အပိုင်း ၁၂၁
Viewers 15k

Chapter 121

"ဆွေ့ဆွေ့အခြေအနေဘယ်လိုလဲ...ဇာတ်ညွှန်းဖတ်ကြည့်သေးလား...ဒီနေ့တစ်ယောက်တည်းဖတ်ရမှာနော်"။ ဒါရိုက်တာလုကျင်ဟွီက ဆွေ့ဆွေ့ကို စသလိုနောက်သလိုဖြင့်မေးလိုက်သည်။

"ဇာတ်ညွှန်းကိုသမီးအကြိမ်ကြိမ်ဖတ်ပြီးပြီ...အလွတ်တောင်ရနေလောက်ပြီ"။ 

ကုဆွေ့ဆွေ့၏ ပင်ကိုယ်စရိုက်မှာ အတော်လေး
ပွင့်လင်းရိုးရှင်းသည်။ ပြောစရာရှိသည်များကို ပွင့်ပွင့်လင်းလင်းနှင့်တည့်တိုးပြောတတ်သည်။ စိတ်ထဲတွင်သိမ်းမထားတတ်ပေ။ 

ရိုးသားပွင့်လင်းပြီးချစ်စဖွယ်ကောင်းလွန်းသော ကလေးငယ်လေးကိုကြည့်ရင်း နံဘေးတွင်ထိုင်နေသည့် လက်ထောက်ဒါရိုက်တာနှစ်ယောက်မှာ မအောင့်အီးနိုင်တော့ပဲ အသံထွက်ရယ်မိသွားသည်။

"အဲဒါဆိုရင်...ခဏနေကျရင်ဇာတ်ညွှန်းဖတ်ရတော့မှာ...ဆွေ့ဆွေ့တစ်ယောက်တည်းအကူမလိုပဲဖတ်နိုင်တာသေချာရဲ့လား"။ လုကျင်ဟွီက အတည်ပေါက်နှင့်ထပ်မေးလိုက်သည်။ ဆွေ့ ဆွေ့အရွယ်ကလေးသရုပ်ဆောင်များက စာသိပ်မဖတ်နိုင်သေးသောကြောင့် ဇာတ်ညွှန်းဖတ်
သည့်အချိန်တိုင်းအခက်တွေ့ရသည်။ ရိုက်ကူးရေးဝန်ထမ်းတစ်ဦးကအမြဲတမ်းကူဖတ်ပေးရသောကြောင့် အချိန်ကြာတတ်သည်။

"ဟုတ်ကဲ့...သမီးတစ်ယောက်တည်းဇာတ်ညွှန်းကိုသေသေချာချာဖတ်နိုင်ပါတယ်...မေမေက
ဒီနေ့သမီးကိုဖတ်ကူဖို့အဖော်လိုက်လာမယ်ပြောတာတောင်...သမီးကလက်မခံတာပါ"။

"ဟုတ်ပြီ...အဲဒါဆိုရင်...ဆွေ့ဆွေ့လေးရဲ့စွမ်းရည်ကို...ဘိုးဘိုးကစောင့်ကြည့်နေမယ်နော်"။

သရုပ်ဆောင်အတော်များများကဇာတ်ညွှန်းဖတ်ရာတွင်ချောချောမွေ့မွေ့ကျွမ်းကျွမ်းကျင်ကျင်
နှင့်အထေ့အငေါ့မရှိပဲဖတ်နိုင်ကြသည်။ သို့သော် လုကျင်ဟွီကထိုအချက်များကိုစိတ်မဝင်စားပေ။ သူစိတ်ဝင်စားသည်မှာ ခံစားချက်အသက်ဝင်အောင် ဖတ်နိုင်ခြင်းဖြစ်သည်။ 

အစည်းအဝေးခန်းမထဲတွင်ခုံတန်းရှည်ကြီးတစ်ခုရှိနေသည်။ ထိုခုံတန်းပေါ်တွင်ကတ်နှစ်ခုကိုတင်ထားသည်။ ကတ်အသေးလေးမှာ ယနေ့လာ ရောက်သူများ၏အမည်များကိုရေးထားသည်။

ယနေ့ကပထမဆုံးအပိုင်းဆယ်ပိုင်းအတွက်သာ ဇာတ်ညွှန်းဖတ်ကာတိုင်ပင်ဆွေးနွေးမည်ဖြစ်သောကြောင့် ထိုပထမဆုံးအပိုင်းဆယ်ပိုင်းတွင်ပါဝင်သောဇာတ်ကောင်များ၏သရုပ်ဆောင်များကိုသာခေါ်ထားသည်။ 

"ဆွေ့ဆွေ့ကို...ငါ့ခုံဘေးနားမှာ....ထိုင်ခိုင်းလိုက်
သူဇာတ်ညွှန်းဖတ်ပြီးသရုပ်ဆောင်တာကိုသေချာအကဲခတ်ချင်လို့"။ လုကျင်ဟွီက စိတ်အားထက်သန်ပြီးအလုပ်ကြိုးစားသောအနုပညာရှင်များကို အလွန်သဘောကျသည်။

"ဒါပေမဲ့...ဒါရိုက်တာကြီးရဲ့ဘေးခုံနှစ်ခုံက...ဇာတ်လိုက်သရုပ်ဆောင်မင်းသားနဲ့မင်းသမီးရဲ့နေရာပါ"။

"သူတို့နှစ်ယောက်ကလည်း...ဒီရိုက်ကူးရေးအဖွဲ့သားပဲလေ...ဘယ်သရုပ်ဆောင်ပဲဖြစ်ဖြစ်အရေးပါတယ်...သူတို့နှစ်ယောက်မှမဟုတ်ဘူး"။ 

လုကျင်ဟွီက တစ်ခဏမျှစဥ်းစားရင်းထပ်ပြောလိုက်သည်။ "ကဲ...ထားလိုက်ပါတော့...ဆွေ့ဆွေ့ကိုလည်းနေရာရွှေ့ခိုင်းမနေနဲ့တော့...ငါပဲသူ့နားသွားထိုင်လိုက်တော့မယ်...ပြီးတော့တစ်ခြားသူတွေလာရင်...သူတို့ကြိုက်တဲ့နေရာမှာထိုင်ပလေ့စေ...ဟိုနေရာဒီနေရာလျှောက်ကန့်သတ်မနေနဲ့"။

"ဟုတ်ကဲ့...ကောင်းပါပြီ...ဒါရိုက်တာကြီးပြောတဲ့အတိုင်း...ကျွန်တော်လုပ်လိုက်ပါ့မယ်"။ ဝန်ထမ်းက အတန်ငယ်ကြောင်အမ်းအမ်းဖြစ်သွားသော်လည်း လုကျင်ဟွီ၏စကားအတိုင်းချက်ချင်းလိုက်နာသည်။

သူ(မ)ဘေးနားသို့လာထိုင်သောဘိုးဘိုးလု
ကြောင့်ကုဆွေ့ဆွေ့တစ်ယောက်ဇဝေဇဝါဖြစ်သွားသည်။ သူ(မ)သိသလောက်တော့ ဒါရိုက်တာက မည်သည့်အခမ်းအနားပွဲမျိုးတွင်မဆို အလယ်ဗဟိုတွင်ထိုင်ရသည် မဟုတ်လား။
"ဘိုးဘိုးလု...ဘာလို့ဒီမှာလာထိုင်တာလဲဟင်
ဘိုးဘိုးက...ဟိုးအလယ်ခေါင်မှာထိုင်ရမှာမဟုတ်ဘူးလား"။

လုကျင်ဟွီကပြုံးရင်းပြန်ဖြေသည်။ "ဘာလို့လည်းဆိုတော့...ခဏနေဇာတ်ညွှန်းဖတ်တဲ့အခါကျရင်...ဆွေ့ဆွေ့ဖတ်သွားတဲ့စကားလုံးတိုင်းကို
ဘိုးဘိုးကရှင်းရှင်းလင်းလင်းကြားရအောင်လို့လေ"။

တစ်နာရီခန့်ကြာပြီးနောက် သရုပ်ဆောင်များတစ်ယောက်ပြီးတစ်ယောက်အစည်းအဝေးသို့ရောက်လာသည်။

"ဒါရိုက်တာလု...လူစုံနေပြီမလို့...အခုစလို့ရပါပြီ"။

လူတိုင်းရောက်လာပြီးနောက် "လမ်းကြားလေး" ဇာတ်လမ်းတွဲ၏ပထမဆုံးအကြိမ်ဇာတ်ညွှန်းဖတ်ကြားခြင်းကို အလှည့်ကျပြုလုပ်သည်။ သရုပ်ဆောင်တစ်ဦးချင်းစီက သူတို့၏ဇာတ်ဝင်ခန်းတွင်ပြောရမည့်စာသားများကိုခံစားချက်ပါပါသရုပ်ဆောင်ပြီးဖတ်သည်။ ဇာတ်ကြောင်းပြန်သည့်ဇာတ်ဝင်ခန်းများကိုမူ ဝန်ထမ်းများကကျယ်လောင်စွာဖတ်ပေးသည်။

ဇာတ်ညွှန်းရေးဆရာနှင့်ဒါရိုက်တာများက ဇာတ်ညွှန်း၏ဟာကွက်များကိုပြင်ဆင်ဖြည့်စွက်ပြီး သရုပ်ဆောင်များ၏လိုအပ်ချက်များကိုပြုပြင်ပေးသည်။ ဇာတ်ညွှန်းဖတ်ခြင်းမှာ နေ့လည်စာနားချိန်အပါအဝင် မနက်ရှစ်နာရီမှညနေသုံးနာရီအထိ စုစုပေါင်းခြောက်နာရီကြာသည်။

"ဆွေ့ဆွေ့...သမီးဒီနေ့ဇာတ်ညွှန်းဖတ်သွားတာအရမ်းကောင်းတယ်...ဒီလိုပဲဆက်ကြိုးစားသွား"။ လုကျင်ဟွီက ဆွေ့ဆွေ့အားချီးကျူးစကားပြောလာသည်။

ယနေ့ဇာတ်ညွှန်းဖတ်အစည်းအဝေးတွင်ဆွေ့ဆွေ့နှင့်အရွယ်တူအခြားကလေးရုပ်ဆောင်များလည်း ရောက်လာကြသည်။ ထိုကလေးများအားလုံး ဇာတ်ညွှန်းဖတ်ရာတွင်အဖတ်ကျွမ်းကျင်မှုမရှိသောကြောင့် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေကြသော်လည်း ကုဆွေ့ဆွေ့ကလူကြီးသရုပ်ဆောင်များနီးပါးအကောင်းမွန်ဆုံးဖတ်ပြသွားခဲ့သည်။

"ဘိုးဘိုးလု...စိတ်မပူပါနဲ့...သမီးဆက်ပြီးကြိုးစားသွားပါ့မယ်"။ ကုဆွေ့ဆွေ့ကလက်သီးလက်မောင်းတန်းကာကတိပေးလိုက်သည်။

ကုဆွေ့ဆွေ့က ဇာတ်ညွှန်းဖတ်ရာတွင် ပါပါးခဲ့သင်ပေးထားသည့်အတိုင်းခံစားချက်ပါပါနှင့်အသက်ဝင်အောင် ရှင်းလင်းပြတ်သားအောင်စကားလုံးတစ်လုံးချင်းစီတိုင်းကို ဂရုတစိုက်ဖတ်သည်။ ထို့ကြောင့်လုကျင်ဟွီအပါအဝင်
ဝါရင့်သရုပ်ဆောင်များပါအံ့သြကုန်ကြရသည်။