အပိုင်း ၁၀၂
Viewers 15k

Chapter 102

"တိမ်မြှုပ်နေသော" ရုပ်ရှင်ဇာတ်ကားကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရုံတင်ပြသသည့်ခြောက်ရက်မြောက်နေ့တွင် ရုံဝင်ငွေမှာတစ်ကုဋေအထိတိုးသွားခဲ့သည်။

ဆယ့်ရှစ်ရက်မြောက်နေ့တွင်မူ ရုံဝင်ငွေတစ်ဒသမငါးသန်းကျော်အထိရရှိပြီး အမြင့်ဆုံးရုံဝင်ငွေရရှိသည့် ရုံကြီးကားအဖြစ်စံချိန်တင်သွားခဲ့သည်။

လက်အောက်ခံအဖြစ်သိမ်းသွင်းခံရသော တိုင်းပြည်၏မင်းသမီးငယ်လေး လင်းရာဇာတ်ကောင်နေရာတွင် သရုပ်ဆောင်သည့်ကုဆွေ့ဆွေ့က ပြောင်မြောက်လှသော သူ(မ)၏သရုပ်ဆောင်စွမ်းရည်ကြောင့် ပရိသတ်များစွာ၏ရင်ကိုလှုပ်ခတ်သွားစေခဲ့သည်။

ရုပ်ရှင်ထုတ်လွှင့်ပြသနေချိန်တွင် ကုဆွေ့ဆွေ့၏ဝေဘိုဖော်လိုဝါအရေအတွက်မှာ ရှစ်သန်းအထိတိုးသွားခဲ့ပြီး တစ်ရက်လျှင်လူတစ်ထောင်နှုန်းဖြင့် ယနေ့အထိဆက်လက်တိုးနေတော့သည်။

ညတွင်းချင်းတစ်ဟုန်ထိုးအောင်မြင်ကျော်ကြားသွားသော ကုဆွေ့ဆွေ့ကြောင့်လုယွင်ကျီလည်း အလုပ်တစ်ပုံကြီးတိုးလာသည်။ သူ့ဆီသို့နေ့တိုင်းလိုလို ကုဆွေ့ဆွေ့အားကမ်းလှမ်းထားသည့် ဇာတ်ညွှန်းများ ကြော်ငြာများရှိနေတတ်သည်။

သို့သော် ဆွေ့ဆွေ့အားကမ်းလှမ်းလာသည့်ဇာတ်ညွှန်းအများစုကို လုယွင်ကျီလှန်လှော
ကြည့်လိုက်ရာတွင် "တိမ်မြှုပ်နေသော" ရုပ်ရှင်မှမင်းသမီးလေးလင်းရာဇာတ်ရုပ်နှင့် ပုံစံတူများသာဖြစ်သောကြောင့် ဘေးသို့ဖယ်ထားလိုက်သည်။ ဆွေ့ဆွေ့အား ပုံစံတူဇာတ်ကောင်များသာ ထပ်တလဲလဲရိုက်ခိုင်းနေပါလျှင် ပိုက်ဆံသာရပြီး မည်သည့်တိုးတက်မှုမှရှိလိမ့်မည်မဟုတ်ပေ။

အမှတ်တံဆိပ်ကြော်ငြာများအတွက်မူ လုယွင်ကျီက သေသေချာချာပြန်လည်စီစစ်သည်။ အဆုံးတွင် navf ကလေးအဂတ်အစားအမှတ်တံဆိပ်မှလွဲ၍ အခြားကမ်းလှမ်းချက်များကိုပယ်ချခဲ့သည်။

"တိမ်မြှုပ်နေသော" ရုပ်ရှင်၏ ရုံဝင်ငွေက တစ်နေ့တစ်ခြားပိုပိုပြီးမြင့်တက်လာသော ရုံဝင်ငွေအများဆုံးရုပ်ရှင်အဖြစ်စံချိန်ချိုးထားသော "ပျော်ရွှင်ဖွယ်နေ့လေး" ရုပ်ရှင်ကိုကျော်တက်သွားသဖြင့် ကုဆွေ့ဆွေ့၏အနုပညာကြေးသည်လည်း ထပ်တူမြင့်တက်သွားခဲ့သည်။ ထို့ကြောင့် လုယွင်ကျီက navf အမှတ်တံဆိပ်ကို သုံးနှစ်အတွင်း အနုပညာကြေးလေးသန်းနှင့်စာချုပ်ချုပ်ရန်ကမ်းလှမ်းလိုက်သည်။

နဂိုက navf အမှတ်တံဆိပ်နှင့်တစ်နှစ်မျှသာစာချုပ်ချုပ်ခါးပြီး အနုပညာကြေးမှာလည်း ယွမ်တစ်သန်းမျှသာဖြစ်သည်။ ထိုစဥ်က ကုဆွေ့ဆွေ့မှာ ယခုလောက်အလုပ်မရှုပ်သောကြောင့် ကြော်ငြာရိုက်ကူးရန်အတွက်အချိန်ပိုပေးဖြစ်သည်။ ခဲ့ကျင်းယန်နှင့်မဂ္ဂဇင်းမျက်နှာဖုံးအတွက် အတူတွဲ၍ ရိုက်ကူးရာ navf မှသဘောကျသွားသောကြောင့် ၎င်းတို့ကလေးအဝတ်အစားစီးရီးအတွက် တရားဝင်ကြော်ငြာပေးသူတစ်ယောက်ဖြစ်လာရန် ကမ်းလှမ်းလာခဲ့သော်လည်း လုယွင်ကျီကချက်ချင်းုဘောမတူပဲ တုံ့ဆိုင်းနေခဲ့သည်။

သို့သော် ယခုမူ အခြေအနေကလုံးဝကွဲပြားသွားသည်။ "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးအပြင် "တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီး
ကြောင့် ကုဆွေ့ဆွေ့မှာတစ်ရှိန်ထိုးနာမည်ရလာသဖြင့် အမှတ်တံဆိပ်တိုင်းက သူ(မ)ကို တရားဝင်ကြော်ငြာသူတစ်ယောက်အဖြစ် အသည်းအသန်လိုချင်နေကြသည်။ အနုပညာကြေးများများတောင်းဆိုလည်း ငြင်းမည်မဟုတ်ပေ။

ထို့ကြောင့် ယခုတစ်ခေါက် navf နဲ့စာချုပ်ချုပ်ရာတွင် ယခင်ထက်များပြားသည့် အနုပညာကြေးပမာဏကိုတောင်းဆိုလိုက်သည်။ 

ကလေးငယ် ကုဆွေ့ဆွေ့က လတ်တလောတွင် "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးအပြင် "မတော်တဆတစ်ရက်တာတွေ့ဆုံခြင်း" ဟုအမည်ရသည့်ဇာတ်လမ်းတွဲတစ်ခုကိုပါ တစ်ပြိုင်နက်တည်းရိုက်ကူးထားသောကြောင့် လုယွင်ကျီလည်း ကလေးငယ်အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်အောင် အပိုအလုပ်ထပ်မပေးချင်တော့။ သို့သော် ဆယ့်ငါးမိနစ်ခန့်တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မည့်အင်တာဗျူးတစ်ခုကိုမူ မလွှဲသာမရှောင်သာသောကြောင့် ဆွေ့ဆွေ့ကိုပါဝင်ရိုက်ကူးခိုင်းလိုက်ရသည်။

ဆွေ့ဆွေ့တစ်ယောက်တည်းအင်တာဗျူးလုပ်မည်ဟုကြားသွားသောအခါ ဘေးတွင်ထိုင်ရင်း
ဂိမ်းဆော့နေသော ခဲ့ကျင်းယန်က မျက်မှောင်ကြုတ်ကာ သူ့ဘက်သို့လှည့်လာသည်။

"ဘာလို့ဆွေ့ဆွေ့ကိုတစ်ယောက်တည်းအင်တာဗျူးလုပ်ခိုင်းရတာလဲ...ကလေးက ကြောက်နေမှာပေါ့...ဒီလိုလုပ်ပါလား...ကျွန်တော့်ကိုပါအင်တာဗျူးထဲထည့်လိုက်လေ
ဆွေ့ဆွေ့လည်းအဖော်ရတာပေါ့..."။ ခဲ့ကျင်းယန်က မလှမ်းမကမ်းတွင်ခွေးလေးနှင့်ဆော့ကစားနေသော ကလေးငယ်ကိုလှမ်းကြည့်ရင်း အပြုံးလေးဖြင့်ပြောလာသည်။

"တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီးရုံတင်သည့်နေ့တွင် ခဲ့ကျင်းယန်တစ်ယောက် ရုပ်ရှင်ရုံတွင်သွားကြည့်ခဲ့သေးသည်။ ရုပ်ရှင်ကြည့်နေသည့်တစ်လျှောက်လုံး သူ့မှာဆွေ့ဆွေ့လေးအတွက် ဂုဏ်ယူလို့မဆုံးပင်။ လူအများဝိုင်းချီးကျူးကြသောအခါတွင်လည်း ခေါင်းကိုင်ဖခင်တစ်ယောက်အဖြစ်ဂုဏ်ဆာနေရသည်။

ဆွေ့ဆွေ့နှင့်အတူအင်တာဗျူးတူတူလုပ်ရန် လိုလိုလားလားတောင်းဆိုလာသော ခဲ့ကျင်းယန်ကိုကြည့်ကာ လုယွင်ကျီအတော်လေးအံ့အား
သင့်သွားသည်။ "ဒီနေ့...အနောက်အရပ်ကနေ...နေထွက်လာတာများလား...အက်တာဗျူးတွေဘာတွေ...ဖြေချင်နေတယ်ဆိုတော့လေ"။

ခဲ့ကျင်းယန်က ဂိမ်းစက်ကိုဘေးတွင်ချလိုက်ရင်း ပခုံးတွန့်ပြသည်။ "ဆွေ့ဆွေ့ကိုစိတ်ပူလို့လေ...အင်တာဗျူးမှာအဆင်မပြေဖြစ်နေရင်...ဘယ်လိုလုပ်မလဲ...ကျွန်တော်မနားတော့ဘူး...ဆွေ့ဆွေ့နဲ့အတူအဖော်လိုက်သွားပေးမယ်"။

လုယွင်ကျီလည်း တစ်ခဏမျှစဥ်းစားပြီးပြောလိုက်သည်။ "ကျင်းယန်...အိမ်ပြန်ပြီးပဲ...အနားယူလိုက်ပါ...ဆယ့်ငါးမိနစ်စာအင်တာဗျူးလေးကို...မင်းလိုက်သွားစရာမလိုပါဘူး"။

ဆွေ့ဆွေ့ကိုတစ်ယောက်တည်းလွှတ်လိုက်ရန် သူကိုယ်တိုင်စိတ်မချနိုင်သော်လည်း ခဲ့ကျင်းယန်
ကိုထည့်ပေးလိုက်ရန် သူတစ်ခါမှမတွေးမိချေ။ 
တဖြေးဖြေးအောင်မြင်မှုအရှိန်ရလာသောဆွေ့ဆွေ့မှာ ခဲ့ကျင်းယန်ကိုတစ်ချိန်လုံးမှီခိုနေ၍မဖြစ်တော့ပေ။ သူတို့နှစ်ယောက်လုံး၏အနာဂတ်တက်လမ်းအတွက် အကျိုးမဖြစ်နိုင်ချေ။

ခဲ့ကျင်းယန်မှာပြန်ခံပြောချင်သော်လည်း လုယွင်ကျီ၏ တည်နေသောမျက်နှာအနေအထား
ကြောင့် နှုတ်ဆိတ်၍သာနေလိုက်သည်။ 

"ရှီရှီ...ဆွေ့ဆွေ့ဆီကို...မင်းကိုယ်လုံးကြီးနဲ့ပစ်ပစ်မဝင်နဲ့လေကွာ...တစ်နေ့တစ်နေ့အစားချည်းစားနေတာကိုများ...မင်းကိုယ်မင်းပိန်ပိန်သေးသေးလေးလို့ထင်နေသလား...ဟိုကတစ်ခါတည်းကြမ်းပြင်ပေါ်ပစ်လဲသွားဦးမယ်"။ ခဲ့ကျင်းယန်လည်း ဆွ့ဆွေ့ရင်ခံင်ထဲတွက်အခန့်သားထိုင်နေသော ရှီရှီကိုကောက်ချီရင်းပြောလိုက်သည်။

"ငါ့စကားနားမထောင်ရင်...ဒီညညစာငတ်မယ်နော်...ကြားလားရှီရှီ"။ 

"ကလေးငယ်နှင့်ခရီးသွားခြင်း" ရိုက်ကူးရေးမှပြန်ပြန်လာချင်း ခဲ့ကျင်းယန်တစ်ယောက် ဆွေ့ဆွေ့ကိုခေါ်ကာ အိမိမွေးတိရစ္ဆာန်အရောင်းဆိုင်သို့သွားခဲ့သည်။ ခဲ့ကျင်းယန်အနေနှင့် စျေးကြီးပြီး မျိုးကောင်းမျိုးသန့်ခွေးလေးများကိုသဘောကျသော်လည်း ကလေးငယ်က ခြေထောက်မသန်သောရှီရှီလေးကိုတွေ့တွေ့ချင်းသဘောကျသွားသောကြောင့် ရှီရှီကိုသာဝယ်လိုက်ရသည်။ ရှီရှီက ထိန်းချုပ်ရခက်သော်လည်း ဆွေ့ဆွေ့စကားကိုမူ မြေဝယ်မကျနားထောင်တတ်သည်။

"ပါပါးရေ...ရှီရှီကအရမ်းဝလာသလိုပဲနော်...အရင်တုန်းကထက်...ပိုလေးလာတယ်...ချီတာတောင်မနိုင်တော့ဘူး"။ ဆွေ့ဆွေ့၏စကား
ကြောင့် ခဲ့ကျင်းယန်လည်းရှီရှိကိုသေချာကြည့်လိုက်မိသည်။ ကျွေးတိုင်းစားသောအကောင်ပေါက်လေးက သူ့အိမ်ရောက်သည့်သုံးလအတွင်း အတော်လေးကိုဝလာသည်။

"အင်း...နောက်ဆို...တစ်ခေါက်နည်းနည်းပဲကျွေးမှနဲ့တူတယ်...ကြားလားဝတုတ်ကောင်"။

"တကယ်တော့လေ...ရှီရှီဝလာလည်းကိစ္စမရှိပါဘူး...သမီးလည်းအစားများများစားပြီးတော့
ရှီရှီ့ကိုချီနိုင်အောင်လုပ်မယ်"။