Chapter 120
မူကြိုကျောင်းတွင် ရက်အနည်းငယ်ကြာနေပြီးနောက် လွန်ခဲ့သောဂုဏ်ပြုစားပွဲတွင် သူ(မ)တွေ့ခဲ့ရသော ဝတ်စုံနက်နှင့်ဦးလေးကြီးများက လူဆိုးများမဟုတ်ပဲ သူဌေးကိုကို၏အဖေက သူဌေးကိုကိုကိုပြန်ခေါ်ရန် လွှတ်လိုက်သောသူများသာဖြစ်ကြောင်းကို ကုဆွေ့ဆွေ့သဘောပေါက်သွားသည်။
"သူဌေးကိုကို...နောက်တစ်ပတ်ကျရင်...တကယ်ပဲ ရိုက်ကွင်းကိုလာမှာလား...ဟိုသက်တော်စောင့်ဦးလေးတွေက...စည်းကမ်းအရမ်းတင်းကြပ်တယ်နော်...ရပါ့မလား"။
"ပေါက်စလေးရယ်...အရမ်းကြီးစိတ်မပူပါနဲ့...ကိုကိုတကယ်လာမှာပါ...ကိုကို့ဖုန်းနံပါတ်ကိုပဲ အလွတ်ရအောင်မှတ်ထား...လာခါနီးကျရင် ဖုန်းဆက်လိုက်မယ်...ဟုတ်ပြီလား"။
ချင်ဇီချန်းကထိုသို့သောအခြေအနေများအတွက်ကြိုတင်တွေးထားပြီးသားဖြစ်သည်။ သက်တော်စောင့်များက သူ့ကိုသွားခွင့်မပေးလျှင် အိမ်မှသူကိုယ်တိုင်ခိုးထွက်မည်ဖြစ်သည်။ အကြိမ်ကြိမ်ခိုးထွက်ဖူးသောကြောင့် သူ့ကျွမ်းကျင်မှုတစ်ခုလိုတောင်ဖြစ်နေပြီ။
....
ရိုက်ကူးရေးတရားဝင်မစတင်မီတွင် ကုဆွေ့ဆွေ့က ဇာတ်ညွှန်းဖတ်အစည်းအဝေးကိုတက်ရောက်ရဦးမည်ဖြစ်သည်။
ထိုအစည်းအဝေးတွင် "လမ်းကြားလေး" ဇာတ်လမ်းတွဲကိုရိုက်ကူးမည့် ဒါရိုက်တာများ
ထုတ်လုပ်သူများ သရုပ်ဆောင်များ ဇာတ်ညွှန်းရေးဆရာများအားလုံးအတူစုဝေးကြမည်ဖြစ်သည်။
"ဇာတ်ညွှန်းဖတ်အစည်းအဝေးဆိုတာဘာလဲဟင်
ဆွေ့ဆွေ့...အရင်ရုပ်ရှင်နှစ်ကားရိုက်တုန်းက
ဒါမျိုးတွေမကြားဖူးပါဘူး"။ ဖုန်းယောက်ချင်းက
အစီအစဥ်စာရွက်ကိုကြည့်ကာမျက်ခုံးများတွန့်ချိုးသွားရင်းမေးလာသည်။
"ဇာတ်ညွှန်းဖတ်အစည်းအဝေးဆိုတာက...ရိုက်ကူးရေးအဖွဲ့သားတွေအားလုံး...ရိုက်ကူးရေးမစခင်မှာ...စုဝေးပြီး
ဘယ်နေရာမှာ...ပြင်ဖို့လိုလဲ...ဘယ်နေရာမှာဘယ်လိုလေးထည့်လိုက်ရမလဲဆိုတာကိုဇာတ်ညွှန်းဖတ်ပြီးဆွေးနွေးကြတာပေါ့ဗျာ"။ လုယွင်ကျီက စိတ်ရှည်လက်ရှည်ရှင်းပြသည်။
"လမ်းကြားလေး" ဇာတ်လမ်းတွဲကိုရိုက်ကူးမည့်သူက နာမည်ကျော်ဒါရိုက်တာလုကျင်ဟွီဖြစ်သည်။ သူရိုက်ကူးသောရုပ်ရှင်တိုင်းဇာတ်လမ်းတွဲတိုင်းကို ရိုက်ကူးရေးမစမီဇာတ်ညွှန်းဖတ်အစည်းအဝေးထိုင်လေ့ရှိသည်။
"အဲ့သလိုကိုး...ကျွန်မနားလည်ပါပြီ...ဒါပေမဲ့လေ
အရင်အခေါက်တွေတုန်းက...ဇာတ်ညွှန်းဖတ်တိုင်း...ကျွန်မကပဲအိမ်မှာဖတ်ပြပေးတာ...သူကိုယ်တိုင်ဘယ်တော့မှမဖတ်ဖူးဘူး...အစည်းအဝေးမှာ...ကိုယ်တိုင်ဖတ်ရမှာဆိုတော့...သူဖတ်နိုင်ပါ့မလားဟင်"။
"ဆွေ့ဆွေ့က....ကလေးဆိုတော့...သူ့ကိုရိုက်ကူးရေးဝန်ထမ်းတစ်ယောက်က...ကူဖတ်ပေးမှာပါ
သိပ်ပြီးစိုးရိမ်စရာမလိုပါဘူး"။ လုယွင်ကျီလည်း ဆွေ့ဆွေ့အမေစိတ်သက်သာရာရသွားအောင် အသေအချာပြောပြလိုက်သည်။
သို့သော်ဖုန်းယောက်ချင်းက စိုးရိမ်နေဆဲပင်။ ထို့ကြောင့် လုယွင်ကျီလည်းရွှေရောင်မျက်မှန်ကိုင်းကို လက်ဖြင့်အသာအယာတွန်းတင်ကာထပ်ပြောလာသည်။ "ဆွေ့ဆွေ့အမေ...ဆွေ့ဆွေ့တစ်ယောက်တည်းဇာတ်ညွှန်းဖတ်ရတာကို...စိတ်ပူနေရင်...ကျွန်တော်ရိုက်ကူးရေးအဖွဲ့နဲ့ညှိပေးပါ့မယ်...ဆွေ့ဆွေ့အမေက...ဘေးကနေကူပေးလို့ရတာပေါ့"။
ဘေးတွင်ထိုင်နေသောကုဆွေ့ဆွေ့ကလူကြီးနှစ်ယောက် ဇာတ်ညွှန်းအကြောင်းပြောနေသည်ကိုကြားသွားသောအခါ အားတက်သရောဝင်ပြောလာသည်။ "မေမေ...သမီးကျောင်းမှာစာလုံးသစ်တွေအများကြီးသင်ခဲ့ရတယ်...အဲဒီတော့..ဇာတ်ညွှန်းကိုသမီးဘာသာသမီးဖတ်နိုင်ပါတယ်"။
လုယွင်ကျီက ကလေးငယ်ကိုကြည့်ကာပြုံတုံ့တုံ့ဖြင့်ပြန်မေးလိုက်သည်။ "ဆွေ့ဆွေ့...အစည်းပဝေးခန်းထဲမှာ...တစ်ယောက်တည်းဇာတ်ညွှန်းဖတ်ရမှာ...စိတ်မလှုပ်ရှားဘူးလား"။
"စိတ်မလှုပ်ရှားပါဘူး...အဲဒီမှာ...ဘိုးဘိုးဒါရိုက်တာလုလည်းရှိနေမှာပဲလေ"။ သူ(မ)နှင့်သိသောသူတစ်ယောက်ယောက်ရှိနေတိုင်း သူ(မ)စိတ်မလှုပ်ရှားပေ။
"ဆွေ့ဆွေ့...မေမေအဖော်လိုက်သွားပါရစေ...
အရင်တုန်းကလည်း...မေမေပဲဖတ်ပြနေကျလေ
သမီးတစ်ယောက်တည်းအဆင်မပြေဖြစ်နေမှာပေါ့"။ ဖုန်းယောက်ချင်းက စိုးရိမ်တကြီးပြောလာသည်။
"မေမေ...သမီးကသုံးနှစ်ကလေးပဲမဟုတ်တော့ဘူးလေ...သမီးဘာသာသမီးလုပ်နိုင်ပါတယ်"။
ဖုန်းယောက်ချင်းလည်း မတတ်နိုင်သည့်အဆုံးလက်လျှော့လိုက်ရသည်။ "အင်း...ဆွေ့ဆွေ့လေးက...အရွယ်ရောက်နေပြီဆိုတော့...မေမေဒီတစ်ခေါက်လိုက်မသွားတော့ပါဘူးလေ"။
"လမ်းကြားလေး" ရုပ်သံဇာတ်လမ်းတွဲ၏ပထမဆုံးဇာတ်ညွှန်းဖတ်ကြားခြင်းကို စက်တက်ဘာလခုနစ်ရက်နေ့တွင် ချင်ဖျော်ဖြေရေးအေဂျင်စီ၏ အစည်းအဝေးခန်းမထဲတွင် မနက်ရှစ်နာရီအချိန်တွင်ကျင်းပသည်။
"မင်္ဂလာပါမနက်ခင်းပါ...ဘိုးဘိုးလု"။
"မင်္ဂလာပါနံနက်ခင်းပါ...ဆွေ့ဆွေ့လေး"။
ဒါရိုက်တာလုကျင်ဟွီ၏ဘေးတစ်ဖက်တစ်ချက်တွင်ရှိနေသောလက်ထောက်ဒါရိုက်တာနှစ်ယောက်က ဆွေ့ဆွေ့ကိုလူရွေးပွဲမှရွေးပွဲမှရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဒါရိုက်တာလုကျင်ဟွီကိုယ်တိုင်ကလည်း ကျောက်ရှောင်ယွမ်ဇာတ်ကောင်နေရာအတွက် ဆွေ့ဆွေ့ကအသင့်တော်ဆုံးဟုကောက်ချက်ချထားသည်။