Chapter 106
ပါပါရာဇီကင်မရာထဲမှထွက်လာသော မမ်မိုရီကတ်ကို ခဲ့ကျင်းယန်ရိုက်ချိုးပစ်လိုက်သည်။ ကောင်းမွန်နေသောစိတ်အခြေအနေက ပျက်စီးသွားပြီဖြစ်သောကြောင့် သူ့ဆံပင်များကိုစိတ်ရှုပ်စွာဖြင့်ဆွဲဖွလိုက်ကာ ဒေါသအလွန်ထွက်နေဟန်ရှိသည်။
သူစိမ်းလူဦးကြီးက ရုတ်တရက်ထွက်ခွာသွားသည်ကို ကုဆွေ့ဆွေ့မြင်လိုက်သောအခါ ခဲ့ကျင်းယန်၏ အင်္ကျီစကိုလှမ်းဆွဲပြီး ဇဝေဇဝါဖြစ်နေသည့် အမူအရာဖြင့်မေးလာသည်။ "ပါပါးခဲ့...အဲဒီဦးလေးကြီးက ဘာလာလုပ်တာလဲဟင်..
သမီးတို့ရဲ့ပရိသတ်လား"။
ခဲ့ကျင်းယန်က ကလေးငယ်ကိုတစ်ချက်မျှကြည့်ပြီး တုံ့ဆိုင်းနေကာ တစ်ခုခုကိုတွေဝေနေပုံရပြီးလေးလေးပင်ပင်ပြန်ဖြေလာသည်။ "အဲဒီလူက..ပါပါးတို့ရဲ့ပရိသတ်မဟုတ်ဘူး...ဒီတိုင်းသူစိမ်းတစ်ယောက်ပဲ"။
ပါပါရာဇီများက အကျော်အမော်အနုပညာရှင်များနောက်သို့ ကင်မရာတစ်လုံးဖြင့်တကောက်ကောက်လိုက်နေတတ်သည်မှာ ထုံးစံပင်ဖြစ်သည်။ သို့သော် အနုပညာရှင်များ၏လျှို့ဝှက်ချက်တစ်ခုခုကို မှတ်တမ်းတင်မိလျှင် သတင်းမီဒီယာသမားများဆီသို့ပြန်ရောင်းတတ်ကြသည်။ သို့မဟုတ် အနုပညာရှင်များကို သူသိထားသောလျှို့ဝှက်ချက်များကို ပြည်သူလူထုထံသို့ဖွင့်ချလိုက်မည်ဟု အကြပ်ကိုင်ကာ ခြိမ်းခြောက်ပြီးငွေညှစ်တတ်ကြသည်။
ထိုသို့သောအခြေအနေမျိုးကို ခဲ့ကျင်းယန်ကိုယ်တိုင် အခေါက်ပေါင်းများစွာကြုံဖူးသည်။
လုယွင်ကျီကယ်၍သာ ဤနေ့ဤနေရာတွင်သူရပ်နေနိုင်ခြင်းဖြစ်သည်။
ပါပါရာဇီများက သူနောက်သို့တကောက်ကောက်လိုက်ပြီး ခိုးကြောင်ခိုးဝှက်နှင့်ဓာတ်ပုံများရိုက်ယူတတ်သည်။ နောက်ယောင်ခံလိုက်ပြီးစောင့်ကြည့်ခံရသည့်ခံစားချက်ကို သူအလွန်မုန်းသည်။ ပြည်သူလူထုကိုဖျော်ဖြေပေးရသော
အနုပညာရှင်တစ်ယောက်ဖြစ်သည့်တိုင် သာမာန်လူများကဲ့သို့ အနှောင့်အယှက်ကင်းသည့်သာမာန်ဘဝတစ်ခုကို သူတောင့်တပါသည်။ သူ့ကိုယ်ပိုင်ဘဝအားဝင်ရောက်စွက်ဖက်သူတိုင်းကို တစ်စစီဖျက်စီးပစ်ချင်မိသည်မှာ သူ့စိတ်ရင်းအမှန်ပင်။
ခဲ့ကျင်းယန်မှာ ဆွေ့ဆွေ့အတွက်လည်းစိတ်ပူရသေးသည်။ ကလေးငယ်က ဤအရွယ်တွင်ဘာမှမသိသေးသောကြောင့် ပါပါရာဇီများကိုလည်း လူကောင်းတစ်ယောက်ဟုထင်နေနိုင်သည်။ ထို့ကြောင့် မဖြစ်သင့်တာမဖြစ်ရလေအောင်ကြိုသတိပေးထားမှရတော့မည်။ "ဆွေ့ဆွေ့လေး
နောက်တစ်ခါ...အဲ့ဒီလိုလူမျိုး...သမီးအနားချဥ်းကပ်လာရင်...တတ်နိုင်သလောက်ဝေးဝေးပြေးနော်...လူကြီးပါလာရင်လည်း...လူကြီးကိုပြောပြပြီး...အနားမှာပဲနေ...ကြားလား"။
"ဟုတ်...သမီးသိပါပြီ"။ ဆွေ့ဆွေ့က နားလည်သွားဟန်ဖြင့် ခေါင်းညိမ့်ပြလာသည်။ ခဲ့ကျင်းယန်လည်း သက်ပြင်းချရင်း တစ်စုံတစ်ခုကိုတွေးမိသွားသည်။
"မစ္စတာလု...ဆွေ့ဆွေ့အတွက်...သက်တော်
စောင့်နှစ်ယောက်လောက်ဌားလိုက်ရအောင်
တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ဖြတ်ထိုးဥာဏ်ကောင်းပြီးလျင်ရမယ်...စာရိတ္တလည်းကောင်းရမယ်"။ ကလေး၏လုံခြုံရေးကိုစိုးရိမ်မိသော
ကြောင့် သူအနားမှာမရှိသည့်အချိန်များတွင် သက်တော်စောင့်များအားကာကွယ်စောင့်ရှောက်ခိုင်းထားရန် ခဲ့ကျင်းယန်တစ်ယောက်စိတ်ကူးရသွားသည်။
လုယွင်ကျီ: "မင်းအတွက်...သက်တော်စောင့်ထားပေးပါမယ်လို့ပြောတုန်းကကျတော့...လက်မခံပဲနဲ့...အခုဆွေ့ဆွေ့အတွက်...ဘာလို့သက်တော်စောင့်ဌားစေချင်ရတာလဲ"။
"ဟောဗျာ...ကျွန်တော်ကအရွယ်ရောက်ပြီးသား
ယောကျာ်သားတစ်ယောက်လေ...ဘာကိစ္စသက်တော်စောင့်လိုမှာလဲ...ကိုယ့်ကိုကိုယ်ကာကွယ်နိုင်တဲ့အနေအထားမှာရှိပါတယ်...ဒီကလေးသေးသေးလေးအတွက်ပဲဌားရမှာပေါ့...ဟိုပါပါရာဇီအစုတ်အပျက်တွေကအနောက်က...တကောက်ကောက်လိုက်နှောင့်ယှက်နေရင်ဘယ်လိုလုပ်မလဲ...ကလေးလုံခြုံရေးအတွက်အရေးကြီးလို့ပြောတာ"။
ခဲ့ကျင်းယန်၏စကားကို လုယွင်ကျီလည်း အလေးအနက်ထားစဥ်းစားနေမိသည်။ ကောင်လေးပြောသလို ဆွေ့ဆွေ့၏အောင်မြင်မှုက တစ်နေ့တစ်ခြားမြင့်တက်လာသည်နှင့်အမျှ လုံ ခြုံရေးကို အထူးကြပ်မတ်ရန်လိုအပ်လာသည်။
သို့သော် ယနေ့ခေတ်တွင်ယုံကြည်စိတ်ချရသော
သက်တော်စောင့်မျိုးတွေ့နိုင်ရန်ရှားပါးလွန်းသည်။
"သက်တော်စောင့်တွေကိုလွယ်လွယ်ရှာလို့ရမယ်လို့...မင်းထင်နေတာလား...အချိန်ယူဖို့လိုတယ်
အခုလောလောဆယ်ဆယ်တော့...လက်ထောက်တွေနဲ့ကြည့်ထားခိုင်းလိုက်မယ်...သက်တော်
စောင့်ရှာဖို့ကိစ္စကိုတော့...ငါကြည့်လုပ်လိုက်မယ်"။
ညနေစောင်းနေပြီဖြစ်သော်လည်း ဆွေ့ဆွေ့က ရှီရှီနှင့်ကစားရန် ပါပါးခဲ့အိမ်သို့လိုက်ချင်သေးသည်။ ခဲ့ကျင်းယန်က စျေးဝယ်စင်တာနှင့်နီးသော ဇိမ်ခံတိုက်ခန်းကြီးတွင်နေသောကြောင့်
ဆယ်မိနစ်ခန့်မောင်းသွားရုံနှင့်တန်းရောက်သည်။ ကားထဲမှမထွက်မီ လုယွင်ကျီက အသိပေးသလိုပြောလာသည်။ "ဒါနဲ့...ကျင်းယန်
နောက်တစ်ပတ်ထဲမှာ...အေဂျင်စီကနေ...ဂုဏ်ပြုစားပွဲလုပ်ဖို့ရှိတယ်...ငါဖိတ်စာပို့ပေးလိုက်မယ်"။
ခဲ့ကျင်းယန်က မျက်ခုံးများတွန့်ချိရင်းအလိုမကျစွာပြောလိုက်သည်။ "လုပ်ပြန်ပြီ...ခင်ဗျားလည်းသိရဲ့သားနဲ့...ကျွန်တော်အဲ့လိုပွဲမျိုးတက်ရတာမကြိုက်ဘူး...ကျွန်တော်မလာနိုင်ဘူးနော်"။
"ဦးလေးနဲ့ဒေါ်ဒေါ်က...ဒီပွဲမှာမင်းကိုတွေ့ချင်နေတာလေ...မင်းအိမ်မပြန်တာသုံးလတောင်ရှိသွားပြီ...မိဘတွေကို...နည်းနည်းပါပါးမျက်နှာသွားပြလိုက်ပါဦး"။
"အေးလေ...ကျွန်တော့်မိဘတွေလည်းအဲ့ပွဲကိုလာမှာဆိုတော့...ပိုပြီးတော့မသွားချင်တော့ဘူး"။
လုယွင်ကျီလည်း ထပ်ပြီးသတိပေးလိုက်သည်။
"ငါမင်းကိုသတိပေးတယ်နော်...သွားတာမသွားတာက...မင်းအပိုင်း...ဦးလေးနဲ့ဒေါ်ဒေါ်တို့
နားပူနားဆာလုပ်ရင်...မင်းပဲခံရမှာ"။
ဘေးခုံတွင်ထိုင်နေသော ဆွေ့ဆွေ့က သူတို့နှစ်ယောက်အငြင်းအခုံဖြစ်နေသည်ကို နားစွန်နားဖျားကြားသွားပုံရသည်။ စူးစမ်းစွာ
ဖြင့်ဝင်မေးလာသည်။ "ဂုဏ်ပြုစားပွဲဆိုတာဘယ်လိုမျိုးလဲဟင်...ဦးဦးလု...သမီးလည်းသွားလို့ရလားဟင်"။
ဆွေ့ဆွေ့၏အမေးကြောင့် လုယွင်ကျီကမျက်ခုံးပင့်ရင်း ခဲ့ကျင်းယန်ကိုတစ်ချက်လှမ်းကြည့်လာသည်။ "ဆွေ့ဆွေ့လေးရော...ဂုဏ်ပြုစားပွဲသွားချင်တာလား...သမီးပါပါးကိုမေးကြည့်လေ
သူသွားရင်သမီးလည်းလိုက်လာလို့ရတယ်
သူ့အပေါ်မူတည်တာပေါ့နော်"။
ကုဆွေ့ဆွေ့မှာ သူ(မ)လည်းလိုက်လို့ရကြောင်းသိရသောအခါ မျက်လုံးကလေးလက်သွားသည်။ ထို့နောက် ဘေးတွင်ရှိသောပါပါးခဲ့ကိုခေါင်းလေးစောင့်ငဲ့ကာကြည့်ရင်း အားတက်သရောမေးလိုက်သည်။ "ပါပါးရောသွားမှာမလားဟင်...သမီးကိုခေါ်သွားပါနော်"။
ပါပါးက သူ(မ)ကို လေးလံစွာခေါင်းယမ်းပြသည်။ "ဟင့်အင်း...ပါပါးနောက်မှ...ဆွေ့ဆွေ့ကို...စားသောက်ဆိုင်တွေခေါ်သွားပေးမယ်
ကစားကွင်းလည်းခေါ်သွားပေးမယ်လေ...အခုတော့မဖြစ်ဘူး...ဂုဏ်ပြုစားပွဲကိုသွားဖို့...ပါပါးတကယ်အဆင်ပြေမနေဘူး"။
ကုဆွေ့ဆွေ့မှာ ခဲ့ကျင်းယန်၏စကားကြောင့် မျက်နှာချက်ချင်းညှိုးကျသွားသည်။ ကလေးပီပီ ဂုဏ်ပြုစားပွဲကမည်သို့မည်ပုံရှိမှန်း သိချင်သည်။ ပွဲဆိုလျှင်သွားဖူးချင်သည်။
မျက်နှာညှိုးသွားသောကလေးကိုမြင်သောအခါ
ခဲ့ကျင်းယန်လည်း စိတ်မချမ်းသာတော့ပေ။
ထို့ကြောင့် ဖြစ်ချင်ရာဖြစ် ဟိုရောက်မှမီးစင်
ကြည့်ကတော့မည်ဟုဆုံးဖြတ်လိုက်သည်။
"ကဲပါ...ပါပါးသွားပေးပါ့မယ်...စိတ်မညစ်နဲ့တော့
ဆွေ့ဆွေ့ကိုလည်းခေါ်သွားမယ်...အတူတူသွားကြမယ်...ဟုတ်ပြီလား"။
"ရေး...ပါပါးကချစ်စရာအကောင်းဆုံးပဲ"။
ထိုကလေးငယ်နှစ်ယောက်ကိုကြည့်ရင်း လုယွင်ကျီလည်း အပျော်ဓာတ်တို့ကူးစက်ကာ နှုတ်ခမ်းပါးလေး မသိမသာကော့တက်သွားသည်။