အပိုင်း (၂၇၉)
Viewers 31k

Part 279


သူတို့နှစ်ယောက်ဖက်ထုပ်ဆိုင်မှထွက်လာပြီးနောက်တွင် စုန့်ထင်ရှန်းက ယွမ်ရှကို သူသွားနေကြ နေရာတစ်ခုကိုခေါ်သွားခဲ့သည်။ ထိုနေရာမှာ အလွန်အမင်းပြောင်းလဲသွားလေပြီ။ ယခင်က ခံစားချက်အဟောင်းများကို ရှာမတွေ့နိုင်တော့ပေ။ သို့သော် သူတို့နှစ်ယောက်က တစ်လမ်းလုံး လက်ကိုင်ထားပြီး ပြုံးပြုံးရယ်ရယ်စကားပြောခဲ့ကြသည်။ ၎င်းက ရုပ်ရှင်ကြည့်ရသည်ထက် ပိုမိုစိတ်ဝင်စားဖွယ်ကောင်းပေသည်။


သူ စီးပွားရေးတွင်စွန့်စားခဲ့ပုံများကို ပြန်ပြောင်းပြောဆိုသည်ကိုက စိတ်ဝင်စားစရာ TVရှိုးတစ်ခုကို ကြည့်ရသည်နှင့်တူလေသည်။


စုန့်ထင်ရှန်းက သူမ၏လက်ကိုကိုင်ထားရင်း ရယ်ရင်းပြောလိုက်သည်။


"ကိုယ်က ဒီအကြောင်းတွေကို ဝမ်လေးအရွယ်ရောက်လာမှ သူ့ကို ပြောပြဖြစ်မယ်ထင်ခဲ့တာ.."


ဝမ်လေး အရွယ်လောက်လာလျှင် သူ၏အတွေ့အကြုံများကို ပြောပြပေးမည်ဟု တွေးခဲ့သည်။ သို့သော် တစ်နေ့တွင် ယွမ်ရှက သူ၏ဇာတ်လမ်းများကို နားထောင်ပေးမည့်သူ ဖြစ်လာမည်ဟု တစ်ခုမှ မထင်ထားခဲ့ပေ။


ယွမ်ရှက အနည်းငယ်မနာလိုဖြစ်လေသည်။


"အိုင်း.... တော်လောက်ပါပြီ.. ယောက်ျားတစ်ယောက်အတွက် အရေးအကြီးဆုံးက သူ့ ကလေးပဲဆိုတာ တကယ်မှန်တာကိုး...."


စုန့်ထင်ရှန်းက မေးခွန်းပြန်ထုတ်လိုက်သည်။


"မိန်းမတွေအတွက်လည်း အတူတူပဲမဟုတ်ဘူးလား... မင်း ဝမ်လေးကိုဒီနေ့တင် ဖုန်းတွေခဏခဏခေါ်တယ်လေ... ဒါပေမဲ့ ကိုယ့်ကိုကြတော့ အဲ့လောက် တစ်ခါမှမခေါ်ဖူးဘူး...."

သူ၏နောက်ဆုံးစကားက ချဉ်တူးနေသော အရိပ်အငွေ့တို့ထွက်ပေါ်နေသည်။


သူတို့နှစ်ယောက်လုံးမှာ သူတို့၏ကလေးနှင့်ပင် မနာလိုဖြစ်နေသည်။ နှစ်ယောက်စလုံးမှာ အတူတူသာဖြစ်သည်။


---


နေ့လည်ခင်းတွင် ယွမ်ရှနှင့် စုန့်ထင်ရှန်းတို့က သူတို့၏မိခင်တက္ကသိုလ်ကြီးကို သွားလည်ရန် ဆုံးဖြတ်ချက်လိုက်သည်။ ယွမ်ရှက မူလကိုယ်နှင့် စုန့်ထင်ရှန်းတို့က ကောလိပ်တစ်ခုတည်းမှ ဘွဲ့ရခဲ့ကြောင်း မှတ်မိပေသည်။ သူမ အသေအချာပြန်စဉ်းစားကြည့်သောအခါတွင် မူလကိုယ်က ထိပ်တန်းကျောင်းသူဖြစ်ကြောင်း သိလာရသည်။ သူမက နယ်ဘက်မှဖြစ်၍ သူမ၏ကျောင်းဝင်ခွင့်အမှတ်မှာ မြို့ပေါ်မှ စုန်ထင်ရှန်းထက်နည်းပေသည်။ သို့သော် သူမ အထက်တန်းကျောင်းတုန်းက အတော်ကြီးစာလေ့လာခဲ့ကြောင်း သိသာပေသည်။


ယွမ်ရှက ထိုသို့တွေးမိပြီး သက်ပြင်းချလိုက်မိသည်။


မူလကိုယ်က အထက်တန်းကျောင်းကတည်းက နိုင်ငံ့အကောင်းဆုံးကောလိပ်ကိုသာ မျှော်မှနိးလေသည်။ ထူးချွန်ထက်မြက်သော ယောက်ျားအများစုက ကောလိပ်ကောင်းကောင်းကို တက်ခဲ့သူများဖြစ်ကြသည်။ သူမက လူကောင်းတစ်ယောက်ကို ရွေးချယ်ချင်ခဲ့သည်။ သူမ၏မိသားစုနောက်ခံက မကောင်းသည့်အကြောင်းကိုလည်း သိနေ၍ သူမ၏ကိုယ်ပိုင်တန်ဖိုးကို နည်းနည်းချင်းဆီမြှင့်တင်လေသည်။ အလှတရားက အရေးကြီးသော်လည်း သင့်လျော်သော အရည်အချင်းနှင့် ပတ်ဝန်းကျင်တို့က ပိုမိုအရေးကြီးပေသည်။ သာမန်ကောလိပ်များတွင် ထူးချွန်သောလူများရှိကြသော်လည်း အများစုက မထူးချွန်ကြပေ။ ထိပ်တန်းအဆင့်လူများမှာ အကောင်းဆုံးကောလိပ်များတွင်သာရှိကြသည်။


အကယ်၍ မူလပိုင်ရှင်သာ ဤကောလိပ်ကိုမတက်ခဲ့လျှင် သူ၏အမိတက္ကသိုလ်ကို မိန့်ခွန်းလာပြောသော စုန့်ထင်ရှန်းနှင့်တွေ့ရန် အခွင့်အရေးရှိမည် မဟုတ်ပေ။ ထိုတွေ့ဆုံမှုသာမရှိခဲ့ပါက သူမက သူ၏ကုမ္ပဏီသို့ အလုပ်လျှောက်ခဲ့မည် မဟုတ်ပေ။ အဆုံးတွင် မည်သည့် လက်တွေ့ဘဝက CEOများမဆို သူတို့၏ လူမှုရေးအသိုင်းအဝိုင်းတွင် ဆက်ဆံရေးတစ်ခုရှိခဲ့သည့် လူများနှင့်သာ ချိတ်ဆက်မိကြလေသည်။


ယွမ်ရှ သက်ပြင်းချလိုက်သည်။ အကယ်၍ ထိုကဲ့သို့ ကိုးရိုးကားရားဆန်သော ကိစ္စများမဖြစ်ပျက်ခဲ့ပါက သူမ၏ စွမ်းရည်နှင့် အရည်အချင်းအရ စုန့်ထင်ရှန်းလိုလူမျိုးနှင့် ဆက်နွယ်မှုရှိလာခဲ့မည် မဟုတ်ချေ။ 


"ဘာလို့သက်ပြင်းချနေတာလဲ...."

စုန့်ထင်ရှန်းက သူမကိုကြည့်လာသည်။


သူမ အတော်လေးသက်ပြင်းချနေကြောင်း သတိပြုမိပေစည်။ သူလည်း အတူတူသာဖြစ်သည်။ ဝမ်လေးကလည်း သူတို့ကြောင့် အကျင့်ကြံသွားခြင်းဖြစ်ရမည်။ လေးနှစ်အရွယ်ကလေးတစ်ယောက်အတွက် မကြာခဏသက်ပြင်းချပြီး နက်နဲသလိုဟန်ဆောင်ခြင်းက မကောင်းပေ။


ယွမ်ရှက သူ့လက်ကို ခပ်ပြင်းပြင်း ဆုပ်ကိုင်လိုက်သည်။

"ကျွန်မကိုယ်ကျွန်မ ရွှေထုပ်ကြီးတစ်ခုကောက်ရတယ်လို့တွေးနေမိပြီး.. အတော်လေး အပြစ်မကင်းသလို ခံစားနေရတယ်..."


ဤကဲ့သို့ ယောက်ျားကောင်းနှင့် ဘဝကောင်းလေးက သူမအပိုင်မဟုတ်ပေ။ သူမတွင် မူလပိုင်ရှင်လို ထူးချွန်သည့် အရည်အချင်းများမရှ်ပေ။


သွမ့်ချီဖြစ်စေ ချင် ယွီဖြစ်စေ သူတို့အားလုံး အမှန်တကယ်သဘောကျသည့်လူမှာ မူလပိုင်ရှင်သာဖြစ်သည်။ မူလပိုင်ရှင်ကသာ သူတို့ကိုဆွဲဆောင်နိုင်ခဲ့သည်။


စုန့်ထင်ရှန်းက ယွမ်ရှ၏စကားများကို နားမလည်ပေ။

"ရွှေထုပ်ကြီးကောက်ရတယ်ဆိုတာ ကိုယ့်ကိုပြောတာလား...."


ယွမ်ရှက ခေါင်းငြိမ့်ပြလိုက်သည်။

"တကယ်တော့ ကျွန်မက အတော်လေးပုံမှန်ဆန်တယ်....."

သူမရပ်တန့်လိုက်သည်။

"တကယ်တော့ အခုကျွန်မက အရမ်းလှတယ်ဆိုပေမဲ့...."

အဲ့တာ အခြားတစ်ယောက်ရဲ့ အလှတရားတွေလေ....


စုန့်ထင်ရှန်းက မရယ်ပဲမနေနိုင်တော့ပေ။

"စိတ်မပျက်ပါနဲ့... လူနှစ်ယောက် အတူရှိတာကြာလာရင် အပြင်ပိုင်းသွက်ပြင်တွေက ဆွဲဆောင်မှုရှိတဲ့ အရာတွေမဟုတ်တော့ဘူးလေ... အနည်းဆုံး ကိုယ်က မင်းရဲ့ရုပ်ရည်ကို ခံနိုင်ရည်ရှိနေပြီ..."


ယွမ်ရှက သူ့လက်ကိုတင်းတင်းဆုပ်ပစ်လိုက်သည်။

"ဟေး.... ကျွန်မက အရမ်းလှပါတယ်နော်...."


ဘယ်လိုလုပ်ခံနိုင်ရည်ရှိနေတာလဲ... သူမကိုကြည့်ပြီး နေ့တိုင်း ပင့်သက်ရှိုက်မိနေရမှာ မဟုတ်ဘူးလား.. သူမကိုတွေ့တိုင်း သူ့ရဲ့နှလုံးခုန်သံတွေ မြန်နေရမှာလေ...


xxxxxxx