အပိုင်း ၁၂၆
Viewers 15k

Chapter 126

ရယ်စရာအခြေအနေတစ်ခုအဆုံးသတ်သွားပြီးနောက် ရိုက်ကူးရေးအဖွဲ့ရှိသရုပ်ဆောင်များမှာ 
အဝတ်အစားလဲ မိတ်ကပ်ပြင်ပြီး ရိုက်ကူးရေးအတွက် အသင့်ဖြစ်နေကြသည်။

"အဲဒီအဝတ်အစားတွေက...မလှဘူး...သမီးမကြိုက်ဘူး"။ ဇာတ်စင်ပေါ်ရှိ သရုပ်ဆောင်များကိုကြည့်ရင်း ကုဆွေ့ဆွေ့ကအသံတိုးတိုးဖြင့်ပြောလာသည်။

ယခင်က ကုဆွေ့ဆွေ့သရုပ်ဆောင်ခဲ့သောဇာတ်ရုပ်များမှာ မင်းသမီးလင်းရာ ၊ ကုန်သည်သူဌေးသမီးစသည့်ဇာတ်ကောင်များဖြစ်သောကြောင့် သူ(မ)၏အဝတ်အစားများမှာ တန်ဖိုးကြီးပြီးလှပသည်။

ကုဆွေ့ဆွေ့ကိုယ်တိုင်လည်း အပန်းရောင် ၊ အဝါရောင်ကဲ့သို့ အရောင်တောက်တောက်များကိုပို၍ သဘောကျသည်။ ဝတ်စုံပေါ်တွင် တလက်လက်တောက်နေသည့်စိန်ပွင့်လေးများထည့်ထားလျှင် ကုဆွေ့ဆွေ့အလွန်နှစ်ခြိုက်သောပုံစံမျိုးဖြစ်သည်။

ထိုအခါ အဝတ်အစားပုံစံချေးမများတတ်သော ကျောက်ဝွီကဝင်ပြောသည်။ "ဆွေ့ဆွေ့ရယ်...အဲဒီဘက်ခေတ်ကလူတွေက...ဒီလိုအဝတ်အစားမျိုးတွေပဲဝတ်ကြတာလေ... ဒီနေ့ခေတ်လို...ဆွေ့ဆွေ့ကြိုက်တဲ့အဝတ်မျိုးတွေက
အဲဒီခေတ်မှာမရှိဘူးလေ"။

ခေတ်ဟောင်းအဝတ်များကိုကြည့်ရင်းမျက်နှာပျက်နေသောဆွေ့ဆွေ့ကို ရှုယွမ်အာတစ်ယောက် မရယ်မိအောင်မနည်းအောင့်ထားရသည်။ "ဒါပေမဲ့...ဆွေ့ဆွေ့ကအရမ်းလှတော့
ဘာဝတ်ဝတ်လိုက်မှာပါ...ရုပ်ဆိုးတဲ့အဂတ်အစားဖြစ်နေရင်တောင်...ဆွေ့ဆွေ့ဝတ်လိုက်ရင်လှသွားမှာ"။ ထိုအခါမှ ဆွေ့ဆွေ့လည်း စိတ်သက်သာရာရသွားတော့သည်။ 

ပထမဆုံးဇာတ်ဝင်းခန်းရိုက်ကူးရာတွင် ဒါရိုက်တာလုကျင်ဟွီ၏ညွှန်ကြွားချက်အတိုင်း
စီနီယာသရုပ်ဆောင်အကိုအမများကကြိုးကြိုးစားစားသရုပ်ဆောင်သွားကြသည်။ ဆွေ့ဆွေ့တို့ကလေးသုံးယောက်လည်း ဘေးမှနေ၍ စီနီယာကိုကိုမမများ၏သရုပ်ဆောင်မှုကိုလေ့လာသင်ယူနေမိသည်။

 "ကတ်...အားလုံးပင်ပန်းသွားပါပြီ...နောက်တစ်ခန်းရိုက်ဖို့ပြင်မယ်...နောက်တစ်ခန်းရိုက်မဲ့သူတွေအားလုံးအဆင်သင့်ဖြစ်ပြီလား"။

"လမ်းကြားလေး" ဇာတ်လမ်းတွဲ၏တာဝန်ခံဒါရိုက်တာဖြစ်သူလုကျင်ဟွီက ဤတစ်ခေါက်ရွေးထားသည့်သရုပ်ဆောင်များကိုကြည့်ရင်း အလွန်ကျေနပ်အားရနေမိသည်။ တက်သစ်စများဖြစ်လင့်ကစား သရုပ်ဆောင်အလွန်တော်ပြီးသူစိတ်မကျေမနပ်မချင်းကြိုးစားပြီးသရုပ်ဆောင်ပေးကြရှာသည်။

"ဟေ...ဆွေ့ဆွေ့လေး....ဒီမှာဘာလုပ်နေတာလဲ
ဒီနေ့နေ့လည်ပိုင်းမှာ...သမီးရိုက်ရမဲ့ဇာတ်ဝင်ခန်းလည်းမရှိသေးပဲနဲ့...ဟိုတယ်မှာသွားမနားဘူးလား"။ ယနေ့ရိုက်ကူးရေးမရှိသောဆွေ့ဆွေ့ကို ရိုက်ကွင်းနေရာကြီးတွင်တွေ့လိုက်ရသော
ကြောင့် လုကျင်ဟွီအံ့သြသွားမိသည်။

"ဘိုးဘိုးလု...ဒီကိုကိုမမနှစ်ယောက်နဲ့သမီးက
လူကြီးတွေသရုပ်ဆောင်တာကို...လေ့လာနေကြတာပါ...မမယွမ်အာကပြောတယ်...စီနီယာကိုကိုမမတွေသရုပ်ဆောင်တာကိုသေချာလေ့လာမှ...သမီးတို့လည်းတိုးတက်လာမှာတဲ့"။ 

ဆွေ့ဆွေ့၏အကြောင်းပြချက်ကြောင့် လုကျင်ဟွီတစ်ယောက် အလွန်ကျေနပ်အားရသွားသည်။ "သိပ်မှန်တာပေါ့...ကိုယ့်ရဲ့အရည်အချင်းတိုးတက်လာဖို့ဆိုရင်...တစ်ခြားသူတွေဆီကနေ
ကောင်းတဲ့အချက်တွေကို...သေသေချာချာလေ့လာသင်ယူရမယ်"။

လေးနှစ်အရွယ်လောက်သာရှိသေးသောကလေးငယ်ပင် ဤအကြောင်းအရာကိုနားလည်သော်လည်း အရွယ်ရောက်ပြီးသားလူကြီးတစ်ချို့က ယခုအချိန်အထိနားမလည်နိုင်သေးချေ။
ယခုခေတ်တွင်ငွေ ရုပ်ရည်နှင့်အချိတ်အဆက်ကောင်းကောင်းရှိလျှင် သရုပ်ဆောင်တစ်ယောက် အလွယ်တကူဖြစ်နိုင်သည်ဟုထင်နေကြသူက အများသား။  

"ဘိုးဘိုးကိုသမီးကတိပေးပါတယ်...နောင်တစ်ချိန်ကျရင်...အတော်ဆုံးသရုပ်ဆောင်တစ်ယောက်ဖြစ်လာစေရမယ်"။ ဆွေ့ဆွေ့က စိတ်အားထက်သန်စွာဖြင့်ပြောလိုက်သည်။ 

"ကိုကိုနဲ့မမကလည်း...အင်ပါယာမြို့တော်ရဲ့အကောင်းဆုံးအနုပညာအကယ်ဒမီကျောင်းမှာတက်မှာတဲ့...ဆွေ့ဆွေ့လည်းတက်ချင်လိုက်တာ"။

"တက်ရမှာပေါ့...အခုအချိန်မှာသေချာကြိုးစားဖို့ပဲလိုတယ်...ဒါနဲ့ဆွေ့ဆွေ့ပြောနေတဲ့ကိုကိုနဲ့မမဆိုတာ...ရှုယွမ်အာနဲ့ကျောက်ဟွီကိုပြောတာလား
အဲ့ကလေးနှစ်ယောက်ကမဆိုးဘူး...တော်တယ်လို့ပြောရမယ်...သူတို့နှစ်ယောက်နဲ့ဆက်ပြီးအတူတူလေ့လာကြ"။

လုကျင်ဟွီက သူ့သားနှင့်သူ့မြေးကိုလည်း ထူးချွန်သူများနှင့်အပေါင်းအသင်းလုပ်ရန် ဤသို့အမြဲသင်ပေးဖူးသည်။ ကုဆွေ့ဆွေ့လေးကို လုကျင်ဟွီအတော်လေးသဘောကျမိသည်။ ဤကလေးငယ်ကအနာဂတ်တွင်အရည်အချင်းရှိသောအနုပညာရှင်တစ်ယောက်ဖြစ်လာမည်မှာ
မလွဲမသွေပင်။ နည်းလမ်းမှန်မှန်နှင့်ဆက်လေ့လာသင်ယူသွားရန်သာလိုအပ်သည်။

စိတ်မပူပါနဲ့ဘိုးဘိုး...သမီးကြိုးကြိုးစားစားသင်ယူလေ့လာသွားမှာပါ...လိုအပ်တာတွေရှိသေးရင်လည်း...ဘိုးဘိုးကပဲသင်ပေးပါ"။ ဘိုးဘိုးလု၏အားပေးမှုကြောင့် စိတ်အားတက်လာသလို ရှေ့လျှောက်တွင်ကတိပေးထားသည့်အတိုင်းဖြစ်အောင်ကြိုးစားရမည်ဟူသော အသိတရားတစ်ခုရလာသည်။ သူ(မ)အား မျှော်လင့်နေသူများကို စိတ်မပျက်စေချင်ပေ။