အပိုင်း ၁၀၉
Viewers 15k

Chapter 109

ဤကိစ္စနှင့်ပတ်သတ်၍ ချင်းဇီချန်တစ်ယောက် သူ့ရှေ့ရှိကလေးမလေးကိုစကားပြောကြည့်ချင်သော်လည်း ကိုယ်ရံတော်တစ်အုပ်စုလုံး ပြန်ရောက်လာမည်ကို သူပို၍စိတ်ပူမိသည်။

ယခုအချိန်သူ့စိတ်ထဲတွင် အတွေးတစ်ခုသာရှိသည်။ ထိုအတွေးမှာ ဤနေရာမှအမြန်ဆုံးထွက်သွားနိုင်ရန်ပင်ဖြစ်သည်။

သူ့အကြံအစည်များ အကောင်အထည်မပေါ်မီတွင် မြန်မြန်မမိသွားစေချင်ပေ။

"ထားလိုက်တော့...မင်းငါနဲ့အတူတူ...မလိုက်ချင်ဘူးဆိုလည်း...ငါ့တစ်ယောက်တည်းသွားမယ်..
မင်းကလက်ထောက်မကိုဒီနေရာမှာပဲ...ဆက်စောင့်နေလိုက်ပေါ့"။

သို့သော် ကုဆွေ့ဆွေ့က သူ့အင်္ကျီစကို သူ(မ)၏လက်သေးသေးလေးများဖြင့် အတင်းဆွဲပြီးလှမ်းတားသည်။ "ဟင့်အင်း...ကိုကိုမသွားပါနဲ့..အဲဒီဦးလေးကြီးတွေက..ကိုကို့နောက်ကိုထပ်လိုက်ရင်ဘယ်လိုလုပ်မလဲ...အဲဒါကြောင့် သမီးနဲ့ပဲ...ဒီမှာအတူနေပါ...ပါပါးခဲ့ရောက်လာရင် သမီးတို့ကိုသေချာပေါက်ကာကွယ်ပေးလိမ့်မယ်"။

ချင်းဇီချန်လည်း သူ့အားအတင်းဆွဲထားသော ကလေးမလေးကိုကြည့်ကာ စိတ်ရှုပ်စွာဖြင့်ပြောလိုက်သည်။ "မင်းရဲ့ပါပါးက...ငါ့ကိုအကာအကွယ်မပေးနိုင်ပါဘူး..ငါ့အဖေက ဘယ်သူဆိုတာ..မင်းသိရဲ့လား"။ 

သူ့နောက်လိုက်နေသည့် ထိုကိုယ်ရံတော်များက
သူ့ကိုမျက်စိဒေါက်ထောက်စောင့်ကြည့်ရန် အဖေလွတ်ထားသည့်သူများဖြစ်သည်။ အဖေ့စကားကိုသာနားထောင်သော သစ္စာရှိသည့်နောက်လိုက်ခွေးများကို ပမွှားသာသာရှိသောကလေးမလေးက ရပ်တန့်နိုင်မည်တဲ့လား။

"သူဌေးကိုကိုရဲ့အဖေက...ဘယ်သူမို့လို့လဲ"။

ကလေးမလေး၏အမေးကြောင့် ချင်းဇီချန်းမှာ တစ်ခဏတာမျှတုံ့ဆိုင်းသွားသည်။ သူ့အဖေအကြောင်းကို သူတကယ်ထုတ်မပြောချင်ပေ။ 
တစ်ယောက်ယောက်သိသွားပြီး အဖေ့ဆီသတင်းပို့လိုက်လျှင် သက်တော်စောင့်များရောက်လာပြီး ပြန်ဆွဲခေါ်သွားဦးမည်မှာ အသေအချာပင်။

"ငါ့အဖေအကြောင်းကိုမင်းသိစရာမလိုပါဘူး
ဒါပေမဲ့...ငါ့ဒယ်ဒီက...မင်းပါပါးထက်တော့သာတယ်...သူ့ကိုဘာမှသွားလုပ်လို့မရဘူး"။

ကုဆွေ့ဆွေ့လည်း အားကျမခံပြန်ပြောသည်။ "ပါပါးခဲ့ကလည်း...အရမ်းတော်တဲ့သူပါနော်"။

ချင်းဇီချန်တစ်ယောက် စိတ်မရှည်တော့သောကြောင့် ကလေးမလေးကိုစေ့စေ့စိုက်ကြည့်ကာပြောလိုက်သည်။ "မင်းမြင်နေရတဲ့ဒီဟိုတယ်ကို ငါ့အဖေပိုင်တယ်ကွ...ငါ့အဖေမှာ ပိုက်ဆံအများကြီးရှိတယ်"။

ကုဆွေ့ဆွေ့ကလည်း အလျှော့မပေးနိုင်ချေ။ "ပါပါးခဲ့မှာလည်း...ပရိသတ်တွေ အများကြီး ရှိပါတယ်နော်"။ ဘယ်သူ့အဖေပိုတော်ကြောင်း ကလေးနှစ်ယောက်အငြင်းအခုံဖြစ်နေကြချိန်တွင် ရှမ်ယွမ်နှင့်ခဲ့ကျင်းယန်က စားသောက်ဝိုင်းမှထွက်လာသည်။

ရှမ်ယွမ်က သူမလက်ထဲတွင် ကိတ်မုန့်သေးသေးတစ်ပန်းကန်ကို ကိုင်ထားသည်။ ထို့နောက်ဆွေ့ ဆွေ့ဘေးတွင်ထိုင်နေသည့် သူစိမ်းကောင်လေးဆီသို့ အကြည့်ရောက်မိသည်။ ထိုကောင်လေးက ဆွေ့ဆွေ့နှင့်အသက်အရွယ်အတူတူလောက်ဖြစ်ပုံရသည်။

"ဆွေ့ဆွေ့...သူကဘယ်သူတုန်း"။ 

"အော်....သူဌေးကိုကိုလေ...မမရှမ်ယွမ်ရဲ့...လူဆိုးဦးလေးကြီးတွေက...သူဌေးကိုကိုနောက်ကိုလိုက်ဖမ်းနေလို့...ဆွေ့ဆွေ့ကကာကွယ်ပေးထားတာ"။

ခဲ့ကျင်းယန်လည်း ထိုကောင်လေးကို စူးစူးဝါးဝါးစိုက်ကြည့်နေမိသည်။ ဆွေ့ဆွေ့အနားကပ်နေတည်းက ခဲ့ကျင်းယန်၏အကြည့်တို့ကထိုကောင်လေးဆီမှမခွာတော့ပေ။ ရှမ်ယွမ်မှာ ဆွေ့ဆွေ့ဘေးတွင်ထိုင်နေသောကောင်လေးက ဂုဏ်ပြုစားပွဲတက်ရောက်လာသဘ့်အရေးကြီးပုဂ္ဂိုလ်များ၏သားသမီးတစ်ယောက်ယောက်ဖြစ်နေမည်ကိုစိတ်ပူမိသော်လည်း ခဲ့ကျင်းယန်က ကောင်ငယ်လေး၏လက်ကောက်ဝတ်ကိုဆောင့်ဆွဲကာ စိမ်းစိမ်းကားကားမေးလိုက်သည်။ "ကောင်လေး...မင်းကဘယ်သူလဲ...ဘာကိစ္စဆွေ့ဆွေ့အနားကပ်နေရတာလဲ"။

"ခင်ဗျားတို့...ကျွန်တော့်ကိုဆွဲလားရမ်းလားလုပ်စရာမလိုဘူး...လွှတ်စမ်း"။ ထိုကောင်လေးက ခဲ့ကျင်းယန်၏လက်ကိုအတင်းခါချသည်။

"အောင်မယ်...လူကလက်တောက်လောက်အရွယ်လေးနဲ့...လူကြီးကိုပြန်အော်နေတယ်
မင်းမိဘတွေကမဆုံးမထားဘူးလား...ငါဆုံးမပေးမယ်...တစ်ခါတည်းမှတ်သွားအောင်လုပ်ပေးရတာပေါ့"။

ချင်းဇီချန်ကလည်း မဟုတ်မခံစိတ်ဓာတ်ရှိသည့်ကလေးတစ်ယောက်ဖြစ်သည်။ သူ့ကိုမဟုတ်မဟတ်လာစွပ်စွဲပြီး မိဘများကိုပါထိပါးပြောဆိုလာသောကြောင့် ဒေါသထောင်းကနဲထွက်သွားသည်။ "ဘာလဲ...ခင်ဗျားက...ကျွန်တော့်ကိုရိုက်မလို့လား...ရိုက်ရဲရင်ရိုက်ကြည့်လိုက်လေ...အဲဒီနောက်ဆက်တွဲကိစ္စကို...ခင်ဗျားပဲတာဝန်ယူရမှာနော်"။

တစ်ခွန်းမကျန်ပြန်ပြောလာသော ထိုကောင်လေးကြောင့် ခဲ့ကျင်းယန်အံ့သြသွားမိသည်။ "အေး...မင်းပြောတာနော်...နောက်ပြီးမှငါ့အဆိုးမဆိုနဲ့"။

တစ်ယောက်နှင့်တစ်ယောက်အော်ဟစ်ပြောဆိုနေကြသောပါပါးခဲ့နှင့်သူဌေးကိုကိုတို့ကိုဆွေ့ဆွေ့ကိုယ်တိုင်ဝင်ဟန့်လိုက်သည်။ "ပါပါးခဲ့
သူဌေးကိုကိုက...သမီးအနားကပ်လာတာမဟုတ်ရပါဘူး...ကိုကို့နောက်ကိုဘူဆိုးဦးလေးကြီးတွေလိုက်နေလို့...သမီးက...ပါပါးကိုအတူစောင့်ရအောင်ဆိုပြီး...ဒီမှာနေခိုင်းထားတာပါ"။

ဆွေ့ဆွေ့စကားကြောင့် ချင်းဇီချန်ကိုဆုံးမရန်ပြင်နေသော ခဲ့ကျင်းယန်၏လက်တို့ပြန်ရုတ်သွားရသည်။ ထိုစဥ် အနက်ရောင်ဝတ်စုံများညီတူဝတ်ဆင်ထားသော လူတစ်သိုက်က ခဲ့ကျင်းယန်တို့ရှိရာသို့အပြေးအလွှားရောက်လာသည်။ 
"ဒီကလူကြီးမင်းခင်ဗျာ...ကျွန်တော်တို့ရဲ့သခင်လေးကိုလွှတ်ပေးလိုက်ပါ"။

"ပါပါးခဲ့...ဒီဦးလေးကြီးတွေပဲ...သူဌေးကိုကို့နောက်ကိုလိုက်နေတာလေ...သူတို့ကလူဆိုးတွေတဲ့"။ ဆွေ့ဆွေ့က သက်တော်စောင့်အုပ်စုကို လက်ညှိုးငေါက်ငေါက်ထိုးရင်းပြောသည်။

"နေပါဦး...ဒီကလေးက...ခင်ဗျားတို့ရဲ့သခင်လေးဆိုရင်...ဘာလို့သူကထွက်ပြေးနေမှာလဲ
ကလေးကမလိုက်ချင်တာလဲ...ဘာလို့အတင်းခေါ်နေရတာလဲ"။

ခဲ့ကျင်းယန်ကိုတစ်ခွန်းမကျန်ပြန်ခံပြောသောကောင်စုတ်လေးက အခုများတော့ ဆွေ့ဆွေ့နောက်တွင် ဝင်ပုန်းနေသည်မှာအရိပ်အယောက်ပင်မတွေ့ရ။

"သခင်လေးချင်ဇီချန်းက...ချင်ဥက္ကဋ္ဌကြီးရဲ့သားငယ်ပါ...ကျွန်တော်တို့ကသခင်လေးရဲ့သက်တော်စောင့်တွေပါ"။

ချင်ဥက္ကဋ္ဌ၏သားဟူသောစကားကြောင့် ခဲ့ကျင်းယန်မှာဆွံ့အသွားသည်။ ထို့နောက်ကောင်လေးကို လွှတ်ပေးလိုက်ပြီးသက်တော်စောင့်အုပ်စုရှေ့သို့တွန်းပို့လိုက်သည်။ "ကဲ...ကောင်လေးရေ...မင်းကိုအစ်ကိုကဘယ်သူမှန်းသေချာမသိလိုက်လို့ပါ...အခုအိမ်ပြန်လို့ရပြီနော်"။

သို့သော် ထိုကောင်လေးက ခဲ့ကျင်းယန်နားသို့ပြန်ပြေးလာရင်း အတင်းဆွဲဖက်ထားတော့သည်။ "ဟင့်အင်း...မလိုက်ဘူး...အိမ်မပြန်ချင်ဘူးလို့"။ ငိုယိုအော်ဟစ်နေသော ကောင်လေးကိုကြည့်ကာ ခဲ့ကျင်းယန်လည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ပေ။