အပိုင်း ၁၄၈
Viewers 18k

Chapter 148


ပထမဆုံးအကြိမ်မြင်လိုက်ရသည့်အခါ ဖုယွမ်ချွမ်းက ယခင်က အံဆွဲတစ်ခုစီတွင် မည်သည်တို့အားထည့်ထားသည်ကို တွေးကြည့်လိုက်လေသည်။


ထိုအကြောင်းကို တွေးကြည့်ပြီးနောက် ဖုယွမ်ချွမ်း : "..."


ရေခဲမုန့်တွေကို သိမ်းလိုက်ဖို့ပြောတော့ ရှောင်ယွီအရမ်းနာခံမှုရှိနေတာ အံ့သြစရာမရှိတော့ပါဘူး။ 


ဖုယွမ်ချွမ်းက မျက်ခုံးတစ်ဖက်ကိုပင့်ကာ တိတ်တိတ်လေး အပြင်ကိုထွက်ပြေးနေသည့် ကျွင်းချင်ယွီကို ကြည့်လိုက်လေသည်။


"ငါးလေး?"


ကျွင်းချင်ယွီ ရပ်သွား၏။


"ဘယ်သွားမလို့လဲ "


ကျွင်းချင်ယွီက တိတ်တဆိတ်ရပ်နေပြီးနောက် ရှေ့သို့လှမ်းကာ လက်ဖက်ရည်တစ်ခွက်ကို လောင်းထည့်လိုက်ပြီး "ခင်များအတွက် လက်ဖက်ရည်ယူမလို့"


"ဒီအံက ဘာဖြစ်သွားတာလဲ"


ကျွင်းချင်ယွီက ပြောင်ရှင်းနေသည့်အံကိုကြည့်ကာ "ဟင်... ကြည့်ရတာ သူခိုးများလား၊ ဘာပဲဖြစ်ဖြစ် ရေခဲမုန့်က စျေးချိုတာမှမဟုတ်တာ၊ စျေးကြီးတဲ့အရာတွေကို ခိုးတယ်ဆိုတာ ပုံမှန်ပါပဲ"


"ကြည့်... ပင်လယ်စာတွေကိုထားလိုက်ပါဦး၊ ရေခဲသေတ္တာထဲမှာ အသားတွေရှိတယ်၊ သစ်သီးနှင့်အသီးအရွက်မျိုးစုံရှိတယ်၊ ဘယ်တစ်ခုက..."


သူတို့ထဲက ဘယ်ဟာမဆို ရေခဲမုန့်ထက် စျေးကြီးတာချည်းပဲ။


"အမ်း..." ဒါက ဖြေရှင်းဖို့ခက်လိုက်တာ။ ကျွင်းချင်ယွီက မျက်တောင်လေးခတ်လိုက်ပြီး ဖုယွမ်ချွမ်းက သူ့ထံမှ နောက်ထပ်စကားများကို မျက်လုံးများပါပြုံးလျက် စောင့်နေသည်။ 


"အဟမ်း... တကယ်တော့လေ..." ကျွင်းချင်ယွီက အဝတ်အစားများကို ဆွဲဆန့်လိုက်ပြီး ဖုယွမ်ချွမ်းက တိတ်တဆိတ် နောက်ကိုခြေနှစ်လှမ်းဆုတ်လိုက်သည်ကို ကြည့်လိုက်လေသည်။ သူတို့နှစ်ဦးကြားရှိ အကွာအဝေးကိုကြည့်ကာ ကျွင်းချင်ယွီက မည်သည့်စကားမှမဆိုပဲ လှည့်ထွက်ပြီး ပြေးတော့သည်။ 


 ဖုယွမ်ချွမ်း : "?"


နှစ်ယောက်သားက အလွန်နီးကပ်နေပြီး ဖုယွမ်ချွမ်းကလက်ကိုမြှောက်ကာ ရှောင်ယွီ၏ခါးလေးကို နောက်မှဖက်လိုက်လေသည်။


"ဘယ်ပြေးမလို့လဲ"


ကျွင်းချင်ယွီ မတတ်နိုင်ဘဲပါးစပ်ကလေး ဟလိုက်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကိုတွေးမိကာ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်၏။ 


"မိသားစုခေါင်းဆောင်က ရေခဲမုန့်စားတာနဲ့ပတ်သက်ပြီး ပြဿနာရှိလို့လား"


ဖုယွမ်ချွမ်း : "?" 


ကျွင်းချင်ယွီက အသာအယာနှာမှုတ်လိုက်ပြီး


"အာရုံစိုက်လေ၊ မိသားစုခေါင်းဆောင်က စကားပြောနေတယ်..."


"..." 


ပြောပြီးသည်နှင့် ဖုယွမ်ချွမ်း တိတ်ဆိတ်နေသည်ကိုမြင်လျှင် ကျွင်းချင်ယွီက သူ့လက်မောင်းကိုဖက်ပြီးပွတ်သပ်ကာဖြင့် "ရေသူလေးတွေရဲ့ အပူချိန်ခံနိုင်အားက လူတွေနဲ့မတူဘူးလေ"


"ကျွန်တော် အေးတယ်လို့မခံစားရဘူး"


"ခင်များ မရက်စက်ရဘူးလေ"


"ကျွန်တော်က မဆိုးပါဘူး "


ဖုယွမ်ချွမ်းက ကပ်ချွဲနေသည့်ငါးလေးကို ဖက်လိုက်ပြီး "ဒါပေမယ့် ရေခဲမုန့်က ချိုလွန်းတယ်၊ ဒါကြောင့် တော်သင့်ရုံပဲ စားသင့်တာ"


ကျွင်းချင်ယွီက ရိုးသားစွာပင်ခေါင်းညိတ်လာသည်။ 


"အဓိပ္ပါယ်ရှိတယ်၊ ကျွန်တော် ဒီနေ့တော့ တစ်ကိုက်လေးတောင်မစားတော့ဘူး"


ဖုယွမ်ချွမ်း : "...?"


ပြောင်ရှင်းနေသည့်အံနှင့် သူဖက်ထားသည့် ပြုံးနေသောငါးလေးကိုကြည့်ကာ ဖုယွမ်ချွမ်း ဘာကိုမှမပြောနိုင်တော့ပေ။


ကျွင်းချင်ယွီက ရေခဲမုန့်အံဆွဲကိစ္စကို ထပ်ဆွဲဆန့်မနေတော့ပဲ ပြောလိုက်သည်။


 "ညစာစားပြီးရင် စမ်းရေဆီကိုသွားရအောင်"


 


အချိန်ကိုရေတွက်ကြည့်လျှင် ဖူယွမ်ချွမ်းက မဝင်တာကြာပြီဖြစ်ကာ သူကတော့ ရံဖန်ရံခါ ရေချိုးရန်သွားတတ်သည်။


"ကောင်းပြီ"


ကျွင်းချင်ယွီက အသုပ်လုပ်ရန် သစ်သီးနှင့်အရွက်အချို့ကို ထုတ်ယူလိုက်သည်။ 


ဖုယွမ်ချွမ်းက ဘေးတွင်ရှိနေပြီး စခရင်ကိုသူ၏လက်ချောင်းထိပ်လေးဖြင့် ထိလိုက်သည်။ ကျွင်းချင်ယွီက သူတရားဝင်စီးပွားရေးကိစ္စ ဆွေးနွေးနေသည်ဟု ခန့်မှန်းလိုက်ပြီး ဘေးတွင် မည်သည့်စကားမှမဆိုပဲ တိတ်တဆိတ်နေလိုက်သည်။


ညစာစားပြီးနောက် မီးဖိုခန်းထဲတွင် စက်ရုပ်ကိုချန်ထားခဲ့ပြီး နှစ်ဦးသား နေရာလွတ်ထဲကို အတူတကွ ဝင်သွားလိုက်ကြသည်။ နေရာလွတ်ထဲတွင် နေနှင့်နေ့အလင်းဟူ၍ မရှိသော်ငြား တစ်နှစ်ပတ်လုံး သင့်လျော်သည့်အလင်းရောင်ရှိနေသည်။


ကျွင်းချင်ယွီက ဤနေရာလွတ်တည်ရှိကြောင်းကို ရှာဖွေတွေ့ရှိပြီးကတည်းက ဤကဲ့သို့ဖြစ်ခဲ့ပြီး အများကြီးမစူးစမ်းခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ကန့်သတ်ထားသည့်နေရာလွတ်ထဲ၌ အလင်းရောင်ရှိနေသည်မှာ ကောင်းသည့်အရာဖြစ်လေရာ ဘာဖြစ်သလဲဆိုတာ မမေးတော့ပေ။


ဖုယွမ်ချွမ်းက သောက်ရန်အတွက်ထားသည့် အခြားစမ်းရေကန်ထဲမှ ရေအချို့ကိုဖြည့်လိုက်ပြီး ဒိန်ချဉ် ၊ သစ်သီး၊ အရွက်တို့နှင့်အတူ ရောကာဖြင့် အချိုပွဲပန်းကန်အသေးလေး လုပ်လိုက်သည်။ ပြီးနောက်တွင် ရေကန်ထံပြန်သွားပြီး ငါးလေးအားခွံ့ကျွေးရန် ပြုလိုက်၏။


ကျွင်းချင်ယွီက အမြှီးလေးကိုယမ်းကာ တစ်ဖက်ကို ကူးလာသည်။ သူက ယခုလေးပင်စားပြီးဖြစ်ရာ အခြားအရာများကို မစားချင်ပေ။


"ကျွန်တော်ဝနေပြီ"


"လာပါ"


ကျွင်းချင်ယွီ မသိစိတ်ဖြင့်ကူးခတ်သွားပြီး သူကမ်းခြေကို ရောက်နေကြောင်း သတိပြုမိသွား၏။ 


"ပါးစပ်ဟ"


  


ကျွင်းချင်ယွီ ရွေးချယ်စရာမရှိတော့ပဲ သစ်သီးစိတ်သန့်သန့်လေးကို ကိုက်လိုက်ရသည်။


"နောက်ဆုံးတစ်ကိုက်နော်"


"ကောင်းပြီ "


ကျန်တာကတော့ ဘာမှသိပ်လုပ်စရာမရှိပေ။ သူသာဆက်မကျွေးလျှင် ခဏအကြာတွင် ငါးလေး ဗိုက်ဆာလာပေလိမ့်မည်။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းကိုကြည့်ကာ ခေတ္တမျှ စဥ်းစားလိုက်ပြီးနောက် သူ၏လက်ကိုကိုင်လိုက်ကာ တိုးတိုးလေးမေးလိုက်သည်။


"ခင်များရော အားယားနေတာနဲ့ အလုပ်များတာ ဘယ်ဟာကပိုကောင်းတယ်ထင်လဲ"


"ကိုယ့်အတွက်တော့ သိပ်မကွာခြားသလိုပါပဲ "


ဖုယွမ်ချွမ်းက အလုပ်​ရှုပ်​​နေခြင်းအား ကောင်းသည် ဆိုးသည်ဟု စံနှုန်းသတ်မှတ်ကာ ဆုံးဖြတ်​၍ရသည်ဟု မထင်​ပေ။


"ကွဲပြားနေတာကမင်းလေ"


ဖုယွမ်ချွမ်းက ရှောင်ယွီ၏ဆံပင်လေးများကို နားရွက်နောက်သို့ သပ်တင်ပေးလိုက်ပြီး "မင်းအလုပ်များများ မများများ၊ မင်းဒီမှာရှိနေလို့ကောင်းတယ်"


ထိုစကားကြားလိုက်ရလျှင် ကျွင်းချင်ယွီ၏မျက်ဝန်းလေးများ ကွေးညွတ်သွားသည်။ သူ၏ လက်ရှိဘဝမှာ ယခင်ကနှင့် ဝေးကွာလှသည်ဟု ရုတ်တရက် ခံစားလိုက်ရသဖြင့် ပေါ့ပေါ့ပါးပါး မေးလိုက်သော်လည်း ထိုကဲ့သို့သောအဖြေကို ပြန်ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။


တစ်ယောက်နှင့်တစ်ယောက် ကြည့်နေရင်း ကျွင်းချင်ယွီမှာ ဘာပြောရမလဲမသိတော့ချေ။ သူက ရိုးရိုးရှင်းရှင်းပင် လက်ဆန့်ကာ ကော်လာကိုဆုတ်ကိုင်လိုက်ပြီး စမ်းရေထဲကို သူ့(FYC)အား ဆွဲချလိုက်လေသည်။ သူတို့နေရာလွတ်ထဲမှ ထွက်လာသည့်အခါ အဝတ်အစားများမှာ စိုရွဲနေ၏။


ဖုယွမ်ချွမ်းက အိပ်ငိုက်နေသည့် ရှောင်ယွီအား ညဝတ်လဲ၍ ဆံပင်အခြောက်ခံရန် ကူညီပေးလိုက်သည်။ သူငါးလေးကိုဖက်ကာ လှဲအိပ်လိုက်ပြီးနောက် စောင်ပါးလေးကိုလည်း လွှမ်းခြုံပေးလိုက်လေသည်။


ကျွင်းချင်ယွီက ထိုအခိုက်တွင် လုံးဝအိပ်မောကျနေပြီဖြစ်၏။ ဖုယွမ်ချွမ်းက တိုးညှင်းစွာဆိုလိုက်သည်။ "ကောင်းသောညပါ"


ဖုယွမ်ချွမ်းက ဝိုးတဝါးဖြင့် တရေးနိုးလာချိန်တွင် မသိစိတ်ဖြင့် လက်ဆန့်ကာ ငါးလေးကို တင်းတင်းကြပ်ကြပ်ဖက်လိုက်၏။ သို့သော်လည်း သူ့လက်ထဲတွင် ဘာမျှမရှိချေ။ အမြဲလိုလို သူ့ရင်ခွင်ထဲ၌ နာခံစွာလဲလျောင်းနေလေ့ရှိသည့်ငါးလေးက အခုအချိန်တွင်တော့ ပျောက်နေသည်။


ရှောင်ယွီမှာ သူ့ထက် နောက်ကျမှ နိုးလေ့ရှိပြီး ရံဖန်ရံခါ နိုးလာလျှင်လည်း သူနှင့်အတူ တိတ်တဆိတ်လှဲနေကာ ထသွားလေ့မရှိချေ။ ဘယ်လိုလုပ်ပြီး...


ဖုယွမ်ချွမ်း မျက်လုံးကိုရုတ်တရက်ဖွင့်လိုက်သည့်အခါ သူ့ရှေ့က မြင်ကွင်းက ကွဲပြားနေတာကို တွေ့လိုက်ရသည်။ ယင်းက ဗီလာရှိသူ့အခန်းတွင်မဟုတ်ပဲ အလွန်ထူးဆန်းသည့်နေရာတစ်ခု ဖြစ်နေသည်။


  


တစ်အိမ်လုံး၏ အတွင်းပိုင်းအလှဆင်မှုမှာ လွန်ခဲ့သည့်နှစ်ပေါင်းတစ်ရာက ရှေးကမ္ဘာမြေခေတ်ကို ဆုတ်ခွာသွားပုံရသည်။ ပြတင်းပေါက်အပြင်ဘက်ရှိ မြေပြင်တွင် မောင်းနှင်နေသော ကားများက သူ၏ထင်မြင်ချက်ကို အတည်ပြုပေးလိုက်သည်။


ဧည့်ခန်းနှင့်တူသည့်အထပ်တွင် အစီအစဉ်တကျချထားသည့် စားပွဲနှင့်ခုံများရှိပြီး ရှေ့တွင် စကားပြောနေသည့် လူများရှိနေ၏။


"ဒီတစ်ခေါက် အလုပ်က ခက်တယ်၊ ဒါက ငါနဲ့ ငါ့ပြိုင်ဘက်ကြားက တရားဝင် ထိပ်တိုက်ရင်ဆိုင်မှု မဟုတ်ဘူး၊ ငါအောင်မြင်မှရမယ်၊ ကျရှုံးလို့မဖြစ်ဘူး "


"နောက်ထပ်ကတော့ ဒီမစ်ရှင်ရဲ့ အဓိကရည်ရွယ်ချက်ကို မိတ်ဆက်ပေးပါရစေ..."


စင်မြင့်ပေါ်ရှိ ပြောဆိုနေသူက အနီအောက်ရောင်ခြည်ဖြင့် ပရောဂျက်မျက်နှာပြင်ကို ညွှန်ပြနေပြီး ပရောဂျက်စာမျက်နှာကို လှန်ရန် သူ၏ညာလက်ဖြင့် ခြယ်လှယ်နေ၏။


ယင်းက အစည်းအဝေးတစ်ခုဖြစ်နိုင်သည်ဟု ဖုယွမ်ချွမ်း ခန့်မှန်းလိုက်သည်။ သူက ပြတင်းပေါ်နားတွင် ရှိနေပြီး ပြတင်းပေါက်က သိပ်မမြင့်ပေ။


ရိုးရှင်းသည့်စမ်းသပ်မှုလေးတစ်ခုက သူ့တွင်စိတ်စွမ်းအင်ရှိနေသေးကြောင်း ပြသနေပြီး ခုန်ချလျှင် ဒဏ်ရာရလိမ့်မည်မဟုတ်ချေ။ အစည်းအဝေးဘယ်လိုဖြစ်သွားမလဲဆိုသည်အား သူစိတ်မဝင်စားချေ။ ဖုယွမ်ချွမ်းအနေဖြင့် ရှောင်ယွီဘယ်မှာလဲဆိုတာကိုသာ သိချင်၏။


  


ထိုအခိုက်တွင် ရှေ့မှပရောဂျက်တာမျက်နှာပြင်တွင် အဓိကပစ်မှတ်၏ပုံပေါ်လာသည်။ သူပြတင်းပေါက်မှ မခုန်ချမှီ ဖုယွမ်ချွမ်းက တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်နှာက အေးခဲသွားသည်။ 


ထိုလူက အနက်ရောက်မျက်ဝန်း၊ ဆံပင်တိုများနှင့် ကျွင်းချင်ယွီလား။ မျက်ဝန်းနှင့်ဆံပင်အရောင်မှလွဲ၍ အရာအားလုံးနီးပါးက ရေသူလေးနှင့်တူလှသည်။ ဓာတ်ပုံကို ပြတ်သားစွာရိုက်ထားပြီး ပုံထဲရှိငါးလေးမှာ လေးနက်နေခဲ့သည်။


"ဒီလူက အကြမ်းဖက်အဖွဲ့အစည်းရဲ့ခေါင်းဆောင်ပဲ၊ အရမ်းအန္တရာယ်များတယ်"


ဖုယွမ်ချွမ်း မျက်ခုံးတစ်ဖက်ကို အသာပင့်လိုက်သည်။ အန္တရာယ်များတယ်ပေါ့? ၊၊ အဓိပ္ပါယ်မရှိတာတွေ။


ဖုယွမ်ချွမ်းအနေဖြင့် မူလတွင် ပါဝင်ရန် ရည်ရွယ်ချက်မရှိခဲ့သော်ငြား ပစ်မှတ်အဖြစ်ကျွင်းချင်ယွီတစ်ယောက် ပါဝင်လာသည့်အခါ သူသည်လည်း အပြင်ထွက်မနေနိုင်တော့ပေ။


စက်မြင့်ထက်မှလူများက ဆက်ပြောနေပြီး သူတို့၏ စကားလုံးများက ဤမစ်ရှင်ပန်းတိုင်၏ အခြေခံအခြေအနေတို့ကို ဖော်ပြနေခြင်းထက်မပိုပေ။


ဇာတ်ကောင်မှစ၍ ပြီးသွားသည့်အရာတွေအထိ အားလုံးက အခြားတစ်ဖက်လူအတွက် အန္တရာယ်ကို ဖော်ညွှန်း၍နေသည်။


ဖုယွမ်ချွမ်းက လက်ကောက်ဝတ်ကို ဆုပ်လျက် မသိစိတ်ဖြင့်လက်ချောင်းထိပ်များနှင့် ခေါက်လိုက်မိသည်။ ဥာဏ်ရည်တုက သူ့လက်ကောက်ဝတ်တွင် မရှိတော့ကတည်းက ရှောင်ယွီကို သူမဆက်သွယ်နိုင်တော့သဖြင့် တိတ်တဆိတ် စောင့်နေရုံသာ တတ်နိုင်တော့သည်။


ဤသို့ များပြားလှသည့် ထောက်ခံသူ လူများစွာလာသည့် အစည်းအဝေးကြီးနှင့် မစ်ရှင်ပန်းတိုင်များကိုခွဲခြမ်းစိတ်ဖြာခြင်းက မစ်ရှင်ပန်းတိုင်(ပစ်မှတ်)မကြာခဏ ပေါ်လာတတ်သည့် နေရာများကို ဖော်ပြမည်မှာ သဘာဝပင်ဖြစ်၏။


ဖုယွမ်ချွမ်းက ခေတ္တမျှစောင့်လိုက်ပြီး စင်မြင့်ပေါ်မှလူက နောက်pptကိုဖွင့်လိုက်ရာ တည်နေရာသုံးခုပေါ်လာသည်။


"မစ်ရှင်ရဲ့ပစ်မှတ်က အရမ်းသတိရှိပြီး သူ့ရဲ့တည်နေရာကိုရဖို့ အရမ်းခက်တယ်၊ ပထမဆုံးနေရာက သူပေါ်လာတဲ့နေရာပဲ၊ နောက်ဆုံးနေရာနှစ်ခုကတော့ စွမ်းအင်အသစ်တွေကို သိုလှောင်တဲ့နေရာဖြစ်တယ်၊ အဲဒီ့နေရာတွေကို နောက်ကျရင် သူသွားလိမ့်မယ်လို့ ခန့်မှန်းထားတယ်"


"ငါ့ဆီကျွင်းချင်ယွီကို ခေါ်လာနိုင်တဲ့ဘယ်သူမဆို အဖွဲ့အစည်းက ကြိုက်ရာဆုကို ရွေးချယ်နိုင်တယ်၊ ရှားပါးတဲ့စွမ်းအင်အပါအဝင်ပေါ့"


……


ဖုယွမ်ချွမ်း မျက်မှောင်အသာကြုတ်လိုက်၏။ ထိုစကားလုံးများနှင့် အလွန်ရင်းနှီးနေသည်။


ပြိုင်ဆိုင်မှု၏ ရည်ရွယ်ချက်မှာ ဤစွမ်းအင်ရင်းမြစ်လည်း ဖြစ်ပုံရသည်။


ဒါဆို သူကအခု ရှောင်ယွီ့ပြိုင်ဘက်အဖွဲ့ရဲ့ အဖွင့်ဝင်ဖြစ်နေပြီလား။


ထိုအကြောင်းကို တွေးနေစဥ် သူ့ဘေးမှလူများက တိုးတိုးလေး သက်ပြင်းချလိုက်သည်ကို ကြားလိုက်ရသည်။


“ငါ သူ့ဆီက သယံဇာတတွေ ဘယ်နှစ်ခါလောက် လုယက်ခံရမှန်းတောင် မမှတ်မိတော့ဘူး၊ နောက်ဆုံးတော့ အထက်အရာရှိတွေက ကိုင်တွယ်ဖြေရှင်းဖို့ စီစဉ်နေပြီလား”


“ငါတို့အဖွဲ့အစည်းမှာ ဘယ်သူလုယက်ခံရလဲလို့တောင် မမေးဘူး၊ ငါဆုံးဖြတ်လိုက်ပြီ၊ ကျွင်းချင်ယွီကို ဖမ်းမိတာနဲ့ ငါ့လက်နဲ့သတ်ပစ်မယ် ”


“သတ်မယ်လား၊ အထက်လူကြီးက ဘာကိုဆိုလိုလဲဆိုတာ မင်းမသိဘူးလား၊ သူ့ကိုယ်ကျိုးအတွက် အသုံးချချင်နေတာ အသိသာကြီးကို”


“ဒါဆိုလည်း ငါ့လက်နဲ့သူ့ကို ဖမ်းချင်တယ်!”


“အတူတူပဲ一 ”


ဖုယွမ်ချွမ်းက တစ်ဖက်လူကို ပြောင်းလဲခြင်းအလျဥ်းမရှိ ကြည့်လိုက်သည်။ သူ့ငါးလေးကို သူပဲဖမ်းခွင့်ရှိတယ်။


စင်မြင့်ထက်မှစကားပြောပြီးသွားသည့် အထက်လူကြီးက အဆိုပါဆွေးနွေးချက်များကို ကြည့်နေလေသည်။ ထိုသို့သော တုန့်ပြန်ချက်များကို ရလိုက်သဖြင့် သူကအတော်လေးကျေနပ်၍နေသည်။


အထက်လူကြီးက အသံကိုမြှင့်ကာ ပြောလိုက်သည်။


"အားလုံးအနေနဲ့ ကိုယ်တိုင်ရဲ့လုံခြုံရေးအတွက် ကျွင်းချင်ယွီကို မကြာခင်မှာ ဖမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"


“ဟုတ်ကဲ့ပါ!”


ဖုယွမ်ချွမ်းက တည်နေရာများကို မှတ်လိုက်ပြီး ဦးစွာထလျက် အပြင်ဘက်ကို လျှောက်လာလိုက်သည်။


Xxxxxx