အပိုင်း 100
Viewers 15k

Chapter 100

သြဂုတ်လ နှစ်ရက်နေ့ နေ့လည်တစ်နာရီတွင် "တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီးကို တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံကြီးများတွင်တရားဝင်ထုတ်လွှင့်ပြသသည််။ 

ထိုရုပ်ရှင်ကားကြီးကို ပွဲဦးထွက်စတင်ပြသသည့်ပွဲတွင် တစ်ကြိမ်ကြည့်ပြီးသားဖြစ်သော်လည်း မောင်နှမနှစ်ယောက် ရန်သူလက်မှလွှတ်အောင်ထွက်ပြေးသည့်ဇာတ်ဝင်ခန်းက ကျုံးချီမင်း၏မျက်လုံးထဲမှမထွက်ပေ။

လုချီနှင့်ကုဆွေ့ဆွေ့တို့၏သရုပ်ဆောင်ကျွမ်းကျင်မှုမှာ မပြောပလောက်သော်လည်း ဇာတ်ကောင်၏စိတ်ခံစားချက်ကိုအပြည့်အဝသရုပ်ဖော်နိုင်မှုက ပရိသတ်များကိုသြချလောက်စေသော အချက်ဖြစ်သည်။

ထိုစဥ်က ရုပ်ရှင်ရုံတွင်ကျုံးချီမင်းနှင့်အတွေးတူသည့် လူအများအပြားရှိမည်ကိုတပ်အပ်သိနိုင်သည်။

အထူးသဖြင့်မူရင်းဝတ္ထုကိုဖတ်ထားသောသူများက ရုပ်ရှင်၏ရသကိုအပြည့်အဝခံစားနိုင်ကြသည်။ များသောအားဖြင့်ရုပ်ရှင်များက ဝတ္ထုနှင့်ကွာခြားတတ်ကြသော်လည်း ဤရုပ်ရှင်ကမူ ဝတ္ထုနှင့်မခြားမနားအောင် ဟာကွက်မရှိရိုက်ကူးတင်ဆက်ပြသွားသည်။

ပွဲဦးထွက်ပြသသည့်နေ့တွင် တက်ရောက်လာကြသောသူများက ရုပ်ရှင်ကိုအလွန်အာရုံတစိုက်
ကြည့်ကြသည်။ အကြောင်းအမျိုးမျိုးကြောင့် ပွဲမတက်လိုက်ရသူများမှာ ဆိုရှယ်မီဒီယာများ သတင်းစာခေါင်းစီးပိုင်းများတွင်ဖော်ပြထားသော ကျွမ်းကျင်ရုပ်ရှင်ဝေဖန်ရေးသမားများ၏ သုံးသပ်ချက်နှင့်အမြင်ရှုထောင့်များကို လက်မလွှတ်တမ်းဖတ်ရှုကြသည်။

သို့သော် ယခုမူ ညဆယ့်နှစ်နာရီကျော်နေပြီဖြစ်သော်လည်း အင်တာနက်ပေါ်တွင် "တိမ်မြှုပ်နေသော" ရုပ်ရှင်မှင့်ပတ်သတ်သည့် မည်သည့်သတင်းအချက်အလက်အသစ်မှ ရှိမနေပေ။ ဝေဖန်သူတို့၏ ထင်မြင်သုံးသပ်ချက်များကိုလည်း မတွေ့ရပေ။

ကျိုးချီမင်းက ရုပ်ရှင်ရုံတွင် "တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကို နောက်တစ်ပြိမ်ပြန်ကြည့်နေဆဲဖြစ်သောကြောင့် ပရိသတ်များ၏သီးသန့်မက်ဆေ့ချ်များကို စာမပြန်နိုင်ချေ။ သို့သော် ကျိုးချိီမင်းကဲ့သို့ နာမည်ကျော်ဝေဖန်ရေးသမားတစ်ဦးဖြစ်သည့် ကျင်းရီဝေမှာ ပရိသတ်များ၏အမေးစကားများကို ပြန်ဖြေပေးနေသည်။

ကျင်းရီဝေ: "ကျွန်မ...အခုမှရုပ်ရှင်ကြည့်ပြီးသွားလို့...အိမ်ပြန်ရောက်ပြီးကွန်ပျူတာဖွင့်တာပါ...ထင်မြင်သုံးသပ်ချက်လေးကို...အခုရေးနေတယ်နော်...ပြီးရင်တင်ပေးပါ့မယ်"။

သူ(မ)၏စကားကြောင့် ပရိသတ်များမှာ အလွန်စိတ်လှုပ်ရှားသွားကြသည်။

"ဝိုး....ငါကြားတာတော့..ရုပ်ရှင်ကအရမ်းကောင်းတယ်တဲ့...အဲဒါတကယ်ပဲလား...မူရင်းဝတ္ထုနဲ့ဘယ်လောက်ကွာမလဲသိချင်တယ်...
ဝတ္ထုထဲကအတိုင်းတစ်ပုံစံထဲဖြစ်ရင်ကောင်းမယ်...ရုပ်ရှင်ကဝတ္ထုကိုဖျက်တာမျိုးမဖြစ်စေချင်ဘူး"။

"ဟုတ်ပါ့...ရုပ်ရှင်ကဝတ္ထုလောက်မကောင်းရက်ဘယ်လိုလုပ်မလဲ...ငါတော့ရုပ်ရှင်ကိုသွားမ
ကြည့်ရဲသေးဘူး...ဝေဖန်ရေးသမားတွေရဲ့ထင်မြင်ချက်တွေကိုအရင်ဆုံးနားထောင်ကြည့်ဦးမယ်"။ 

"အား...ကျင်းရီဝေရဲ့ထင်မြင်သုံးသပ်ချက်ကိုအရမ်းသိချင်နေပြီ...တစ်ညလုံးစောင့်နေမှာနော်"။

ဒုတိယအကြိမ်ထုတ်လွှင့်ပြသမှုမပြီးခင်တွင် ကျန်းရီဝေ၏ရုပ်ရှင်ထင်မြင်သုံးသပ်ချက် အပြီးသတ်ထွက်လာသည်။

"ကျွန်မကို...ဟိုးအစတည်းက...အားပေးလာတဲ့ပရိသတ်တွေဆိုရင်...သိကြမှာပါ...ကျွန်မက...
"တိမ်မြှုပ်နေသော မူရင်းဝတ္ထုရဲ့ပရိသတ်တစ်ယောက်ပါ...ကျွန်မအကြိုက်ဆုံးဝတ္ထုကိုရုပ်ရှင်အဖြစ်ဖန်တီးမယ်လို့ကြားတဲ့အခါမှာ...နည်းနည်းတော့စိတ်ရှုပ်သွားပါတယ်။

"ရုပ်ရှင်က...မူရင်းဝတ္ထုရဲ့အနှစ်အရသာကိုဖျက်စီးလိုက်မှာစိုးရိမ်မိပါတယ်...ပြီးတော့ဝတ္ထုကိုပြန်ရိုက်ထားတဲ့ရုပ်ရှင်အတော်များများက...တော်တော်လေးစိတ်ပျက်ဖို့ကောင်းတယ်ဆိုတာ...အားလုံးအသိပဲလေ...အဲဒါကြောင့်...အနှုတ်သဘောဆောင်တဲ့အတွေးတွေနဲ့...တိမ်မြှုပ်နေသောရုပ်ရှင်ဇာတ်ကားရဲ့...အဖွင့်ရုံတင်ပွဲကိုတက်ဖို့ဖိတ်ကြားချက်ကိုလက်ခံခဲ့တယ်"။

"ရိုးရိုးသားသားပြောရရင်...ဝတ္ထုထဲကဇာတ်ဝင်ခန်းတွေကိုအလွတ်နေရပေမဲ့...ရုပ်ရှင်အစပိုင်းဇာတ်ဝင်ခန်းမှာလုံးဝနစ်မြောသွားတယ်...မ
ကြည့်ခင်တုန်းက...ဇာတ်လိုက်မင်းသားဖြစ်တဲ့လုချီအပေါ်အရမ်းမျှော်လင့်ချက်ထားခဲ့ပေမဲ့
တကယ်တမ်းကြည့်နေတဲ့တစ်လျှောက်လုံးမှာ
ဟင်ကနဲဟာကနဲဖြစ်သွားစေတဲ့သူက...မင်းသမီးငယ်လေးလင်းရာနေရာမှာသရုပ်ဆောင်တဲ့...ကလေးသရုပ်ဆောင်ကုဆွေ့ဆွေ့ပဲ"။

"မူရင်းဝတ္ထုရဲ့ပရိသတ်တစ်ယောက်အနေနဲ့...ဇာတ်လိုက်မင်းသားနဲ့ဇာတ်လိုက်မင်းသမီးရဲ့ဇာတ်ကောင်အပြင်...မင်းသမီးငယ်လေးလင်းရာရဲ့ဇာတ်ရုပ်နဲ့ပတ်သတ်ပြီး...စိတ်အပူမိဆုံးပဲ"။

"အထူးသဖြင့်ဝတ္ထုထဲမှာ...မင်းသမီးလေးသေသွားတဲ့ဇာတ်ဝင်ခန်းပေါ့...အဲဒီဇာတ်ဝင်ခန်းက
ပရိသတ်တွေရဲ့ရင်ထဲမှာတော်တော်လေးစွဲကျန်နေခဲ့တာ..."။

"မင်းသမီးလေးလင်းရာရဲ့...သေဆုံးမှုက...ဇာတ်လမ်းတစ်ခုလုံးအတွက်...အရေးကြီးတဲ့အချိုးအကွေ့တစ်ခုပဲ...သူ့ကြောင့်ဒီဇာတ်လမ်းဖြစ်လာရတာပေါ့နော်...မင်းသမီးလေးသေသွားတော့...အိမ်ရှေ့မင်းသားလီရှောင်ရဲ့ကမ္ဘာတစ်ခုလုံးအမှောင်ကျသွားရတယ်...အဲဒီနောက်မှာ...သူ့ရဲ့မျိုးရိုးနာမည်တစ်ခုလုံးကိုပြောင်းပစ်လိုက်ပြီး...ရန်သူ့စခန်းမှာနှစ်ပေါင်းများစွာဟန်ဆောင်ပြီး..သူလျှိုအဖြစ်နေခဲ့တယ်
နောက်ဆုံးမှာချန်းတိုင်းပြည်တစ်ခုလုံးကိုကမောက်ကမဖြစ်အောင်လုပ်ပြီး...သူ့မိဘနဲ့သူ့ညီမလေးကိုသတ်ခဲ့တဲ့ရန်သူတွေအားလုံးကို
တစ်ယောက်မကျန်သတ်ပစ်ခဲ့တယ်...ရုပ်ရှင်ထဲမှာ...အဲဒီဇာတ်ဝင်ခန်းတွေအားလုံးကို...ဝတ္ထုနဲ့တစ်ထပ်တည်းနီးပါးကျအောင်ပုံဖော်သွားခဲ့တယ်...ကြည့်နေတဲ့တစ်လျှောက်လုံးအသက်ရှုဖို့တောင်မေ့သွားလောက်တဲ့အထိ...ရိုက်ချက်တွေကဆွဲဆောင်နိုင်လွန်းတယ်"။ 

"ရန်သူတွေအားလုံးကိုသတ်ပြီးလက်စားနိုင်လိုက်တာတောင်မှ...သူ့မိဘတွေနဲ့ညီမလေးကအသက်ပြန်ရှင်လာမှာမဟုတ်ဘူးလေ...အဲဒီလိုနဲ့
နောက်ဆုံးမှာဘာမှမကျန်ခဲ့တဲ့...အိမ်ရှေ့မင်းသားလီရှောင်ရဲ့အထီးကျန်နေတဲ့ပုံစံက...အခုထိမျက်လုံးထဲကနေကိုမထွက်ဘူး"။

"မူရင်းဝတ္ထုရဲ့ပရိသတ်တစ်ယောက်အနေနဲ့...ရုပ်ရှင်ပြန်ရိုက်တဲ့အခါမှာ...ဝတ္ထုထဲကအတိုင်းမရိုက်ဖို့....ပထမဆုံးအကြိမ်ဖြစ်စေချင်မိတာပါ...မင်းသမီးလင်းရာကိုအသက်ရှင်စေချင်မိတယ်...သူတို့မိသားစုကိုပျော်ပျော်ရွှင်ရွှင်နဲ့မြင်ချင်တယ်...အိမ်ရှေ့မင်းသားလီရှောင်ကို...သွေးအေးပြီးရက်စက်တတ်တဲ့ပုံစံနဲ့မမြင်ချင်ဘူး...ဝတ္ထုထဲကအတိုင်းမဖြစ်ပါစေနဲ့လို့ဆုတောင်းမိတဲ့အထိပဲ...ဇာတ်လမ်းဇာတ်ကွက်
သရုပ်ဆောင်ပီပြင်မှု ၊ နောက်ခံတီးလုံး ၊ ခေတ်နောက်ခံအပြက်အဆင်ကအစ... အားလုံးပြီးပြည့်စုံတာမလို့...တကယ်ကြည့်ရတာတန်တဲ့ရုပ်ရှင်ပါ"။

တစ်ဖက်တွင်လည်း ကျိုးချီမင်းမှာ ဒုတိယအကြိမ်ရုပ်ရှင်ကြည့်ပြီးနောက် အိမ်ပြန်လာချိန်တွင်...မနက်နှစ်နာရီကျော်နေပြီဖြစ်သည်။ သို့သော် သူအိပ်ချင်စိတ်လုံးလုံးမရှိပေ။ ကွန်ပျူတာရှေ့တွင်ထိုင်ကာ "တိမ်မြှုပ်နေသော" ရုပ်ရှင်၏ ဇာတ်လမ်းဇာတ်ကွက်များကို ဇာတ်ဝင်ခန်းတစ်ခုချင်းစီ အသေအချာပြန်မြင်ယောင်ကြည့်ပြီး ဆက်စပ်တွေးတောနေမိသည်။ ထို့နောက် သူ့အတွေးနှင့်ထင်မြင်ချက်များကို ချရေးကာ ကျန်ရှိနေသည့်အိပ်ချိန်ကိုကုန်ဆုံးစေလိုက်သည်။