အပိုင်း ၁၄၉
Viewers 17k

Chapter 149


လမ်းလျှောက်နေစဥ်တွင် သူက သူ၏မိုဘိုင်းဖုန်းကိုသုံးကာ ထိုတည်နေရာသုံးခုနှင့် ပတ်သက်သည့် သတင်းများကိုရှာဖွေလိုက်သည်။ ပထမတစ်ခုက ရှောင်ယွီပေါ်လာခဲ့သည့် ကော်ဖီဆိုင်ပင်။


သတင်းများအရ ယင်းက လက်ကြိတ်ကော်ဖီနုန့်ကိုသုံးသည့်ဆိုင်ဖြစ်ပြီး ကော်ဖီမှလွဲ၍ အခြားထူးခြားချက်ဟူ၍ မရှိပေ။


သူရှောင်ယွီအကြောင်း သိသလောက်ဆိုပါက သူတို့ကို တမင်တကာ မြင်တွေ့ခွင့်ပေးခဲ့ခြင်း ဖြစ်နိုင်၏။


ဒုတိယနှင့်တတိယနေရာမှာ ကွာခြားချက်မရှိချေ။ ရိုးရှင်းစွာ ခွဲခြမ်းစိတ်ဖြာရုံမျှဖြင့် မည်သည်ကငါးလေးနှင့်တူသည်ကို မြင်ရရန် ခက်ခဲလေသည်။


မြို့နှစ်ခုဖြစ်ကာ တစ်ခုက လက်ရှိဖုယွမ်ချွမ်းရောက်နေသည့်နေရာဖြစ်ပြီး အခြားတစ်နေရာကတော့ အတော်လေးဝေးသည်။


ဆန့်ကျင်ဘက်အနေဖြင့် ဖုယွမ်ချွမ်းက သူလက်ရှိရောက်နေသည့်မြို့ကိုသာ အာရုံစိုက်ထားလိုက်သည်။ ရှောင်ယွီရောက်လာပေလိမ့်မည်။


အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ အချိုပွဲများမှာ အလွန်အရသာရှိသည်လေ။


မိုဘိုင်းဖုန်းမှwebpageကို ပေါ့ပေါ့ပါးပါးပင် ဖွင့်လိုက်ရာ ပေါ်လာသမျှအချက်အလက်များမှာ ဤနေရာရှိ အချိုပွဲများအကြောင်းဖြစ်၏။ 


ဂိတ်ဝကို လျှောက်လာရင်း ဖုယွမ်ချွမ်းတွင် မည်သည့်မှတ်ဥာဏ်မျှ ရှိမနေပါချေ။


လက်ဗွေဖြင့်သော့ဖွင့်ခြင်းအပါအဝင် ဖုန်းပေါ်ရှိ အစစ်အမှန်နံပါတ်မှာလည်း သူ၏ကိုယ်ပိုင်နံပါတ်ဖြစ်သည်။ အချို့သောအချက်အလက်များမှာလည်း သူ့ကိုယ်ပိုင်များပင်ဖြစ်ပြီး လိပ်စာစာအုပ်တွင် ရှီခိုင်ရှင်းပင် ရှိနေသည်။ သူ့အနေဖြင့် သူတို့၏ဆက်သွယ်ရမည့် အချက်အလက်များကို သိနေသော်လည်း စာပို့ခြင်း ဖုန်းခေါ်ခြင်းများ မလုပ်ဆောင်နိုင်ပေ။


ထိုအချိန်က ဘာဖြစ်သွားသည်ကို နားမလည်နိုင်ဘဲ ဖုယွမ်ချွမ်းအနေဖြင့် ရှောင်ယွီအား ဦးစွာရှာရန်သာ စီစဉ်ခဲ့သည်။


သူ၏ပင်ကိုယ်အသိရ နိုင်ငံတကာအဖွဲ့အစည်းက မဖြေရှင်းလျှင် သဘာဝကျကျပင် ရန်သူ့အဖွဲ့အစည်းရုံးချုပ်၏အနီးတွင် ပေါ်လာလိမ့်မည်မဟုတ်ချေ။


ယင်းက ထောင်ချောက်ထဲ ကိုယ့်ကိုယ်ကိုယ် ပစ်ဝင်တာနှင့် တူ၏။


ရှောင်ယွီကို ဘယ်မှာရှာရမလဲဟု စဉ်းစားနေစဉ် ဖုယွမ်ချွမ်းသည် လမ်းလျှောက်နေသကဲ့သို့ပင် သူ့ရှေ့တွင် အနီးနားရှိ အချိုပွဲဆိုင်ထဲသို့ ဝင်သွားသည့် ရုပ်မဖျက်ထားသော ကျွင်းချင်ယွီကို လှမ်းကြည့်လိုက်သည်။


ဖုယွမ်ချွမ်း :“……”


အချိုပွဲဆိုင်တွင် တန်းစီနေသူများ အများအပြားရှိပြီး ယူနီဖောင်းဝတ်ထားသူကို မတွေ့ရချေ။ အဆုံးတွင် ယင်းက အလုပ်တစ်ခုဖြစ်လေရာ မည်သူကမှ အချိုပွဲဆိုင်၌ တစ်နာရီကြာတဲ့အထိ တန်းစီမည်မဟုတ်ပေ။


ပြန်ကြည့်လိုက်ရာ မည်သူကမှ သတိမထားမိချေ။


 လေထဲရှိ စီးဆင်းနေသည့်အော်ရာတွင် ဆွဲငင်အားမရှိပုံရ၏။


ကျွင်းချင်ယွီက မရိုးသားစွာလာရဲရာ သူက လုံလောက်အောင် ပြင်ဆင်ထားပေလိမ့်မည်။


ပြီးနောက် တစ်ဖက်တွင် ဝင်ပေါ်တစ်ခုတည်းသာ ရှိလေသည်။


ဖုယွမ်ချွမ်းက နောက်တွင်ရှိနေ၏။ ဤထောင့်မှနေ၍ ကျွင်းချင်ယွီ ရှေ့ကောင်တာတွင် ဘာပြောလိုက်သည်ကို မြင်နိုင်သော်ငြား အပေါ်ထပ်ကို တက်သွားသည့်အခါ မည်သူ့ကိုမှ မမြင်တော့ချေ။


ခါတိုင်းနှင့် နှိုင်းယှဉ်ပါက ယနေ့တွင် လူနည်းနေသေးပြီး ဖုယွမ်ချွမ်းသည်လည်း အကြာကြီးတန်းမစီခဲ့ရပေ။


ဆိုင်တွင် ဧည့်ခံချိန်ကိုသတ်မှတ်ထားပြီး ဖုယွမ်ချွမ်း၏နောက်တွင် အခြားမည်သူမျှမရှိတော့ချေ။


သို့သော်လည်း သူဝင်လာသည်နှင့်တပြိုင်နက် ဖုယွမ်ချွမ်းက တစ်ခုခုမှားနေပြီဟု သိလိုက်ရပြီး မသိစိတ်မှ နောက်ကိုခြေတစ်လှမ်းဆုတ်လိုက်ရာ ကြွေလက်ဖက်ရည်ခွက်မှာ အရှိန်ပြင်းပြင်းဖြင့် အပေါ်မှအောက်သို့ ပြုတ်ကျသွားသည်။


ထိုအခိုက်အတန့်တွင် ဖုယွမ်ချွမ်းက လက်ကိုဆန့်လျက်ဖမ်းလိုက်ပြီး လေထဲရှိရပ်တန့်နေသည့်လက်က အနည်းငယ်နိမ့်ကျသွားသည်။ ဤခွန်အားအရ ခွက်မှာ သဘာဝအတိုင်း ကျသွားခြင်း မဟုတ်တန်ရာ။ 


လက်ဖက်ရည်ခွက်ထဲမှ လက်ဖက်ရည်များက အနည်းငယ် လှုပ်ယမ်းသွားပြီး တစ်စက်လေးပင် လွှင့်စင်ခြင်းမရှိဘဲ ငြိမ်သက်သွား၏။ 


ဖုယွမ်ချွမ်းက လက်ဖက်ရည်ခွက်ကျသွားသည့်ဘက်ကို ကြည့်လိုက်ပြီး တစ်ချက်လေးဖြင့်ပင် ကျွင်းချင်ယွီအား တွေ့လိုက်ရသည်။ 


သူတို့ကထဲ မည်သူကမှ စကားမပြောကြချေ။


ကျွင်းချင်ယွီက တစ်ဖက်လူသူ့ကိုကြည့်ကာ လက်ဖက်ရည်ခွက်ကို လက်ဗလာဖြင့် ဖမ်းလိုက်ကတည်းက မျက်လွှာချထားသည့် မျက်ဝန်းများဖြင့် ပြောင်းလဲခြင်းအလျဥ်းမရှိ ကြည့်နေသည်။ 


ရိုးရှင်းစွာအကြည့်ချင်း ဆုံသွားခိုက်တွင် ကျွင်းချင်ယွီက တစ်ဖက်လူ၏အထောက်အထားကို မေးခွန်းထုတ်လိုက်မိသည်။


သူ့ကိုမြင်နိုင်သူမှာ အနည်းငယ်သာရှိလေသည်။ ထိုလူက နိုင်ငံတကာအဖွဲ့အစည်း၏ယူနီဖောင်းကို ဝတ်ထားပြီး သူ့ကိုမြင်သွား၏။ သို့သော်လည်း သူက မည်သည့်အံ့သြမှု၊ ပူပန်မှုကိုမှမပြပါဘဲ သူ့အပေါင်းအသင်းများကို မဆက်သွယ်ခဲ့ပေ။


ကျွင်းချင်ယွီက သူကြားသိထားသည့် အစည်းအဝေးအကြောင်း တွေးလိုက်ရင်း စားပွဲကို လက်ချောင်းထိပ်များဖြင့် ပုတ်လိုက်သည် ။ သူတစ်ယောက်တည်း ဖမ်းချင်နေတာများ ဖြစ်နိုင်လား။


သူ ဘယ်လောက် သန်မာလဲဆိုတာ ပြောဖို့ ခက်ပေမယ့် သူ့သတ္တိကတော့ ချီးကျူးစရာပင်။


ဤနေရာရှိလှုပ်ရှားမှုကို မည်သူကမှ သတိမပြုမိသော်လည်း ဖုယွမ်ချွမ်းတစ်ယောက်သာလျှင် ထိုပြုတ်ကျလာသည့် လက်ဖက်ရည်ခွက်ကို မြင်နိုင်ပုံရ၏။


ကျွင်းချင်ယွီက ခေတ္တမျှထိုင်ပြီးနောက် အချိုပွဲအနည်းငယ်ကို စားပွဲပေါ်ရွှေ့ကာ ငြီးငွေ့လာသဖြင့် ထပြီး အောက်ထပ်သို့ဆင်းသွားလိုက်သည်။


ရှောင်ယွီနှင်ပတ်သက်၍ တစ်ခုခုမှားနေသည်ကို ဖုယွမ်ချွမ်း သတိပြုမိပြီး မည်သည့်နေရာက မှားနေသလဲဆိုတာ သူခန့်မှန်းနိုင်၏။ ရှောင်ယွီထံတွင် (သူနှင့်ပတ်သက်သည့်)မှတ်ဥာဏ်ရှိပုံမရချေ။


ရှောင်ယွီဆင်းလာသည်ကိုကြည့်ကာ ဖုယွမ်ချွမ်းရှေ့ကိုတိုးပြီး နူးညံ့စွာပြောလိုက်သည်။


“ကိုယ်……”


ရပ်လိုက်ပြီးနောက် ဓားကဲ့သို့တစ်စုံတစ်ခုက သူ့ခါးနားလာထောက်သည်။ ကိတ်လှီးသည့်ဓား သို့မဟုတ် အချိုပွဲနှင့်အတူပါလာသည့် ဓားဖြစ်နိုင်၏။


ယင်းက ဖုယွမ်ချွမ်းကို မခြိမ်းခြောက်နိုင်ရာ အဝေးကိုတွန်းထုတ်လိုက်ဖို့ ရည်ရွယ်ချက်မရှိပါချေ။


ကျွင်းချင်ယွီကို သူ့ပုခုံးအား ကိုင်ထားခွင့်ပေးလိုက်ရင်း ရှောင်ယွီကသူ့ကို အချို့အရာများနှင့်ပတ်သက်ပြီး မေးမြန်းလိုပုံရသည်ဟု ခံစားလိုက်ရ၏။ ဖုယွမ်ချွမ်းက နောက်ပိုင်းတွင် ရှောင်ယွီအား ဘာပြောရမည်ကို ဂရုတစိုက် စဥ်းစားလိုက်သည်။


နောက်တစ်ခဏတွင် ဖုယွမ်ချွမ်းမှာ သူ၏လည်ပင်းနောက်ဘက်ရှိ နာကျင်မှုနှင့်အတူ သတိလစ်သွား၏။


သတိလစ်မေ့မြောသွားတဲ့လူကိုကြည့်လိုက်ပြီး ကျွင်းချင်ယွီက မျက်မှောင်ကြုတ်ကာ အကြောင်းပြချက်တစ်ခုခုကြောင့် မြေပေါ်လဲကျသွားသူအား ထောက်မဖို့ရာ သူ့ကိုဖမ်းရန် လက်ဆန့်လိုက်သည်။


နားထဲသို့ ထိုလူ၏အသက်ရှူသံရိူက်ခတ်လာသည့်အခါတွင် ကျွင်းချင်ယွီ တုန့်ဆိုင်းသွားပြီး မသိစိတ်က ထိုလူ့အား အဝေးကိုတွန်းထုတ်လိုက်ချင်သော်လည်း သူ့လက်ချောင်းထိပ်လေးများ လှုပ်ရှားသွားပြီးနောက် မတွန်းထုတ်လိုက်မိပါချေ။


ဘာကြောင့်ဆိုတာကို ကျွင်းချင်ယွီ ရှင်းမပြနိုင်ချေ။


ဤသည်ကိုကြည့်ပြီး အော်ဒါလက်ခံသည့်ကောင်တာမှ စားပွဲထိုးလေးက သူ့အလုပ်ကိုရပ်ကာ လျှောက်လာပြီး ဖုယွမ်ချွမ်းအား မဝံ့မရဲကြည့်ကာ "ဒီလူကျွန်တော့်ကိုများ လိုလား"


သူနှင့်စကားပြောနေစဥ်တွင် စားပွဲထိုးလေး၌ သိမ်မွေ့ယဥ်ကျေးသည့် အမူအယာရှိနေလေသည်။


"မလိုဘူး..."


စားပွဲထိုးလေးက ထိုစကားကိုကြားလျှင် နောက်ကိုတိတ်တဆိတ်ဆုတ်လိုက်ကာ ကျွင်းချင်ယွီအတွက် လမ်းလုပ်ပေးလိုက်သည်။


---


ဆိုင်ရှင်က အောက်ထပ်ကို အချိုပွဲဆိုင်ဖွင့်ပြီး အချိုပွဲဆိုင်၏ အပေါ်ထပ်ကိုမူ အထပ်လိုက် ငှားထားသည်။ ယင်းတွင် ကျွင်းချင်ယွီ အနားယူသည့်သီးသန့်နေရာလည်း ရှိသည်။


ကျွင်းချင်ယွီက ကုတင်ဘေးရှိ လျောင်းခုံပေါ်တွင် ထိုင်ကာ ဖုယွမ်ချွမ်းအား မှိုင်းညို့သောအမူအရာဖြင့် ကြည့်နေခဲ့သည်။


အခြေအနေအားညှိယူရန် တစ်ဖက်လူကို ကမ္ဘာ့အဖွဲ့အစည်းထံ ဆွဲခေါ်သင့်သည်။ သို့မဟုတ်လျှင်လည်း ရှေ့တွင်ရှိသောလူအား လွှဲပြောင်းပေးကာ လူထုထံမှ အသုံးဝင်သော သဲလွန်စများကို ရယူသင့်သည်။


ဒါပေမယ့်......


ထိုအတွေးများက သူ့စိတ်ထဲတွင် ဖြတ်ပြေးသွားသော်လည်း ထိုသို့လုပ်ရန် နည်းနည်းလေးမှ မစဉ်းစားနိုင်ပါချေ။ 


သူ့အနေဖြင့် သူ့ကိုယ်သူ လည်လိမ်ချိုးကာ ခေါင်းအားမပစ်လိုက်နိုင်ပေ။


(May be-ကိုယ့်သေတွင်းကိုယ်တူး)


ယင်းမှာ အနည်းငယ်ထူးဆန်းသည်။


ဘာကြောင့်ဆိုသည်ကို နားလည်နိုင်ရန် ကျွင်းချင်ယွီက သူ့ကိုဒေါသထွက်စေသည့်အရာများအား တွေးခြင်းမှ ရပ်တန့်လိုက်လေသည်။


မည်သို့ဆိုစေ လုပ်စရာဘာမှမရှိရကား သူကထိုင်နေပြီး ထိုလူနိုးလာသည်ကို စောင့်နေလိုက်သည်။


သူ သိပ်မကြမ်းတမ်းခဲ့သဖြင့် ပြိုင်ဘက်က အတော်ကြာအောင် မေ့နေမည်မဟုတ်ချေ။


သို့သော်လည်း နာရီလက်တံက တစ်ဝက်ရောက်လာသည်အထိ တစ်ဖက်လူက နိုးမည့်အရိပ်အယောင်မပြရာ ထူးဆန်းလို့နေပါ၏။ 


ကျွင်းချင်ယွီက မျက်မှောင်ကြုတ်ကာ စိတ်ကိုရှည်ရှည်ဆွဲဆန့်လိုက်ရင်း အေးစက်စွာ ဆိုလိုက်သည်။ "မျက်လုံးဖွင့်"


ထိုစကားကိုကြားပြီး ဖုယွမ်ချွမ်း သူ့မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။


ဖုယွမ်ချွမ်း ပူးပေါင်းဆောင်ရွက်သည်ကိုကြည့်ပြီး ကျွင်းချင်ယွီက သူ့ကို တစ်ချက်ကြည့်လိုက်ကာဖြင့် "အိပ်ချင်ယောင်ဆောင်နေတာလား"


သူ့အသံက အလွန်အေးစက်နေပြီး ဖုယွမ်ချွမ်းမှာ သူတုံ့ပြန်လိုက်ပါက နောက်အခိုက်အတန့်တွင် ရှောင်ယွီတစ်ယောက် ပေါက်ကွဲသွားနိုင်သည်ဟု ခံစားလိုက်ရသည်။


သိူ့သော်လည်း သူနိုးလာချိန်တွင် ဘာပြောရမည်ကို မသိတော့ချေ။


"အခုမှနိုးတာပါ" ဖုယွမ်ချွမ်းက ထပ်ပြောလိုက်သည်။ 


"တိုက်ဆိုင်သွားရုံတင်一"


ကျွင်းချင်ယွီက အေးစက်စက်နှာမှုတ်လိုက်ပြီး မည်သည့်စကားမှမဆိုချေ။


ငါးလေး၏ထိုပုံစံကိုကြည့်ကာ ဖုယွမ်ချွမ်းက အနည်းငယ်မောက်မာပြီးချစ်ဖို့ကောင်းသည်ဟု ခံစားလိုက်ရ၏။ သူကမပြောင်းလဲသော်လည်း အချို့လှုပ်ရှားမှုလေးများက သူ့ငါးလေးဆိုသည်ကို သက်သေပြနေသည်။


မှတ်ဥာဏ်များမရှိသည့်ရှောင်ယွီက ပိုပြီးသတိထားနေရုံသာဖြစ်သည်။ သူသာသင့်လျော်သည့် အကြောင်းပြချက်ရှာမတွေ့လျှင် ရှောင်ယွီက သူ့အားအနားကပ်ခွင့်မပြုတော့မည်ကို စိုးရိမ်မိလေသည်။


အသုံးမဝင်သည့်အရာတွေအတွက် အချိန်ဖြုန်းတာထက် အကျဉ်းသားအဖြစ်နှင့် အဖမ်းခံလိုက်ခြင်းက ပိုကောင်းသည်။


မူလက သူရှောင်ယွီအနားတွင်နေနိုင်လျှင် သူ့မှတ်ဥာဏ်ပြန်ကောင်းလာဖို့ ပိုလွယ်လိမ့်မည်ဟု တွေးခဲ့သလို ရှောင်ယွီက သူ့ကို စစ်ဆေးမေးမြန်းခန်းကိုလည်း ပို့နိုင်သည်ဟု တွေးခဲ့သည့်တိုင် သူ့စိုးရိမ်မှုများက အပိုဖြစ်နေမည်ဟူ၍ မမျှော်လင့်ထားချေ။


အခု သူ ရှောင်ယွီမှတ်ဉာဏ်ပြန်ရအောင် ဘယ်လိုလုပ်ရပါ့မလဲ။


ဖုယွမ်ချွမ်းက တွေးနေရင်း မည်သည့် စကားမျှမဆိုပေ။


သူ့ပုံစံက အိမ်ရှိအိပ်ယာတွင် အနားယူနေသကဲ့သို့ပင်။


ခဏကြာသည်အထိ သူပါးစပ်မဟသည်ကိုကြည့်ကာ ကျွင်းချင်ယွီ စိတ်မရှည်တော့ဘဲ ကုတင်ထက်မှကန်ချလိုက်ပြီး မေးလိုက်သည်။ "မင်းကို ဘယ်သူပို့လိုက်တာလဲ"


"ကိုယ့်ကို စစ်ဆေးနေတာလား " အခန်းပုံစံအရ စစ်ဆေးရေးအခန်းနှင့်မတူသည်ကို သတိထားမိသော်လည်း သူတို့၏လက်ရှိဆက်ဆံရေးမှာ အကျဥ်းသားနှင့် စစ်ဆေးသူကြားရှိဆက်ဆံရေးနှင့် အနည်းငယ်တူနေလေသည်။


သူ့လက်ကောက်ဝတ်ကို ရွှေ့လိုက်ရင်း ဖုယွမ်ချွမ်း အနည်းငယ်အံ့အားသင့်သွားရသည်။ လက်ထိပ်လား?


ယင်းက လက်ဗွေဖြင့်သော့ဖွင့်ရတာဖြစ်ပြီး အလွန်ခေတ်နောက်ကျနေသည့် အဆင့်မြင့်ဥာဏ်ရည်တုစနစ်ဖြစ်သည်။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း ထိုမေးခွန်းကို ပြန်မဖြေသည်ကို မြင်လျှင် နှစ်ခါပြန်မမေးတော့ဘဲ ထရပ်ကာ လည်ပင်းပေါ်တွင် ဓားမြှောင်ကို တင်လိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ သူ့ကိုကြည့်လိုက်သည်။


အနှီလုပ်ဆောင်ချက်ဖြင့်ပင် အရာအားလုံးကို ပြသဖို့ရာ လုံလောက်၏။


ဖုယွမ်ချွမ်းအနေဖြင့် အကြောင်းပြချက်ပေးရုံမှအပ မတတ်နိုင်တော့ချေ။ 


"ကိုယ်ဒီကို ပစ္စည်းဝယ်ဖို့လာတာပါ၊ ဘယ်သူလွှတ်တာမှမဟုတ်ရပါဘူး"


ထိုအကြောင်းပြချက်ဖြင့် အရူးလုပ်၍မရကြောင်း သူ့စိတ်ထဲမှသိနေသော်လည်း ခဏတာအချိန်ဆွဲချင်ရုံသာဖြစ်သည်။


ကျွင်းချင်ယွီက မျက်မှောင်ကြုတ်ပြီး တိုးတိုးလေးပြောသည်။ "ငါ့မျက်လုံးထဲကိုကြည့်"


ဖုယွမ်ချွမ်းက အလွန်တရာမှ ပူးပေါင်းဆောင်ရွက်ပေးလေသည်။ သူကမော့ကြည့်လိုက်ရာ အကွာအဝေးကအနည်းငယ်ပို၍ နီးကပ်သွားသည်။ ရှောင်ယွီ၏မျက်ဝန်းထဲတွင် ရွှေရောင်အရိပ်အယောင်ဖျော့ဖျော့လေး ရှိနေပြီး တောက်ပနေတဲ့အကြည့်က အခု သူ့အမြင် မှားသွားသလိုပင်။


သူအနီးကပ် မကြည့်လိုက်နိုင်မှီမှာပင် ကျွင်းချင်ယွီက မျက်နှာအားတစ်ဖက်လှည့်ကာ အဝေးကိုကြည့်လိုက်ပြီး အံကြိမ်ရင်း အေးစက်စက် အသံဖြင့်ဆိုလာသည်။ 


"ဒါဆိုလည်း ငါရယ်ပေးပြီးတာနဲ့ မင်းမျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်လေ"


(မရယ်ရတဲ့ဟာသလာပြောနေတာလားဆိုတဲ့အဓိပ္ပါယ်)


ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ၏မသိမသာရဲနေသည့် နားရွက်လေးများကိုကြည့်ကာ မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး "မင်းဘာလို့ နီနေရတာလဲ"


'ဝှစ်'


သူစကားမဆုံးခင်မှာပင် ဓားမြှောင်ဖျားက သူ့မျက်လုံးအထက်ကို ရောက်နေပြီဖြစ်သည်။ 


Xxxxxx