။


ကျွင်းချင်ယွီက သူ့လှုပ်ရှားမှုကို သတိထားမိသွားပြီး ခေတ္တမျှ အေးခဲသွားကာ လုံးဝလွတ်ကာ ဗလာဖြစ်နေသည့် ရေခဲမုန့်ထည့်သည့်အံလေးကို အမြန်ကြည့်လိုက်သည်။ ရေခဲသေတ္တာအတွင်းရှိ အဆက်မပြတ်ပြောင်းလဲနေသည့်အပူချိန်ကို မတူညီသော ဧရိယာများတွင် ခွဲခြားထားလေသည်။ အံဆွဲတစ်ခုတွင် အပူချိန်ကို ထိန်းချုပ်ထားနိုင်သည်။ အပေါ်ထပ်ရှိ အနည်းငယ်ပိုမြင့်သည့်အပူချိန်တွင် အအေးခံထားနိုင်ပြီး အလယ်ဆင့်ရှိ အပူချိန်နိမ့်နိမ့်တွင် လတ်ဆတ်သည့်စားစရာများကို ထိန်းသိမ်းထားနိုင်သည်။ အောက်ဆုံးထပ်အပူချိန်သုညတွင် အခဲခံနိုင်၏။


 ဤနည်းအားဖြင့် ထိုအထပ်ရှိ ရေခဲသေတ္တာတံခါးကိုဖွင့်လိုက်လျှင် အတွင်းရှိအံတစ်ခုလုံးကို မြင်နိုင်သည်။


 


"ဒါက..." ကျွင်းချင်ယွီ ချောင်းအသာဟန့်လိုက်ပြီး "ကျွန်တော်တို့မှာ အအေးခံထားတဲ့အရွက်နည်းနည်း ရှိတယ်မလား၊ အသုတ် ဒါမှမဟုတ် အဲလိုတစ်ခုခုဆိုရင်ရော"


"အရမ်းသက်သက်လွတ်ဆန်လွန်းတယ်"


ဖုယွမ်ချွမ်းက အသားအေးဟင်းလျာအချို့ကို ပြုလုပ်ရန် ကြိုးစားချင်ခဲ့သည်။ ဖုယွမ်ချွမ်းက နောက်ကို လှည့်မကြည့်ခဲ့သဖြင့် ရှောင်ယွီဖြစ်ပျက်နေသည်ကိုလည်း သတိမပြုမိချေ။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း ထိုအံနှင့် နီးသထက်နီးလာသည်ကိုကြည့်ကာ တည်တည်ငြိမ်ငြိမ်ပင် ကျောပေးလိုက်ပြီး နောက်ဆုတ်လိုက်သည်။ ကျွင်းချင်ယွီ မီးဖိုခန်းတံခါးကို မရောက်မှီအချိန်လေးမှာပင် ဖုယွမ်ချွမ်းက ထိုဗလာဖြစ်နေသည့်အထပ်ကို မြင်သွား၏။


______


(ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်၊ ဒီအပိုင်းကလေ ရေးရတာ အချိန်အကြာဆုံးပါပဲ၊ ဘာလို့ဆို အခုအပိုင်းကစပြီး E tranမရှိတော့ပါဘူး၊ Chinese free siteကို မရမကမွှေရှာခိုင်းထားပြီးမှ ggသုံးပြီး Engကိုပြောင်းထားတာမလို့ပါပဲ၊ ကိုယ်က တရုတ်စာမတတ်ပါဘူး၊ ဆိုတော့ MTLနီးနီးကိုမှ မြန်မာလိုပြန်ပြီး ဘာသာပြန်ထားရတာမလို့ အမှားပါရင် တစ်ချက်သည်းခံကြပါလို့)


ဒီအပိုင်းတွေက extra တွေပါ တစ်ချို့အပိုင်းတွေ အဆက်စပ်မရှိသလိုဖြစ်နေပါတယ် တစ်ခန်းရပ်ပုံစံလေးတွေ မင်မင်တို့တွေ့သမျှအကုန်ထည့်ပြန်ပေးထားပါတယ် 


💥အပိုင်းတွေရှာပေးထားတဲ့ reader လေးကိုကျေးဇူးတင်ပါတယ်💥


Xxxxxxxx