Chapter 110
သူ့အားရုတ်တရက်ဆွဲကိုင်လာသည့် ထိုကောင်လေးကိုမြင်သောအခါ ခဲ့ကျင်းယန်၏စိတ်ထဲတွင်မကျေမချမ်းဖြစ်သွားရသည်။ သို့သော် သက်တော်စောင့်အုပ်စုကြီးရှေ့တွင်ဖြစ်သောကြောင့် ကောင်စုတ်လေးအားခါချရန်မလွယ်ကူနေပေ။ "မင်းပြောတော့...မင်းကိုလွှတ်ပေးပါဆို..ငါအခုလွှတ်ပေးပြီလေ...ဘာလို့ဒီမှာတွယ်ကပ်ပြီး နေနေသေးတာလဲ"။
"ကျွန်တော်ဘယ်မှမသွားဘူး....ခင်ဗျားလည်း ကျွန်တော့်ကို သူတို့လက်ထဲလွှဲပေးစရာမလိုဘူး...ဒီကောင်တွေက ကလေးဖမ်းတဲ့လူဆိုးတွေဖြစ်နေရင်...ဘယ်လိုလုပ်မလဲ...ခင်ဗျားသူတို့အကြောင်း ဂဂဏဏသိလို့လား"။ ချင်းဇီချန်တစ်ယောက် ထိုသက်တော်စောင့်အုပ်ကြီးနှင့်အိမ်ပြန်မလိုက်ချင်သေးပေ။ အပြင်ထွက်ခွင့်ကြုံတုန်း လွတ်လပ်မှုအရသာကိုတစ်ဝကြီးခံစားချင်မိသည်။
ခဲ့ကျင်းယန်လည်း ထိုကောင်စုတ်လေးအားနရင်းအုပ်ပစ်ချင်သည့်စိတ်ကိုမနည်းအောင့်အီးကာ သက်တောင့်စောင့်များကို ပုခုံးတွန့်ပြပြီးပြောလိုက်သည်။ "ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ..သူ့ကိုကျွန်တော်မသွားခိုင်းတာမဟုတ်ဘူး...သူ့ဘာသာသူ...ဒီမှာ အတင်းတွယ်ကပ်ပြီးနေနေတာနော်"။
သက်တော်စောင့်ခေါင်းဆောင်လည်း သူတို့သခင်ငယ်လေးကို ပြန်ခေါ်လို့မရနိုင်မှန်း သဘောပေါက်သွားသောအခါ ဘေးသို့လှည့်ကာဖုန်းခေါ်ဆိုလိုက်ပြီးမှ သူ့ကိုတလေးတစားတောင်းပန်စကားဆိုလာသည်။ "ကျွန်တော်တို့တောင်းပန်ပါတယ်...သခင်လေးကြောင့် လူကြီးမင်းတို့ဒုက္ခများသွားရပါပြီ...တစ်အောင့်လောက်ကြာမှပဲ...သခင်လေးကိုပြန်လာခေါ်ပါ့မယ်"။
သက်တော်စောင့်အုပ်စုထွက်သွားမှ ကလေးစုတ်လေးက ခဲ့ကျင်းယန်ဆီမှခွာတော့သည်။ ထိုအချိန်တွင် လုယွင်ကျီက ပွဲတက်ရောက်လာသူများကို လိုက်လံနှုတ်ဆက်ပြီးနောက် ခဲ့ကျင်းယန်တို့ရှိရာသို့ရောက်လာသည်။ ဖြစ်စဥ်အစအဆုံးကိုလည်းမြင်လိုက်ရသည်။ "အစောက...ကိစ္စအတွက်စိတ်မပူနဲ့...သူတို့လူသူတို့ရှင်းလိမ့်မယ်"။
ကောင်စုတ်လေးက ပွဲမပြီးခင်အထိဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်တို့အနားတွင်သာကပ်နေပြီးတစ်လှမ်းမှမခွာပေ။ သို့သောပွဲအပြီးတွင် ဖခင်ဖြစ်သူ ချင်ဥက္ကဋ္ဌကြီးကိုယ်တိုင်လာခေါ်သောကြောင့်အင်တင်တင်နှင့်လိုက်သွားရတော့သည်။ သက်တော်စောင့်များနှင့်ခဲ့ကျင်းယန်ကိုတစ်ခွန်းမကျန်ပြန်ခံပြောသလောက် အဖေကိုတော့တုန်နေအောင်ကြောက်ပုံရသည်။
"နှုတ်ဆက်ပါတယ်...သူဌေးကိုကို...နောက်မှပြန်တွေ့ကြမယ်နော်"။
"ဆွေ့ဆွေ့...တစ်ခြားသူတွေကို...သူဌေးကိုကိုဆိုပြီး...လျှောက်လျှောက်ခေါ်မနေနဲ့"။ ခဲ့ကျင်းယန်က ဆွေ့ဆွေ့၏ပါးလေးကိုဆွဲညှစ်ရင်း အသည်းယားနေသည့်သဖွယ်ပြောလိုက်သည်။
"ပြီးတော့...သူစိမ်းယောကျာ်းလေးတွေနဲ့ဘယ်တော့မှစကားမပြောမိစေနဲ့...ဘာလို့လည်းဆိုတော့...တစ်ချို့ကောင်လေးတွေက...မိန်းကလေးတွေကိုအနိုင်ကျင့်တတ်တယ်
စကားအပြောအဆိုကလည်းရိုင်းသေး...တကယ်
ဘယ်လိုဟာတွေမှန်းမသိဘူး"။
"ဟုတ်...သမီးမှတ်ထားပါ့မယ်...နောက်ဆို...ဘယ်ကောင်လေးကိုမှစကားသွားမပြောတော့ဘူးနော်"။ မျက်နှာရှုံ့မဲကာသြဝါဒခြွေနေသော ပါပါးခဲ့ကိုကြည့်ရင်း ဆွေ့ဆွေ့တစ်ယောက် မရယ်မိအောင်အောင့်ထားရသည်။
"ဒါမှပါပါးသမီးကွ...နောက်ဆိုလည်းပါပါးစကားကို...အမြဲနားထောင်နော်"။ ခဲ့ကျင်းယန်နှင့်ဆွေ့ဆွေ့တို့အပြန်အလှန်ပြောနေကြသောစကားများကို ဘေးတွင်ရပ်နေသောရှမ်ယွမ်တစ်ယောက် နားစွန်နားဖျားကြားမိရာ ကလေးဆန်လွန်းသောထိုနှစ်ယောက်ကြောင့်ရယ်ရမလို ငိုရမလိုဖြစ်သွားသည်။ လိုက်လည်းလိုက်ပါပေ့။
"ဆွေ့ဆွေ့လေး...ဒီမှာကိတ်မုန့်စားလိုက်ဦး...သမီးအတွက်...မမယူလာပေးတာ"။ ထို့နောက် ကိတ်မုန့်စားလိုက် စကားလေးပြောလိုက်နှင့် ခဲ့ကျင်းယန်နှင့်ဆွေ့ဆွေ့မှာ စားသောက်ဆိုင်ရောက်နေသည့်နှယ်။
ယနေ့ညဂုဏ်ပြုစားပွဲသို့ အနုပညာနယ်ပယ်ရှိအကျော်အမော်အများအပြားတက်ရောက်လာကြသည်။ အထူးသဖြင့်ချင်ဖျော်ဖြေအေဂျင်စီမှ အနုပညာရှင်များကိုဖိတ်ထားခြင်းဖြစ်သည်။
သို့သော် ကျီမင်းက ချင်ဥက္ကဋ္ဌက်ိုယ်တိုင်မဖိတ်ထားသော်လည်း သူ(မ)နည်းသူ(မ)ဟန်ဖြင့် ပွဲထဲသို့ မရမကဝင်လာသည်။ သူ(မ)၏ပုံစံမှာ ယခင်ကဲ့သို့နူးညံ့ညင်သာမနေပဲ တစ်မူထူးစွာဖြင့်ညှို့အားပြင်းလွန်းနေသည်။ အပြင်အဆင်နှင့်ဝတ်စားဆင်ယင်ပုံတို့က ပုရိသတိုင်းကိုငေးမောသွားစေသည်။
ကျီမင်း၏မျက်ဝန်းထဲတွင် အကြံအစည်များစွာဖြင့် ပြည့်နှက်နေသည်။
ဤတစ်ခေါက်တွင် သူ(မ)နလန်ထူလာနိုင်မည့်အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာတစ်ဖန်ပြန်ရှင်သန်လာရမည်။