Chapter 118
ကုဆွေ့ဆွေ့က မူကြိုကျောင်းနှင့်ပတ်သတ်ပြီး အလွန်မျှော်လင့်ထားခဲ့သည်။ သို့သော် တကယ်တမ်းလက်တွေ့တွင် အစစအရာရာသူ(မ)နှင့်စိမ်းသက်နေသည်။ ထို့ကြောင့် အနည်းအများဆိုသလို သက်တောင့်သက်တောင်းရှိမနေပေ။ ဤသို့သောမရင်းနှီးသည့်ပတ်ဝန်းကျင်တွင် သူ(မ)သိသောလူတစ်ယောက်ကိုတွေ့လိုက်ရသည်က အတော်လေးစိတ်သက်သာရာရသွားစေသည်။
မည်သို့ပင်ဆိုစေ သူ(မ)နှင့်စကားပြောပေးမည့် အတူဆော့ကစားပေးမည့်အဖော်တစ်ယောက်လောက်တော့ရှိသွားသည် မဟုတ်လား။
ဘေးတွင်ထိုင်နေသောချင်ဇီချန်းမှာလည်း စိတ်ထဲတွင်ဆွေ့ဆွေ့ကဲ့သို့ပင်တွေးနေမိသည်။ အခြေအနေတစ်ခုလုံးကအနည်းငယ်ကို့ရိုးကားရားနိုင်သော်လည်း သူ့အားမကြောက်မရွံ့
ချဥ်းကပ်လာသောဆွေ့ဆွေ့နှင့်သူငယ်ချင်းဖြစ်ချင်ပါသည်။ ဘယ်လောက်ပဲအပြင်ပန်းတွင်လူကြီးဆန်ကာတည်ငြိမ်နေပါစေ သူလည်းကလေးတစ်ယောက်ပင်ဖြစ်သည်လေ။
ထို့ကြောင့် ရွေးချယ်စရာမရှိသောဘေးကျပ်နံကျပ်အခြေအနေတစ်ခုတွင် သူတို့နှစ်ယောက် ရှေ့လျှောက်သူငယ်ချင်းအဖြစ်နေသွားရုံမှလွဲ၍ အခြားရှောင်လွှဲစရာကိစ္စမရှိပေ။
မူကြိုကျောင်းကအခြားအတန်းများထက်ကျောင်းဆင်းချိန်စောသည်။ ဖုန်းယောက်ချင်းမှာ ဆွေ့ဆွေ့ကိုသူ(မ)ကိုယ်တိုင်ကားမောင်းပြီးသွားကြိုချင်သော်လည်း ဤအချိန်ကရုံးဆင်းချိန်ဖြစ်သောကြောင့် ယာဥ်ကြောပိတ်ဆို့မှုနှင့်ကြုံရနိုင်သည်။
ထို့ကြောင့် လေ့ကျင့်ခန်းလည်းလုပ်ဖြစ်သွားအောင် ခြေလျင်သာသွားကြိုလိုက်သည်။ အိမ်မှဆယ်မိနစ်ခန့်လမ်းလျှောက်လျှင်ကျောင်းသို့ရောက်နိုင်သည်။
အင်ပါယာမူကြိုကျောင်းသို့စောရောက်နေသောကြောင့် ဖုန်းယောက်ချင်းလည်းဟိုဟိုဒီဒီစူးစမ်းနေမိသည်။ ထိုစဥ်တွင် ကိုယ်စားလှယ်လုယွင်ကျီက အကောင်းစားဇိမ်ခံကားနှင့်ရောက်ချလာပြီး မလှမ်းမကမ်းတွင်ကားပါကင်ထိုးနေသည်ကိုတွေ့လိုက်ရသည်။
ထို့နောက်အခြားကျောင်းသားမိဘများလည်းတဖွဲဖွဲရောက်လာကြသည်။ သူ့ထက်ငါအပြိုင်ကားအကောင်းဆုံးများနှင့်လာကြိုကြသောမိဘများကိုကြည့်ရင်း ဖုန်းယောက်ချင်းတစ်ယောက် သိမ်ငယ်စိတ်များအလိုလိုဝင်လာမိသည်။ ယနေ့တွင်လည်း ကိုယ်စားလှယ်လုယွင်ကျီကဆွေ့ဆွေ့ကိုကားနှင့်လာကြို၍တော်သေးသည်။ မဟုတ်လျှင် ဆွေ့ဆွေ့မျက်နှာငယ်ရပေဦးမည်။
ဖုန်းယောက်ချင်းကိုပါးစပ်အဟောင်းသားဖြစ်သွားစေသည့်မြင်ကွင်းမှာ ကားတစ်စီးမှအနက်ရောင်ဝတ်စုံနှင့်သက်တော်စောင့်များထွက်လာပြီး အစီအရီရပ်နေသည်။ မူကြိုကျောင်းလေးတွင် သက်တော်စောင့်အုပ်လိုက်ကြီးရောက်လာသည်က ထူးဆန်းသည် မဟုတ်လား။ ဘယ်ကလေးကများသက်တော်စောင့်ထားရသည်အထိအရှိန်အဝါကြီးပါသနည်း။
သက်တော်စောင့်များကိုငေးကြည့်နေရင်း ကိုယ်စားလှယ်လုယွင်ကျီ၏စကားကိုနားထဲတွင်ကြားယောင်လာသည်။ ဆွေ့ဆွေ့အတွက် သက်တော်စောင့်နှစ်ယောက်လောက်ထားပေးရန်ဖြစ်သည်။ သို့သော် ဖုန်းယောက်ချင်းမှာ ဆွေ့ဆွေ့အတွက်သက်တော်စောင့်ထားရန်အထိမလိုသေးကြောင်းပြောကာအချိန်ဆွဲနေမိသည်။
ဖုန်းယောက်ချင်းအတွေးလွန်နေချိန်တွင် ကလေးများက ကျောင်းဂိတ်ဝမှထွက်လာသည်။ ဆွေ့ဆွေ့ကလည်း ကလေးများကြားမှပြေးထွက်လာပြီး သူ(မ)ဆီသို့ပြေးဝင်လာသည်။
"ဆွေ့ဆွေ့...ဒီနေ့သူငယ်ချင်းအသစ်တွေရခဲ့လား"။
"ဒါပေါ့မေမေရဲ့...သူငယ်ချင်းတွေအများကြီးနဲ့
ဒီနေ့ခင်ခဲ့တယ်"။
"အဲဒါဆို...အဲ့သူငယ်ချင်းတွေကသမီးကိုဘယ်လိုဆက်ဆံကြလဲ...တူတူရောကစားကြလား...ဆရာမတွေကရောဘယ်လိုလဲ...စာသင်တာရောကောင်းရဲ့လား"။
"မေမေ...မေးခွန်းတွေအများကြီးမေးနေပါလား
သမီးအကုန်တစ်ခါတည်း...မဖြေနိုင်ဘူးလေ"။
"မေမေကသိချင်လို့ပါ...မူကြိုမှာရော...ပျော်ရဲ့လား"။
"မေမေ...စိတ်မပူပါနဲ့...ဒီနေ့သမီးအရမ်းပျော်ခဲ့တယ်...ဆရာမတွေကလည်းစာသင်တာအရမ်းတော်တယ်...ဒီစက္ကူပန်းအနီရောင်လေးတောင်
လက်ဆောင်ရခဲ့သေးတယ်"။ ဆွေ့ဆွေ့က အလွန်ပျော်ရွှင်နေပုံရသည်။
ကုဆွေ့ဆွေ့နှင့်ဖုန်းယောက်ချင်းတို့သားအမိနှစ်ယောက်လုံး လုယွင်ကျီကားနှင့်ထွက်သွားပြီးနောက် ချင်ဇီချန်းကိုသက်တော်စောင့်များကဦးညွှတ်ကာ ကားပေါ်သို့တက်စေသည်။ မူကြိုကျောင်းရှိဆရာဆရာမများအားလုံးမှာလည်း သက်တော်စောင့်တစ်အုပ်ကြီးနှင့်ထွက်သွားသောကလေးငယ်ကိုကြည့်ပြီးပါးစပ်အဟောင်းသားဖြစ်နေကြသည်။
အင်ပါယာရှိအကောင်းဆုံးမူကြိုကျောင်းတွင်တက်ရောက်နေရန်မိဘအားလုံးကအပြိုင်အဆိုင်ဖြစ်နေကြသည်။ သို့သော်ဤတစ်နှစ်တွင် ကလေးများအားလုံးဝင်ခွင့်စာမေးပွဲဖြေကြရသော်လည်း ကလေးနှစ်ယောက်မှာမူဝက်ခွင့်မဖြေပဲ အထူးအချိတ်အဆက်များဖြင့်ကျောင်းသို့တိုက်ရိုက်ဝင်လာကြသည်။ ထိုကလေးနှစ်ယောက်မှာ ချင်ဥက္ကဋ္ဌကြီး၏သားဖြစ်သူ ချင်ဇီချန်းနှင့်ကုဆွေ့ဆွေ့ပင်ဖြစ်သည်။ ကျောင်းသို့တိုက်ရိုက်ဝင်လာနိုင်သည်အထိအရှိန်အဝါကြီးသော ကလေးနှစ်ယောက်ကို ဆရာတိုင်းကမျက်မှန်းတန်းမိကြသည်။
.....
ဆွေ့ဆွေ့တစ်ယောက် အိမ်ပြန်ရောက်သောအခါအခန်းထဲသို့အပြေးသွားပြီး ပန်းချီစုတ်တံနှင့်အဖြူရောင်ပိတ်ကားချပ်ကိုယူလာသည်။
"မေမေ...ဒီနေ့ဆရာမက...သမီးတို့အားလုံးကို
မိသားစုပုံဆွဲခိုင်းထားတယ်...အဲဒါဖေဖေကဘယ်လိုပုံစံလဲဟင်"။
ဆွေ့ဆွေ့၏ရုတ်တရက်အမေးကြောင့် ဖုန်းယောက်ချင်းတစ်ယောက်ဆွံ့အသွားသည်။ တစ်အောင့်လောက်ကြာမှပြန်ဖြေနိုင်သည်။ "သမီးဖေဖေက...အရပ်ရှည်တယ်...ရုပ်ချောတယ်
သူ့နာမည်ကကုကျန်းနျန့်တဲ့"။