အပိုင်း ၁၀၁
Viewers 15k

Chapter 101

ရုပ်ရှင်အနုပညာကျွမ်းကျင်ဝေဖန်ရေးသမား
တစ်ဦးဖြစ်သည့် ကျုံးချီမင်းက "တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီးအတွက်ဝေဖန်သုံးသပ်ချက်ကို နာရီဝက်အတွင်းအမြန်ရေးလိုက်သည်။
ထို့နောက် သူရေးထားသည့်သုံးသပ်ချက်အမြင်များကို အနုပညာဝက်ဘ်ဆိုက်များနှင့်ဝေပေါ့်တွင်တစ်ပြိုင်တည်းထုတ်ဝေသည်။

"အစပိုင်းမှာတော့...ကျွန်တော်လည်း တိမ်မြှုပ်နေသော...ရုပ်ရှင်ကားကိုအဲ့လောက်ကြီးကောင်းမယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး"။ 

"ရှေ့ကထွက်ခဲ့တဲ့...အိုင်ပီရုပ်ရှင်တွေကို...ပြန်အခြေခံပြီးရိုက်မယ်လို့သတင်းကြားထားတော့..အထင်မကြီးမိတာအမှန်ပါ...ဒါပေမဲ့ တစ်ကယ်တမ်း...ရုံတင်ပြသတဲ့အခါမှာ...ကျွန်တော် တော်တော်လေးအံ့သြသွားခဲ့ရပါတယ်"။

"ဒါရိုက်တာချန်းနဲ့ရိုက်ကူးရေးအဖွဲ့က...ဒီရုပ်ရှင်အတွက်...အတော်အချိန်ပေးပြီး..ကြိုးစားထားတာကိုတွေ့ရတယ်...သရုပ်ဆောင်တွေလည်း အကုန်တော်ကြပါတယ်...ဇာတ်လိုက်ကနေဇာတ်ပို့သရုပ်ဆောင်တွေအထိ...လုံးဝပြောစရာမရှိအောင်...ပြီးပြည့်စုံလွန်းတယ်"။

"ဇာတ်အိမ် ဇာတ်ကွက်...ဇာတ်လမ်းအသွားအလာတွေအားလုံးကလည်း...အချိတ်အဆက်မိမိနဲ့ သရုပ်ဖော်သွားတယ်...အားနည်းချက်အသေးအဖွဲလေးတွေတော့ရှိနေပေမဲ့...ဇာတ်လမ်းတစ်ပုဒ်လုံးကို ခြုံငုံကြည့်မယ်ဆိုရင်..အဲဒါတွေက...မပြောပလောက်ပါဘူး"။

"ဒီရုပ်ရှင်ကားကြီးအတွက်...အမှတ်ဘယ်လောက်ပေးမလဲလို့ ကျွန်တော့်ကိုမေးမယ်ဆိုရင်...အမှတ်ပြည့်ဆယ်မှတ်မှာ ကိုးမှတ်ပေးပါတယ်...အဲဒါအပြင် မောင်နှမဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်သွားတဲ့ လုချီနဲ့ကုဆွေ့ဆွေ့တို့အတွက်...၀.၅ မှတ်...နောက်ကွယ်ကနေ ကြိုးစားရိုက်ကူးပေးထားကြတဲ့ ရိုက်ကူးရေးအဖွဲ့သားအားလုံးအတွက်...၀.၅ မှတ်ထပ်ပေါင်းပြီးပေးချင်ပါတယ်"။

"အနာဂတ်မှာ...အရည်အသွေးမြင့်ပြည်တွင်းရုပ်ရှင်တွေ ထပ်ပြီးထွက်ပေါ်လာမယ်လို့ မျှော်လင့်မိပါတယ်"။

ကျိုးချီမင်း၏ ရုပ်ရှင်ဝေဖန်သုံးသပ်ရေးဝက်ဘ်ဆိုက်တွင် ပရိသတ်သန်းပေါင်းများစွာရှိသည်။ သူရေးသည့် ရုပ်ရှင်သုံးသပ်ချက်ပုံစံကို ရင်းနှီးနေသူတချို့က သူ့အမှတ်ပေးစံနှုန်းများမည်မျှတင်းကျပ်ကြောင်း သိကြသည်။

အားလုံးသိထားကြသည့်အတိုင်း အချို့သောပြည်တွင်းရုပ်ရှင်အဆင့်သတ်မှတ်သည့်ဝဘ်ဆိုဒ်များတွင် အဆင့်သတ်မှတ်ချက်များသည် အများအားဖြင့် ဖြစ်ကတတ်ဆန်းနိုင်လွန်းသည်။အဆင့်သတ်မှတ်ချက်ခုနစ်သို့မဟုတ်ရှစ် ရှိသည့်ဇာတ်ကားအများစုသည် ကောင်းမွန်လွန်းသောရုပ်ရှင်များမဟုတ်ပေ။ အင်တာနက်သုံးစွဲသူများမှ အဆင့်သတ်မှတ်ထားသော ဇာတ်ကားများသည် ယေဘူယျအားဖြင့် ကြည့်ရှုသူအများအပြားကိုဆွဲဆောင်နိုင်ရန် အဆင့်သတ်မှတ်ချက်ကိုးခန့်ရှိကြသည်။

ကျိုးချီမင်း၏အဆင့်သတ်မှတ်ချက်ပုံစံတွင်မူ အဆင့်သတ်မှတ်ချက်ခြောက်ရှိသည့်ရုပ်ရှင်တစ်ကားက အပျင်းပြေရုံလောက်လေး ကြည့်ရှုသင့်သော ရုပ်ရှင်ဖြစ်သည်။ အဆင့်သတ်မှတ်ချက်ခုနစ်ရှိသောရုပ်ရှင်သည် ချို့ယွင်းချက်အချို့ပါရှိသော ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး အဆင့်သတ်မှတ်ချက်ရှစ်ရှိသောဇာတ်ကားမှာ အားနည်းချက်အနည်းငယ်သာပါသော ဇာတ်ကားကောင်းတစ်ကားဖြစ်သည်။ ကြည့်ရကျိုးနပ်သည့်ဇာတ်ကားများမှာ အဆင့်သတ်မှတ်ချက်ကိုးအထိရှိကြသည်။ ၉.၅ မှတ်အထိအဆင့်သတ်မှတ်ပေးထားလျှင် ထိုရုပ်ရှင်မှာ ဂန္တဝင်ဝက်နိုင်သည့်အနုပညာဖန်တီးမှုတစ်ခုပင်။

"ဘယ်လိုမှမဖြစ်နိုင်ဘူး...ကျိုးချီမင်းက "တိမ်မြှုပ်နေသော" ရုပ်ရှင်ကို အဆင့်သတ်မှတ်ချက် ကိုးအထိပေးခဲ့တယ်တဲ့...နေ့တိုင်း အိပ်ရာဝင်တာ အရမ်းနောက်ကျလို့...ငါအမြင်မှားသွားတာများလား"။

"သေရော...တကယ့်ကိုအဆင့်ကိုးအထိပေးထားတာဟ... ကျိုးချီမင်းက...ရုပ်ရှင်သုံးသပ်ချက် နှစ်ရာသုံးရာလောက် ရေးခဲ့တာနော်...အဲဒီအထဲမှာမှ...အဆင့်သတ်မှတ်ချက်ကိုးနဲ့အထက်ရတဲ့ရုပ်ရှင်ကားစုစုပေါင်း....ဆယ့်နှစ်ကားပဲရှိသေးတယ်"

အဆိပ်ပြင်းတဲ့ရုပ်ရှင်ဝေဖန်ရေးဆရာ....ကျိုးချီမင်းက "တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကို ကိုးမှတ်အထိ အဆင့်သတ်မှတ်ပေးလိုက်တာဆို တော့...အရမ်းကောင်းလို့နေမယ်... ရမှတ် 9.5 အထိရခဲ့တဲ့...နောက်ဆုံးပြည်တွင်းရုပ်ရှင်ကိုမှတ်မိနေပါသေးတယ်...အဲဒီရုပ်ရှင်က...နိုင်ငံတကာရုပ်ရှင်ဆုပေးပွဲတွေမှာတောင်
ထူးချွန်ဆုတွေတစ်သီတစ်တန်းကြီးရသွားတာလေ"။

"သတိမထားမိကြဘူးလားဟင်...ကျိုးချီမင်းက ရုပ်ရှင်သုံးသပ်ချက်ထဲမှာ... သရုပ်ဆောင်နှစ်ယောက်ကို...အရမ်းချီးကျူးထားတာနော်...ဒီလိုအခြေအနေက...ဘယ်လောက်ထိရှားမှန်း...လူတိုင်းသိကြမှာပါ...တရုတ်ပြည်တစ်ခုလုံးမှာ
သူသဘောတွေ့တဲ့သရုပ်ဆောင်က...လက်တစ်ဆုပ်စာတောင်မပြည့်ဘူးလေ"။

“တိမ်မြှုပ်နေသော” ရုပ်ရှင်က... တကယ်ကို ကြည့်ကောင်းတဲ့...ရုပ်ရှင်ဖြစ်မယ်လို့... မျှော်လင့်မိတယ်...ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့ 
ရီဗျူးတွေကြောင့်...ငါတော့အတော်လေးကြည့်ချင်နေပြီ"။

မနက်သုံးနာရီထိုးပြီဖြစ်သော်လည်း ကျိုးချီမင်း၏ ရုပ်ရှင်ဝေဖန်သုံးသပ်ချက်နှင့်အဆင့်သတ်မှတ်ချက်ကိုထုတ်ပြန်လိုက်သောအခါ ပရိသတ်များက မယုံနိုင်ဖြစ်နေကြသည်။ သူ့ဝေ ပေါ့်တွင်လည်း သီးသန့်မက်ဆေ့ချ်များပို့ကာ မေးခွန်းများတရစပ်မေးတော့သည်။

ကျိုးချီမင်းလည်း "တိမ်မြှုပ်နေသော" ရုပ်ရှင်ကို ပြန်လည်သုံးသပ်ရေးသားပြီးနောက် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ ရေချိုးပြီးပြီးချင်း အိပ်ရာမဝင်ရန်စိတ်ကူးမရှိပေ။ ပရိသတ်များက သူ့ဆီပို့လာသည့် သီးသန့်မက်ဆေ့ချ်များမှ အချို့ကို ရွေးကာ သူတို့၏မေးခွန်းများကို ဖြေပေးနေလိုက်သည်။

"တိမ်မြှုပ်နေသော" ရုပ်ရှင်ကို တစ်ခါလောက် တော့ကြည့်ဖြစ်အောင်ကြည့်ရန် သူအမှန်တကယ်ပင် အကြံပြုလိုသည်။ ဒုတိယအကြိမ် ကြည့်ပြီးသည့်တိုင် ကျိုးချီမင်းတစ်ယောက်ထပ် ကြည့်ချင်နေမိသေးသည်။ရုပ်ရှင်ရုံမပိတ်ပဲ လက်မှတ်များကျန်နေသေးလျှင် သူက ထိုရုပ်ရှင်ကို သုံးခါမြောက်ပင် သွားကြည့်ချင်သေးသည်။

တစ်ချိန်တည်းမှာပင် ဒုတိယအကြိမ်ထုတ်လွှင့် ပြသသောရုပ်ရှင်ရုံမှ ကြည့်ရှုသူများထွက်လာပြီးနောက် အဓိကလက်မှတ်ဝယ်ယူသည့် ဝဘ်ဆိုက်များတွင် အဆင့်သတ်မှတ်ချက်အချို့ကို ဆက်တိုက်ဆိုသလို ထည့်သွင်းလာခဲ့သည်။ အများစုက ရုပ်ရှင်၏ပြည့်စုံကောင်းမွန်မှုကို ကြယ်ငါးပွင့်အထိအဆင့်သတ်မှတ်ပေးကြသည်။

"ရုပ်ရှင်က အရမ်းကောင်းတယ်...ဒီရုပ်ရှင်က ဒီနှစ်...ကြည့်ဖူးသမျှထဲမှာ အကောင်းဆုံးရုပ်ရှင်ကားဖြစ်မှာ...သေချာတယ်...ဒီည ရုပ်ရှင်လက်မှတ်ဝယ်လိုက်တာ...အမှန်ဆုံးဆုံးဖြတ်ချက်ပဲဟေ့...ပိုက်ဆံနဲ့အချိန်ပိုဖြုန်းလိုက်တာ...ရေရေလည်လည်တန်တယ်"။

"ဇာတ်ကားက....ကြည့်ကောင်းပေမယ့် နောက်ဆုံးဇာတ်သိမ်းက ရက်စက်လွန်းတယ်။ ရုပ်ရှင်ရုံမှာ...အခေါက်ခေါက်အခါခါ... ငိုရလွန်းလို့....တစ်ရှူးဗူးတွေပါအကုန်ကုန်ပြီ"။

"မင်းသမီးလေးဘာကြောင့်သေတာလဲ...ငါတို့အစ်ကိုလုချီကိုအားပေးဖို့...ရုပ်ရှင်သွားကြည့်ပေမယ့် မင်းသမီးလေးကိုချစ်မိသွားပြီ...အဲဒီတုန်းက ရုပ်ရှင်ထဲမှာ ငိုနေတော့ မင်းသမီးလေးကို အသက်ပြန်ရှင်စေချင်မိတယ်...စာရေးဆရာနဲ့တောင်ရန်တွေ့ချင်လာပြီနော်"။

"တိမ်မြှုပ်နေသော" ရုပ်ရှင်သည် သောကြာနေ့သြဂုတ်လ၂ရက်နေ့တွင် ထွက်ရှိခဲ့သည်။

ရုပ်ရှင်ရုံများတွင် နံနက်ပိုင်းလက်မှတ်များကို ဝယ်ယူသူအရေအတွက်မှာ အထူးများပြားခြင်းမရှိပေ။ နေ့ခင်းပိုင်းနှင့်ညနေပိုင်းတွင်မူ အွန်လိုင်းတွင် လက်မှတ်ကြိုတင်မှာယူသူများ ရုတ်တရက် ပိုများလာကာ ရုပ်ရှင်ရုံအတော်များများတွင် လက်မှတ်ရရန်ပင်ခက်ခဲသွားသည်။

ယခုအချိန်တွင် "တိမ်မြှုပ်နေသော" ရုပ်ရှင်သည် အကောင်းဆုံးရုံဝင်ငွေရရှိထားသော ရုပ်ရှင်အဖြစ် စံချိန်သစ်တင်ခဲ့သည်။ ရုံတင်ချိန်ဆယ့်တစ်နာရီခန့်သာရှိသေးသော်လည်း အချိန်နဲ့တစ်ပြေးညီ ရုံဝင်ငွေက ယွမ်သန်းတစ်ရာကျော်သွားသည်။

ပြည်တွင်းအနုပညာသတင်းများနှင့်နိုင်ငံတကာအနုပညာသတင်းများတွင်လည်း "တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီး၏အောင်မြင်မှုများအကြောင်းကသာလွှမ်းမိုးနေသည်။

“တိမ်မြှုပ်နေသော" ဆိုတဲ့ နာမည်တူဝတ္ထုကို ပုံဖော်ထားတဲ့ ရုပ်ရှင်ဟာ နောက်ဆုံးတော့ထွက်ရှိလာခဲ့ပါပြီ။ ဒီဇာတ်ကားဟာ ရုံတင်ပြီး တစ်ရက်အကြာမှာပဲ ရုံဝင်ငွေ 268သန်းအထိ ရရှိခဲ့ပါတယ်"။

"တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီးက နွေရာသီရုပ်ရှင်ပွဲတော်ရဲ့အကြီးမားဆုံးဆုရှင် ဖြစ်လာနိုင်ပြီး အလားတူကာလအတွင်း တခြားရုပ်ရှင်များကို...လွှမ်းမိုးထားပါတယ်"။

"တိမ်မြှုပ်နေသော" ရုပ်ရှင်ရဲ့ ရုံဝင်ငွေက ပွဲဦးထွက်နေ့မှာတင်...268 သန်းရှိခဲ့ပြီး "ပျော်ရွှင်ဖွယ်နေ့" ရုပ်ရှင်ရဲ့ စံချိန်တင်ထားတဲ့ရုံဝင်ငွေ 234 သန်းကို ကျော်လွန်သွားခဲ့ပါတယ်"။