အပိုင်း ၁၅၀
Viewers 17k

Chapter 150


ဖုယွမ်ချွမ်းက မလှုပ်သလို စကားလည်းဆက်မပြောပေ။


ဓားမြှောင်ကိုင်ထားသော လက်မှာ ရုတ်ခြည်းဆိုသလို လျင်မြန်စွာ ပြေလျော့ပြီး ကျသွားသော်လည်း ကျွင်းချင်ယွီက တခဏချင်းပင် ဆုပ်ကိုင်လိုက်သည်။


ဖုယွမ်ချွမ်းက တစ်ချိန်လုံး မျက်တောင်တစ်ချက်ပင် မခတ်ပေ။


ဖုယွမ်ချွမ်းကပြောသည် ။ 


"ဒီမှာ အချိုပွဲနံ့သင်းနေတာပဲ၊ အချိုပွဲဆိုင်နဲ့ မဝေးလောက်ဘူး"


ဓာတ်လှေကားတစ်ခုရှိလေရာ ပစ္စည်းများကို အိမ်တံခါးအရောက် ပို့ဆောင်ရန် အားထုတ်မှုအများကြီး မလိုအပ်ချေ။ ထို့အပြင် လူအင်အားနှင့် ပစ္စည်းအရင်းအမြစ်များစွာလည်း မလိုအပ်ပေ။


ထိုစကားကိုကြားပြီး ကျွင်းချင်ယွီက မျက်နှာလွှဲကာ ထွက်သွားတော့သည်။ 


တံခါးပိတ်သံအကျယ်ကြီးက ဝုန်းခနဲထွက်ပေါ်လာသည်။


သဘောတူသည်၊ မတူသည်ကိုလည်း မပြောသွားခဲ့ပေ။


တံခါးနားရှိ ကြွေပုလင်းလေးက ကော်ဇောထက်ကိုပြုတ်ကျသွားသည်အား ဖုယွမ်ချွမ်း စောင့်ကြည့်နေလိုက်သည်။ ကြွေပုလင်းက နှစ်ပတ်မျှလိမ့်သွားသော်လည်း ကွဲမသွားခဲ့ချေ။


မထွက်သွားမှီက ရှောင်ယွီ၏ မျက်လုံးများကို ပြန်တွေးရင်း ဖုယွမ်ချွမ်း ပြန်လှဲချလိုက်သည်။


ဤငါးလေးက နည်းနည်းတော့ဆိုးသည်။


ချစ်စရာလည်းကောင်း၏။


ကျွင်းချင်ယွီက စိတ်လှုပ်ရှားပြီး ထွက်သွားရာ စားပွဲထိုးကို ဝင်တိုက်လိုက်သည်။


စားပွဲထိုးက ကမန်းကတန်း ထွက်လာပြီး နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ "


"သူ့ရဲ့အော်ဒါကို ပို့ပေးလိုက်ပါ"


"ဟုတ်ကဲ့"


ထိုအကြောင်းကို တွေးပြီးနောက် ကျွင်းချင်ယွီက "မေ့လိုက်တော့ "


"အာ?"


စားပွဲထိုးလေးက နေရာတွင်အေးခဲနေပြီး ကျွင်းချင်ယွီသူ့ဘေးမှ ဖြတ်သွားသည်ကို ခံစားမိသော်လည်း စေ့စေ့မကြည့်ရဲချေ။ ခြေသံကို ရှင်းရှင်းလင်းလင်း မကြားရသဖြင့် အချိန်အတော်ကြာအောင် ခေါင်းမမော့ရဲဘဲ ထိန်းထားရသည်။


ယခုမူ လျှောက်လမ်းက ရှင်းလင်း၍နေသည်။


---


ဗန်းကို ဖုန်ကာသည့်အရောင်ဖျော့ဖျော့အဖုံးဖြင့် ဖုံးထားသဖြင့် အတွင်းတွင် ဘာရှိသည်ကို ကျွင်းချင်ယွီ မမြင်နိုင်ချေ။ 


သို့ပေမယ့် ချိုမြိန်သည့်ရနံ့ကို အဖုံးမှတဆင့် အနံ့ရနေသည်။


ကျွင်းချင်ယွီက ဗန်းကို သယ်လာရင်းဖြင့် တစ်ချိန်လုံး မျက်မှောင်ကြုတ်ထားကာ သူ့အနေဖြင့် ဘာ့ကြောင့် ဒါကို သယ်လာခဲ့မိလဲဆိုသည်ကို နားမလည်တော့ချေ။


အလွန်စိတ်အနှောင့်အယှက်ဖြစ်နေရ၏။


ဓာတ်လှေကားထဲတွင် အချိုပွဲတွေ၏ရနံ့များ ပြည့်နေသဖြင့် ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်စေသည်။


ကျွင်းချင်ယွီက မသိမသာလေးတွေးလိုက်မိသည်။


အပေါ်ယူသွားလိုက်။

ပြီးရင် သူ့ခေါင်းပေါ်တင်ပေးထားလိုက်။


  သူအခန်းထဲကို လျှောက်ဝင်သွားသည့်အခါတွင် အမျိုးသားက အရင်အတိုင်း အိပ်ယာထက်တွင် ရှိနေသည်။


  ကျွင်းချင်ယွီ သူ့ကိုမြင်လိုက်သည့်အချိန်တွင် သူ့လက်ထဲမှအရာအား ထိုလူ့ခေါင်းပေါ် အမှန်တကယ် မတင်ပစ်လိုက်ချင်တော့ပေ။ 


  ထိုသို့သောအရာများတွင် ဘယ်အချိန်ကမှ မနစ်မွန်းဖူးသည့် ကျွင်းချင်ယွီက ဖြည်းညှင်းစွာ မျက်မှောင်ကြုတ်လိုက်သည်။ ခံစားချက်က မိုက်လွန်းသည်။


  ယင်းက သူ့အနေဖြင့် ပိုက်ဆံနောက်ကို လိုက်နေရသလိုပင်။


 သို့သော်လည်း  ဤခံစားချက်၏အရင်းအမြစ်က အခြားလူတစ်ယောက်ဖြစ်နေသည်။


  ကျွင်းချင်ယွီက တစ်ခဏမျှ တိတ်ဆိတ်နေသော်ငြား သူ့အကြည့်များကတော့ ဖုယွမ်ချွမ်းထံ ရောက်နေဆဲပင်။


  ဖုယွမ်ချွမ်းက တစ်နှစ်ပတ်လုံး အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရပြီး အန္တရာယ်ကို အာရုံခံရာတွင် အလွန်အထိမခံဖြစ်လေသည်။ သူက ရှောင်ယွီအား ခေါင်းမော့ကာကြည့်လိုက်ပြီး ညင်သာစွာမေးလာသည်။ "ပြန်လာပြီလား"


   


  ကျွင်းချင်ယွီက ခေတ္တရပ်လိုက်ပြီး သူ့စိတ်ထဲမှ အတွေးများကို ခဏဖယ်ထားလိုက်ကာ အချိုပွဲဗန်းကို အိပ်ယာပေါ်တင်ဖို့ရာ ခြေလှမ်းပြင်လိုက်သည်။


  "အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးပါ..." ဖုယွမ်ချွမ်းက ဗန်းကိုယူလိုက်ပြီး လက်တစ်ဖက်တည်းဖြင့် ကိုင်ထားသည်။ သူကအဖုံးကိုဖွင့်လိုက်ရာ အထဲတွင်ရှိနေသည်တို့မှာ စတော်ဘယ်ရီသုံးထားသည့်အရာများသာ ဖြစ်ချေ၏။ 


  ဤခေတ်တွင် တန်ဖိုးကြီး အချိုပွဲဆိုင်များက ယေဘူယျအားဖြင့် ဈေးမကြီးသော စတော်ဘယ်ရီကိုသာ သုံးကြသည်။


  အဆုံးတွင် စတော်ဘယ်ရီကိတ်အား စည်သွပ်အသီးများကဲ့သို့ပင် စျေးကြီးပေး၍ ဝယ်ခဲ့ရသည်။ ယင်းက ဖောက်သည်များကို ထိန်းထားနိုင်လေသည်။ (နားလည်သလိုပြန်ထားပါတယ်)


  ဖုယွမ်ချွမ်းက စတော်ဘယ်ရီကိတ်အသေးလေးကို ယူလိုက်ပြီး "စားကြည့်မလား"


  ကျွင်းချင်ယွီက သူ့ကို စိုက်ကြည့်ပြီးနောက် မျက်နှာလွှဲလိုက်ကာ ခေါင်းကို လှည့်၍ ပြတင်းပေါက်ကို ငေးကြည့်နေလိုက်သည် ။


  တုံ့ပြန်မှုမရှိသော်လည်း ဖုယွမ်ချွမ်းက အလျင်မလိုပဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။


  ခဏအကြာတွင် ဖုယွမ်ချွမ်းက အေးတိအေးစက်အသံကို ကြားလိုက်ရ၏။ "ငါအချိုမစားဘူး"


  ထိုစကားကိုကြားပြီး ဖုယွမ်ချွမ်း မျက်ခုံးတစ်ဖက်ကို ပင့်လိုက်မိသည်။ ထိုစကားစုနှင့်ပတ်သက်၍ အနည်းငယ်သိချင်သွား၏။ သူ့အဆင့်အတန်းကြောင့် မေးခွန်းထုတ်ခံရမှာစိုးလို့ မစားတာများလား။


  ဒါပေမယ့် ကိတ်မုန့်ကို အောက်ထပ်ကလူတွေလုပ်ပေးပြီး ရှောင်ယွီကိုယ်တိုင် ယူလာခဲ့တာပါ။


  အချိုပွဲလုပ်သည့်သူက ရှောင်ယွီ၏ကိုယ်ပိုင်လူဖြစ်နိုင်သည်။ ဆိုလိုသည်မှာ ရှောင်ယွီက အချိုပွဲ၌ ဘာအမှားအယွင်းမှမရှိသည်ကို သိသည့်အတွက်ကြောင့် ဖြစ်နိုင်ခြေက လက်ရှိသူ၏အထောက်အထား(အဆင့်အတန်း)သာ ရှိတော့သည်။


  သူကဆိုင်၏ signatureအချိုပွဲတွေကို မှာယူခဲ့ခြင်းဖြစ်ပြီး အားလုံးက ရောင်းကောင်းသည်။ ရှောင်ယွီကြိုက်မည်မှာ သေချာ၏။


  သို့သော်လည်း ယခုမူ ပြဿနာလေးတစ်ခုကြုံလာသည့်အတွက် ဖုယွမ်ချွမ်းက စတော်ဘယ်ရီကိတ်လေးတစ်စိတ်ကိုသာယူပြီး သူ့ဘာသူစားလိုက်လေသည်။


  သူကိတ်တစ်ဝက်မျှစားပြီးချိန်တွင် ကျွင်းချင်ယွီက ခုံတန်းရှည်ပေါ်တွင် ခေါင်းချလျက်မျက်လုံးများမှိတ်ထားသည်မှာ အိပ်ပျော်နေသည့်အလား။


    လူတစ်ယောက်က တကယ်အိပ်နေတာလား ဒါမှမဟုတ် အိပ်ပျော်ဟန်ဆောင်နေတာလားဟူသည်ကို ပြောရန်မှာ မျက်လုံးကိုမှိတ်ထားသလားဆိုသည့်အပေါ် အခြေခံခြင်းမဟုတ်ဘဲ အသက်ရှူနှုန်းနှင့် အမျိုးမျိုးသော အသေးစိတ်အချက်အလတ်များအပေါ်တွင် အခြေခံသည်။


  “မင်းကိုယ့်ကို စစ်မေးမှာမဟုတ်ဘူးလား”


  “မင်းဘာသိထားလဲ”


  ဖုယွမ်ချွမ်းက ခဏမျှစဥ်းစားလိုက်သော်ငြား သူ့မှတ်ဥာဏ်ထဲတွင် သူ့ရှေ့ရှိ ဤကမ္ဘာကြီးအကြောင်း ဘာမှမရှိပါချေ။


  ဖုယွမ်ချွမ်းက ပွင့်ပွင့်လင်းလင်း ဆိုလိုက်သည်။ “အခုအစည်းအဝေးမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကိုယ်သိတယ် ”


  ကျွင်းချင်ယွီ သူ့အားစိုက်ကြည့်လိုက်သည်။ ဒီတော့ အဲတာက မင်းဘာမှမသိတာနဲ့ ဘာများထူးတော့လို့လဲ။


  ဖုယွမ်ချွမ်းက ချောင်းအသာဟန့်လိုက်ပြီး ရှောင်ယွီ့မျက်လုံးများ၏အဓိပ္ပါယ်ကို မတော်တဆသိလိုက်ရသည်။ ပြီးခဲ့သည့်အစည်းအဝေး၌ ရှောင်ယွီလည်းရှိနေမည်ကို သူခန့်မှန်းမိလိုက်သည်။


  တွေးကြည့်ပြီးနောက် ယင်းကအကြောင်းပြချဖြစ်နိုင်သည်ဟု ဖုယွမ်ချွမ်း တွေးလိုက်သည်။ ရှောင်ယွီအနေဖြင့် နေရာလွတ်အားသုံးကာ မည်သူ့ကိုမှ သတိမထားမိစေဘဲ အစည်းအဝေးကို လာ၍ရသည်ပင်။ ထိုနေရာ၌ အစည်းအဝေးလုပ်နေစဥ်အတွင်း လူတွေအများကြီးရှိနေသည်အား ထပ်ပေါင်းထည့်လျှင် သူ့အားရှာတွေ့နိုင်ခြေမှာ အလွန်နည်းပေသည်။


  အစည်းအဝေး၌ ထိုသို့အကြီးအကျယ်ငြင်းခုန်ရန် ထိုလူများ မည်သည်ကိုတွေးနေသည်ကို မသိနိုင်ပေ။


  လောလောဆယ်တွင် ထိုလူများ၏အတွေးတို့ကို ဘေးပို့ထားလိုက်ကာ ဖုယွမ်ချွမ်းက ခွဲခြမ်းစိတ်ဖြာလိုက်သည်။ "အဲဒီ့စွမ်းအင်သစ်နှစ်ခုထွက်လာတဲ့နေရာမှာ လူတွေအများကြီး ရှိနေလိမ့်မယ်၊ ပိုကောင်းတဲ့ဖြစ်နိုင်ချေက သူတို့က မင်းသွားချင်တဲ့နေရာနဲ့ ဆန့်ကျင်ဘက်ကို ခန့်မှန်းကြလိမ့်မယ်၊ တကယ်သို့ သူတို့သာ တစ်ယောက်နှင့်တစ်ယောက် ထိပ်တိုက်တွေ့ရင် အဲဒီ့လူအစုလိုက်အပြုံလိုက်နည်းဗျူဟာက ခက်ခဲမှာပဲ ..."


  "တစ်ဦးချင်းတိုက်ရင် သူတို့က မင်းဆိုတဲ့ကျွင်းချင်ယွီရဲ့ ပြိုင်ဘက်မဖြစ်နိုင်ပေမယ့် မင်းရဲ့စွမ်းအင်တွေကို ဖြုန်းတီးဖို့ လူတွေ တသုတ်ပြီးတသုတ် တက်လာရင်တော့ ခက်ခဲလာလိမ့်မယ်"


  ကျွင်းချင်ယွီက မျက်လုံးများကိုမှိတ်ထားပြီး စိတ်ကို ငြိမ်ငြိမ်ထားကာ သူ၏နောက်ထပ်အစီအစဉ်ကို ထိုသုံ့ပန်းနှင့် ဆွေးနွေးရန် မရည်ရွယ်ထားပေ။


  ဖုယွမ်ချွမ်းက ယင်းကိုမြင်ပြီး အလျင်လိုမနေဘဲ "မင်းဘာအတွက် စွမ်းအင်အသစ်လိုချင်တာလဲ၊ ကိုယ့်မှာ စွမ်းအင်ကျောက်တွေရှိတယ်၊ မင်းလိုအပ်ရင် ကိုယ်မင်းကို စွမ်းအင်ကျောက်တွေ ပေးမယ်"


  သူ၏သိုလှောင်လက်စွပ်ထဲတွင် စွမ်းအင်ကျောက်များစွာရှိပြီး သူ့အဝတ်အစားများတွင်ပင် ယင်းတို့ဖြင့် တန်ဆာဆင်ထားသေးသည်။


  ကြယ်တာယာခေတ် စွမ်းအင်ကျောက်များက ယခင်ခေတ်ကမ္ဘာ့အမွေအနှစ်များထက်ပင် ရှားပါးသေးသည်။ သို့ပေသိ စွမ်းအင်ကျောက်များအား ဝိဥာဥ်စွမ်းအင်အတွက် သုံး၍ရမရ မသိပါချေ။ 


  သူ့စကားဆုံးသည်နှင့်တစ်ပြိုင်နက် ကျွင်းချင်ယွီက ကုတင်ဘေးတွင် ရပ်နေပြီးဖြစ်သည်။


  ဖုယွမ်ချွမ်းက စဥ်းစားလိုက်ပြီးနောက် လက်စွပ်ထဲမှ စွမအင်ကျောက်မှလွဲ၍ ကျန်စွမ်းအင်ကျောက်များအားလုံးကို လွှဲပေးလိုက်ကာ "တကယ်လို့ မင်းစိုးရိမ်နေရင်လည်း အရင်ဆုံး စမ်းသပ်ဖို့ ယူသွားလေ "


  ကျွင်းချင်ယွီက ရိုးရိုးရှင်းရှင်းပင် ဝိဥာဥ်စွမ်းအင်ဖြင့် စစ်ဆေးလိုက်သည်။ ဝိဥာဥ်စွမ်းအင်တိုးလာသည်နှင့်ပတ်သက်၍ မည်သည့်လက္ခဏာမျှ ရှိမနေပေ။ သို့ပေမယ့် တုန့်ပြန်မှုကတော့ရှိသဖြင့် သူကထရပ်ကာ လျှောက်သွားလိုက်ပြီး "မင်း..." 


  ဖုယွမ်ချွမ်းက သူ့လက်ကောက်ဝတ်ရှိ လက်ထိတ်ကို မြှောက်လိုက်ပြပြီး "ကိုယ်ဘယ်မှမသွားဘူး၊ မင်းကို ဒီမှာစောင့်နေမယ်"


  ကျွင်းချင်ယွီက စွမ်းအင်ကျောက်တုံးကိုယူ၍ ထွက်သွားသည် ။ဤနေရာတွင် စွမ်းအင်ကျောက်များကို ထောက်လှမ်းစစ်ဆေးရန် အထူးစက်များမရှိပေ။ ထိုစက်မှာ သယ်ဆောင်ရန် ကြီးမားလွန်းပြီး ပစ်မှတ်အနေဖြင့် ကြီးလွန်းသဖြင့် ဤနေရာတွင် ထားရန် မလုံခြုံသောကြောင့် စွမ်းအင်ကျောက်တုံးများကို အခြားနေရာများကိုသာ ပို့ပေးရသည်။ 


  သယ်ယူပို့ဆောင်ရန် အထူးနည်းလမ်းများရှိပြီး ရှာဖွေတွေ့ရှိချိန်မှာလည်း သိပ်ကြာမည်မဟုတ်ပေ။


  သို့သော်လည်း အသွားအပြန်သယ်ယူပို့ဆောင်ချိန်နှင့် စမ်းသပ်ချိန်များအရ ကျွင်းချင်ယွီသည်လည်း မည်သည့်အချိန်တွင် ရလဒ်ထွက်လာမည်ကို မသိချေ။ သူ၏ရိုးရှင်းသောစစ်ဆေးမှုအရ ထိုစွမ်းအင်ကျောက်တုံးများ၏ အသုံးဝင်သောသက်ရောက်မှုမှာ ကောင်းမွန်သင့်သည်။  


  ဤစွမ်းအင်ကျောက်တုံး၏ အရည်အသွေးအရ သူ့အား မျက်နှာသာပေးရန်ဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်း၏ ဗျူဟာတစ်ခုမဖြစ်နိုင်ပေ။ အကြောင်းမှာ ဆိုးရွားလွန်း၍ပင်။


  နိုင်ငံတကာအဖွဲ့အစည်းများအပေါ် ကျွင်းချင်ယွီ၏ နားလည်မှုအား အခြေခံရလျှင် သူတို့အနေဖြင့် ဤသို့အရည်အသွေးရှိသည့် စွမ်းအင်ကျောက်တုံးများကို မထုတ်လုပ်နိုင်ကြပေ။ အားလုံးက အရည်အသွေးမြင့်ကျောက်တုံးတွေချည်းဖြစ်ကာ သာမာန်စွမ်းအင်ကျောက်များဖြင့် မယှဉ်နိုင်ချေ။


  သို့သော်လည် သူက စစ်ဆေးမေးမြန်းဖို့ပင် ရည်ရွယ်မထားသည့်တိုင် အနှီလူက ထိုစွမ်းအင်ကျောက်များအား သူ့သဘောနှင့်သူ ထုတ်ယူလာသည့်အကြောင်းအရင်းကိုလည်း မရှင်းပြနိုင်ချေ။ 


  ကျွင်းချင်ယွီ မျက်မှောင်ကြုတ်လိုက်ကာ နားမလည်နိုင်တော့ပေ။


  ---


   


  ဖုယွမ်ချွမ်းက အခန်းထဲတွင် နေခဲ့သည် ။ယုတ္တိကျကျဆိုရလျှင် သူတစ်ယောက်တည်း နေရသည်မှာ ပုံမှန်ဖြစ်သော်လည်း ယခု ကြည့်လိုက်လျှင် ရှောင်ယွီနှင့်အတူရှိမနေရသဖြင့် အချိန်က နှေးကွေးနေသလို ခံစားရသည်။


  နာရီစက္ကန့်လက်တံ၏အသံက သူ့အားဖြည်းဖြည်းချင်း အလွန်နှေးကွေးစွာ လှည့်နေသလို ခံစားရစေသည်။


  စမ်းသပ်စစ်ဆေးမှုရလဒ်များဖြင့် ကျွင်းချင်ယွီ ပြန်လာသည့်အခါတွင် ညပင်ရောက်နေပြီဖြစ်၏။


  အထပ်ကအလွန်မမြင့်သော်ငြား ဤနေရာရှိ အသံလုံစနစ်က အလွန်ကောင်းပါသည်။ ဤနေရာက နိုင်ငံတကာအဖွဲ့အစည်းနှင့် နီးနေသည်ကိုပါ ထပ်ပေါင်းထည့်လျှင် ညအချိန်တွင် လူအများကြီးမလာကြသဖြင့် အလွန့်အလွန် တိတ်ဆိတ်၍နေသည်။  


  ဖုယွမ်ချွမ်းကမေး၏။ "ရလဒ်က ဘယ်လိုလဲ"


  ကျွင်းချင်ယွီက အကျဥ်းချုပ်၍သာ ဖြေလာသည်။ “သုံးရနိုင်တယ်”


  သူက စွမ်းအင်ကျောက်နှင့်ပတ်သက်သည့် အခြားအချက်အလက်များကို များများစားစား ပြောမလာပေ။


  "ဒါက အသုံးဝင်ရင် ကောင်းပါတယ်" ဖုယွမ်ချွမ်း၏မျက်နှာမှာ အနည်းငယ် ပြုံးနေပြီး "မင်းကို ကူညီနိုင်တာ ကောင်းတယ်"


  အကယ်၍ အသုံးဝင်လျှင် ရှောင်ယွီအနေဖြင့် ၎င်းတို့အား လုယက်ရန်မလိုအပ်ပေ။ အနည်းဆုံးတော့ ဤအခြေအနေတွင် ဖြစ်နိုင်ချေမြင့်မားသည့်အချက်တစ်ခုမှာ ကျန်အချိန်များတွင် ရှောင်ယွီက သဘာဝကျကျပင် စီစဥ်လိမ့်မည်။


  ကျွင်းချင်ယွီက ဆိုသည်။ "ငါစွမ်းအင်ကျောက်တုံးတွေကို သိမ်းလိုက်မယ်၊ ဒါပေမယ့် ဘာဆုမှမရှိဘူးနော်၊ စွမ်းအင်ကျောက်တုံးအတွက် ငါဘယ်တော့မှ ပိုက်ဆံမသုံးဘူးဆိုပေမယ့် မင်းကို ဆုတစ်ခုတော့ပေးနိုင်တယ် ..."


  စွမ်းအင်ကျောက်များအားလုံးက ပြီးပြည့်စုံပြီး အလှဆင်ထားရာမှ ဖယ်ရှားပြီးနောက်တွင် ၎င်းတို့အား အသုံးပြု၍ရသည်။ စွမ်းအင်ကျောက်တုံးကြီးများအား ဖြတ်တောက်ကာ ဝေပေးရခြင်းမှလည်း သက်သာစေသည်။ 


  ကျွင်းချင်ယွီက အမြဲတမ်း ကျိုးကြောင်းဆီလျော်သော သူတစ်ယောက်ဖြစ်ပြီး သူ့တွင် ပိုက်ဆံမရှိသော်လည်း သူပေးမည့် ဆုလာဘ်များက သေးငယ်မှာတော့မဟုတ်ပေ။


  ဖုယွမ်ချွမ်းက ဆုလဒ်တွေကို စိတ်မဝင်စားသည့်တိုင် သူကမေးလိုက်သေးသည်။ “ဘာဆုလဲ”


  ကျွင်းချင်ယွီက ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။ “လက်ပေး...”


  ဖုယွမ်ချွမ်းကလက်မြှောက်လိုက်ရာ သူ့လက်ရှိလက်ထိပ်များ ဖယ်ရှားခံလိုက်ရသည်။


  လက်ထိပ်တစ်ဖက်ကို ဖွင့်လိုက်ပြီး ကျန်တစ်ဖက်သည်လည်း အလိုအလျောက် ပွင့်သွားကာ စောင်ပေါ် ပြုတ်ကျသွား၏။ 


  ဖုယွမ်ချွမ်းက မျက်ခုံးပင့်လိုက်ပြီး "လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တဲ့ ဆုလား"


  

Xxxxxx