အပိုင်း ၁၁၆
Viewers 15k

Chapter 116

ရက်အနည်းငယ်ကြာအတူအလုပ်လုပ်ပြီးနောက် ချားလ်(စ်)ဂျော့ချ်က ကလေးသရုပ်ဆောင်ကုဆွေ့ဆွေ့ကို အလွန်သဘောကျသွားဟန်ရှိသည်။

သို့သော် ကုဆွေ့ဆွေ့ကမူ အနည်းငယ် အခက်အခဲဖြစ်နေပုံပင်။

 ဒါရိုက်တာချားလ်(စ်)ဂျော့ချ်နှင့်စကားပြောပြီးနောက် မျက်နှာပျက်သွားသော ကလေးငယ်အား
လုယွင်ကျီ စိုးရိမ်စွာဖြင့်မေးလိုက်သည်။ "ဆွေ့ဆွေ့လေး...ဘာဖြစ်လို့လဲဟင်"။

ထိုသို့မေးလိုက်ကာမှ ကလေးငယ်က မှုန်ရီဖြိုးဖြသော အမူအရာဖြင့်ပြောလာသည်။ "ဦးဦးလု...ဒါရိုက်တာဦးလေးကြီးပြောတဲ့စကားကို
သမီးဘယ်တော့မှနားမလည်နိုင်ဘူး...သမီးကအရမ်းတုံးအလို့လားဟင်"။

လုယွင်ကျီလည်း ပြုံးရင်းကလေးငယ်နားလည်အောင်ပြန်ဖြေလိုက်သည်။ "ဆွေ့ဆွေ့လေး...အခုအချိန်မှာ...အံဒီဒါရိုက်တာဦးလေးကြီးပြောတာကိုနားမလည်သေးရင်လည်း...ကိစ္စမရှိပါဘူး
နောက်ကျရင်နားလည်နိုင်အောင်ကြိုးစားလို့ရတယ်လေ...မဟုတ်ဘူးလား"။

"နောက်နှစ်ရက်နေရင်...ဆွေ့ဆွေ့ကမူကြိုကျောင်းသွားတက်ရတော့မှာမလား....မူကြိုကျောင်းကနေပြီးတော့မူလတန်းကျောင်း...
ပြီးတော့အလယ်တန်းကျောင်း...ပြီးရင်အထက်တန်းကျောင်း...အဲ့ကနေပြီးတော့မှတက္ကသိုလ်အထိတစ်ဆင့်ပြီးတစ်ဆင့်တက်သွားရမှာ...နောက်လာမဲ့ဆယ်နှစ်အတွင်းဆွေ့ဆွေ့ကပညာတွေအများကြီးသင်ရဦးမှာ...အခုကြော်ငြာလာရိုက်ပေးသွားတဲ့ဦးလေးကြီးက...အင်္ဂလိပ်ပြက်သစ်ကပြားလေ....အဲဒါကြောင့်သူကအင်္ဂလိပ်ရယ်ပြင်သစ်လိုရယ်ပဲပြောတတ်တယ်
ဦးတို့ပြောနေတဲ့တရုတ်စကားနဲ့မတူတဲ့ဘာသာစကားတွေပေါ့...ဒါပေမဲ့သင်ရတာမခက်ပါဘူး...နောက်တစ်ခါသူနဲ့တွေ့ရင်...ဆွေ့ဆွေ့နားလည်လာမှာပါ"။

ဆွေ့ဆွေ့က လုယွင်ကျီ၏စကားကိုအာရုံစိုက်နားထောင်နေကာ သဘောပေါက်နားလည်သွားပုံရသည်။ "ဦးဦးလုပြောတာ...တကယ်ပဲလားဟင်
အဲ့ဘာသာစကားတွေကို...ဆွေ့ဆွေ့တကယ်သင်လို့ရလား"။

"ဒါပေါ့...ဆွေ့ဆွေ့လေးကဘယ်လောက်တောင်ဥာဏ်ကောင်းလိုက်လဲ...အမြဲတမ်းကြိုးကြိုးစားစားနဲ့သင်ယူသွားရင်...တဖြေးဖြေးတတ်လာမှာပါ"။

ကုဆွေ့ဆွေ့က လက်သီးလက်မောင်းတန်းရင်းတည်ကြည်လေးနက်သောလေသံဖြင့်ပြန်ပြောလာသည်။ "သမီးသေချာပေါက်ကြိုးကြိုးစားစားလေ့လာပါ့မယ်"။

ဘေးခုံတွင်ထိုင်နေသောခဲ့ကျင်းယန်ကနှစ်ယောက်သား၏စကားဝိုင်းကိုနားစွန်နားဖျားကြားမိသည်။ သူပိုပြီးနားထောင်မိလေလေ ထိုစကားလုံးများကသူနှင့်ပို၍ရင်းနှီးလာလေလေဖြစ်သည်။ စဥ်းစားကြည့်လိုက်တော့မှ ဟိုးအရင်ကျောင်းသားဘဝကသူ့ကိုကျောင်းမသွားသွားအောင် လုယွင်ကျီပြောလေ့ရှိခဲ့သောစကားများနှင့်တစ်ထပ်တည်းပင်။

"မစ္စတာလု...ထပ်ပြီးတော့ကလေးကိုမဟုတ်မဟတ်တွေလျှောက်ပြောပြန်ပြီ...နှစ်တွေဒီလောက်ကြာသွားတာတောင်...ဒီတစ်လေသံတည်းနဲ့...လူတွေကိုလှည့်စားနေတုန်းပဲ"။

လုယွင်ကျီ: "ခဲ့ကျင်းယန်..
လူတိုင်းကိုမင်းလိုစာသင်ရတာမကြိုက်ဘူးလို့ထင်မနေနဲ့....ဆွေ့ဆွေ့ကမင်းငယ်ငယ်တုန်းကထက်....အများကြီးဥာဏ်ကောင်းတာ်"။

ခဲ့ကျင်းယန်ကချက်ချင်းပြန်ခံပြောသည်။ "ချားလ်စ်ဂျော့ချ်ဆိုတဲ့ဒါရိုက်တာနဲ့....ကျွန်တော်းကားပြောစရာမလိုဘူးလေ...ပြင်သစ်လိုနားမလည်ရင်လည်းဘာမှမဖြစ်သွားဘူး...သူလည်းတရုတ်လိုမှနားမလည်ပဲ"။ 

စတင်ငြင်းခုံနေကြသောပါပါးခဲ့နှင့်ဦးဦးလုကို
ကြည့်ရင်းကုဆွေ့ဆွေ့ခေါင်းကိုတတွင်တွက်ခါလိုက်မိသည်။ နှစ်ယောက်သားကတွေ့တိုင်းရန်သတ်နေကြသလိုပင်။ "ပါပါးခဲ့...ပါပါးပြင်သစ်လိုနားမလည်ရင်လည်း...တကယ်တော့ကိစ္စမရှိပါဘူး...နောက်ကျရင်...သမီးပြင်သစ်လိုတတ်တဲ့အခါ...ပါပါးအတွက်စကားပြန်လုပ်ပေးမယ်"။

စိတ်အားပြင်းထန်ကာတက်ကြွနေသောကလေးငယ်ကိုကြည့်ရင်း ခဲ့ကျင်းယန်ပြုံးလိုက်မိသည်။
"အင်း...ကျေးဇူးပဲ...ဒါပေမဲ့ပါပါးစကားပြန်မလိုပါဘူး"။

 နိုင်ငံရပ်ခြားတွင်အချိန်အကြာကြီးနေခဲ့ဖူးသောခဲ့ကျက်းယန်အတွက်ပြင်သစ်လိုမပြောတတ်လျှင်တောင် အင်္ဂလိပ်စကားကိုကျွမ်းထိုးမှောက်ခုံကျွမ်းကျင်သောကြောင့် ဘယ်နေရာရောက်ရောက် ဆက်သွယ်ပြောဆိုရန်သူ့အတွက်မခက်ခဲပေ။

ထို့နောက် တစ်ယောက်နှင့်တစ်ယောက်တီးတိုးပြောရင်းကားထဲသို့ဝင်သွားကြသောကလေးနှစ်ယောက်ကိုကြည့်ရင်း လုယွင်ကျီမှာသက်ပြင်းအခါခါချနေမိသည်။

စက်တက်ဘာတစ်ရက်နေ့တွင် မြို့တော်ရှိအကောင်းဆုံးမူကြိုကျောင်းကိုစတင်ဖွင့်လှစ်ပြီး "လမ်းကြားလေး" ဇာတ်လမ်းတွဲရိုက်ကူးရေးကိုလည်းစတင်တော့မည်ဖြစ်သည်။

ရိုက်ကူးရေးမတိုင်မီတွင်မူကြိုကျောင်းသို့အရင်သွားရမည်ဖြစ်သည်။ "မေမေ...အားလုံးစုံပြီဆိုတော့...သမီးတို့သွားကြရအောင်လေ"။ ကုဆွေ့ဆွေ့မှာ မူကြိုကျောင်းသွားရန်အလွန်တက်ကြွနေသည်။

"သမီးလေး...လွယ်အိတ်ထဲမှာဘာတွေကျန်နေသေးလဲဆိုတာ...မေမေသွားပြန်စစ်ကြည့်လိုက်ဦးမယ်"။ 

"မေမေ...မနေ့ညကပဲ...လွယ်အိတ်ကိုစစ်ကြည့်ထားသေးတယ်လေ...ဘာမှမကျန်ခဲ့ပါဘူး"။ ဆွေ့ဆွေ့က မိခင်ဖြစ်သူကိုထူးဆန်းသလိုကြည့်ရင်းပြောလိုက်သည်။

မေမေက ဤတစ်မနက်ခင်းလုံးထူးဆန်းနေသည်။ ဆွေ့ဆွေ့လွယ်အိတ်ကိုအထပ်ထပ်အခါခါစစ်နေသောကြောင့် တော်တော်နှင့်အိမ်မှမထွက်နိုင်ချေ။

ထို့နောက် ဆွေ့ဆွေ့၏တဂျီဂျီပူဆာမှုကြောင့် 
ဆယ့်ငါးမိနစ်အကြာတွင်အိမ်မှထွက်ကာ မူကြိုကျောင်းသို့အရောက်သွားရသည်။ အပြင်ပန်းမှကြည့်လျှသးင်ဘာမှမထူးခြားသောသာမာန်ကျောင်းတစ်ကျောင်းဟုထင်ရသော်လည်း အထဲဝင်ကြည့်လိုက်သောအခါ အဆောက်အဦးများ
နှင့်ကျောင်းဝင်းတစ်ဝင်းလုံးကသားနားလွန်းလှသည်။

အခြားကျောင်းသားမိဘများနှင့်ကလေးများကိုမြင်သောအခါ ဖုန်းယောက်ချင်းမှာဟန်မဆောင်နိုင်တော့ပဲမျက်ရည်များဝဲလာသည်။ ဆွေ့ဆွေ့ကိုမွေးခဲ့သည်မှာမနေ့တစ်နေ့ကလိုခံစားရသော်လည်း အချိန်များကအကုန်မြန်လွန်းသည်။ သူ(မ)သမီးလေးတောင်ကျောင်းတက်ရမည့်အရွယ်သို့ရောက်လာလေပြီ။

"မေမေ...မငိုနဲ့လေ...သမီးခဏလေးကျောင်းတက်ပြီး...ကျောင်းဆင်းချိန်ရောက်ရင်အိမ်ပြန်လာမှာပေါ့...မငိုနဲ့တော့နော်"။ ဆွေ့ဆွေ့ကခြေဖျားလေးထောက်ကာ ဖုန်းယောက်ချင်း၏ပါးပြင်ပေါ်ရှိမျက်ရည်များကိုညင်သာစွာသုတ်ပေးသည်။ ထို့နောက် သူ(မ)အားနှုတ်ဆက်ကာ ကျောင်းဝင်းထဲသို့ခပ်သွက်သွက်ဝင်သွားသည်။ ထွက်ခွာသွားသောကျောပြင်သေးသေးလေးကိုကြည့်ရင်း ဖုန်းယောက်ချင်းမှာပိုလို့ပင်ဝမ်းနည်းလာရသည်။

မငိုမိအောင်ထိန်းထားတုန်း သူ(မ)ရှေ့သို့ကျောင်းမှဆရာမတစ်ဦးရောက်ချလာသည်။ "မင်္ဂလာပါ...ဒီကအစ်မကဆွေ့ဆွေ့လေးရဲ့အမေလားဟင်"။

"ဟုတ်ပါတယ်ရှင့်"။

"ကျွန်မက...ဆွေ့ဆွေ့ရဲ့အတန်းပိုင်ဆရာမကောရန်ပါ...တွေ့ရတာဝမ်းသာပါတယ်ရှင်"။

ထိုအခါမှဖုန်းယောက်ချင်းလည်း ကမန်းကတန်းပြန်နှုတ်ဆက်လိုက်သည်။ "ဆရာမရေ...ကျွန်မတို့ဆွေ့ဆွေ့လေးကိုသေသေချာချာဂရုစိုက်ပေးပါနော်...တောင်းဆိုပါတယ်ရှင်...ပြီးတော့ဒါလေးကို...ကျွန်မရဲ့စေတနာအနေနဲ့လက်ခံပေးပါ"။

ဤမူကြိုကျောင်း၏အစဥ်အလာမှာ ကလေးမိဘများကဆရာဆရာမများကို သူတို့ကလေးအးပိုမိုဂရုစိုက်ပေးရန် လက်ဆောင်ပနာများထိုးပေးတတ်သည်ဟု ဖုန်းယောက်ချင်းနားစွန်နားဖျားကြားဖူးထားသည်။ ထို့ကြောင့် ဆရာမလက်ထဲသို့ ယွမ်ငါးထောင်တန်စျေးဝယ်ကတ်ကိုထိုးပေးလိုက်သည်။

ထိုအခါ ဆရာမလေးကမျက်လုံးပြူးမျက်ဆန်ပြူးဖြင့်သူ(မ)ကိုပြန်ကြည့်လာသည်။ "ဆွေ့ဆွေ့အမေ...ကျွန်မတို့ကျောင်းဆရာမတွေက...ဒီလိုလက်ဆောင်ပဏ္ဏာတွေယူလို့မရပါဘူးရှင့်...အစ်မပဲပြန်ယူသွားလိုက်ပါနော်...ဆွေ့ဆွေ့ကိုကျွန်မသေချာဂရုစိုက်လိုက်ပါ့မယ်"။