အပိုင်း (၂၇၅)
Viewers 31k

Chapter 275 


ချင်ယွီက ယွမ်ရှကို နောက်ယောင်ခံလိုက်သူက ပေးပို့သော ပုံများကိုကြည့်ပြီး စိတ်ငြိမ်ငြိမ်မထားနိုင်တော့ပေ။


ယွမ်ရှ၏ ပုံများထဲကတစ်ခုမှာ စုန့်ကော်ပိုရေးရှင်းကို အစားအသောက်ဘူးယူပြီး ဝင်သွားသည့်ပုံတစ်ခုဖြစ်သည်။ အခြားပုံများမှာလည်း စုန့်ထင်ရှန်းနှင့် ရုပ်ရှင်အတူတူသွားကြည့်သော ပုံများဖြစ်ကြသည်။ သူတို့နှစ်ယောက်က အလွန်ချစ်ဖို့ကောင်းပြီး ချိုမြိန်သော စုံတွဲလေးနှင့်တူသည်။ သူတို့နှစ်ယောက်က လက်ချင်းတွဲ၍ ရုပ်ရှင်ရုံထဲမှ ထွက်လာသော ပုံများလည်းပါသည်။ ထိုပုံများက အလွန်အမင်းချစ်ကြည်နူးနေကြသော စုံတွဲလေးနှင့် တစ်ပုံစံတည်းတူနေသည်။


သူက သူမကိုအခြားလူများထက် ပိုသိခဲ့သင့်သည်။ သူမ၏ နည်းလမ်းများနှင့် အရည်အချင်းအရ သူမသာအလိုရှိပါက မည်သူ့ကိုမဆို လွယ်လွယ်ကူကူ ချော့နိုင်ပြီး စုန့်ထင်ရှန်းကဲ့သို့သော သမီးရည်းစားကိစ္စတွင် အတွေ့အကြုံမရှိသော လူမျိုးကိုဆိုလျှင် ပိုမိုလွယ်ကူစွာ အယုံသွင်းနိုင်ပေလိမ့်မည်။


သူစုန့်ထင်ရှန်းကို အထင်လွဲအောင်လုပ်ပြီး စုန့်ထင်ရှန်းနှင့် ယွမ်ရှတို့ကြားတွင် ရန်ဖြစ်စကားများစေရန် အောင်မြင်စွာ လုပ်နိုင်ခဲ့သော်လည်း သူတို့နှစ်ယောက်က ရန်ဖြစ်ခဲ့ပါသော်လည်း နောက်တစ်ကြိမ် ပြန်တည့်သွားပြီး အတူတူပျော်နေကြသည့်ပုံပင်။


ချင်ယွီက ၎င်းကိုလက်ခံရန် ဆန္ဒမရှိသော်လည်း  အရင်ဘဝက သူနှင့်ယွမ်ရှကြားတွင် ဖြစ်ပျက်ခဲ့သည်များကို နားလည်နေပေသည်။ ထိုအဖြစ်အပျက်များက ဤဘဝတွင် ဖြစ်ပျက်ခဲ့ခြင်းမရှိပေ။ ဘာဆိုဘာမှမဖြစ်ပျက်ခဲ့ပေ။ စုန့်ထင်ရှန်းသာ စုံစမ်းရန် စိတ်ဆန္ဒရှိပါလျှင်လည်း ဘာမှတွေ့မည်မဟုတ်ပေ။ ယွမ်ရှက စကားလုံးအနည်းငယ်လေးပြောပြီး ရှင်းပြရုံဖြင့် အဆင်ပြေသွားကြမည်ဖြစ်သည်။


သူ၏လုပ်ရပ်များမှာ ဝါဂွမ်းကိုလက်သီးဖြင့် ထိုးသလိုသာဖြစ်နေသည်။


ယွမ်ရှက စုန့်ထင်ရှန်းအပေါ် ခံစားချက်မရှိလျှင်ပင် သူမက သူ့ကိုကွာရှင်းမည်မဟုတ်ကြောင်း သိပေသည်။ သူမအတွက် စုန့်ထင်ရှန်းက အကောင်းဆုံး လက်တွဲဖော်ဖြစ်နေသည်။ သူ့တွင် အင်အားနှင့် ပိုက်ဆံတို့ရှိပါသော်လည်း သူ့မိသားစုတွင် လူကြီးတစ်ယောက်မှမရှိပေ။ အရေးအကြီးဆုံးအရာမှာ ထိုနှစ်ယောက်တွင် ကလေးတစ်ယောက်ရှိနေပြီဖြစ်သည်။ ၎င်းက အသန်မာဆုံးသော ဆက်နွယ်မှုဖြစ်သည်။


ယခုတွင် ယွမ်ရှက စုန့်ထင်ရှန်းအပေါ် သေချာပေါက် ခံစားချက်ရှိနေပြီဖြစ်၍ သူမက သူ့ကို လုံးဝစွန့်ပစ်ချင်မည်မဟုတ်ပေ။


ချင်ယွီက ယွမ်ရှက အတော်လေးသတိထားနေပြီဖြစ်၍ နောက်ထပ် လျှို့ဝှက်သော လှည့်ကွက်များကို ထုတ်သုံးရန် ခက်ခဲပေတော့မည်ဖြစ်သည်။ အဆုံးတွင် သူတို့နှစ်ယောက်က ဤဘဝတွင် ပတ်သတ်ဆက်နွယ်မှုမရှိသလို စုန့်ထင်ရှန်းမှာလည်း လွယ်လွယ်ကူကူခြယ်လှယ်၍ရသော အရူးတစ်ယောက်ဟုတ်မနေပေ။ အတိတ်တုန်းက စုန့်ထင်ရှန်းမှာ  ခံစားချက်မရှိဘဲ သူတို့၏ ကလေးအတွက်သာ လက်ထပ်ခဲ့ခြင်းဖြစ်၍ ယခုချက်ချင်းကွာရှင်းရမည်ဆိုလျှင်တောင် လွယ်ကူစွာ ကွာရှင်းပေးမည့်လူဖြစ်သည်။


ထိုအထိတွေးပြီးနောက်တွင် ချင်းယွီက အတော်လေးဒေါသထွက်လာခဲ့သည်။ ယွမ်ရှနှင့် စုန့်ထင်ရှန်းတို့နှစ်ယောက်လုံးက သူ့အပေါ်အတော်လေးသတိထားနေပြီဖြစ်၍ မြန်မြန်လှုပ်ရှားမှ ရပေတော့မည်။


ရင်အနည်းငယ်သာ ကြာသေး၍ စုန့်ထင်ရှန်းက သူ့ရင်ထဲမှ အထုံးကို လွယ်လွယ်ကြီး လွှတ်ချပစ်နိုင်မည်မဟုတ်ဟု ခံစားနေရသည်။ သူသာ ဤအခွင့်အရေးကိုယူပြီး မလှုပ်ရှားပါက နောက်ပိုင်းတွင် သူ့အတွက် အောင်မြင်ရန် အခွင့်အရေးနည်းပေတော့မည်။


အမှန်အတိုင်းပြောရလျှင် စုန့်ထင်ရှန်း၏ အားနည်းချက်နှင့် အောက်ခြေစည်းကို သိရန်လွယ်ကူသည်။


၎င်းက သူ့ကလေးသာဖြစ်သည်။


ယခင်က ယွမ်ရှမှာ စုန့်ထင်ရှန်းအပေါ် အကြံအစည်ထားခဲ့သော်လည်း သူက သူမတွင်ကိုယ်ဝန်ရှိနေ၍ လက်ထပ်ရန် သဘောတူပေးခဲ့သည်။ လွန်ခဲ့သည့်နှစ်များတွင်လည်း သူက သူတို့၏ကလေးအတွက်သာ လက်ထပ်မှုကို ခံစားချက်မဲ့စွာဖြင့် လက်ခံထားခြင်းဖြစ်သည်။ သူ့အတွက် သူ့ကလေးမှာ အရေးအကြီးဆုံးအရာဖြစ်သည်။ ယွမ်ရှအပါအဝင် အခြားလူများမှာ စုန့်ထင်ရှန်းရင်ထဲရှိ ဝမ်လေးနေရာထက် နိမ့်ကျပေသည်။


စုန့်ထင်ရှန်းနှင့် ယွမ်ရှတို့၏ ခံစားချက်များက နက်နက်ရှိင်းရှိုင်းမရှိသေးကြောင်း သိပါပေသည်။ အဆုံးတွင် ထိုနှစ်ယောက် နီးကပ်လာသည်မှာ လပိုင်းသာရှိသေးကြောင်း ဓာတ်ပုံများမှတစ်ဆင့် သိနိုင်ပေသည်။


စုန့်ထင်ရှန်း၏ နှလုံးသားထဲတွင် သူ့ကလေးမှာ အရေးအကြီးဆုံးလူဖြစ်ပြီး ကလေး၏အမေပင်ထိုမျှအရေးမကြီးလောက်ပေ။


xxxxxxx