အပိုင်း (၂၇၈)
Viewers 34k

Chapter 278 


ယွမ်ရှ၏ အမြင်တွင် စုန့်ထင်ရှန်းဆိုသည်မှာ အမြဲတမ်းတည်ငြိမ်ကာ လွှမ်းမိုးနိုင်စွမ်းရှိသော CEOတစ်ယောက်ဖြစ်သည်။ အကယ်၍ သူကတစ်တစ်ရံတွင်  ကလူကျီစယ်သော စာသားအချို့ပြောစဉ်တွင်လည်း လေးနက်နေသော အမူအယာဖြင့်ပြောပေလိမ့်မည်။ သို့သော် ယခုတွင် သူက သူမကိုထိုင်ဝမ်လေသံဖြင့် ရုတ်တရက်ကြီး ဝန်ခံလာခဲ့သည်။ စားသောက်ဆိုင်လေးထဲတွင်ထိုင်ကာ ဖက်ထုပ်ကို တူဖြင့်ညှပ်ထားသောသူမမှာ သူ့ကို ကြောင်တောင်တောင်လေး ကြည့်လိုက်လေသည်။ ခဏအကြာတွင် မပြုံးပဲမနေနိုင်တော့၍ ပြုံးစစဖြင့် ထိုင်ဝမ်လေသံဖြင့် ပြန်ဖြေလိုက်သည်။


"မင်းသိလား...."


(T/N : ယွမ်ရှရဲ့ စကားက နာမည်ကြီး တရုတ်ဇာတ်လမ်းတွဲထဲကပါ... စကားအပြည့်အစုံက "ငါမင်းကိုသဘောကျနေတာ မင်းသိလား..."ဆိုပြီး ထိုင်ဝမ်လေသံနဲ့ပြောတဲ့ ရှိုးကပါ...)


စုန့်ထင်ရှန်းက အနည်းငယ်ရှက်သွားပုံပေါ်သည်။ သူ့ကိုယ်သူ ယွမ်ရှကို ဘာကြောင့် ရုတ်တရက်ကြီး ဝန်ခံမှကြောင်းလည်း မသိခဲ့ပေ။ ထို့ကြောင့် စကားလမ်းကြောင်းသာ ပြောင်းချလိုက်သည်။


"ကိုယ်ကောလိပ်တက်တုန်းက ဒီမှာ အချိန်ပိုင်းလုပ်ဖူးတယ်လေ...."


ယွမ်ရှက ယခုတွင် စုန့်ထင်ရှန်းကို အသေအချာနားလည်သွားလေပြီ။ သူက သူဂရုစိုက်သည့်လူများကိုသာ သူ၏အတိတ်အကြောင်း ဝေမျှချင်သူဖြစ်သည်။ ၎င်းက သူ့အသက်အရွယ်နှင့်ဆိုင်သလား သူ့စိတ်နေစိတ်ထားနှင့် ဆိုင်သလားတော့ မသိပါချေ။ ဥပမာအားဖြင့် သူမကို သူ၏မွေးရပ်မြေကို ခေါ်သွားခဲ့သည့် တစ်ချိန်ကလိုဖြစ်သည်။ သူက သူမကိုခေါ်မသွားသည်မှာ ဝမ်လေးကို ဂရုစိုက်ပေးရန် သူ့ဘာသာအာရုံစိုက်နေခဲ့ရ၍ဖြစ်သည်။ ယခုတွင်တော့ သူမကို သူ၏အတိတ်အကြောင်းအရာများကိုပြသပြီး သူ့ကို ပိုမိုနားလည်စေချင်သည့်ပုံပင်ဖြစ်သည်။


ယခုသူတို့နှစ်ယောက်က တွဲနေကြပြီဖြစ်၍ သူမကို ဤနေရာကိုခေါ်လာပြီး သူအျတ်ကကြုံတွေ့ခဲ့သည်များကို ဝေမျှပေးလေသည်။


သူ၏အကြံမှာရိုးရှင်းလှသည်။ သူမကို ဤသည်က သူဖြစ်ပြီး ဤသည်ကသူ၏အတိတ်ဖြစ်ကြောင်း ပြောပြချင်ရုံသာဖြစ်သည်။


"ကိုယ့်မှာ တရုတ်နှစ်သစ်ကူးဆိုရင် သွားစရာနေရာမရှိဘူးလေ... ပြီးတော့ ဒီကဆိုင်လေးတွေက အားလပ်ဆိုရင် အလုပ်သမားတွေကို ပိုက်ဆံပိုပေးကြတယ်လေ...."


စုန့်ထင်ရှန်းက ပြောလိုက်သည်။


"အရေးအကြီးဆုံးကတော့ အလုပ်သမားတွေအတွက် ထမင်းအလကားကျွေးတာပဲ... အဲ့အချိန်မှာဆိုရင် ကောလိပ်က ထမင်းစားခန်းတွေလည်းပိတ်ပြီလေ... ကိုယ်က အဆောင်မှာ တစ်ယောက်တည်း ကျန်ခဲ့တဲ့လူပေါ့..."


ယွမ်ရှက သိချင်စိတ်ဖြင့်နေးလာသည်။

"ရှင်မလုပ်ဖူးတဲ့ အလုပ်ရှိလား...."


စုန့်ထင်ရှန်းက သူမ၏မေးခွန်းကို လေးလေးနက်နက်စဉ်းစားလေသည်။ ထို့နောက်တွင် အသံတိုးတိုးဖြင့်ပြောလိုက်သည်။


"ကိုယ့်သူငယ်ချင်းက ကိုယ့်ကို လစာမြင့်မြင့်နဲအလုပ်တစ်ခုကို မိတ်ဆက်ပေးဖူးတယ်... ဒါပေမဲ့ မသွားခဲ့ပါဘူးလေ...."


ယွမ်ရှ၏ စိတ်ထဲတွင် မကောင်းသည့်အရာများပေါ်လာသည်။ သူမ မရဲတရဲလေးမေးလိုက်သည်။

"ကိုယ်ရံတော်လား..."


သူက အသက်သုံးဆယ်ကျော်ပြီဖြစ်ပြီး အတော်လေးကောင်းမွန်သည့် ပုံရိပ်ကို ထိန်းသိမ်းနိုင်နေပြီဖြစ်သည်။ သူ့တွင် အလွန်ကောင်းမွန်သော အသွင်အပြင်နှင့် တည်ငြိမ်သော စိတ်သဘောထားရှိသည်။ လွန်ခဲ့သည့်ဆယ်နှစ်က သူ၏အသွင်အပြင်မှာ သူတို့၏ရုပ်ရည်အပေါ်မှီခိုပြီး ကျော်ကြားမှုကို ကုပ်တွယ်ထားရသော အိုင်ဒေါများထက် ဆိုးရွားမည်မဟုတ်လောက်ပေ။ သူ၏ပုံစံကို ကြိုက်မည့် ချမ်းသာသည့် အမျိုးသမီးများစွာလည်း ရှိလောက်သည်။ သူက အရပ်ရှည်ကာ ချောမောခန့်ညားသည်။ အထူးသဖြင့် ဂုဏ်သိက္ခာကြီးမားသည့် တက္ကသိုလ်တွင် တက်သူဖြစ်ရာ ၎င်းက လူအများကို အလွန်မိမိုက်သော ခံစားချက်ကို ပေးစွမ်းပေလိမ့်မည်။


စုန့်ထင်ရှန်းမျက်နှာတွင် ရှက်ရွံ့မှုတို့ ဖြတ်ပြေးသွားသည်။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းတစ်မျိုးသာဖြစ်ပေသည်။


ယွမ်ရှက အားပါးတရရယ်မောလိုက်သည်။

"အဲ့တာ ရှင်ဘယ်လောက်တောင်ချောလဲဆိုတာ ပြတာပဲလေ.. အဲ့တုန်းက ရှင်တော်တော်ချောခဲ့မှာပဲ...."


စုန့်ထင်ရှန်းက ကူကယ်ရာမဲ့စွာပြောလာသည်

"ကိုယ်မသွားခဲ့ပါဘူး...."


"ဘာလို့မသွားခဲ့တာလဲ...."


"တစ်ခဏတာ အမှားတစ်ခုက ဘဝတစ်ခုလုံးစာအတွက် နောင်တဖြစ်သွားမှာ ကြောက်ခဲ့မိလို့...."


ယွမ်ရှဆီမှာ ရယ်သံတစ်ချက်ထွက်လာပြန်သည်။ ထို့နောက်တွင် သူက ပိုပြီးတည်တင်းလာသည်။


စုန့်ထင်ရှန်းက ထိုအချိန်ကို ပြန်လည်အောက်မေ့သတိရနေသည်။ သူ့တွင် ပိုက်ဆံပြတ်လပ်နေသော်လည်း အလုပ်ခေါ်ကမ်းလှမ်းမှုများကြောင့်လုံးဝ စိတ်မလှုပ်ရှားခဲ့ပေ။ အခြားလူများက ကြင်နာစွာအကြံပြုသော်လည်း သူတို့ကို မျက်နှာသာမပေးဘဲ ဆွံ့အမှင်သက်သွားစေခဲ့သည်။


သူထိုအကြောင်းပြောပြသည်ကို နားထောင်ပြီးနောက်တွင် ယွမ်ရှက အတိတ်မှစုန့်ထင်ရှန်းနှင့် အနာဂတ်မှ စုန့်ထင်ရှန်းတို့ ကို ဆက်စပ်ရန်မဖြစ်နိုင်ဟု ခံစားလိုက်ရသည်။


သူမည်မျှ ခက်ခဲခဲ့ပြီး သနားစရာကောင်းခဲ့သည်ကို အပိုဆာဒါးတစ်ခွန်းမှမပါဘဲ ပြောခဲ့ပြီး သူ့လေသံမှာလည်း တည်ငြိမ်နေမြဲသာဖြစ်သည်။


xxxxxxx