အပိုင်း ၁၂၅
Viewers 15k

Chapter 125

လက်ထောက်မလေးရှမ်ယွမ်ပြန်လာသောအခါ 
ရုတ်တရက်ထငိုသောဟဲ့ဝမ်ယွဲ့ကြောင့်လန့်ဖြန့်သွားသည့် ရှုယွမ်အာနှင့်ကျောက်ဟွီတို့မှာ စိတ်သက်သာရာရသွားဟန်ရှိသည်။ ရှမ်ယွမ်ရောက်လာသည်နှင့် ဖြစ်ကြောင်းကုန်စင်ပြောပြကြသည်။

ဆွေ့ဆွေ့အားအနိုင်ကျင့်သော ကလေးမလေးကို ရှမ်ယွမ်ဘယ်လိုမှအလွှတ်မပေးနိုင်ပေ။ ခေါင်းရှောင်ကာထွက်သွားသည့်လင်းရီကို သူ(မ)တစ်ချက်လှမ်းကြည့်လိုက်မိသည်။ ထို့နောက် မျက်ရည်လည်ရွဲဖြစ်နေသော သူစိမ်းကလေးမလေးကို ခပ်စူးစူးစိုက်ကြည့်ကာပြောလိုက်သည်။

"နာမည်ကဟဲ့ဝမ်ယွဲ့...ဟုတ်တယ်မလား...မင်းက ဒီရိုက်ကူးရေးအဖွဲ့ထဲကလည်းမဟုတ်ပဲနဲ့...ဘာကိစ္စရိုက်ကွင်းထဲရောက်လာတာလဲ...မဟုတ်တာလုပ်ဖို့မစဥ်းစားနဲ့နော်...တစ်ခါတည်းရဲလက်အပ်ပစ်လိုက်မယ်...ဘာများမှတ်နေလဲ"။

ဟဲ့ဝမ်ယွဲ့က ရှမ်ယွမ်ကိုမူ အနည်းငယ်လန့်နေပုံရသည်။ "ဒီရိုက်ကွင်းထဲကိုခိုးဝင်လာတာမဟုတ်ပါဘူး...မမလင်းရီနဲ့အတူတူဝင်လာတာပါ"။

ရိုက်ကွင်းထဲသို့ရိုက်ကူးရေးဝန်ထမ်းများ သရုပ်ဆောင်များနှင့်လက်ထောက်များမှလွဲ၍အခြားသူများဝင်ခွင့်မရှိပေ။ ဟဲ့ဝမ်ယွဲ့ကို လင်းရီက ရိုက်ကူးရေးဝန်ထမ်းများမသိအောင် တိတ်တဆိတ်ခေါ်လာခဲ့ပုံရသည်။ 

"ရှောင်ယွဲ့...သူပြောတာကိုနားမထောင်နဲ့...ဒီခိုကိစ္စအသေးအဖွဲလေးကို....ဘယ်ရဲမှလာမဖမ်းဘူး"။ လင်းရီက ဟဲ့ဝမ်ယွဲ့အားရှမ်ယွမ်ကိုမကြောက်ရန်သတိပေးသည်။ 

"ရဲတွေက...ဒီလိုကိစ္စအတွက်အရေးမယူရင်တောင်...ရိုက်ကူးရေးဝန်ထမ်းတွေကအရေးယူမှာပဲ...လင်းရီ...နင်အပြင်လူကိုရိုက်ကွင်းထဲခေါ်လာတာသိသွားရင်...နင်တို့နှစ်ယောက်လုံး...ရိုက်ကူးရေးအဖွဲ့ကနေကန်ထုတ်ခံရမှာနော်"။ ကျောက်ဟွီလည်း အကြောက်အလန့်မရှိသောလင်းရီကို အနည်းငယ်ဖြဲခြောက်လိုက်သည်။ 

ရှမ်ယွမ်ကလည်း အိပ်ကပ်ထဲမှဖုန်းကိုထုတ်ကာ ရဲစခန်းသို့ဖုန်းခေါ်နေသည့်ပုံစံလုပ်ပြသည်။ ထိုအခါမှလင်းရီနှင့်ဟဲ့ဝမ်ယွဲ့တို့နှစ်ယောက်လုံးထိတ်ထိတ်ပြာပြာဖြစ်သွားသည်။ သို့သည့်တိုက်အောင် အကြောတင်းသည့်လင်းရီကသူခိုးလူပြန်ဟစ်နေသေးသည်။ "လူကြီးတစ်ယောက်ဖြစ်ပြီး
ကလေးတွေကိုဖြဲခြောက်တာမရှက်ဘူးလား
ဒါတမင်သက်သက်အနိုင်ကျင့်တာပဲ"။

ရှမ်ယွမ်မှာ ထိုစကားကြောင့်ရှူးရှူးရှားရှားဖြစ်သွားသည်။ "ဘာပြောလိုက်တယ်...ငါကနင်တို့ကိုအနိုင်ကျင့်တယ်ဟုတ်လား...နင်တို့ကရော
နက်တို့ထက်ငယ်တဲ့ကလေးကိုအနိုင်ကျင့်နေကြတာမဟုတ်လား...လူကြီးကိုပြန်အော်ပြီးကိုယ့်ထက်ငယ်တဲ့သူတွေကိုအနိုင်ကျင့်ရမယ်လို့
နင်တို့ကိုဘယ်သူသင်ထားပေးလဲ..နင်တို့မိဘတွေကိုငါသွားတိုင်မှာနော်"။

မိဘနှင့်ခြိမ်းခြောက်လိုက်သောကြောင့် ဟဲ့ဝမ်ယွဲ့မှာ သူ(မ)၏အမှားကိုချက်ချင်းဝန်ခံပြီးအလျင်အမြန်တောင်းပန်သည်။ "သမီးမှားတာသမီးသိပါပြီ...မေမေနဲ့ဖေဖေကိုတော့သွားမတိုင်ပါနဲ့...ဆွေ့ဆွေ့ကိုနောက်တစ်ခါအနိုင်မကျင့်တော့ပါဘူး"။

ထိုသို့တောင်းပန်စကားဆိုလာမှရှမ်ယွမ်လည်းပြေရာပြေကြောင်း လွတ်ပေးလိုက်ကာနောက်ထပ်မလုပ်ရန်အတန်တန်သတိပေးလိုက်သည်။ သို့သော်လင်းရီကဟဲ့ဝမ်ယွဲ့ကိုအပြစ်တင်သလိုပြောလာပြန်သည်။ "ရှောင်ယွဲ့...နင်ကဘာလို့သွားတောင်းပန်လိုက်ရတာလဲ...ကုဆွေ့ဆွေ့က...နင်ရိုက်ရမဲ့ဇာတ်ကောင်နေရာကိုလုခဲ့တာနော်...ဒီတိုင်းဘာလို့လွယ်လွယ်နဲ့အလျှော့ပေးလိုက်ရတာလဲ...အသုံးကိုမကျဘူး"။

"မမလင်းရီ....တကယ်တော့...ဆွေ့ဆွေ့ကရှောင်ယွဲ့ရဲ့...ဇာတ်ကောင်နေရာကိုလုသွားတာရယ်လို့တော့မဟုတ်ပါဘူး...ရှောင်ယွဲ့ကသာအဲဒီတုန်းကနေမကောင်းဖြစ်ပြီးလူရွေးပွဲတောင်မသွားနိုင်ခဲ့တာလေ...လူရွေးပွဲမှာအောင်သွားတဲ့သူပဲ...ဇာတ်ကောင်နေရာကိုရတော့မှာပေါ့...အခု တော့...မစဥ်းစားပဲတမင်သက်သက်ကြီးစွပ်စွဲသလိုဖြစ်သွားပြီ"။ ဟဲ့ဝမ်ယွဲ့က တွေးတွေးစစပြောလာသည်။

အမှန်မှာ လင်းရီတစ်ယောက်နေရာတကာမျက်နှာသာပေးခံနေရသောကုဆွေ့ဆွေ့ကိုကြည့်မရ၍ ဟဲ့ဝမ်ယွဲ့ကိုရန်တိုက်ပေးပြီး ကုဆွေ့ဆွေ့ဒုက္ခရောက်စေရန် ကြံစည်လိုက်ခြင်းဖြစ်သည်။ သို့သော်ကိစ္စများကသူ(မ)ထင်ထားသလိုဖြစ်မလာခဲ့ပေ။ 

"မမရှမ်ယွမ်က...တစ်အားမိုက်တာပဲ...အစောက
ဟိုကလေးမနှစ်ယောက်ကိုဆုံးမသွားတာလေ"။
ကျောက်ဟွီက ရှမ်ယွမ်ကိုလေးစားအားကျသလိုပြောလာသည်။  

"ကျောက်ဟွီနှင့်ယွမ်အာရေ...ဒီနေ့ဆွေ့ဆွေ့ကိုစောင့်ရှောက်ပေးလို့ကျေးဇူးပါနော်...နောက်လည်းဂရုစိုက်ပေးပါဦး"။ ရှမ်ယွမ်လည်း တစ်ချိန်လုံးဆွေ့ဆွေ့အနားအနီးကပ်မနေပေးနိုင်သောကြောင့် ရိုက်ကွင်းတွင်ဆွေ့ဆွေ့နှင့်ခင်နေသောကလေးနှစ်ယောက်ကိုအကူအညီတောင်းထားရသည်။ 

"ဆွေ့ဆွေ့...နောက်တစ်ခါသမီးကို...တစ်ယောက်ယောပ်အနိုင်လာကျင့်ရင်...မမကိုလာပြောနော်
မမအဲဒီလူတွေအားလုံးကို...နာနာလေးရိုက်ပြီးဆုံးမပေးမယ်"။

ရှမ်ယွမ်ထိုသို့ပြောလိုက်သောအခါ ကလေးငယ်ကရယ်သည်။ "မမရှမ်ယွမ်...အခုပြောလိုက်တာလေ...ပါပါးခဲ့နဲ့တစ်လေသံတည်းပဲ...သိလား
ပါပါးခဲ့လည်းဆွေ့ဆွေ့ကိုအဲ့လိုအမြဲတမ်းပြောတယ်"။

မမရှမ်ယွမ်လည်းပါပါးခဲ့ကိုအမြဲတွေ့နေရသောကြောင့် အကျင့်များကူးစက်ကုန်သည်လား မသိပေ။ ထိုအကြောင်းကိုစဥ်းစားရင်းဆွေ့ဆွေ့ပါပါးခဲ့ကိုသတိရသွားသည်။ ဤမတိုင်ခင်ကပါပါးခဲ့
နှင့်နေ့တိုင်းတွေ့နေရသောကြောင့် ယခုလိုမတွေ့ရသောအချိန်များတွင် ပါပါးခဲ့ကိုဆွေ့ဆွေ့လွမ်းပါသည်။ ပါပါးခဲ့ကအပြောအဆိုနားဝင်မချိုလှသော်လည်း သူ(မ)ကိုတကယ်ချစ်မှန်းဆွေ့ဆွေ့သိသည်။ ရိုက်ကူးရေးပြီးဆုံးသွားမှ ပါပါးခဲ့ကိုအတိုးချပြီးအလွမ်းသယ်ရဦးမည်။