အပိုင်း ၁၂၂
Viewers 15k

Chapter 122

အစည်းအဝေးပြီးဆုံးသွားပြီးနောက် အခြားဘာမှလုပ်စရာမရှိတော့ပေ။ ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာများအားလုံးစီစစ်တည်းဖြတ်ကြပြီးနောက်
ဝန်ထမ်းများက သရုပ်ဆောင်တစ်ယောက်ချင်းစီကို ဇာတ်ညွှန်းများချပေးသည်။

ယနေ့အစည်းအဝေးတက်ရောက်လာသောလူများအနက် အင်ပါယာမြို့တော်မှမဟုတ်သော သရုပ်ဆောင်အနုပညာရှင်များက ရိုက်ကူးရေးအဖွဲ့မှ စီစဥ်ပေးထားသောဟိုတယ်တွင် တည်းခိုနေထိုင်ကြမည်ဖြစ်သည်။

"ညီမလေးဆွေ့ဆွေ့....အစောက...ဘာလို့ဒေါက်တာလုရဲ့ဘေးမှာသွားထိုင်တာလဲဟင်"။
ချောမောပြေပြစ်သောရုပ်ရည်ရှိသည့်အစ်ကိုကြီးတစ်ယောက်က သူ(မ)အား မေးလာသည်။

သူက ဆွေ့ဆွေ့ကဲ့သို့ "လမ်းကြားလေး" ဇာတ်လမ်းတွဲထဲတွင်ပါဝင်သရုပ်ဆောင်မည့် ကလေးသရုပ်ဆောင်တစ်ဦးဖြစ်ပြီး ဆွေ့ဆွေ့ထက် ခြောက်နှစ်ခန့်ကြီးသည်။

"အမ်း....ဆွေ့ဆွေ့က...ကိုကိုတို့ထက်အစောကြီးလာလို့...ဘိုးဘိုးဒါရိုက်တာက‌သူ့ဘေးမှာပေးထိုင်တာနေမှာပေါ့"။ တကယ်လည်း ကုဆွေ့ဆွေ့ကအခြားသူများထက်စောရောက်နေခြင်းဖြစ်သည်။

"အဲဒါဆိုရင်....ကိုကိုလည်းနောက်တစ်ခါကျ...စောစောလာပြီး...ဒါရိုက်တာကြီးရဲ့ဘေးမှာရအောင်ထိုင်မယ်"။ 

"ကိုကိုကဘာလို့...ဒါရိုက်တာကြီးရဲ့ဘေးမှာထိုင်ချင်ရတာလဲ...နေရာကောင်းမလို့လားဟင်"။

"ဒါပေါ့...အဲဒီနေရာကအရမ်းကောင်းတယ်...ကိုကို့ရဲ့သရုပ်ဆောင်နည်းပြဆရာကတစ်ခါပြောပြဖူးတယ်...ဒါရိုက်တာရဲ့ဘေးမှာထိုင်ရတယ်ဆိုတာက...ဒါရိုက်တာကြီးနဲ့အရမ်းဆက်ဆံရေးကောင်းလို့ပဲတဲ့...ဒါရိုက်တာကြီးနဲ့ဆက်ဆံရေးကောင်းဖို့ကလည်းအရေးကြီးတယ်...ဒါမှအခွင့်အရေးပိုရမှာလေ"။

"အော်...အဲဒီလိုလား"။ ထိုသို့သော အကြောင်းအရာများကိုကုဆွေ့ဆွေ့မသိခဲ့ရိုးပင်။ ဒါရိုက်တာဘိုးဘိုးနှင့်ရင်းနှီးမှရနိုင်မည့်အခွင့်အရေးများအကြောင်းကိုလည်း သူ(မ)မသိ။

"ဒါနဲ့...အစ်ကို့နာမည်ကကျောက်ဟွီပါ...ညီမလေးနာမည်ကရော"။

"သမီးနာမည်က...ကု‌ဆွေ့ဆွေ့ပါရှင့်"။

"ညီမလေးဆွေ့ဆွေ့က...အရမ်းချစ်ဖို့ကောင်းတာပဲ"။ ကိုကိုကျောက်ဟွီ၏ချီးကျူးမှုကြောင့် ကုဆွေ့ဆွေ့တစ်ယောက် ရှက်သွေးဖြန်းသွားသည်။

ထို့နောက် ဆွေ့ဆွေ့နှင့်ကျောက်ဟွီတို့နှစ်ယောက်သား အပြန်အလှန်စကားစမြည်ပြောဆိုကြသည်။ ထိုစဉ် အခြားမိန်းကလေးတစ်ဦးက သူတို့အနားသို့ရောက်လာသည်။ 

ထိုမိန်းကလေးမှာ "လမ်းကြားလေး" ဇာတ်လမ်းတွဲတွင် ဆွေ့ဆွေ့သရုပ်ဆောင်ထားသောကျောက်ရှောင်ယွမ်ဇာတ်ကောင်၏ အစ်မဖြစ်သူ ‌ကျောက်ထျန်းနေရာတွင်သရုပ်ဆောင်သူရှုယွမ်အာဖြစ်သည်။ 

ရှုယွမ်အာနှင့်ကျောက်ဟွီတို့က တစ်ရပ်ကွက်တည်းနေသူ အိမ်နီးချင်းများဖြစ်သလို ‌အတန်းဖော်သူငယ်ချင်းများလည်းဖြစ်သည်။

"ကျောက်ဟွီ...နင်တို့ဘာတွေပြောနေကြတာလဲ"။

"ယွမ်အာ...ဒီညီမလေးဆွေ့ဆွေ့ကလေ...အရမ်းချစ်ဖို့ကောင်းတာပဲ...စကားပြောရတာလည်းအဆင်ပြေတယ်....ငါ့အစ်ကိုနဲ့လူချင်းတောင်လဲပစ်ချင်လိုက်တာ"။

"မင်္ဂလာပါ...ဆွေ့ဆွေ့...မမနာမည်ကရှုယွမ်အာပါ...ဆွေ့ဆွေ့ကိုလူရွေးပွဲမှာတုန်းက...တွေ့လိုက်သားပဲ"။

သို့သော် သူ(မ)၏စကားကိုဆွေ့ဆွေ့ကနာမရှင်းဖြစ်သွားပုံရသည်။ ကြောင်အမ်းအမ်းနှင့်ပြန်ကြည့်လာသည်။ 

"အော်...အဲ့တုန်းက...ဆွေ့ဆွေ့ကတော့...မမကိုသတိမထားမိဘူးလေ...ဆွေ့ဆွေ့မေမေနဲ့နှစ်ယောက်တည်းရှိနေတော့...မမလည်းလာပြီးမနှုတ်ဆက်ဖြစ်လိုက်ဘူး"။

"ဒါနဲ့နေပါဦး...လူရွေးပွဲမတိုင်ခင်တည်းက...ဆွေ့ဆွေ့ကိုတွေ့ဖူးနေပါတယ်...ဘယ်ရပ်ကွက်မှာနေတာလဲဟင်...မမနဲ့ရပ်ကွက်တူလို့များလား"။

ဆွေ့ဆွေ့လည်းပြန်ဖြေမည်အလုပ်တွင် ကိုကိုကျောက်ဟွီကဖြတ်ပြောသည်။ "ငတုံးမလေး...
ဆွေ့ဆွေ့ကိုတွေ့ဖူးနေမှာပေါ့...သူက...အခုနာမည်ကြီးနေတဲ့ရသစုံရှိုးတစ်ခုမှာပါတယ်လေ"။

"ဘယ်ရသစုံရှိုးလဲ"။

"ကလေးငယ်နှင့်ခရီးသွားခြင်းမှာပါမမ"။ ဆွေ့ဆွေ့က ချက်ချင်းပြန်ဖြေသည်။

ဆွေ့ဆွေ့၏စကားကြောင့် ရှုယွမ်အာတစ်ယောက် မှင်သက်သွားသည်။ "အဲဒါကြောင့်ကိုး...တွေ့ဖူးနေတယ်မှတ်တာ...အဲဒီနာမည်ကြီးကုဆွေ့ဆွေ့လေးပဲ...တွေ့ရတာဝမ်းသာပါတယ်နော်"။

ထိုအခိုက် ဆွေ့ဆွေ့၏လက်ထောက်မမရှမ်ယွမ် ရောက်လာပြီး ဆွေ့ဆွေ့အားအိမ်ပြန်ရန်လာခေါ်သည်။ "ဆွေ့‌ဆွေ့....မမတို့အိမ်ပြန်ရအောင်"။

ဆွေ့ဆွေ့လည်းမပြန်မီ မမယွမ်အာနှင့်ကိုကိုကျောက်ဟွီတို့ကိုနှုတ်ဆက်ခဲ့လိုက်သည်။ "ကိုကိုနဲ့မမရေ...ဆွေ့ဆွေ့ပြန်ပြီနော်..တာ့တာ"။

"တာ့တာ...မနက်ဖြန်ကျမှပြန်တွေ့ကြမယ်"။ ကျောက်ဟွီလည်းရှုယွမ်အာလည်း ပြန်နှုတ်ဆက်လိုက်သည်။

စက်တင်ဘာကိုးရက်နေ့နေ့လည်ပိုင်းတွင် ကုဆွေ့ဆွေ့လည်း အထုပ်အပိုးပြင်ကာ ရိုက်ကူးရေးအဖွဲ့ထံသို့သွားလိုက်သည်။

 ရိုက်ကွင်းနေရာမှာမြို့တော်အတွင်းဖြစ်သည့်အပြင် လုံခြုံစိတ်ချရအောင်စီစဉ်ထားသောကြောင့် ဖုန်းယောက်ချင်းလည်း အဖော်လိုက်မပေးတော့ပဲ ဆွေ့ဆွေ့ကိုစိတ်ချလက်ချနှင့်လွှတ်လိုက်သည်။