အပိုင်း ၁၀၃
Viewers 15k

Chapter 103

ကုဆွေ့ဆွေ့က ထိုသို့ပြောရင်းမျက်မှောင်ကြုတ်ကာ အနည်းငယ်စိတ်ရှုပ်ထွေးနေပုံရသည်။ ခွေးလေးကိုပွေ့ချီနိုင်ရန် အစားမည်မျှစားရဦးမည်နည်းဟုစဥ်းစားနေပုံရသည်။

ကုဆွေ့ဆွေ့၏စကားကြောင့် ခဲ့ကျင်းယန်လည်း စိတ်မောသွားကာ သက်ပြင်းချနေမိသည်။

ဆွေ့ဆွေ့က ထိုခွေးဝတုတ်လေးကို အလွန်ပွေ့ချီချင်ပုံရသည်။ 

ဝကစ်နေသောခွေးလေးက နေ့တိုင်းအစားစားနိုင်လွန်းသည်။ အစာကျွေးသည့်အချိန်တိုင်း တစ်ဝတစ်ပြဲစားသောကြောင့် ကိုယ်အလေးချိန်မှာတဖြေးဖြေးတိုးလာပြီး သူလိုလူကြီးတစ်ယောက်ပင် မနည်းပွေ့ချီရသည်။ ဆွေ့ဆွေ့ကဲ့သို့ ပိန်ပိန်သွယ်သွယ်သုံးနှစ်အရွယ်ကလေးလေးက ပွေ့ချီနိုင်မည်မဟုတ်ပေ။

ခဲ့ကျင်းယန်က ကလေးငယ်၏ခေါင်းလေးကို ပွတ်သပ်ကာ အပြုံးလေးဖြင့်ပြောလိုက်သည်။
"ဆွေ့ဆွေ့...ခွေးလေးကိုချီချင်တယ်ဆိုရင်...တကယ်အစားများများစားရမယ်နော်...အဲဒါမှ အားပိုရှိလာပြီး...အရပ်လည်းပိုရှည်လာမှာ"။

သို့သော် ဝတုတ်ကောင်ကိုမူ ဒီထက့်ပိုဝမလာအောင် အစားများများမစားခိုင်းရန်သူဆုံးဖြတ်လိုက်သည်။

ဆွေ့ဆွေ့က ခဲ့ကျင်းယန်၏အိမ်တွင် နေ့လည်မွန်းလွဲပိုင်းလောက်ရောက်သည်အထိ ကစားနေခဲ့သည်။ ညနေလေးနာရီခွဲသို့ရောက်လာသောအခါ ကုဆွေ့ဆွေ့ကနာရီကိုတစ်ချက်လှမ်းကြည့်ကာ လက်ထောက်မမနှင့်အိမ်ပြန်ရန်ပြင်လိုက်သည်။ မေမေက သူ(မ)နှင့်အတူညစာစားရန် အိမ်တွင်စောင့်နေလောက်ပြီ။

ရှီရှီက ဥာဏ်ကောင်းသောခွေးလေးဖြစ်သည်။ ဤရက်ပိုင်းအတွင်း သူ့သခင်ငယ်လေး၏ လှုပ်ရှားမှုများကို ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သည်။ သခင်ငယ်လေးက မတ်တပ်ထရပ်ပြီး တံခါးမကြီးဆီသို့လျှောက်သွားသည်ကိုမြင်လိုက်ရာ မကြာခင်အိမ်ပြန်တော့မည်မှန်းသူသဘောပေါက်သည်။ ထို့ကြောင့် အိမ်မပြန်စေရန် ရှီရှီကဆွေ့ဆွေ့၏ဘောင်းဘီစကိုကိုက်ဆွဲပြီး တားထားသည်။

"ရှီရှီရေ...ပါပါးခဲ့ပြောတာကိုသေချာနားထောင်လေ...မမတို့မနက်ဖြန်မှပြန်တွေ့ကြမယ်နော်"။ 
ဆွေ့ဆွေ့က ဖိနပ်စီးနေရင်းရှီရှီ၏ခေါင်းလေးကိုပွတ်သပ်ကာပြောလိုက်သည်။ ရှီရှီက သူ့သခင်ငယ်လေး၏စကားကို နားလည်သွားပုံရသည်။ 
တအီအီအသံပြုကာ ကိုက်ခဲထားသောဘောင်းဘီစကို အင်တင်တင်နှင့်လွှတ်ပေးသည်။

ဆွေ့ဆွေ့ကိုအခွန်ခင်တွယ်နေသောရှီရှီကိုကြည့်ရင်း ခဲ့ကျင်းယန်တစ်ယောက်စိတ်အချဥ်ပေါက်လာသည်။ သူ့ကိုဆိုလျှင် အစားစားချိန်မှလွဲ၍ ဂရုမစိုက်တတ်သောရှီရှီက ဆွေ့ဆွေ့စကားကိုမူ 
တစ်ခွန်းမကျန်နားထောင်တတ်သည်။ ဆွေ့ဆွေ့အိမ်ပြန်သွားသည်နှင့် သူနှင့်ရှီရှီမှာနပန်းလုံးရတော့သည်။ ဂြိုလ်ဆိုးလေးက တစ်အိမ်လုံးကိုမွှစာကြဲနေအောင်ဖွသည်။ သူ့ဂိမ်းစီဒီချပ်များကို ဖျက်စီးသည်။ ဆိုဖာများကိုကိုက်ဖြဲလွန်းသဖြင့်
အသစ်လဲရသည်မှာလည်း ဘယ်နှစ်ခေါက်မြောက်မှန်းမသိတော့။ ခဲ့ကျင်းယန်မှာ ကလေးထိန်းနေရသလားအောက်မေ့သည်။

"ပါပါးရေ...လက်ထောက်မမနဲ့သမီးနဲ့အိမ်ပြန်တော့မယ်နော်...တာ့တာ"။

"တာ့တာ...မနက်ဖြန်လည်းထပ်လာခဲ့နော်...ပါပါး
ဂိမ်းဆော့နည်းတွေသင်ပေးမယ်"။

ဤရက်ပိုင်းများအတွင်း အကောင်းမွန်ဆုံးစီမံခန့်ခွဲတတ်သောကိုယ်စားလှယ်လုယွင်ကျီကြောင့် 
"တိမ်မြှုပ်နေသော" ရုပ်ရှင်၏အောင်မြင်မှုက ဆွေ့ဆွေ့အပေါ်သိပ်ပြီးမသက်ရောက်ပေ။ ရုပ်ရှင်၏အောင်မြင်ကျော်ကြားမှုနှင့်အတူ ဆွေ့ဆွေ့မှာ တစ်ရှိန်ထိုးအောင်မြင်လာသော်လည်း လုယွင်ကျီ၏စီမံခန့်ခွဲမှုအောက်တွင် အလုပ်သိပ်မရှုပ်ချေ။ 

ခါတိုင်းလိုပင် ကလေးပီပီ စားလိုက် သောက်လိုက် အိပ်လိုက် ဆော့ကစားလိုက်နှင့်သာအချိန်ကုန်သည်။ ထို့အပြင် "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးရိုက်ကူးရေးပြီးတိုင်း ပါပါးခဲ့နှင့် ဟိုဟိုဒီဒီလျှောက်လည်ဖြစ်သေးသည်။

သူ(မ)ကို စိတ်ဖိစီးစေသည့်တစ်ခုတည်းသောအရာမှာ မေမေက ဤတလောတွင် စူပါမားကတ်သို့ လုံးဝခေါ်မသွားတော့ပေ။ ဆွေ့ဆွေ့မှာ အရင်လို မုန့်ပဲသရေစားများမစားရတော့ေူာကြောင့် စိတ်အလိုမကျချေ။

.....

"ကြယ်ပွင့်များ၏အင်တာဗျူး" အစီအစဥ်ကို ဆွေ့ဆွေ့က ကြိုတင်ပရိုမိုးရှင်းလုပ်သည့်အနေ
နှင့် သူ(မ)၏ဝေပေါ့်အကောင့်တွင် နမူနာအပိုင်းတိုလေးတင်ထားပေးသည်။

အင်တာဗျူးမတိုင်မီနေ့လည်ပိုင်းတွင် ကုဆွေ့ဆွေ့က သူ(မ)၏ကိုယ်စားလှယ်ဖြစ်သောလုယွင်ကျီနှင့်အတူ ရုပ်သံလွှင့်ဌာနသို့ရောက်လာသည်။

ရိုက်ကူးရေးအဖွဲ့က ဆွေ့ဆွေ့အတွက်အထူးသီး
သန့် မိတ်ကပ်ပညာရှင်များကိုလည်းပြင်ဆင်ပေးထားသည်။ အဝတ်အစားပိုင်းကိုမူ လုယွင်ကျီကိုယ်တိုင်ရွေးချယ်စီစစ်ပေးထားသည်။ ဆွေ့ဆွေ့နှင့်လိုက်ဖက်မည့် အဖြူရောင်လက်ပြတ်ဂါဝန်ကို ခါးတွင်ဖဲကြိုးပြာလေးနှင့်အလှဆင်ထားသည်။

ခဲ့ကျင်းကျန်တစ်ယောက် ကုဆွေ့ဆွေ့နှင့်အတူတူအင်တာဗျူးရိုက်ခွင့်မရလိုက်သော်လည်း ရိုက်ကွင်းသို့ မရမကလိုက်လာသေးသည်။ အားအားယားယားအနောက်မှတကောက်ကောပ်လိုက်နေသောကြောင့် လုယွင်ကျီမှာအတော်လေး မျက်စိနောက်နေပြီဖြစ်သည်။

"ကြယ်ပွင့်များ၏အင်တာဗျူး" အစီအစဥ်က အလွန်လူသိများကျော်ကြားသော အမေးအဖြေရှိုးကြီးတစ်ခုပင်။ ဤအစီအစဥ်၏ထူးခြားသည့်အချက်မှာ အင်တာဗျူးတိုင်းကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ခြင်းဖြစ်သည်။ အစီအစဥ်သို့ဖိတ်ကြားခံရသောအနုပညာရှင်များလည်း ပရိသတ်များအကြား လောလောလတ်လတ်ရေပန်းစားနေသူများဖြစ်သည်။

သို့သော် ဆွေ့ဆွေ့ကိုဖိတ်ကြားထားသောအင်တာဗျူးအစီအစဥ်များအနက် "ကြယ်ပွင့်များ၏အင်တာဗျူး" ကိုသာ လုယွင်ကျီရွေးချယ်လိုက်ရသည့်အကြောင်းရင်းမှာ ထိုရှိုး၏အစီအ
စဥ်တင်ဆက်သူက အနုပညာအသိုင်းအဝိုင်းတွင်
ဂုဏ်သတင်းမွှေးသူဖြစ်သောကြောင့်ပင်။ အင်တာဗျူးတွင်အနုပညာနှင့်မသက်ဆိုင်သော ကိုယ်ရေးကိုယ်တာမေးခွန်းများကိုလည်းမမေးတတ်ပေ။ စကားပြောရာတွင်လည်း အထိန်းအကွပ်နှင့်အဆင့်အတန်းရှိရှိပြောတတ်သည်။

"ဆွေ့ဆွေ့...ရိုက်ကူးရေးစရင်....တအားကြီးစိတ်မလှုပ်ရှားနဲ့နော်...သာမာန်လိုပဲသက်တောင့်သက်သာနဲ့ဖြေ...ဟုတ်ပြီလား...ဦးတို့အောက်ကနေကြည့်နေမယ်"။ ကလေးငယ်၏ပထမဆုံးအကြိမ်အင်တာဗျူးဖြစ်သောကြောင့် လုယွင်ကျီမှာ အနည်းငယ်စိတ်ပူနေမိသည်။

တစ်ဖက်တွင် နေကာမျက်မှန်ကြီးတပ်ကာထိုင်နေသော ခဲ့ကျင်းယန်က ဆွေ့ဆွေ့အား သြဝါဒခြွေနေပြန်သည်။ "ပါပါးပြောတာသေချာနားထောင်နော်...အကယ်လို့ဆွေ့ဆွေ့မဖြေချင်တဲ့မေးခွန်းမျိူးမေးလာရင်...ဖြေမနေနဲ့...ကိုယ်စားလှယ်ဦးဦးက...မပြောခိုင်းဘူးလို့သာပြောလိုက်"။

ထို့နောက် မိနစ်အနည်းငယ်အကြာတွင် ဆွေ့ဆွေ့တစ်ယောက် စင်ပေါ်သို့ရောက်သွားသည်။

စင်မြင့်ထက်တွင်အစီအစဥ်တင်ဆက်သူ၏ထိုင်ခုံနှင့် ဆွေ့ဆွေ့အတွက်ပြင်ပေးထားသောထိုင်ခုံနှစ်ခုသာရှိသည်။

မိုက်အသံနှင့်မီးအလင်းရောင်များကိုချိန်ညှိပြီးနောက် ရှစ်နာရီတိတိတွင် အင်တာဗျူးအစီအစဥ်ကိုစတင်သည်။ အွန်လိုင်းပေါ်တွင်တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုနေကြသူများမှာ ခြောက်သိန်းခန့်ပင်ရှိနေပြီဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုစတင်သည်နှင့် အစီအစဥ်တင်ဆက်သူကဆွေ့ဆွေ့ဘက်သို့လှည့်ကာ မေး
ခွန်းများစမေးတော့သည်။ "ဆွေ့ဆွေ့လေးရဲ့
ပွဲဦးထွက်ရုပ်ရှင်ကို...ရုံတင်ပြီးသွားပြီနော်
သရုပ်ဆောင်တာအရမ်းတော်တာပဲ...ဆွေ့ဆွေ့လေးကိုတစ်ခုလောက်မေးကြည့်ချင်ပါတယ်
ဘာကြောင့်...သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်ရတာလဲ"။

ဆွေ့ဆွေ့က အစီအစဥ်တင်ဆက်သူ၏မေးခွန်းကိုချက်ချင်းမဖြေပဲ စင်အောက်သို့အကြည့်ပို့မိသည်။ မလှမ်းမကမ်းတွင် ရပ်နေသောပါပါးခဲ့
နှင့်ဦးဦးကိုယ်စားလှယ်ကိုမြင်မှ စိတ်သက်သာရာရသွားသည်။ ထို့နောက်မှ အစီအစဥ်တင်ဆက်သူဘက်သို့လှည့်ကာ ပြန်ဖြေလိုက်သည်။
"သရုပ်ဆောင်ဖြစ်ရင်...အင်္ကျီလှလှလေးတွေဝတ်လို့ရတယ်...ရိုက်ကွင်းမှာဆိုရင်လည်း..အရသာရှိတဲ့အစားအသောက်တွေစားလို့ရတယ်..မမလှလှတွေ...ကိုကိုချောချောတွေကိုလည်းနေ့တိုင်းမြင်ရတယ်...အဲဒါကြောင့်သရုပ်ဆောင်ဖြစ်ချင်တာပါရှင့်"။

ကုဆွေ့ဆွေ့ထံမှမထင်မှတ်ထားသောအဖြေကြောင့် အစီအစဥ်တင်ဆက်သူမှာ ကြောင်အမ်းအမ်းဖြစ်သွားသည်။ စင်အောက်မှ ခဲ့ကျင်းယန်လည်း ဆွေ့ဆွေ့စကားကိုကြားပြီးနောက် မရယ်မိအောင်မနည်းအောင့်ထားရသည်။ ဆွေ့ဆွေ့က တကယ့်ကိုရိုးရှင်းပြီးပွင့်လင်းလွန်းသည်။ တိုက်ရိုက်ကြည့်ရှုနေသော ပရိသတ်များမှာလည်း ပေါက်စလေးကိုအသည်းတယားယားနှင့်သဘောကျနေကြသည်။