အပိုင်း ၁၁၂
Viewers 15k

Chapter 112

"ရှမ်ယွမ်...နင်ဘာတွေယူလာတာလဲ...ငါအွန်လိုင်းပေါ်ကမှာထားတဲ့...ပစ္စည်းတွေရောက်လာတာလား"။ 

ဖုန်းယောက်ချင်းတံခါးဖွင့်လိုက်သည်နှင့် လက်ထောက်ရှမ်ယွမ်က သေတ္တာဘူးများအား တနင့်တပိုးသယ်ထားသည်ကိုတွေ့လိုက်ရသည်။

"ဒါပေမဲ့...ငါမှတ်မိသလောက်တော့...ဒီတလော...ပစ္စည်းအများကြီးမမှာထားမိပါဘူး"။ များပြားလှသောပစ္စည်းအထုပ်အပိုးများကိုမြင်လိုက်ရသောကြောင့် ဖုန်းယောက်ချင်းတွေဝေသွားကာ တစ်ကိုယ်တည်းရေရွတ်လိုက်မိသည်။

နွေဝင်ပြီဖြစ်သောကြောင့် ရာသီဥတုကတဖြေးဖြေးပိုပိုပူလာရာ ဤရက်ပိုင်းအတွင်း အိမ်ပြင်ထွက်ရန် ဖုန်းယောက်ချင်းအလွန်ပျင်းရိနေမိသည်။ သစ်သီးဝလံများနှင့်စားသောက်ကုန်များမှလွဲ၍ ကျန်အသုံးအဆောင်ပစ္စည်းများကို အွန်လိုင်းရှော့ပင်းမှသာဝယ်ယူဖြစ်သည်။ 

သို့သော် လတ်တလောတွင်သူ(မ)ပစ္စည်းများများစားစားမဝယ်ယူဖြစ်ပေ။ ဆွေ့ဆွေ့အတွက်
ကျောပိုးအိတ်တစ်လုံးနှင့်စာရေးကိရိယာအချို့သာဝယ်ပေးဖြစ်သည်။ 

ရှမ်ယွမ်က ပြုံးရင်းပြန်ဖြေသည်။ "ဒါတွေအားလုံးက....ဆွေ့ဆွေ့လေးရဲ့ပရိသတ်တွေက...ဆွေ့ဆွေ့လေးကိုလက်ဆောင်ပေးထားကြတာလေ...အေဂျင်စီလိပ်စာနဲ့ပေးလာတာအစ်မရဲ့
ဒီနေ့ကျွန်မချင်ဖျော်ဖြေးရေးအေဂျင်စီကိုသွားတာ...ဒီလက်ဆောင်တွေသွားယူဖို့လေ"။ 

ဖုန်းယောက်ချင်းမှာ ရှမ်ယွမ်၏စကားကြောင့် အတော်လေးအံ့အားသင့်သွားသည်။
"ပရိသတ်ဆီက...လက်ဆောင်တွေကဒီလောက်များတာဖြစ်နိုင်ရဲ့လား..."။

"ဒါတောင်...ကားထဲမှာကျန်နေသေးတယ်...ဆွေ့ဆွေ့က...ပရိသတ်အင်အားတောင့်တယ်လေအစ်မရဲ့"။

"လက်ဆောင်လား....ဘာလက်ဆောင်တွေလဲ...
သမီးအတွက်လားဟင်"။ လက်ဆောင်ဟုကြားလိုက်သည်နှင့်‌ဆွေ့ဆွေ့တစ်ယောက် အိပ်ခန်းထဲမှကဆုန်ပေါက်ပြီးပြေးထွက်လာသည်။ 

"ဒါပေါ့...ဆွေ့ဆွေ့လေးရဲ့ပရိသတ်တွေက...ဆွေ့ဆွေ့အတွက်ဆိုပြီး...လက်ဆောင်တွေလာပေးထားကြတာ"။

"မေမေရေ....ဒီလက်ဆောင်တွေအကုန်လုံးကို
သမီးဖွင့်ဖောက်ကြည့်မယ်နော်"။ ထို့သို့ပြောပြီး ဖုန်းယောက်ချင်း၏အ‌ဖြေကိုပင်မစောင့်တော့ပဲ ရှမ်ယွမ်နှင့်အတူ လက်ဆောင်ထုတ်များကိုစဖွင့်တော့သည်။

လက်ဆောင်ဘူးများထဲတွင် ဆွေ့ဆွေ့အကြိုက်မုန့်ထုပ်များ ကစားစရာအရုပ်များ ဆွဲကြိုး
လက်ကောက် နားကပ်အရှိသောအလှဝတ်အဆင်တန်ဆာများ အစုံပါသည်။ ဆွေ့ဆွေ့မှာ လက်ဆောင်များကိုသဘောကျလွန်းသဖြင့် ခုန်ပေါက်မြူးထူးနေသည်။

ဖုန်းယောက်ချင်းမှာ ထိုမြင်ကွင်းကိုကြည့်ရင်း ငိုရခက်ရယ်ရခက်ဖြစ်နေသည်။ မိခက်တစ်ယောက်ဖြစ်သည့်သူတောင် ဆွေ့ဆွေ့ကို ဤမျှလောက်အလိုမလိုက်ခဲ့ဖူးချေ။ ဆွေ့ဆွေ့၏ပရိသတ်များက ကလေးကိုသူ(မ)ထက်ပင်အလိုလိုက်နေသေးသည်။

.....

တစ်ဖက်တွင်...

လုယွင်ကျီက ခဲ့ကျင်းယန်၏တိာက်ခန်းသို့ရောက်ချလာပြီး ကြော်ငြာအသစ်များနှင့်ရိုက်ကူးရေးအသစ်လက်ခံထားသည့်အကြောင်းကိုတိုင်ပင်ဆွေးနွေးမည်ဟုပြောလာသည်။

တစ်ကိုယ်တော်ဖျော်‌ဖြေ‌ပွဲကြီးပြီးတည်က အနားယူနေသောခဲ့ကျင်းယန်ကို အလုပ်ပြန်လုပ်ရန် ဖိအားပေးလာသည်။ "ကိုယ်စားလှယ်ကြီး
ပြောတော့...ကျွန်တော့်ကိုသုံးလလုံးလုံးပေးနားမှာဆို....အပတ်တိုင်းရသစုံရှိုးလည်းရိုက်ရသေးတယ်...အခုလည်းအလုပ်အသစ်တွေလက်ခံထားပြန်ပြီ....ဘယ်မှာလဲအနားယူချိန်"။

"ကျင်းယန်...ငါမင်းကိုအရင်လို...မနားတမ်းအလုပ်လုပ်ဖို့ပြောနေတာလည်းမဟုတ်ဘူး...
ကြော်ငြာလေးတွေရိုက်တာကစပြီးတော့...နည်းနည်းချင်းစီ...လုပ်သွားဖို့ပဲပြောနေတာ"။

"ဘာလို့ထပ်ပြီး...ကြော်ငြာတွေရိုက်ခိုင်းပြန်ပြီလဲ"။ ခဲ့ကျင်းယန်က မွဲတေနေသည်လည်းမဟုတ်။ ကြော်ငြာလက်ခံမှ အလုပ်ရမည့်အခြားအနုပညာရှင်များကဲ့သို့ ခဲ့ကျင်းယန်အခြေအနေဆိုးမနေပေ။

"ကြော်ငြာရိုက်ရမှာမကြိုက်ရင်လည်း...တစ်ခြားဟာစီစဉ်ပေးမယ်လေ...ဘာလုပ်ချင်လဲ...ရသစုံရှိုးသွားချင်လား...သီချင်းပဲပြန်လုပ်ချင်လား
ဒါမှမဟုတ်....ရုပ်ရှင်ရိုက်ဖို့လုပ်ချင်လား"။

"တော်ပြီ...တော်ပြီ...ကျွန်တော့်ကိုအရွဲ့တိုက်နေတာလားဟင်...ကြော်ငြာပဲရိုက်တော့မယ်...
တော်ပါတော့်ခင်ဗျားရယ်"။

သူတို့နှစ်ယောက် အလုပ်အကြောင်းဆွေးနွေးပြီး ခဏတစ်ဖြုတ်နားနေချိန်တွင် ဆွေ့ဆွေ့ဆီမှစာဝင်လာသည်။ ကလေးမလေးက သူ့ပရိသတ်များလက်ဆောင်ပေးသည်ကို ခဲ့ကျင်းယန်ထံလှမ်းကြွားခြင်းပင်။ အသံဖိုင်လည်းပို့လာကာ သူ(မ)အိမ်တွင်ထမင်းစားဖိတ်ကြောင်းပြောထားသေးသည်။ 

ခဲ့ကျင်းယန်လည်း အားကျမခံ သူ့ပရိသတ်များပေးထားသောလက်ဆောင်များကို ပြန်ကြွားချင်လာသည်။

"ကိုယ်စားလှယ်ကြီး...ကျွန်တော့်ပရိသတ်တွေပေးထားတဲ့လက်ဆောင်တွေရော...ဒါနဲ့သိလား
ဆွေ့ဆွေ့ကကျွန်တော့်ကိုသူ့အိမ်လာခဲ့ပါတဲ့...ထမင်းစားဖိတ်တာလေ"။

"မင်းလက်ထောက်ကိုမေးလိုက်လေ...လက်ဆောင်တွေဘယ်နားထားလဲဆိုတာ"။ လုယွင်ကျီက စိတ်မဝင်စားသည့်လေသံ
ဖြင့်ပြန်ပြောသည်။

"ကျင်းယန်ရဲ့လက်ဆောင်တွေအကုန်လုံးကို...ရှန်ဝမ်ကဗီလာမှာထားထားပါတယ်"။ လက်ထောက်
အစ်ကိုကဝင်ပြောလာသည်။

ခဲ့ကျင်းယန်ဆိုသည်မှာ ပွဲဦးထွက်တည်းက အလွန်နာမည်ကြီးသူဖြစ်သည်။ အနုပညာသက်တမ်းတစ်လျှောက် ရလိုက်သည့်လက်ဆောင်များကလည်း မ‌နည်းမနောပင်။ လက်ဆောင်ထားရန် ဗီလာသပ်သပ်တစ်ခုစီစဉ်ပေးထားရသည်။ ထိုဗီလာက ယခုတိုက်ခန်းနေရာနှင့် အနည်းငယ်လှမ်းသည်။ သို့သော် လက်ဆောင်များကိုဓာတ်ပုံရိုက်ကြွားချင်သော ခဲ့ကျင်းယန်တစ်ယောက် ဘယ်လောက်ဝေးဝေးမရရအောင် သွားတော့သည်။