Chapter 124
တစ်ခုခုသောက်ချင်တာရှိလား...မမစတိုးဆိုင်ကိုသွားမလို့"။
ကလေးသုံးယောက်က ခေါင်းချင်းဆိုင်ကာ မနားတမ်း တတွတ်တွတ်ပြောနေကြသော
ကြောင့် ရှမ်ယွမ်လည်း မနေသာတော့ပဲအသံပေးလိုက်ရသည်။ မဟုတ်လျှင် ဒီကလေးသုံးယောက်လုံး ဒီနေ့တစ်နေကုန် စကားပြောလို့ပြီးတော့မည်မဟုတ်။
"မမရှမ်ယွမ်...သမီးလိမ္မော်ရည်သောက်ချင်တယ်"။ ကုဆွေ့ဆွေ့က သွားတန်းဖြူဖြူလေးများပေါ်သည်အထိပြုံးပြကာ ရှမ်ယွမ်အားပြောလာသည်။
ကျောက်ဟွီကလည်း ဆွေ့ဆွေ့နည်းတူ ပြောလာပြန်သည်။ "မမရှမ်ယွမ်...သားလည်းလိမ္မော်ရည်သောက်ချင်တယ်"။
"မမရှမ်ယွမ်...သမီးကိုလည်းသူတို့နှစ်ယောက်အတိုင်းဝယ်ခဲ့ပေးပါ"။ ရှုယွမ်အာကရှမ်ယွမ်မသွားမီတွင် လှမ်းပြောလာသည်။
ထိုအချိန်တွင်ရိုက်ကူးရေးအဖွဲ့ကဆက်တင်များကိုတပ်ဆင်နေဆဲဖြစ်ပြီး ဝန်ထမ်းတော်တော်များကလည်းဟိုဟိုဒီဒီပြေးလွှားပြီးအလုပ်များနေကြသည်။ ဘာမှလုပ်စရာမရှိသောကြောင့် ဆွေ့ဆွေ့လည်းဖုန်းထုတ်ပြီး ရှီရှီလေး၏ပုံကိုကိုကျောက်ဟွီနှင့်မမယွမ်အာအားပြလိုက်သည်။
"ဟယ်...ခွေးလေးကချစ်ဖို့ကောင်းလိုက်တာ
ကိုင်ကြည့်ချင်လိုက်တာနော်"။ ရှုယွမ်အာကရှီရှီ၏ပုံကိုကြည့်ကာပြောလာသည်။
"မမယွမ်အာ...ရှီရှီ့ကိုတွေ့ချင်တယ်ဆိုရင်...နောက်တစ်ခေါက်ကျရင်...ပါပါးခဲ့အိမ်ကိုဆွေ့ဆွေ့ခေါ်သွားပေးမယ်...အဲဒီမှာရှီရှီကိုကြိုက်သလောက်ကြည့်လို့ရတယ်"။ ကုဆွေ့ဆွေ့က ရက်ရောစွာဖြင့်ကမ်းလှမ်းသည်။
ပါပါးခဲ့ဟူသောအသုံးအနှုန်းကိုကြားလိုက်ရသောကြောင့် ရှုယွမ်အာတစ်ယောက်မျက်လုံးများပြူးကျယ်သွားသည်။ တစ်ခဏမျှမှင်သေသွားပြီး အသေအချာစဥ်းစားကြည့်လိုက်မှခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့က "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးတွင်သားအဖအဖြစ်ပါဝင်ရိုက်ကူးခဲ့ကြသည် မဟုတ်လား။ ထို့
ကြောင့် ပါပါးခဲ့ဟုခေါ်သည်မှာမထူးဆန်းလှပေ။ တစ်ဆက်တည်းတွင် ဆွေ့ဆွေ့ကသူ(မ)ကို သူ(မ)အိုင်ဒေါဖြစ်သူခဲ့ကျင်းယန်၏အိမ်သို့ခေါ်သွားပေးမည်ဟုပြောလာသောကြောင့် ရွှမ်အာတစ်ယောက် ထခုန်မတတ်ပျော်သွားရသည်။
"ဆွေ့ဆွေ့လေး...မမကိုအစ်ကိုခဲ့ကျင်းယန်ရဲ့အိမိဆီ...တကယ်ခေါ်သွားမှာလားဟင်...တကယ်ပြောနေတာလား"။
"တကယ်ပါ...မမရဲ့...ဆွေ့ဆွေ့တကယ်ခေါ်သွားပေးမှာ"။ ရှုယွမ်အာမှာ ခဲ့ကျင်းယန်ကိုမျက်နှာချင်းဆိုင်တွေ့ရမည့်အတွေးနှင့်တင်လူကလေပေါ်မြှောက်ချင်သလိုတောင်ဖြစ်နေသည်။ သဘောကောင်းလွန်းသောဆွေ့ဆွေ့ကိုလည်း ပို၍ချစ်ခင်သွားရသည်။ သို့သော်ထိုပျော်ရွှင်မှုကကြာရှည်မခံပါ။ ရှုယွမ်အာ၏မျက်လုံးထဲတွင်စနှိုးစနှောင့်ဖြစ်နေသည့်လူတစ်ယောက်ကအနားသို့ရောက်လာသည်။
"လင်းရီ...နင်ကဘာကိစ္စဒီကိုလာတာလဲ...ပြဿနာရှာမယ်မစဥ်းစားနဲ့နော်"။ လင်းရီကို ကျောက်ဟွီနှင့်ရှုယွမ်အာတို့နှစ်ယောက်လုံး ကောင်းကောင်းသိသည်။ အနုပညာသင်တန်းတစ်ခုတွင် သူတို့သုံးယောက်အခန်းတူခြင်းကြောင့်ပင်။ လင်းရီက အခြားသူတစ်ယောက်ယောက် သူ(မ)ထက်သာသွားတိုင်း ထိုသူကိုပြဿနာရှာလေ့ရှိသည်။ ယခုလည်းဆွေ့ဆွေ့ကဒါရိုက်တာလုကျင်ဟွီ၏မျက်နှာသာပေးခြင်းကိုခံရသောကြောင့် မကျေမနပ်ဖြစ်နေပုံရသည်။
လင်းရီကိုမေးလိုက်သော်လည်း ကောင်မစုတ်လေးကတစ်ခွန်းမှပြန်မဖြေ။ ထိုအစားသူနှင့်အတူပါလာသော အသက်ခုနစ်ခန့်သာရှိသေးပုံရမည့် ကလေးမလေးက ခါးထောက်ရင်းဟန်ပါပါပြန်ပြောလာသည်။ "ဒီနေ့တော့...မမလင်းရီကပြဿနာရှာမှာမဟုတ်ဘူး....ငါနဲ့ဟောဒီကကုဆွေ့ဆွေ့နဲ့...စာရင်းရှင်းစရာလေးရှိလို့"။
ဟဲ့ဝမ်ယွဲ့က ကုဆွေ့ဆွေ့ကိုစူစူးစိုက်စိုက်ကြည့်ရင်းပြောလာသည်။ "ကုဆွေ့ဆွေ့...နင်မလား...ငါ့ဇာတ်ကောင်နေရာကိုလုသွားတာ"။
ဆွေ့ဆွေ့မှာ သူ(မ)ပြောသမျှကိုနားမလည်နိုင်ပေ။ "ဆွေ့ဆွေ့က...မမရဲ့ဘယ်ဇာတ်ကောင်နေရာကိုခိုးမိလို့လား...ပြီးတော့ဆွေ့ဆွေ့တို့ကတစ်ယောက်နဲ့တစ်ယောက်သိတောင်မသိကြပဲ"။
အသားလွတ်ကြီးဆွေ့ဆွေ့အားလာစွပ်စွဲနေသောကလေးမလေးကို ရှုယွမ်အာအမြင်မကြည်ဖြစ်လာသည်။ "ဟဲ့...ဘာမဟုတ်ကဟုတ်ကတွေလျှောက်ပြောနေတာလဲ...ပြောစမ်းပါဦး...ဆွေ့ဆွေ့ကနင့်ကိုဘာလုပ်ထားလို့လဲ"။
ဟဲ့ဝမ်ယွဲ့က အတော်လေးဒေါသထွက်နေသည့်ဟန်။ မျက်နှာတစ်ခုလုံးနီရဲနေသည်။ "ဒီဇာတ်လမ်းတွဲထဲမှာ...ငါရိုက်ရမည့်ကျောက်ရှောင်ယွဲ့ဇာတ်ကောင်ကို...ကုဆွေ့ဆွေ့...နင်ခိုးသွားတာလေ...ငါနေမကောင်းဖြစ်နေတာကိုအ
ခွင့်ယူပြီးတော့"။
"အောင်မယ်...သူကများပြောရတယ်ရှိသေးတယ်...နင်အဲဒီဇာတ်ကောင်နေရာရရင်တောင်မှ...ဆွေ့ဆွေ့လောက်ကောင်းကောင်းသရုပ်ဆောင်နိုင်မှာမလို့လား"။ ရှုယွမ်အာက တစ်ခွန်းမကျန်ပြန်ခံပြောသည်။
"ဟုတ်တယ်...နင်ဘာလို့...ကျောက်ရှောက်ယွမ်ဇာတ်ကောင်နေရာကိုမရတာလဲသိလား...ဆွေ့ဆွေ့လောက်သရုပ်ဆောင်မကောင်းလို့ပဲ...အဲဒါကြောင့်...ဒါရိုက်တာကြီးကနင့်ကိုမပေးတာနေမှာပေါ့"။ ကျောက်ဟွီကလည်း ဆွေ့ဆွေ့ဘေးမှမားမားမတ်မတ်ရပ်တည်သည်။
"နင်...နင်တို့...တော်တော်လွန်နေပြီနော်"။ ဟဲ့ဝမ်ယွဲ့မှာ ကျောက်ဟွီနှင့်ရှုယွမ်အာတို့၏ခွန်းတုံ့ပြန်မှုကြောင့် အသားများတဆတ်ဆတ်တုန်လာပြီးပါးပြင်ပေါ်တွင်မျက်ရည်များတစ်လှိမ့်ချင်းစီးကျလာသည်။
ရှုယွမ်အာတို့လည်း ထိုကလေးမလေးငိုသွားလိမ့်မည်ဟု မတွေးမိကြပေ။ ယခုပုံစံမှာသူတို့က ဟဲ့ဝမ်ယွဲ့ကိုအုပ်စုဖွဲ့အနိုင်ကျင့်သည့်ပုံပေါက်နေသည်။
ရှုယွမ်အာလည်းလင်းရီကိုတစ်ချက်ကြည့်ကာပြောလိုက်သည်။ "လင်းရီ...နင်ခေါ်လာတာမလား...အခုသူငိုနေပြီ...ချော့လိုက်ဦး"။
လင်းရီက သူ(မ)၏စကားကိုအလေးမထားသည့်နှယ် တစ်ဖက်သို့လှည့်သွားသည်။ "သူငိုတာငါနဲ့ဘာဆိုင်လို့လဲ...နင်တို့ဝိုင်းပြောလိုက်လို့...ငိုသွားတာလေ...နင်တို့ဘာသာလာချော့"။
အငိုမရပ်တော့သောဟဲ့ဝမ်ယွဲ့ကိုကြည့်ရင်း ကုဆွေ့ဆွေ့လည်း စိတ်မချမ်းသာသောကြောင့် လက်ကိုင်ပဝါလေးတစ်ခုကမ်းပေးကာပြောလိုက်သည်။ "မမရေ....မငိုနဲ့တော့နော်...ဒီလက်ကိုင်ပဝါလေးနဲ့မျက်ရည်တွေသုတ်လိုက်
မိတ်ကပ်တွေပျက်ကုန်မယ်"။
ကိုယ့်ထက်ငယ်သောကလေးရှေ့တွင်ငိုမိသည်ကတစ်ကြောင်း ရှုယွမ်အာနှင့်ကျောက်ဟွီကိုအနိုင်မပိုင်းလိုက်နိုင်သည်ကတစ်ကြောင်း ဟဲ့ဝမ်ကျီမှာ ရှက်ရမ်းရမ်းကာ ကုဆွေ့ဆွေ့ကမ်းပေးလာသောလက်ကိုင်ပဝါကိုပစ်ထုတ်ကာ လက်ဖမိုးဖြင့်မျက်ရည်များကိုအကြမ်းပတမ်းသုတ်ပစ်ရင်းခြေဆောင့်ကာထွက်ပြေးလာမိသည်။
ထိုစဥ် ရှမ်ယွမ်တစ်ယောက် ကလေးများအတွက်မုန့်များအအေးများဝယ်ပြီးစူပါမားကတ်မှရိုက်ကွင်းသို့ပြန်ရောက်လာသည်။ မျက်နှာပျက်နေသောကလေးများကိုကြည့်ပြီး ကြောင်အမ်းအမ်းဖြစ်သွားမိသည်။ "ဘာတွေဖြစ်နေကြတာလဲဟင်"။